Wai Yam Vlog - Meikhtila

Wai Yam Vlog - Meikhtila မဂ်လာပါခင်ဗျာ

ဒုတ္တဝတီမြစ်ဘေးရှိ ရေဘေးရှောင် အိမ်ထောင်စုများအား ဒုတိယအကြိမ် သွားရောက်လှူဒါန်းမှု့ ပုံရိပ်များပါ...အလှူရှင်များအားလုံး ...
30/08/2026

ဒုတ္တဝတီမြစ်ဘေးရှိ ရေဘေးရှောင် အိမ်ထောင်စု
များအား ဒုတိယအကြိမ် သွားရောက်လှူဒါန်းမှု့
ပုံရိပ်များပါ...အလှူရှင်များအားလုံး ဝမ်းသာပီတိ
ဖြစ်စေဖို့ မှတ်တမ်းတင် တင်ပြအပ်ပါတယ်ခင်ဗျာ

အိမ်ထောင်စုတစ်စုလျှင်...

- ဆန် (၂) ပြည်နူန်း
- ခေါက်ဆွဲခြောက် (၅) ထုပ်ပါ တစ်ပါကင်
- အမျိုးသမီးလစဥ်သုံး (၁) ထုပ်
- ခေါင်းလျှော်ရည် (၁) တွဲ
- ရွှေဝါဆပ်ပြာခဲ
- ရှူးရှဲလက်ဖက်တွဲ
- ဆား (၁) ထုပ်
- အဝတ်အထည်
- သက်ကြီးရွယ်အိုများအတွက် ခြုံစောင် တို့ကို
အိမ်ထောင်စု (၁၀၀) ကျော် စနစ်တကျဖြင့်
လှူဒါန်းပေးနိုင်ခဲ့ပါတယ်ခင်ဗျာ...🙏🙏🙏

#ရိုသေလေးစားစွာဖြင့် ...
ကိုဝေယံ - ထီလာမြေ
Wai Yam Vlog - Meikhtila
📠 09-787878870
📠 09-692194930

fans

ဒုတ္ထဝတီမြစ်ရေတက်လို့ လူနဲ့တိရိစ္ဆာန်တွေ လမ်းပေါ်ယာယီတဲထိုးနေရတဲ့ အိမ်ထောင်စုတွေထဲက အဘတစ်ယောက်ကို အားလုံးကိုယ်စား အဘတို့...
20/08/2026

ဒုတ္ထဝတီမြစ်ရေတက်လို့ လူနဲ့တိရိစ္ဆာန်တွေ လမ်းပေါ်
ယာယီတဲထိုးနေရတဲ့ အိမ်ထောင်စုတွေထဲက
အဘတစ်ယောက်ကို အားလုံးကိုယ်စား အဘတို့
အရေးပေါ် ဘာလိုလဲလို့ မေးကြည့်တော့ ချက်ပြုတ်ဖို့ #ဆန်နဲ့မီးသွေး ရယ်...မိုးအရမ်းရွာရင် မိုးကာတွေက
မလောက်ဌလို့ မိုးပက်လို့ #မိုးကာစတွေ (ခန့်မှန်း
၁၅ ပေပါတ်လည်) လောက် လိုပါတယ်တဲ့...

လက်ရှိ မြစ်ငယ် ဒုတ္တဝတီမြစ်အနီး ရန်ကုန် မန်းလေး
ကားလမ်းဘေးမှာ ယာယီရွှေ့ပြောင်းနေထိုင်တဲ့
ကျေးရွာသုံးရွာက အိမ်ထောင်စု (၁၅၀) ဝန်းကျင်
ရှိတယ်လို့ သိရပါတယ်...မြစ်ရေကြီးမှု့ကြောင့်
ရေတိုးချိန်မှာ ကလေးမိခင် အမျိုးသမီးတစ်ဦး
သေဆုံးခဲ့ရပြီး ရွာထဲတွင်လည်း.အတက်ရောဂါရှိ
လူငယ်တစ်ဦး ရေတိုးဝင်ရောက်ချိန် ရေနစ်ပြီး
သေဆုံးသွားကြောင်း သိရပါတယ်...

