VOK News Channel

VOK News Channel တိကျမှန်ကန်သော သတင်းများကို အချိန်?

26/08/2025

Celebrating my 7th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

28/06/2022

ဒေါ်လာလည်းယူ မင်းတပ်လည်းကူ 📌

🙏🙏 ကံစမ်းရင်း မင်းတပ်မြို့‌နယ် Higünglong IDPs & CDF အတွက် ပါ၀င်ပေးကြပါ 🙏🙏

စစ်ဘေးရှောင်များနှင့် တော်လှန်ရေးအတွက်လိုအပ်ချက်များဖြည့်ဆည်းနိုင်ရန်အတွက် HMDO မှ ပြုလုပ်တဲ့ ကံစမ်းမဲ အစီအစဉ်များတွင် နိုင်ငံတကာမှ မြန်မာပြည်သူ/သားများ ပါ၀င်နိုင်ပါသည်။💸💸💸
ကျွန်မတို့ ချင်းပြည်မှာမှာ တော်လှန်ရေးရေချိန်ဟာ တစ်စထက်တစ်စ မြင့်တက်လာတာနဲ့အမျှ တော်လှန်ရေးရဲဘော်တွေအတွက် လိုအပ်ချက်တွေဟာလည်း ပိုမိုများပြားနေတယ်ဆိုတာ မိဘပြည်သူများလည်း သိရှိပြီး ဖြစ်မှာပါ။

အကြမ်းဖက် စကစ ဘက်ကနေပီးလည်း ရှုံးမဲမဲပီး တစ်ရက်ထက်တစ်ရက် မင်းတပ်မြို့ပေါ်ရှိ အပြစ်မရှိတဲ့ ပြည်သူတွေ၊ကလေးတွေ၊မိန်းကလေးတွေ ကို ဖမ်းဆီးသတ်ဖြတ်တာတွေ နေ့စဉ်ရက်ဆက်လုပ်ဆောင်လာတဲ့အတွက် ကျွန်မတို့ဘက်မှလည်း အားသွန်ခွန်စိုက်‌ သွေးမအေးဘဲ ကြိုးစား နေကြရပါတယ်။

အဲ့ဒီအပေါ်မှာ လူကြီးမင်းတို့အနေနဲ့ လည်း တစ်တပ်တစ်အားပါ၀င်ပေးကြဖို့ အနူးအညွတ် မေတ္တာရပ်ခံချင်ပါတယ်။

ဒီ Lucky Draw တွေကနေတဆင့် ကံထူးသူ မိဘပြည်သူတွေအတွက်လည်း
ပထမဆု =$ 1500
ဒုတိယဆု=$ 1000
တတိယဆု=$ 500
နှစ်သိမ့်ဆု (၁)=$300
(၂)=$200
ဆိုပြီး ဆု(၅)ဆုပြန်လည် ပိုင်ဆိုင်နိုင်ပါသေးတယ်..

USA (15 USD )
Australia ( 15 AUD )
Singapore ( 15 SGD )
Macao ( MOP 100 )
Malaysia ( 30 MYR )
Myanmar ( 20000 MMK )

Page မှတစ်ဆင့် ဆက်သွယ်၀ယ်ယူကံစမ်းနိုင်ပါသည်။

လူတိုင်းစေ့ပါ၀င်နိုင်သော နှုန်းထားဖြစ်၍ သွေးမအေးဘဲပါ၀င်ကြပါစို့။

ယခု Lucky Draw ရောင်းချခြင်းက ရရှိလာတဲ့ ငွေကြေးများကို မင်းတပ်CDF(ချီချောင်း IDPs)
မှ ကလေးများအတွက် လိုအပ်သော စားနပ်ရိက္ခာများဖြည့်တင်းခြင်း
တိုက်ပွဲတွင်းဒဏ်ရာရ ရဲဘော်များဆေးကုသစရိတ်
စစ်ဘေးရှောင်များ
ဒဏ်ရာရ ပြည်သူများ
အားလုံး အတွက် တပြားတစ်ချပ်မကျန် ပြန်လည်
အသုံးချသွားမှာဖြစ်ပါတယ်။

မိမိကြိုက်နှစ်သက်ရာ မဲနံပါတ်များကိုလည်းရွေးချယ်ပြီး ဝယ်ယူနိုင်သလို..July 25 အထိလည်း ပါဝင်ကံစမ်းဖို့ အချိန်ရပါသေးတယ်။

ကျွန်မတို့အားလုံး လက်ပန်းကျလာခဲ့ပါပြီ။ဒါပေမဲ့ အခုထိ ကျွန်မတို့အရှုံးမပေးခဲ့ကြပါဘူး။

💪💪 "အရှုံးမပေး‌မချင်း ကျွန်မတို့နိုင်ပါတယ်။" 💪💪

 #မြန်မာ့ မီဒီယာများတွင် ဖော်ပြခဲ့သည့်  ရခိုင်ဒေသ စစ်ပွဲ သတင်းများ စုစည်းမှု..... (၁)အမှတ်တရ😁 #အမျိုးတိ save လုပ်ထားသင့်...
18/02/2022

#မြန်မာ့ မီဒီယာများတွင် ဖော်ပြခဲ့သည့် ရခိုင်ဒေသ စစ်ပွဲ သတင်းများ စုစည်းမှု..... (၁)အမှတ်တရ😁

#အမျိုးတိ save လုပ်ထားသင့်ရေ သမိုင်းတွင်ကျန်ခဖို့.....စစ်ပွဲသတင်းများ save လုပ်ထားလိုသူများအတွက်

တစ်ချိန်က ရခိုင်စစ်ပွဲအခြေအနေတုန်းက သတင်းများစုစည်းမှု.. သတင်း ၈၀ ကျော်. (မှတ်တမ်းသိမ်းထားလိုသူများအတွက်)

AAကို စစ်ဆင်ရေးနှိမ်နှင်းရေးတွေလုပ်ဖို့ အစိုးရက တပ်မတော်ကို ညွှန်ကြား
https://www.facebook.com/100068195500201/posts/5101337986576979/?substory_index=92

မြောက်ဦးတွင်မလွှဲသာ၍ သေနပ်ဖြင့်ပစ်ခတ်ရခြင်းဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ပြော
https://m.facebook.com/story.php?story_fbid=179590249308928&id=116494362285184

1) ကျောက်တော်မြို့နယ်မှ ဘုရားပေါင်းနှင့်တောင်ပေါက်ရွာကို AA က မီးရှို့ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြ
https://www.facebook.com/151742128171206/posts/3584027838275934/

2) ရသေ့တောင်တွင် ရဲကင်းတစ်ခုကို AA ဝင်ရောက်စီးနင်း
https://m.facebook.com/story.php?story_fbid=1748932261921171&id=518067831674293

3) လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားခဲ့ရသည့် ရသေ့တောင်မှ ကျောင်းဆရာအသုဘကို လူပေါင်းထောင်နှင့်ချီပြီးလိုက်ပါပို့ဆောင်၊ မိခင်ဖြစ်သူက တရားမျှတမှုကို ရလိုကြောင်းပြောဆို
https://m.facebook.com/story.php?story_fbid=3714134588598591&id=151742128171206

