29/08/2025
■ မင်းတပ်မှာ စစ်အုပ်စု စွန့်ထားခဲ့တဲ့ လက်န၊က်ခဲယမ်းကို ဒေသခံတွေ တွေ့ရှိ | ရုပ်သံ
----
The Mindat Post
ဩဂုတ် ၂၈၊ ၂၀၂၅
မင်းတပ်မြို့သိမ်းကာလ ထွက်ပြေးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝှက်ထား၊ စွန့်ထားခဲ့တဲ့ လ၊က်နက်ခဲယမ်းတချို့ကို ဒေသခံ ပြည်သူတွေက တွေ့ရှိတဲ့ ရုပ်သံဖြစ်ပါတယ်။
ဩဂုတ်လ ၂၂ ရက်နေ့ MA 15 (စက်လတ်) ၁ လက်၊ RPG 7 ၁ လက်၊ MA4 ၁ လက်၊ MA 3 ၁ လက်နဲ့ ဆက်စပ်ပစ္စည်း၊ ဩဂုတ်လ ၂၃ ရက်နေ့မှာတော့ MA 4 ၁ လက်၊ MA 3 ၁ လက်၊ MA 1 ၁ လက်၊ ၄၀ မမ ဗုံးသီး ၅ လုံးနဲ့ အခြားလက်န၊က်ဆက်စပ်ပစ္စည်းတွေကို တာဝန်သိ ပြည်သူတွေက စစ်ဦးစီးချုပ်ရုံးထံ ထပ်မံလာရောက်အပ်နှံလို့ ဆုကြေးချီးမြှင့်တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ်က ဩဂုတ် ၂၄ ရက်နေ့ ထုတ်ပြန်ပါတယ်။
မင်းတပ်မြို့ကို ၂၀၂၄ နိုဝင်ဘာ ၉ ရက်နေ့က ‘ချင်းညီနောင်’ စစ်ဆင်ရေးဖော်ဆောင်ခဲ့တာဖြစ်ပြီး ရက်ပေါင်း ၄၀ ကျော်အကြာ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
---
[ရုပ်သံဖိုင် - Salai Naing Hung]
■ The Mindat Post သတင်းကို အောက်ဖော်ပြပါ လူမှုကွန်ရက်တွေမှာလည်း ဖတ်ရှုနိုင်ပါတယ်။
■ Telegram:
https://t.me/MindatPost21
■ X (Twitter):
https://x.com/MindatPost
■ YouTube:
https://youtube.com/?si=zrjPUvy-zfBHUWl5
■ Website:
www.mindatpost.com