လက်တလောမှာ ခရီးသွားယာဥ်တွေအနေနဲ့
မုန့်နှင့်သောက်ရေသန့်များ ရပ်တန့်လှူဒါန်းပေး
တာလေးတွေနဲ့ ခြွေတာစားသောက်နေရတယ်လို့
သိရပါတယ်...

#အလှူရှင်များသိရှိစေရန်ခွင့်ပြုချက်တောင်းခံပြီးမှဓာတ်ပုံရိုက်ခဲ့ခြင်းဖြစ်ပါတယ်...

#ရိုသေလေးစားစွာဖြင့် ...🙏🙏🙏
ကိုဝေယံ - ထီလာမြေပရဟိတ
Wai Yam Vlog - Meikhtila
📠 09-692194930
📠 09-787878870

ကျနော်တို့ ဧရာဝတီတိုင်းရှိ ရေဘေးဒဏ်ခံရသည့်အောက်ပါစာရင်းရှိ အိမ်ထောင်စု (၆၁၀) စုအား မကျန်ခဲ့စေပဲ အတတ်နိုင်ဆုံး လှူဒါန်းနိ...
16/08/2026

ကျနော်တို့ ဧရာဝတီတိုင်းရှိ ရေဘေးဒဏ်ခံရသည့်
အောက်ပါစာရင်းရှိ အိမ်ထောင်စု (၆၁၀) စုအား
မကျန်ခဲ့စေပဲ အတတ်နိုင်ဆုံး လှူဒါန်းနိုင်ဖို့အတွက်
ကြိုးစားနေပါတယ်ခင်ဗျာ...အလှူရှင်များအားလုံးလည်း
အိမ်ထောင်စု (၆၁၀) ပြည့်မှီစွာလှူဒါန်းနိုင်ရန်အတွက်
ဝိုင်းဝန်ကူညီပံ့ပိုးပေးကြပါအုံးလို့ မေတ္တာရပ်ခံတင်ပြ
အကူအညီတောင်းခံအပ်ပါတယ်ခင်ဗျာ...🙏🙏🙏

#ရိုသေလေးစားစွာဖြင့် ... 🙏🙏🙏
ကိုဝေယံ - ထီလာမြေပရဟိတ
Wai Yam Vlog - Meikhtila
fans

📠 09-787878870
📠 09-692194930

ဧရာဝတီတိုင်း လေးမျက်နှာမြို့ ရေဘေးအတွက် #အခြောက်အထားခံသောအရာများသာလှူကြပါတစ်နေ့ထမင်းက ၃နပ်ဘဲစားကြတာပါ ။ထမင်းလှူသူက ၃ဦး မ...
07/08/2026

ဧရာဝတီတိုင်း လေးမျက်နှာမြို့ ရေဘေးအတွက်

#အခြောက်အထားခံသောအရာများသာလှူကြပါ

တစ်နေ့ထမင်းက ၃နပ်ဘဲစားကြတာပါ ။
ထမင်းလှူသူက ၃ဦး မကပါဘူး
ဖော့ဗူးတွေ Plastic အကြည်အိတ်တွေနဲ့
ထည့်ထားတဲ့ ထမင်းဟင်းတွေက လမ်းမှာ
အမှိုက်ပုံလို တွေ့မြင်ရပြန်တယ် ။

တစ်လကျော်ထိ ရေရှည်ရေကြီးတဲ့ဒဏ်ခံရနိုင်တာမို့

***တာရှည်ခံ ထား စားလို့ရမယ့် အရာသာ လှူကြပါ

***အဝတ်အထည်များ စောင် ခြင်ထောင် လှူကြပါ

***အိုးခွက်ပန်းကန် လှူပေးကြပါ

***အိမ်သုံးဆေးဝါးများ လှူကြပါ

***စက်သုံးဆီ စားသုံးဆီ လှူလို့ရပါတယ်။

***ဆိုလာဓာတ်မီး/မီးအိမ်တွေ လှူပေးကြပါ

***မိုးကာစတွေ လှူလို့ရပါတယ်...

***ငွေသားလှူပေးကြပါ...

 #တစ်ချို့သောပရဟိတများသို့အမုန်းခံတင်ပြစာဓာတ်ပုံရိုက်ရုံ Live လွှင့်ရုံ ပေါ်ပင်ဖြစ်ချင်ရုံနဲ့မသွားကြပါနဲ့...အမှန်တကယ် ကယ...
06/08/2026