4) “ချီးကျူးခံရမှုကို မကြိုက်သူ မရှိဘူး”လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြော
https://m.facebook.com/story.php?story_fbid=3354671441243651&id=121507374560090

5) ရန်ကုန်မြို့လယ် တပ်မတော်ထောက်ခံပွဲ မြင်ကွင်းများ
https://m.facebook.com/story.php?story_fbid=4066605393377930&id=191574990881009

6) မြောက်ဦး အဓိကရုဏ်း ရခိုင်လူငယ်တွေ ဘယ်လို သေဆုံးခဲ့သလဲ
https://www.facebook.com/theirrawaddyburmese/videos/1901859796524830/

7) ရန်ကုန်မှာပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ
https://www.facebook.com/166580710064489/posts/2680297005359501/

8) ရသေ့တောင်မြို့နယ် အောင်သာစည် တောင်ကုန်းတွင် တိုက်ပွဲ အလွန်ပြင်းထန်နေ၊ အတွဲလိုက်ဒုံး၊ တိုက်လေယာဉ်များ အသုံးပြု တိုက်ခိုက်ဟုဆို
https://www.facebook.com/385165108587508/posts/1035479230222756/

9) မြန်မာနိုင်ငံအတွင်း လတ်တလော ဖြစ်ပွားနေသော စစ်ပွဲများရပ်တန့်စေရေးအတွက် နိုင်ငံရေးတက်ကြွလှုပ်ရှား သူများ၏ ဆန္ဒထုတ်ဖေါ်ပွဲကို အောက်တိုဘာလ ၈ရက်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ကျင်းပခဲ့
https://www.facebook.com/166580710064489/posts/1142891332433417/

10) မြောက်ဦးတွင် မလွှဲသာ၍ သေနတ်ဖြင့် ပစ်ခတ်ရခြင်းဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ပြော
https://www.facebook.com/116494362285184/posts/179590249308928/

11) ရခိုင်စစ်ပွဲ ဆန့်ကျင်ရေး၊ သွေးစွန်း အစိုးရ နှင့် ဖက်ဆစ် စစ်တပ် အလိုမရှိ ဆန္ဒပြ ကျောင်းသားများကို ပြင်းထန်သော ပုဒ်မများဖြင့် အရေးယူမှု ဖိနှိပ်မှုဖြစ်ပြီး တရားမမျှတဟုဆို
https://m.facebook.com/story.php?story_fbid=1023007608136585&id=385165108587508

12) ရသေ့တောင်တွင် AA စခန်းကို တပ်မတော်က သိမ်းပိုက်ဟု ကြေညာပြီးနောက် AA က တပ်မတော် သိမ်းပိုက်သော စခန်းကို ပြန်လည်ရရှိဟု ကြေညာပြန်
https://www.facebook.com/385165108587508/posts/1029768204127192/

13) မဟာဗန္ဓုလပန်းခြံရှေ့တွင် စစ်မှုထမ်ေးဟာင်းများ ဆန္ဒထုတ်ဖော်
https://www.facebook.com/121507374560090/posts/2222241064486700/

14) တပ်မတော်နဲ့ အတူ ရပ်တည်ကြောင်း ရန်ကုန်မှာ ဆန္ဒထုတ်ဖော်
https://www.facebook.com/166580710064489/posts/3716152488440609/

15) တနိုင်ငံလုံး အပစ်ရပ်ရေးမှာ ရက္ခိုင့်တပ်မတော် ကျန်ခဲ့မလား
https://m.facebook.com/theirrawaddyburmese/photos/a.142225162488311/1072089202835231/?type=3

16) ရဲတပ်ဖွဲ့ ၏ ပစ်ခတ်မှုကြောင့် ကရင်နီလူငယ် ၄ ဦး ဒဏ်ရာရ
https://www.facebook.com/385165108587508/posts/602615553509128/

17) ယမန်နေ့၊ နံနက်ပိုင်းက မာန်အောင်မြို့နယ်တွင် ပြည်သူလူထုနှင့်တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
https://www.facebook.com/466648543487562/posts/1563051113847294/

18) ရခိုင်တွင် တပ်မတော်က အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းမရှိဘဲ AA ကသာ အရပ်သားအသွင်ယူ တိုက်ခိုက်နေဟု သမ္မတရုံးပြော
https://www.facebook.com/385165108587508/posts/964920583945288/

19) အေအေကို စစ်ဆင်ရေး၊ နှိမ်နင်းရေးလုပ်ဖို့ အစိုးရက တပ်မတော်ကို ညွှန်ကြား
https://www.facebook.com/216265185075061/posts/2321007007934191/

20) ပြည်တွင်းစစ် အဆုံးသတ်ရေး ဖမ်းဆီးခံ တပ်မတော်သား ဆိုသူ၏ တောင်းဆိုမှု AA ထုတ်ပြန်
https://m.facebook.com/story.php?story_fbid=1021342584969754&id=385165108587508

21) AA စစ်ဦးစီးချုပ်နှင့် အင်တာဗျူး
"ခင်ဗျားတို့ ကျန်ာတို့ကို အရမ်းလည်း လျော့မတွက်ပါနဲ့ ။ ကျနော်တို့က တရားလည်း ရှိတယ်။ ဓားလည်းရှိတယ်။ ပြတ်ပြတ်သားသား တုန့်ပြန်ရဲတဲ့ ခွန်အား ရှိပါတယ်။ ဒါကို အချိန်မီ ထိန်းထိန်း သိမ်းသိမ်း ကြိုးစားဖို့ ခဗျားတို့ဘက်က လိုအပ်နေပြီ။ မဟုတ်ရင် ကျနော်တို့ ရက္ခိုင့် တပ်တော်က ဘာလဲ ဆိုတာ ခဗျားတို့ မျက်ရည်တွေက သက်သေပြလာတဲ့ နေ့မှာမှ ရပ်တန့်မယ် ဆိုရင်တော့ အရမ်းနောက်ကျသွားပြီလို့ ကျနော် မှာချင်တယ်။"
https://www.facebook.com/121507374560090/posts/3028350293875769/

22) ရန်ကုန်မှာပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ
https://m.facebook.com/story.php?story_fbid=2680297005359501&id=166580710064489

23) AA ရခိုင်တပ်ဖွဲ့ကို နှိမ်နင်းရန် ရဟတ်ယာဉ်ပါ သုံးစွဲခွင့်ပြု
https://www.facebook.com/1515097075471500/posts/2139093806405154/

AAလက်ထဲရောက်နေသူတွေ အိမ်ပြန်ဖို့မျှော်လင့်နေ
https://m.facebook.com/story.php?story_fbid=10160386602158128&id=39218993127

24) AA ကို အကြမ်းဖက်အဖွဲ့အဖြစ်သုံးနုန်းရခြင်း အကြောင်းနှစ်ချက်ရှိဟု NLD ပြောခွင့်ရသူဆို
https://www.facebook.com/151742128171206/posts/3802088369803212/