#တစ်ချို့သောပရဟိတများသို့အမုန်းခံတင်ပြစာ
ဓာတ်ပုံရိုက်ရုံ Live လွှင့်ရုံ ပေါ်ပင်ဖြစ်ချင်ရုံနဲ့
မသွားကြပါနဲ့...အမှန်တကယ် ကယ်ဆယ်ရေး
ကျွမ်းကျင်မှ သွားကြပါ...ခုတစ်ခါရေကြီးတာ
ရိုးရိုးရေကြီးတာမဟုတ်ပါဘူး...တာကျိုးတာပါ
ရိုးရိုးရေကြီးတာနဲ့ တာကျိုးတာ လုံးဝမှ
မတူပါဘူးခင်ဗျာ...

ရိုးရိုးရေကြီးတာက တာဘောင်ကို ရေကျော်ပြီးမှ
အတွင်းကို လျှံတဲ့ရေ ဝင်ရုံတင်ပါ...
တာကျိုးတယ်ဆိုတာ မြို့ထဲရေမဝင်အောင်
မြစ်ကြီးဘေးမှာ ကာထားတဲ့ တာဘောင်ကြီး
ကျိုးကျသွားတာမို့ မြစ်ထဲက ရေတွေ အလုံးအရင်း
ဝင်တာပါ...ရေစီးအား တအားသန်ပါတယ်...

အမှန်တကယ် ကယ်ဆယ်ရေး အတွေ့အကြုံရှိပြီး
ကျွမ်းကျင်တဲ့ အသင်းအဖွဲ့များ / စက်လှေရှိ
အသင်းအဖွဲ့များ သွားတာအကောင်းဆုံးပါ...

ပရဟိတစိတ်ရှိလို့ ကူညီချင်တာ
နားလည်ပါတယ်...ကိုယ်က ကူညီစိတ်ရှိလို့
သွားပေမယ့် ဒေသခံတွေအပေါ်မှာ ကိုယ့်အဖွဲ့က ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး ဒုက္ခပေးသလို
ဖြစ်သွားပါလိမ့်မယ်...(စားရေးသောက်ရေး
နေရေးထိုင်ရေးကအစ)ပေါ့...

ရေစီးသန်တာကြောင့် မကျွမ်းကျင်ပဲ သာမန်
ရေကူးတတ်ရုံနဲ့ဆို အခန့်မသင့်ရင်
အသက်အန္တရာယ်ရင်ဆိုင်ရနိုင်ပါတယ်...

ခုရေဘေးမှာ ရေကူးကျွမ်းကျင်ပြီး
အမြဲလေ့ကျင့်ရေးလုပ်နေတဲ့ ကယ်ဆယ်ရေးအတွေ့အကြုံရှိပြီး စက်လှေရှိအသင်းများက
အဓိကဖြစ်တဲ့ ကူညီကယ်ဆယ်ရေးအတွက်
အဆင်ပြေမှာပါ...

လက်ရှိလည်း အသင်းအဖွဲ့များစွာ ရောက်ရှိ
နေကြပြီး ကားတွေတောင် ပိတ်တဲ့အထိ
ဖြစ်နေလို့ စက်လှေမပါတဲ့အသင်းတွေအနေနဲ့
နီးစပ်ရာမြို့တွေမှာ ကားတွေထိုးပြီး လုပ်အားပေး
ကူညီနေကြပါတယ်...

သဘာဝဘေးဖြစ်လာပြီဆို
ကျနော်ကိုယ်တိုင် ရှေ့မှာ ကြုံတွေ့ခဲ့ရတဲ့
ရေဘေးနဲ့ ငလျှင်ဘေးမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့
အတွေ့အကြုံအရ အဓိက (၂) ချက် ရှိပါတယ်

(၁) ကူညီရှာဖွေကယ်ဆယ်ရေးနဲ့
(၂) ပြန်လည်ထူထောင်ရေး ဆိုတဲ့

အပိုင်း (၂) ပိုင်းရှိပါတယ်...

ကိုယ်တွေ အသင်း (သို့) အဖွဲ့ (သို့) ကွန်ယက် သည်
ကူညီရှာဖွေကယ်ဆယ်ရေးအတွက်
အသင့်ရှိလား/ မရှိလား (ကယ်ဆယ်ရေးပစ္စည်း
စုံမစုံ နဲ့ Volunteerတွေ အတွေ့အကြုံ ကျွမ်းကျင်မှု့
ရှိမရှိ) စဥ်းစားပါ...ရှိရင် သွားပါ ကူညီကယ်ဆယ်ပါ...

အဲ့အချက်တွေ မရှိခဲ့ရင်လည်း
နံပါတ် (၂) အချက်ဖြစ်တဲ့
ပြန်လည်ထူထောင်ရေးအတွက် ခုထဲက
ကြိုတင်ပြင်ဆင်လို့ရပါတယ်...

ဘာတွေပြင်ဆင်ရမလဲဆိုရင် ဥပမာ
(အလှူငွေလက်ခံပေးတာ ၊ ဆန် - ဆီ ဆေးဝါး
ခေါက်ဆွဲခြောက် အလှူပစ္စည်းလက်ခံပေးတာ ၊
ဒန်အိုး ဒန်ခွက် ပန်ကန် ဇွန်း ၊ စောင်ခြင်ထောင် အဝတ်အထည်များ ဝယ်ယူခြင်း ) စသဖြင့်
ရေကျပြီးချိန် ခန့်မှန်းပြီး ရက်သတ်မှတ်ပြီး
ဘယ်ရက်မှာ အိမ်ထောင်စု ဘယ်နှစ်စုစာ
သွားရောက်လှူဒါန်းမယ်ဆိုပြီး အများကြီး ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်...

ရေတက်ချိန် ရေကျချိန် မြွေပေါများတဲ့
ဒေသမို့ မြွေဆိပ်ဖြေဆေးကအစ အလှူခံပြီး
ကူညီပေးလို့ရပါတယ်...

တစ်ချို့နယ်တွေဆိုရင် လူငယ်တွေစုပြီး ပြန်လည်ထူထောင်ရေးအတွက် တေးဂီတဖြင့်
လိုက်လံဖျော်ဖြေပြီး အလှူငွေကောက်ခံပေးတာတွေ
လုပ်ကြပါတယ်...

သဘာဝဘေးဒဏ်ခံထားရတဲ့ ဒေသတစ်ခုရဲ့
ပြန်လည်ထူထောင်ရေးသည် အလွန်အရေးကြီး
ပါတယ်...

ကျနော်ကိုယ်တိုင် ကူညီခဲ့တဲ့
ရေဘေးကာလမှာဆို ဖြစ်ဖြစ်ချင်း
အလှူရှင်တွေအရမ်းများပါတယ်
ထမင်းဗူး ရေသန့် ခေါက်ဆွဲခြောက် လက်ဖက်
အစုံအလင်ပေါ့...

အသင်းတွေ အဖွဲ့တွေ အပြိုင်အဆိုင် ပြုံပြီး
အလှူခံကြ /လှူပေးကြတဲ့
ထမင်းဗူးတွေဆို ပေါများလွန်းလို့
ရွာထိပ်အမိူက်ပုံတွေမှာလွှင့်ပစ်ထားကြတာ ...
တစ်ချို့ဆို ထမင်းဗူးပေးရင်
ကိုယ့်ရှေ့ယူပြီး တစ်လမ်းကျော်လောက်ကျ
လွှင့်ပစ်ခဲ့ကြတာ...😢

ကယ်ဆယ်ရေးလည်းပြီးရော
ပြန်လည်ထူထောင်ရေး လာပါပြီ...

အလှူရှင်တွေကလည်း ဖြစ်ဖြစ်ချင်း
ဝိုင်းလှူထားကြတော့ ပန်းကုန်ကျပြီ
အရမ်းမလှူနိုင်ကြတော့ဘူး...