25) ရခိုင်မှာ ရွေးကောက်ပွဲ အပြည့်အဝ မကျင်းပဘဲ အနိုင်ရလာတဲ့ ရွေးကော်ပွဲနိုင် အစိုးရ အသစ် အပေါ် ယုံကြည်မှု မရှိလို့ ရခိုင် ကျောင်းသားသမဂ္ဂက သတင်းစာရှင်းလင်းပွဲ မှာ ပြော
https://www.facebook.com/166580710064489/posts/3771635716225619/

26) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ သားသမက် နာရေး အတွက် ဒေါ်အောင်ဆန်းစုကြည် ဝမ်းနည်းကြောင်း စာပို့
https://m.facebook.com/story.php?story_fbid=2345027782219760&id=166580710064489

27) "ရခိုင်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့များအပေါ် အကြမ်းဖက်သမားများ၏ ကြမ်းတမ်းရက်စက် သည့် တိုက်ခိုက်မှုလုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း" နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက် ထုတ်ပြန်
https://www.facebook.com/191574990881009/posts/1549908358380992/

28) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်ခေါင်းဆောင်များကို လူမျိုးတုန်းသတ်မှုဖြင့် အရေးယူသင့်ဟု UN ထုတ်ပြန်ချက် NLD လုံး၀ လက်မခံနိုင်ဟုဆို
https://www.facebook.com/385165108587508/posts/519633628473988/

29) AA ကို တိုက်ခိုက်ရန် တပ်အင်အား တိုးမြှင့်သုံးစွဲရန်နှင့် လိုအပ်ပါက ရဟတ်ယာဉ်သုံးစွဲရန် ညွှန်ကြားချက် သမ္မတရုံးထုတ်ပြန်
https://www.facebook.com/385165108587508/posts/583625015408182/

30) ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုမယ့် ကိစ္စ လွိုင်ကော်မှာ ဆန္ဒပြတော့ ဖမ်းဆီးတာတွေ ရှိခဲ့
https://m.facebook.com/BBCnewsBurmese/photos/a.266174993438393/1836447909744419/?type=3

31) ပုဏ္ဍားကျွန်းမှာ ရွာထဲ လက်နက်ကြီးကျလို့ အရပ်သား ရှစ်ဦးသေ
https://m.facebook.com/story.php?story_fbid=2982586171797248&id=166580710064489

32) နိုင်ငံရေးပြဿနာများကို လက်နက်နည်း အကြမ်းဖက်နည်းများဖြင့် ဖြေရှင်းခြင်းသည် ရိုင်းစိုင်းမှုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
https://m.facebook.com/story.php?story_fbid=146145283858651&id=102405104899336

33) နီရဉ္စရာသတင်းဌာနနှင့် DMG သတင်းဌာနတို့၏ ဝက်ဘ်ဆိုက်များကို MPT နှင့် MyTel ဖုန်းအသုံးပြု၍ ဝင်ရောက်ကြည့်ရှုမရတော့ခြင်း ဖြစ်ပြီး ရက္ခိုင့်တပ်တော်၏ဝက်ဘ်ဆိုက်လည်း ပါဝင်သည်
https://m.facebook.com/story.php?story_fbid=1685025438311854&id=518067831674293

34) အင်တာနက်သုံးရဖို့ ပေ နှစ်ရာခန့်မြင့်တဲ့ တောင်ထိပ်ပေါ် တက်ရသူများ
https://m.facebook.com/story.php?story_fbid=3186634588059071&id=166580710064489

35) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ သားသမက် နာရေး အတွက် ဒေါ်အောင်ဆန်းစုကြည် ဝမ်းနည်းကြောင်း စာပို့
https://www.facebook.com/BBCnewsBurmese/photos/a.266174993438393/2345025458886659/?type=3

36) အဖော်အချွတ်တွေနဲ့ နောက်ဆုံးပိတ်ကြံ့ခိုင်ရေးပါတီ ကျောက်ဖြူ မြို့မဲဆွယ်စည်းရုံးပွဲ
https://www.facebook.com/121507374560090/posts/1106706876040130/

37) စစ်ခေါင်းဆောင်များကို အရေးယူမည့် ICJ နှင့် ICC ကို ထောက်ခံကြိုဆိုဟု ကရင်နီအဖွဲ့ ၁၅ ခု ထုတ်ပြန်၊ ဒေါ်အောင်ဆန်းစုကြည် တပ်မတော်ကို ကာကွယ်လျှင် စစ်အာဏာရှင်များ သက်ဆိုးရှည်နိုင်
https://www.facebook.com/385165108587508/posts/795303280907020/

38) AA အဖွဲ့၏ အဖျက်၊အမှောင့်လုပ်ရပ်များလုပ်ဆောင်နေသဖြင့် လူထု၏ အသက်၊အိုးအိမ်စည်းစိမ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အသက်စွန့်၍ တာဝန်ထမ်းဆောင်နေသော တပ်မတော်အရာရှိ စစ်သည်များအားလုံးကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြု့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်
https://www.facebook.com/1120229281493723/posts/1401593556690626/

39) မိမိတို့၏လိုလားချက်များကို လက်နက်ကိုင်ပြီး အကြမ်းနည်းနှင့် တောင်းဆိုရန်လိုသလားဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မေးခွန်းထုတ်
https://www.facebook.com/151742128171206/posts/2898868456791879/

40) "ရခိုင်ဒေသကနေ AA ထွက်သွားသင့်တယ်လို့ ဘယ်သူများ ပြောဖူးလဲ" ဆိုပြီး တပ်မတော် မေးခွန်းထုတ်
https://www.facebook.com/216265185075061/posts/2593379387363617/

41) ရန်ကုန်တွင် "သွေးစွန်းသောအစိုးရ၊ လူသတ်စစ်တပ် အလိုမရှိ၊ ရခိုင်လူထုနှင့်အတူ ရပ်တည်ကြ" လှုပ်ရှားမှု လုပ်ဆောင်
https://m.facebook.com/story.php?story_fbid=1008090129628333&id=385165108587508

42) အယ်ဒီတာ့အာဘော်
--------------------
ပြည်သူကို သတ်ဖြတ်နေသာ ရခိုင်မှ စစ်ရာဇဝတ်မှုများကို အစိုးရ လျစ်လျူရှုလျှင် အလိုတူအလိုပါ ကြံရာပါအဖြစ် နိုင်ငံတကာက ရှုမြင်အရေးယူလာနိုင်
https://m.facebook.com/story.php?story_fbid=1008595552911124&id=385165108587508

43) နေပြည်တော် တပ်ကုန်းမြို့ တွင်ရှေ့တန်းပြန် စစ်သည်များကို NLDပါတီ ဝင်အချို့ကြိုဆိုကြ
https://www.facebook.com/287336421282160/posts/1328765807139211/

44) AA ကို ထောက်ခံမှုတွေ ရပ်တန်းက ရပ်ကြဖို့ အစိုးရပြော
https://www.facebook.com/216265185075061/posts/2320890607945831/