တစ်ချို့ကျ လှူနိုင်တယ် ပြန်လည်ထူထောင်ရေးကို
စိတ်မဝင်စား နားမလည်ကြတာတွေလည်း
ရှိကြပါတယ်...

ငလျှင်မှာလည်း ဒီတိုင်းပါပဲ...ကျနော်ကိုယ်တိုင်
မန်းလေး Sky villa ကွန်ဒိုမှာ ရှာဖွေကယ်ဆယ်ရေး
နှစ်ပါတ်ကြာခဲ့တယ်...အဲဒါပြီးတော့
အင်းလေးဒေသ ပြန်လည်ထူထောင်ရေးမှာ
တိမ်းစောင်းနေတဲ့ နေအိမ်တွေကို
ပြန်လည်တည့်မတ်ဖို့အတွက် မိတ်ဖက်အဖွဲ့တွေက အကူအညီတောင်းလို့ လူအင်အား / စက်ပစ္စည်း
( ချိန်းဘလောက်/စတီးကြိုး) များစွာ အလှူခံ၍
ဝယ်ယူနိုင်တာဝယ်ယူ / ဌားရမ်းနိုင်တာ ဌားရမ်းပြီး
ပထမအကြိမ် လူအင်အား ၁၅ ယောက်
ဒုတိယအကြိမ် လူအင်အား ၁၀ ယောက် ဖြင့်
နှစ်လနီးပါးကြာ နေအိမ်များကို တည့်မတ်ပေးခြင်း
ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်...

အဲ့မှာလည်း အဲ့လိုပါပဲ
ပြန်လည်ထူထောင်ရေးမှာ
အလှူခံချိန် အလှူရှင်တွေ နည်းပါးသွားပါတယ်...
မိုးကာ သွပ် သံ အိုးခွက်ပန်းကန် စောင်ခြင်ထောင်
အပြင် ကျောင်ဖွင့်ရာသီဖြစ်ပြီမို့
ကျောင်းသူကျောင်းသားများအတွက်
ကျောင်းသုံးစာရေးကိရိယာများမှအစ
အလှူရှင် အရမ်းနည်းပါးသွားခဲ့ပါတယ်...

ဒါကြောင့်မို့ အရင်ဖြစ်စဥ်ကာလတွေ
ပရဟိတလုပ်ကြသလို သူများတွေသွားလို့
ငါတို့လည်းသွားမယ်ဆိုတာမျိုး စိတ်ထဲမထားပဲ

ရေကျချိန် ပြန်လည်ထူထောင်ရေးကာလအတွက်

လေးမျက်နှာမြို့ ခုတာကျိုးတဲ့ ဖြစ်စဥ်လေးမှာ
မိမိတတ်နိုင်တဲ့အပိုင်းလေးတွေကနေ
သေချာချင့်ချိန်ပြီးမှ ဝိုင်းဝန်းပေးကြရင်
မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက်
ကူညီပေးနိုင်သွားမှာ အသေအချာပါပဲခင်ဗျာ...

#ရိုသေလေးစားစွာဖြငိ့...🙏🙏🙏
ကိုဝေယံ - ထီလာမြေပရဟိတ
Wai Yam Vlog - Meikhtila

📠 09-692194930
📠 09-787878870

#လေးမျက်နှာမြို့
#တာကျိုးပေါက်
#ရေကြီးခြင်း

Please Like & Share

အဝတ်အထည်ဟောင်းများ အလှူခံပါတယ်ခင်ဗျာကျေးဇူးပြုပြီး အသင့်အတင့် အသုံးပြု၍ရသည့်အဝတ်အထည်နှင့်စောင် များကိုသာ လှူဒါန်းပေးကြဖိ...
03/08/2026

အဝတ်အထည်ဟောင်းများ အလှူခံပါတယ်ခင်ဗျာ
ကျေးဇူးပြုပြီး အသင့်အတင့် အသုံးပြု၍ရသည့်
အဝတ်အထည်နှင့်စောင် များကိုသာ လှူဒါန်းပေးကြဖို့
မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ...တစ်ချို့က
အမှိုက်ရှင်း ပြီးရောပုံစံဖြင့် လုံးဝသုံးမရသည့်
အဝတ်အထည်များကိုပါ ထည့်ပေးလိုက်တဲ့အခါ
ကျနော်တို့တွေ ပြန်သန့်ရတာ မလွယ်ကူလို့ပါခင်ဗျာ...
🙏🙏🙏

အဝတ်အထည်များအပြင် စောင် / ခြင်ထောင် /
ဆန် / ဆီ / ခေါက်ဆွဲခြောက် / မုန့်ခြောက် /
ဆေးဝါး / အမျိုးသမီးလစဥ်သုံး / Solar ဓာတ်မီး
စသဖြင့် မိမိတို့ အဆင်ပြေရာအလှူပစ္စည်းများကို
ပါဝင်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ...

မြွေဆိပ်ဖြေဆေးဝယ်ယူလှူဒါန်းနိုင်ရန်အတွက်လည်း
ငွေသားသီးသန့် လှူဒါန်းနိုင်ပါတယ်ခင်ဗျာ...

#မြွေဆိပ်ဖြေဆေး အလုံး (၂၀) #အလှူခံလိုပါတယ်
#မြေပွေးအတွက် တစ်လုံးလျှင် (၇၅၀၀၀) ကျပ်
#မြွေဟောက်အတွက် တစ်လုံးလျှင် (၄၅၀၀၀) ကျပ်
နူန်းဖြင့် ပါဝင်ကုသိုလ်ပြု လှူဒါန်းပေးနိုင်ပါတယ်
ခင်ဗျာ...🙏🙏🙏

#ရိုသေလေးစားစွာဖြင့်...🙏🙏🙏
ကိုဝေယံ - ထီလာမြေပရဟိတ
Wai Yam Vlog - Meikhtila

📠 09-787878870
📠 09-692194930

fans

ရေဘေးကယ်ဆယ်ရေးတွင် အသုံးပြုရန်အတွက်အသက်ကယ်အကျီ (၁၀)စုံလောက် အလှူခံပါတယ်ခင်ဗျာ...လှူဒါန်းလိုသူများရှိပါက တစ်စုံလျှင်  #ငါ...
02/08/2026

ရေဘေးကယ်ဆယ်ရေးတွင် အသုံးပြုရန်အတွက်
အသက်ကယ်အကျီ (၁၀)စုံလောက် အလှူခံပါတယ်ခင်ဗျာ...လှူဒါန်းလိုသူများရှိပါက တစ်စုံလျှင်
#ငါးသောင်းကျပ်ပါခင်ဗျာ...🙏🙏🙏

ပြီးခဲ့သည့် အင်းလေးဒေသငလျှင်ကယ်ဆယ်ရေးတွင်
ကာလရှည်ကြာ ဆုံခဲ့ဘူးသည့် မိတ်ဖက်အသင်းမှ
ဧရာဝတီတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေးတွင်
အသုံးပြုရန် လိုအပ်၍ အကူအညီတောင်းခံလာသောကြောင့် ထပ်ဆင့်တင်ပြ အကူအညီတောင်းခံ
အပ်ပါတယ်ခင်ဗျာ...🙏🙏🙏

ဆက်သွယ်လှူဒါန်းလိုပါက -
ကိုဝေယံ - ထီလာမြေပရဟိတ

📠 09-692194930
📠 09-787878870

ထံသို့ ဆက်သွယ်လှူဒါန်းနိုင်သလို မိမိကိုယ်တိုင်
အသက်ကယ်အကျီ ဝယ်ယူပြီးလည်း
ပေးပို့လှူဒါန်းနိုင်ပါတယ်ခင်ဗျာ...🙏🙏🙏

ရန်ကုန်မှ တစ်ဆင့် လှူဒါန်းလိုသူများ အနေဖြင့်
ရန်ကုန်အသင်းရုံးသို့ တိုက်ရိုက်ပေးပို့
လှူဒါန်းနိုင်ပါတယ်ခင်ဗျာ...