45) ပြည်နယ်အစိုးရရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသားသုံးဦး ဖမ်းဆီးခံရ
https://m.facebook.com/story.php?story_fbid=1805091422976594&id=466648543487562

46) မဲစဆွယ်တဲ့နေ့ မြေပုံမှာ လက်နက်ကြီးကျလို့ ကလေးနှစ်ဦးအပါအဝင် ငါးဦး သေဆုံး
https://m.facebook.com/story.php?story_fbid=3393395364049658&id=166580710064489

47) ရခိုင်အရေး ဒေါက်တာဇော်မြင့်မောင် ပြော
https://m.facebook.com/BBCnewsBurmese/photos/a.266174993438393/2200185080037365/?type=3

48) တပ်မတော် မှ လက်နက်ကြီး ဖြင့် ပစ်ခတ်မှူ ကြောင့် ကျဆုံးသွားသော KIA စစ်သား များ အာ:ဆုတောင်းပွဲရန်ကုန် မြို့ငြိမ်းချမ်းရေး စင်တာ ရှေ့တွင် ပြုလုပ်
https://www.facebook.com/166580710064489/posts/751002728288948/

49) နိုင်ငံရေးပြဿနာများကို လက်နက်နည်း အကြမ်းဖက်နည်းများဖြင့် ဖြေရှင်းခြင်းသည် ရိုင်းစိုင်းမှုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
https://m.facebook.com/story.php?story_fbid=146145283858651&id=102405104899336

50) မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲအပြီး အေအေ ဒု-စစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင် ဘာပြောသလဲ
https://www.facebook.com/BBCnewsBurmese/videos/489634481850070/

51) ကျောက်တော်၊ ဘုရားပေါင်းနှင့်တောင်ပေါက်ကျေးရွာ အိမ်ခြေ ၂၅၀ နီးပါး မီးလောင်ကာ အရပ်သား ၂ ဦး အသတ်ခံရ၊ တပ်မတော်က AA အလောင်း ၂ ခုရရှိပြီး ရွာများကို မီးမရှို့ ဟု ငြင်းဆို
https://www.facebook.com/385165108587508/posts/1002955386808474/

52) ကျောက်တော် ဘုရားပေါင်းကျေးရွာကို မြန်မာစစ်တပ်မှ မီးရှို့၊ နေအိမ်အားလုံးနီးပါးမီးလောင်
https://www.facebook.com/101604104908487/posts/158996185835945/

53) AA ခေါင်းဆောင်များ စောက်တလွဲ ပြောဆိုပြီး ကိုဗစ်ကာလ နိုင်ငံရေးနှင့်စစ်ရေး အမြတ်ထုတ်နေဟု ညွှန်ချုပ် ဦးဇော်ဌေးပြော
https://m.facebook.com/story.php?story_fbid=1003321580105188&id=385165108587508

54) ကိုးကန့်တိုက်ပွဲ တပ်မတော်မှ လုံးဝ အလျှော့ပေးမည် မဟုတ်ကြောင်း ကာချုပ် ပြော
https://m.facebook.com/theirrawaddyburmese/photos/a.142225162488311/941149819262504/?type=3

55) ရခိုင်ပြည်နယ်စစ်မီး အဆုံးသတ်ကို အေအေ ဘယ်လိုမျှော်လင့်ထားလဲ
https://www.facebook.com/166580710064489/posts/2747781245277743/

56) မြန်မာနိုင်ငံတိုင်းရင်းသားဒေသအချို့တွင် ဖြစ်ပွားနေသော စစ်ပွဲများရပ်တန့်ရေးအတွက် အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၇ ဖွဲ့မှဦးဆောင်ပြီး အောက်တိုဘာလ (၈)ရက်နေ့တွင် ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံရှေ့ရှိ ရင်ပြင်တွင်ဆန္ဒပြခဲ့ကြ
https://www.facebook.com/media/set/?set=a.1362164963827652&type=3

57) မြောက်ဦး အဓိကရုဏ်းကြောင့် သေဆုံးသူ ၇ ဦး၏ ရုပ်အလောင်းများကို ဂူသွင်း
https://m.facebook.com/story.php?story_fbid=1900570409987102&id=121507374560090

58) မိမိတို့၏လိုလားချက်များကို လက်နက်ကိုင်ပြီး အကြမ်းနည်းနှင့် တောင်းဆိုရန်လိုသလားဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မေးခွန်းထုတ်
https://m.facebook.com/story.php?story_fbid=2898868456791879&id=151742128171206

59) ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီးနှင့်ကလေးနှစ်ဦးကို ထိုင်းရဲက ဖမ်းဆီးထားပြီး မြန်မာနိုင်ငံသို့ လွှဲပို့ရန် စီစဉ်
https://m.facebook.com/story.php?story_fbid=1566809010133498&id=518067831674293

60) ဒေါ်အောင်ဆန်းစုကြည် ရာထူးကနေ နုတ်ထွက်သင့်တယ်လို့ ပြော
https://www.facebook.com/39218993127/posts/10158058507598128/

61) အေအေစစ်ဦးချုပ်ရဲ့ဇနီးနဲ့ကလေးတွေကို ဖမ်းဆီးတာဟာ ဆိုးကျိုးကို ဦးတည်စေမယ်လို့ အေအေအဖွဲ့သတိပေး
https://www.facebook.com/191574990881009/posts/2861099537261861/

62) ဖွဲ့စည်းပုံ မပြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည် မဝင်
https://m.facebook.com/theirrawaddyburmese/photos/a.142225162488311/688252911218864/?type=3

63) KIA ဗိုလ်လောင်းသင်တန်း လက်နက်ကြီး ထိမှန်သေဆုံးမှုမှာ TNLAနဲ့ AA တို့မှ အများဆုံးဖြစ်
https://m.facebook.com/story.php?story_fbid=878684615509025&id=121507374560090

64) ကိုးကန့်တိုက်ပွဲ ကျဆုံးစစ်သည်များ၏ အရိုးပြာအိုး အခမ်းအနားဖြင့် ဂူသွင်းသင်္ဂြိုလ်
https://m.facebook.com/story.php?story_fbid=946112362099583&id=121507374560090

65) ရခိုင်နှင့်ချင်းမှာတာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများကို ဒေါ်အောင်ဆန်းစုကြည်ချီးကျူးဂုဏ်ပြု
https://www.facebook.com/466648543487562/posts/1678025962349808/

66) NHK အင်တာဗျူးပါ ဒေါ်စု၏မှတ်ချက်စကားကြောင့် အရမ်းဝမ်းနည်းရသည်ဟု ကိုဝလုံး၏ဇနီးပြော
https://www.facebook.com/518067831674293/posts/1184254228388980/

67) ဖမ်းဆီးခံထားရသည့် NLD ကိုယ်စားလှယ်သုံးဦး လွတ်မြောက်ရေးအတွက် တပ်မတော်နှင့် အစိုးရ ပူးပေါင်းလုပ်ဆောင်
https://m.facebook.com/story.php?story_fbid=1848634901955579&id=466648543487562

68) AA ကို လက်ခံထားပါက KIA မြို့နှစ်မြို့ကို တိုက်မယ်လို့ တပ်မတော် ပြော
https://www.facebook.com/121507374560090/posts/3291438234233639/

69) ရခိုင်တိုင်းရင်းသားများအပေါ် ဒေါ်အောင်ဆန်းစုကြည် အလွန် အငြိုးအတေးကြီးဟု ကျောက်ဖြူအမတ်ဦးဘရှိန်ပြောဆို
https://m.facebook.com/story.php?story_fbid=545063602597657&id=385165108587508

70) ရခိုင်နှင့် ချင်းပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်ထားမှုအား ရပ်တန့်ရေးစာတန်း ဆူးလေတံတားတွင်ချိတ်ဆွဲ
https://m.facebook.com/story.php?story_fbid=3503968536313940&id=121507374560090

ငြိမ်းချမ်းရေးထက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်က ပိုအရေးကြီးကြောင်း AAစစ်ဦးစီးချုပ်ပြော
https://m.facebook.com/story.php?story_fbid=10156943770015170&id=351574300169

71) "ရခိုင်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့များအပေါ် အကြမ်းဖက်သမားများ၏ ကြမ်းတမ်းရက်စက် သည့် တိုက်ခိုက်မှုလုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း" နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက် ထုတ်ပြန်
https://m.facebook.com/story.php?story_fbid=1549908358380992&id=191574990881009

72) “ရခိုင်ပြည်နယ်မှာ ရခိုင်တပ်ပဲရှိရမယ်လို့” အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြော။
https://m.facebook.com/story.php?story_fbid=2245453958843810&id=166580710064489

တပ်မတော်မှ ငြင်းဆိုထားသော စစ်သုံးပန့်များကို ဓာတ်ပုံနှင့်တကွ AAထုတ်ပြန်
https://www.facebook.com/732479450/posts/2094102900752618/?substory_index=31

73) ရခိုင်၀န်ကြီးချုပ်ခရီးစဉ်အတွင်း အသုံးပြုခဲ့သောကားခများ ရှင်းမပေးမှုအပေါ် ပို့စ်တင်သူ ခေါ်ယူ မေးမြန်းခံရ
https://www.facebook.com/100016734996371/posts/925184834787139/?substory_index=5

74) မန္တလေးက စစ်ပွဲရပ်တန့်ရေးဆန္ဒပြသူကို ရုံးထုတ်စစ်ဆေးခံရ
https://www.facebook.com/166580710064489/posts/2670692379653297/

75) ဒေါ်အောင်ဆန်းစုကြည်နဲ့- ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) တို့ရဲ့သဘောတူညီချက်နဲ့သတင်းထုတ်ပြန်ချက်
https://m.facebook.com/BBCnewsBurmese/photos/a.266174993438393/931045226951363/?type=3

76) တပ်ဗိုလ်မှူးအဖြစ်မှ AA ဘက်ပြောင်း သားဖြစ်သူကြောင့် ဖခင်အမတ်လောင်း ရွေးကောက်ပွဲ အဝင်မခံမှု ဂုဏ်သိက္ခာစော်ကားမှုဟုဆို
https://m.facebook.com/story.php?story_fbid=999384857165527&id=385165108587508

77) ဘားအံ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲအတွက် စစ်ဗိုလ်ချုပ် ၃ ဦးနှင့် ဓာတ်ပုံကို ပိုစတာအဖြစ် စတင်အသုံးပြု၊ နိုင်ငံတစ်၀န်း ထောက်ခံပွဲများ တပြိုင်နက်တည်း ကျင်းပမည်
AA ဖမ်းထားသူများလွတ်မြောက်ရန် ရဲပရဟိတအဖွဲ့ ဆုတောင်း
https://www.facebook.com/media/set/?set=a.10159284981943128&type=3

78) အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေ စုံစုံလင်လင်တတ်တဲ့ ICJ ရှင်းလင်းပွဲ
https://m.facebook.com/story.php?story_fbid=2659888500733685&id=166580710064489

79) ရဲတပ်ဖွဲ့ဝင် ၂၇ ဦး ကို AAဖမ်းဆီး
https://www.facebook.com/216265185075061/posts/2836866059681614/
AAထံ ဖမ်းဆီးခံတပ်မတော်သားတစ်ချို့ အိမ်ပြန်ဖို့မျှော်လင့်နေ
https://m.facebook.com/story.php?story_fbid=10160386602158128&id=39218993127

30) ဦးဝှေ့တင်းကို သိန်း၃၀၀၀ ဖြင့်ရွေးခိုင်းသည့် ကြေညာချက်အတုကိုကိုးကား၍ AA ကို ဓားပြဆန်ဟု သမ္မတရုံးညွှန်ချုပ် ဦးဇော်ဌေး ပြော

https://m.facebook.com/story.php?story_fbid=773745843062764&id=385165108587508

80)ဂျပန်ရောက်ရခိုင်တိုင်းသားရင်းသားတွေ ဒေါ်အောင်ဆန်းစုကြည်ကိုဘာတွေတောင်းဆိုခဲ့ကြသလဲ
https://www.facebook.com/theirrawaddyburmese/videos/444967746148879/

81)ရခိုင်ပြည်နယ် နောင်လာမယ့် ဆယ်စုနှစ်များစွာအတွင်းမှာ စစ်ပွဲ သံသရာလည်သွားတာ မြင်ချင်လား။ ကျနော်တို့ မေးချင်တယ်
https://www.facebook.com/100056772278805/posts/366648185237588/?substory_index=20

crd ရွှေပေါက်ဆိန်

စုစည်းထားသူကိုလည်း Crd ပေးပါတယ်... လိုနေတာတွေကို စုစည်းပြီး တင်ပေးလိုက်ပါတယ်.... ထပ်ပြီး တနေရာတည်းမှာ save လုပ် သိမ်းထားနိုင်ဖို့... ထပ်တင်ပေးပါအုန်းမယ်

သိုင်းလောကစိန်ခေါ်သံ စ/ဆုံးအပိုင်း ၁ မှ ၄၀ ဇာတ်သိမ်း၁https://www.facebook.com/104681798405467/posts/254890253384620/၂htt...
11/02/2022