#ရိုသေလေးစားစွာဖြင့်...🙏🙏🙏

ကိုဝေယံ (ထီလာမြေ)
ကိုဝေယံ - ထီလာမြေပရဟိတ
Wai Yam Vlog - Meikhtila
📠 09-692194930
📠 09-787878870

မှတ်ချက် ။ ။ ကျနော်တို့ဆီတွင် ယခင်ရေဘေးတုန်းက
အလှူခံရရှိခဲ့သည့် အသက်ကယ်အကျီများမှာ
ရေဘေးနှင့် ငလျှင်ဘေးတို့တွင် ကာလရှည်ကြာ
အသုံးပြုခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင်
ပေးပို့လှူဒါန်းဖို့ အဆင်မပြေတော့သလို
ကျနော်တို့ဒေသနှင့် အနီးတဝိုက်တွင် ရေဘေး
အန္တရာယ် အရေးအကြောင်းရှိလာပါက
အသုံးပြုရန်အတွက် ထားရှိထားခြင်းကြောင့်
ထပ်မံအလှူခံပေးခြင်း ​ဖြစ်ပါတယ်ခင်ဗျာ...

fans

 #သတင်းပေးပို့ပါတယ်ဗျရန်ကုန်တိုင်းမှ လေးမျက်နှာမြို့ သို့ ရေဘေးကယ်ဆယ်ရေးသွားတဲ့ အသင်းများ ဆီထည့်ရန်ခက်ခဲပါက  “ 096664444...
02/08/2026

#သတင်းပေးပို့ပါတယ်ဗျ

ရန်ကုန်တိုင်းမှ လေးမျက်နှာမြို့ သို့ ရေဘေးကယ်ဆယ်ရေးသွားတဲ့ အသင်းများ ဆီထည့်ရန်ခက်ခဲပါက

“ 09666444474 ဦးကောင်းမင်းဝေ “
ထံသို့ဆက်သွယ်ပေးပါ။
အသင်းအမည်/အသင်းဥက္ကဌ/ကားနံပါတ် ပေးရပါမည်။
အနီးဆုံး ဟင်္သါတမှာဆီဖြည့်ရပါမည်။
ဖုန်းဆက်တာ လိုင်းတေမမိလို့ ဒီကနေပဲ အသိပေးပါရစေ။
ကျန်ရှိသူများလဲ ရှေ့တန်းရောက် ကယ်ဆယ်ရေးအသင်းများနဲ့
အဆက်သွယ်ရရင် ပြောပေးကြပါ။

#ဘက်စုံလူမှုကူညီရေးအဖွဲ့(ပုသိမ်)

ဝါတွင်းကာလ သုံးလမှာ အားလုံးအတူတူကုသိုလ်ယူကြရအောင်🙏🙏🙏
29/07/2026

ဝါတွင်းကာလ သုံးလမှာ အားလုံးအတူတူ
ကုသိုလ်ယူကြရအောင်🙏🙏🙏

ခြင်တွေ ဘယ်လောက်ပေါပေါ...ဒီခြင်ဆေးသာ မီးပလပ်မှာတပ်ထားလိုက်...ခြင်တွေကို လာပါ လာပါ ငါ့သွေးလေးလာစုပ်ပါလို့ ခေါ်ချင်ရင်တောင...
13/07/2026

ခြင်တွေ ဘယ်လောက်ပေါပေါ...ဒီခြင်ဆေးသာ
မီးပလပ်မှာတပ်ထားလိုက်...ခြင်တွေကို လာပါ
လာပါ ငါ့သွေးလေးလာစုပ်ပါလို့ ခေါ်ချင်ရင်တောင်
လာမှာမဟုတ်တော့ဘူး...

ပြောရင် ရောင်းချင်လို့ လျှောက်ပြောနေတယ်
ထင်ကြအုံးမယ်...မယုံရင် စမ်းသာသုံးကြည့်
လုံးဝ နောင်တမရစေရဘူး...ခြင်ဆေးခွေလို့
အန္တရာယ်မရှိဘူး...Good Knight ခြင်ဆေးစက်
ထပ်ရောက်ပါတော့မယ်...လူကြီးဆို ခြင်ကိုက်လဲ
ကိစ္စမရှိပေမယ့် ကလေးတွေ ကို ခြင်ကိုက်ရင်
စိတ်ပူစရာနော်...ကိုယ်တွေ့မို့ပြောနိုင်တာ..