သိုင်းလောကစိန်ခေါ်သံ စ/ဆုံး
အပိုင်း ၁ မှ ၄၀ ဇာတ်သိမ်း


https://www.facebook.com/104681798405467/posts/254890253384620/


https://www.facebook.com/104681798405467/posts/254913390048973/


https://www.facebook.com/104681798405467/posts/254916826715296/


https://www.facebook.com/104681798405467/posts/254920573381588/


https://www.facebook.com/104681798405467/posts/254924293381216/


https://www.facebook.com/104681798405467/posts/255417703331875/


https://www.facebook.com/104681798405467/posts/255421083331537/


https://www.facebook.com/104681798405467/posts/255423886664590/


https://www.facebook.com/104681798405467/posts/255427259997586/

၁၀
https://www.facebook.com/104681798405467/posts/255430799997232/

၁၁
https://www.facebook.com/104681798405467/posts/256503109890001/

၁၂
https://www.facebook.com/104681798405467/posts/256573253216320/

၁၃
https://www.facebook.com/104681798405467/posts/256579563215689/

၁၄
https://www.facebook.com/104681798405467/posts/256594673214178/

၁၅
https://www.facebook.com/104681798405467/posts/256628366544142/

၁၆
https://www.facebook.com/104681798405467/posts/257448776462101/

၁၇
https://www.facebook.com/104681798405467/posts/257458363127809/

၁၈
https://www.facebook.com/104681798405467/posts/257718286435150/

၁၉
https://www.facebook.com/104681798405467/posts/257726953100950/

၂၀
https://www.facebook.com/104681798405467/posts/257729189767393/

၂၁
https://www.facebook.com/104681798405467/posts/257881383085507/

၂၂
https://www.facebook.com/104681798405467/posts/257888599751452/

၂၃
https://www.facebook.com/104681798405467/posts/257928223080823/

၂၄
https://www.facebook.com/104681798405467/posts/257956629744649/

၂၅
https://www.facebook.com/104681798405467/posts/257983323075313/

၂၆
https://www.facebook.com/104681798405467/posts/258112063062439/

၂၇
https://www.facebook.com/104681798405467/posts/258281899712122/

၂၈
https://www.facebook.com/104681798405467/posts/258356489704663/

၂၉
https://www.facebook.com/104681798405467/posts/258425026364476/

၃၀
https://www.facebook.com/104681798405467/posts/258427756364203/

၃၁
https://www.facebook.com/104681798405467/posts/258930386313940/

၃၂
https://www.facebook.com/104681798405467/posts/258933999646912/

၃၃
https://www.facebook.com/104681798405467/posts/258936129646699/

၃၄
https://www.facebook.com/104681798405467/posts/259408426266136/

၃၅
https://www.facebook.com/104681798405467/posts/259410606265918/

၃၆
https://www.facebook.com/104681798405467/posts/259413249598987/

၃၇
https://www.facebook.com/104681798405467/posts/259415046265474/

၃၈
https://www.facebook.com/104681798405467/posts/259582772915368/

၃၉
https://www.facebook.com/104681798405467/posts/259585202915125/

၄၀ ဇာတ်သိမ်း
https://www.facebook.com/104681798405467/posts/259597252913920/

#မူရင်းတင်ပေးသော CMကို
#လေးစားစွာဖြင့် Creditပေးပါတယ်ဗျ

အားလုံးကိုကျေးဇူးတင်ပါတယ်

#ရုပ်ရှင်ဇာတ်လမ်းတွဲကောင်းများစုစည်းရာ

25/01/2022
အညာမုန့်လက်ဆောင်း-----------------------------📋ပါဝင်ပစ္စည်းများ•  ထန်းလျက် - ၆ဝဝ ဂရမ်•  ရေ - ၁ လီတာ•  ဆား - လက်ဖက်ရည်ဇွန...
21/01/2022

အညာမုန့်လက်ဆောင်း
-----------------------------
📋ပါဝင်ပစ္စည်းများ
• ထန်းလျက် - ၆ဝဝ ဂရမ်
• ရေ - ၁ လီတာ
• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
(ထန်းလျက်ရည်ကျိုရန်)
• နှမ်း - ၃၀ ဂရမ်
• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (နှမ်းလှော်ရန်)
• ဆန်မှုန့် - ၁၅၀ ဂရမ်
• ကော်မှုန့် - စားပွဲဇွန်း ၂ ဇွန်း
• ရေ - ၁ လီတာ
• နံ့သာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ရေခဲ - ၂၀ ဂရမ်
• ကောက်ညှင်းငချိပ်ပေါင်း - ၁၀ ဂရမ်

ပြုလုပ်နည်း
၁။ ဦးစွာ အိုးတစ်အိုးထဲ ထန်းလျက်၊ ရေ၊ ဆားတို့ကို ထည့်ပြီး ကျိုထားပါ။
ပြီးလျှင် နှမ်းကို လှော်ထားပါ။ လှော်ထားပြီးသား နှမ်းကို အနည်းငယ် ထောင်းထားပါ။
၂။ မုန့်လက်ဆောင်းဖတ် ပြုလုပ်ရန်အတွက် ဒယ်အိုးထဲ ဆန်မှုန့်၊ ကော်မှုန့်၊
ရေ၊ နံ့သာရည်တို့ကို ထည့်ပြီး မီးဖိုပေါ်တွင် ပျစ်လာသည်အထိ ကျိုပါ။
မုန့်သား ကြွက်မြီးတန်းပြီဆို ရပါပြီ။ ရေခဲထည့်ထားသော ဇလုံထဲ ဆန်ခါ ခွက်ဇွန်းဖြင့် မုန့်သားများကို ဖိချပေးပါ။ အဲဒါဆို မုန့်လက်ဆောင်းဖတ် လေးတွေ ရပါပြီ။ မုန့်ပြင်ရန် ဖန်ခွက်ထဲ မုန့်လက်ဆောင်းဖတ်ထည့်ပါ။
ရေခဲ၊ ကောက်ညှင်းငချိပ်ပေါင်း ထည့်ပြီး ထန်းလျက်ရည်ဆမ်းပါ။ အပေါ်မှ အုန်းသီးဖတ်နဲ့ နှမ်းလေးဖြူးပြီးလျှင် သုံးဆောင်လို့ရပါပြီ။
----------------------------------
Tin Tin Oo

 #နဂျီအိမ်နဲ့ဒူးနာရောဂါဝေဒနာ****************^****************၁၅ နှစ်ကြာ ဒူးနာရောဂါ သက်သာလာပါပြီ၁ ။ကျွန်​တော်ဒူးနာတာ အနည်...
20/01/2022

#နဂျီအိမ်နဲ့ဒူးနာရောဂါဝေဒနာ

****************^****************
၁၅ နှစ်ကြာ ဒူးနာရောဂါ သက်သာလာပါပြီ

၁ ။ကျွန်​တော်ဒူးနာတာ အနည်းဆုံး ၁၅နှစ်ရှိပါပြီ

၂ ။အသက်ကြီးလာခြင်း body weight များခြင်း ဒူးရှိအရိုးဆက် joint မှာရှိ ကြားခံအရွတ် အဆက်ရွတ်စသည့် ကြားခံပစ္စည်း ပါးလာခြင်းအတွက် အရိုးကြီး၂ ခုမှအတက်များစသည် ပွတ်တိုက်ထိခိုက် လာခြင်း

၃ မတ်တပ်ရပ်သည့်အခါ ဒူးနှစ်ခုဖြောင့်ဖြောင့်မရှိတော့ပဲ မညီညာ အလိုင်းမင်းအောက်နေခြင်း

၄ မြန်မာ နိုင်ငံခြားလိမ်းဆေး စားဆေး အမျိုးမျိုး အကိုက်အခဲ အနာသက်သာသောဆေးမှသည် ပုဇွန်ခွံဖြင့်ပြုလုပ်ထားသည်ဆိုသော အရိုးနု cartilage ဖြည့်စွက်ဆေး စသည်ထိ

၅ ဒူးခေါင်းအတွင်းထိုးသည့်ဆေး၃ ခါထိထိုးဖူးပါသည် ချောဆီထိုးထဲ့ခြင်းဖြစ်၍ ခဏ တော့ သက်သာသည်။

ယခု အလွန်သက်သာလာသောနည်း

( က ) နဂျီအိမ် အိမ်နံရံ တံတိုင်းနံရံ သစ်သား ဝါးစသည်တို့မှာ နဂျီကောင်လေးများ မြေသားနှင့်သူအရည်ဖြင့်

အိမ်ငယ်လေးဖွဲ့နေပါသည်။ နဂျီကောင် ထွက်သွား သောအခါ ကျန်ခဲ့သည့်မြေခဲ အိမ်ငယ်လေး ။

( ခ ) ဗန်ဒါရွက်
**************
( ဂ ) သံပုရာသီး
***************
(၄ ) ဒူးစွပ်
***************
နဂျီအိမ်ကို ထုချေ အမှုန့်ပြုလုပ်ပါ သံပုရာသီးစိပ်၍ အရည်ညစ် ပြစ်ပြစ် လိမ်းကောင်းရုံဖျော်ပါ ။

ဒူးနှစ်ဘက် လိမ်းပါ အပေါ်က ဗန်ဒါရွက်ကပ်ပြီးအုပ်ပါ ဒူးစွပ် စွပ်ပေးပါ ။

ကျနော် တနေ့နှစ်ကြိမ် သုံးကြိမ်လုပ်ပါသည် ဗန်ဒါရွက်မကပ် ဒူးမစွပ်သည့်အခါလည်းရှိပါသည် ။ ကျနော် ဂရုတစိုက်လုပ်တာ ၃ရက်တည်းသာရှိပါသေးသည်။

လက်ရှိအခြေအနေ ခြေထောက်တောင့်တောင့်ကြီးမဖြစ်တော့ပါ အိပ်ရာထ ယခင်က သွေးပူမှ ခြေထောက်လို့ရခဲ့သည်

ယခုချက်ခြင်းထောက်နိုင်ပါသည် လမ်းလျှောက်သည့်အခါ သိသိသာသာ သိသိသာသာ ကြီးကို သက်သာလာပါသည်

ပျောက်သည်ဟုမပြောပါ တော်တော်ကောင်းလာပြီ ဟုပြောနိင်ပါသည် ရောဂါက အလွန်ရင့်နေပြီကိုး ။

ခုတော့ ပေါ့ပါးလာသည် သွက်လက်လာသည်ဟု ပြောပြလိုပါသည် ဘဝတူ ဒူးနာမိတ်ဆွေများခင်ဗျာ။ လေးစားစွာဖြင့်တင်ပြပါသည်။

မူရင်းရေးသား မျှဝေသူကိုလေးစားစွာဖြင့်



လေးစားစွာဖြင့်ပြန်လည်မျှဝေသည်

🌿  #ဆီးရောဂါ အတွက် အစွမ်းထက် ကုလားမျက်စိပင်🌿၁။ ကုလားမျက်စိပင်သည် အသက်ရှည်ဆေးအဖြစ် အလွန် ထင်ရှား၏။ ကုလားမျက်စိအညွန်များကိ...
15/01/2022

🌿 #ဆီးရောဂါ အတွက် အစွမ်းထက် ကုလားမျက်စိပင်🌿
၁။ ကုလားမျက်စိပင်သည် အသက်ရှည်ဆေးအဖြစ် အလွန် ထင်ရှား၏။
ကုလားမျက်စိအညွန်များကို ပြုတ်တို့ခြင်းဖြင့် ဆီးရွှင် ဆီးကောင်းစေသည်။

၂။ ပဉ္စငါးပါးကို သုံးခွက်တစ်ခွက်တင် ကျို၍ အအေးခံပြီး သကြားထည့်သောက်ပါက ဆီးပူ ၊ ဆီးအောင့် ၊ ဆီးနည်း ၊ အသံဝင် ၊ အဖျား ၊ အညောင်းအကိုက် ရောဂါတို့ကို ပျောက်စေ၏။

၃။ ပဉ္စငါးပါးကို ထန်းလျက်နှင့်ကျို၍ အအေးခံထားသောရေတွင် စမုန်မျိုးငါးပါးမှုန့် အဝတ်နှင့်ထုပ်စိမ်ထားပြီး ယင်းစိမ်ရေတွင် ဆားပုပ်အမှုန့်ထည့်၍ တစ်နေ့ ၃ ကြိမ်သောက်သော် ဆီးရောဂါအမျိုးမျိုး ၊ လေအောင့် အစာမကြေ ၊ မျက်စိရောဂါအမျိုးမျိုး ၊ နှလုံးရောဂါ ၊ သားအိမ်ရောဂါ ၊ဖောရောင် ညောင်းကိုက် ၊ မြင်းသရိုက်ရောဂါတို့ကို ပျောက်စေ၍ အားတိုးစေသည်။

ကုလားမျက်စိသည် ခါး၏။ ဆီးကို ရွှင်စေ၏ ၊ ညောင်းသော ရောဂါနှင့် သင့်၏။ သွေးကို လေးစေသည်။ ချွေးထွက်ခြင်းကြောင့် ဖြစ်သော ရောဂါများ ၊ ဆီးရောဂါများကို ပျောက်ကင်းစေ၏ ။ မြွေဆိပ်ကို ပယ်နိုင်၏ ။

အစာကြေ၍ နှုတ်မြိန်စေသည်။ အားကို တိုးစေသည်။
Ref အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်
#ရောင်နီတိုင်းရင်းဆေး

မင်းလူ(သို့မဟုတ်)အကြောက်ကင်းတဲ့ကလောင်တစ်ချောင်းကဗျာတစ်ပုဒ်နဲ့ ထောင် ၇ နှစ်အကျခံခဲ့တဲ့ အနုပညာရှင်တွေ ငါတို့တိုင်းပြည်မှာတ...
15/01/2022

မင်းလူ(သို့မဟုတ်)
အကြောက်ကင်းတဲ့ကလောင်တစ်ချောင်း

ကဗျာတစ်ပုဒ်နဲ့ ထောင် ၇ နှစ်အကျခံခဲ့တဲ့ အနုပညာရှင်တွေ ငါတို့တိုင်းပြည်မှာတကယ်ရှိခဲ့တယ်။

ဒီလိုရေးရင် ထောင်ကျမယ်ဆိုတာ မသိလို့မဟုတ်ဘူး။
သိလျက်နဲ့ရေးတာ။
သိသိကြီးနဲ့ကိုရေးတာ။
ရေးချင်လို့ကိုရေးတာ။
ဒီကဗျာကိုရေးရတဲ့အကြောင်းပြချက်က သိပ်ကိုရှင်းလင်းလွန်းတယ်။