ခြင်ကြောင့်ဖြစ်တတ်တဲ့ ရောဂါကို ကာကွယ်ဖို့
ဒီခြင်ပြေးဆေးအရည်လေးက်ု မီး plug မှာ
တွဲသုံးပေးရုံနဲ့ ခြင်မလာတော့ဘူးနော် ...

၁၅ ပေ ပါတ်လည်လောက်ထိ ထိရောက်ပါတယ်
အိမ်ကျယ်ရင်တော့ နှစ်လုံး/သုံးလုံး နေရာခွဲ
တပ်ထားရင် ခြင်အန္တရာယ် စိတ်ချရပြီပေါ့...

တစ်ဘူးဆို တော်တော်ကြာကြာသုံးရပါတယ်...
တချို့လဲ ၄/၅/၁၀ ဘူး ဝယ်ထားကြတယ်
ပစ္စည်းပြတ်တတ်ပြီး ကောင်းမှန်းသိလို့ပါ

စျေးနူန်းကလည်း သက်သာပါတယ်...

ခြင်ဆေးစက် + ခြင်ဆေးရည် = 15000 ks...ပါ

ဆေးဗူးကုန်သွားလဲ Refill ထပ်ရောင်းပေးမှာ မပူနဲ့
စက်ရှိသရွေ့ ဆေးဗူးပဲဝယ်သုံးရုံပဲ
Refill အရည်တစ်ဘူး= 9,500 ks

‎စိတ်ချမ်းသာရတဲ့ ပစ္စည်းလေးပါ
‎တန်ဖိုးမကြီးပေမယ့် အဖိုးတန်ပါတယ်...

‎ဒီလိုတုတ်ကွေးပေါတဲ့ရာသီမှာ
‎အိမ်တိုင်းသုံးသင့်တာလေးပါနော်

‎အိန္ဒိယနိုင်ငံထုတ် Good Knight ခြင်ဆေးရည်လေးပါ

‎Good Knight Organic 100% ခြင်ဆေးရည်

‎🌾စပါးလင်ဆီ
‎💜လာဗင်ဒါဆီ
‎🌶ငရုတ်ကောင်း
‎🍅တောခရမ်းချဉ်သီးဆီ တို့နဲ့ ပြုလုပ်ထားသောကြောင့်

‎✅အနံ့အသက်မရှိဘဲ ကျန်းမာရေးကို အန္တရာယ်လုံး၀
မဖြစ်စေတာမို့ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများထိ သုံးစွဲနိုင်ပါတယ်...

‎✅ ခြင်ဆေးရည်လေးကို ဒီပလက်ထိုးထားရုံနဲ့ အခန်းရဲ့ 15 ပေပတ်လည်.. အတွင်းခြင်မလာစေတာမို့ လိုတဲ့
အချိန်ဖွင့်ထားပီး...မလိုတဲ့ချိန် ခလုတ်လေးပြန်ပိတ်ထားရုံပါပဲ...

‎✅ခြင်များလို့..ကလေးငယ်ရှိလို့..အနံမခံနိုင်သူတွေ

‎✅မီးခိုးငွေ့မခံနိုင်သူတွေ ဆို ဒါလေးသုံးပါ

လိုတဲ့အချိန် မရတတ်တာများတာကြောင့်
ရတုန်းယူထားပါနော်...

ဆက်သွယ်မှာယူလိုပါက...

📠 09-787878870 (Phone /Viber)
📠 09-692194930 (Phone)

မိတ္ထီလာမြို့က ရောင်းချပေးတာပါ...

တစ်ပါတ်တစ်ကြိမ် အလုံးရေအများနဲ့
အော်ဒါစုကောက်ပြီး မှာယူပေးတာမို့ မှာယူပြီး
တစ်ပါတ်တော့ စောင့်ပေးရပါမယ်နော်...

Delivery တန်ဆာခနဲ့ တန်အောင်လို့
အနည်းဆုံး နှစ်လုံးတော့
မှာယူပေးစေလိုပါတယ်...😊😊

fans

Address

ပြည်သာယာရပ်ကွက်
Meiktila

Alerts

Be the first to know and let us send you an email when Wai Yam Vlog - Meikhtila posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share