ကျနော့်ရည်ရွယ်ချက်က ဒီလိုမဟုတ်ပါဘူးလို့ မရှော်ဘူး။
စေတနာအမှားပါလို့ မငြင်းဘူး။
ကျနော်မှားမိပါတယ်လို့ မတောင်းပန်ဘူး။
နောက်တခါမဖြစ်စေရဘူးလို့
မျက်ရည်ခံမထိုးခဲ့ဘူး။
ဒဲ့ပဲ။

ငါယုံကြည်လို့ ရေးတယ်။
ငါ့ယုံကြည်လို့ ထောင်ထဲဝင်တယ်။
ခပ်ပြတ်ပြတ်ပဲ။

သူ့ကိုလာဖမ်းမယ်ဆိုတာသိလို့ အထုပ်ပြင်ပြီးဧည့်ခန်းမှာထိုင်စောင့်နေတယ်။
ထောက်လှမ်းရေးကလက်ထိပ်ခတ်ပြီး ခေါင်းစွပ်နဲ့အုပ်တော့ သူကတောင်းပန်တယ်။
မင်းတို့ဟာကြီးက သွေးနံ့တွေ၊ ချွေးနံ့တွေနဲ့ ငါရွံတယ်တဲ့။
ဟော့ဒီမှာ ငါ့ဟာလေးပဲငါစွပ်ပါရစေတဲ့။
အဆင်သင့်ချုပ်ထားတဲ့ ခေါင်းစွပ်အသစ်လေးကိုထုတ်စွပ်တယ်။

သိပ်ရဲရင့်လွန်းတယ်။.....

ဆရာမင်းလူ ထောင်ကျခံ ရေးခဲ့တဲ့ သမိုင်းဝင်ကဗျာတစ်ပုဒ်

ဘာတွေဖြစ်ကုန်ကြပြီလဲ ( ၁ )
*********************

အမေကျော် ဒွေးတော်မလွမ်းရဘူးတဲ့
အဖေကျော် ပေါက်ဖေါ်လွမ်းရမယ်ဆိုဘဲ။

မီးတပ် ရေတပ် လေတပ် တွေဆိုလား
တပ်မတော်သာလျှင်နိုင်ငံအမြတ်ကို
သိမ်းကြုံးယူလိမ့်မည်ဆိုလား
ကလေးတွေအော်နေတာကြားဖူးတယ်။

ကလေးတွေလဲမနေနိုင်
န ဝ တ တဲ့ ဟား ဟား ဟား ဟား။

ဘာတွေဖြစ်ကုန်ပြီလဲ
ကောလဟာလတွေကများလိုက်တာ
အင်းယျားကန်ဘောင်မှာ
တစ်ယောက်မှမသေဘဲနဲ့များ
ရော်ဘာဒုတ်နဲ့ရိုက်
ရော်ဘာကျည်ဆန်နဲ့ပြစ်
ရော်ဘာလက်နက်နဲ့ထိုးတာလေးများ
ဪ ရော်ဘာခေတ်၌ဖြစ်လာရလေ
ဒို့တတွေမှာ။

ဘာတွေဖြစ်ကုန်ပြီလဲ
ဗမာကိုမြန်မာပြောင်းတော့
မယ်ဗမာလဲမယ်မြန်မာဖြစ်
ဒို့ဗမာအစည်းအရုံးလဲ ဒို့မြန်မာအစည်းအရုံးဖြစ်
မောင့်ဘက်တန်အော့ဖ်ဗားမားတောင်
အေသေစာလို့..။

ဘာတွေဖြစ်ကုန်ပြီလဲ
ကြမ်းခင်းစျေးသုံးနှစ်နဲ့
ထောင်ဒါဏ်လေလံပစ်ပွဲကြီးမှာ
ကျက်သရေရှိတဲ့တပ်မတော်ကြီးကို
မြင်ချင်တယ်ဆိုတဲ့သူ
ထောင်ဒါဏ်အနှစ်နှစ်ဆယ်ဗိုလ်စွဲသွားပြီ။
ဒါလေးများ
ရွှေတိဂုံဘုရားကြီးတောင်
ခံဝန်ချုပ်နဲ့စံမြန်းနေရရှိတာကပဲ။

ဘာတွေဖြစ်ကုန်ပြီလဲ
စာပေငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့တဲ့လေ
မျက်မှန်စိမ်းတပ်ထားသူက ဥက္ကဌ
ဦးလေးတွမ်က ဒုဥက္ကဌ
အလို
ရေးဘော်ရေးဘက်တွေကြမ်းပိုးကိုက်လို့
အိပ်မပျော်တဲ့အချိန်မှာ
ခန်းဆောင်နီထဲမှာ
ပန်းရောင်အိပ်မက်မက်တဲ့သူ
လူတကာ ထောင် ဆုရတဲ့အချိန်မှာ
သောင်းဆုယူမဲ့သူ
အရိုးတောင်ကိုကျော်၍
သွေးပင်လယ်ကိုဖြတ်မည်တဲ့လား။

ဘာတွေဖြစ်ကုန်ပြီလဲ
ကြုံတုံးပြောရအုန်းမယ်
ဟိုလူကြီးနိုင်ငံရေးကအနားယူတာ
မယုံကြဘူးလား။
တကယ်ပါ
စစ်ရေးနဲ့စီးပွားရေးလောက်ကလေးပဲ
ဆုပ်ကိုင်ထားတာပါ။

ဘာတွေဖြစ်ကုန်ကြပြီလဲ
အမျိုးသားနေ့ဦးတည်ချက်သုံးရပ်က
ပင်နီမဝတ်ရ
ဗိုလ်ချုပ်ပုံမချိတ်ရ
ဒို့အရေး မအော်ရတဲ့
နယ်ချဲ့လက်အောက်မှာတောင်
စီတန်းကြွေးကြော်ခဲ့တယ်
အော်ဟစ်ခွင့်ရှိပါလျက်ကနဲ့
ခုကျမှ

အရင်ကသူ့ကျွန်ဘဝ
ခုတော့ ငါ့ကျွန်ဘဝကိုး....။

ဘာတွေဖြစ်ကုန်ပြီလဲ
ယောလုံချည်အနက်ဝတ်လို့
ကျောင်းထုတ်ခံရတယ်တဲ့
နှစ်ပါတ်လည်နေ့မှာ ဝမ်းမနည်းရဘူးတဲ့
ကျဆုံးသွားတဲ့သူငယ်ချင်းတွေကိုသတိရရင်
လွမ်းဆွတ်ခြင်းဆိုင်ရာ ဥပဒေအရ
အရေးယူသတဲ့
ကျောင်းသားတွေတော်တော်ရိုင်းသတဲ့
လူကြီးကိုလူကြီးမှန်းမသိဘူးတဲ့
ဘုရားပေါ်ဘွတ်ဖိနပ်စီးတက်တဲ့သူတွေ
သေနတ်ခါးမှာချိတ်ပြီး
ဝါဆိုသင်္ကန်းကပ်သူတွေကပြောတာပဲလေ။

ဘာတွေဖြစ်ကုန်ကြပြီလဲ
တစ်သက်မှာတစ်ခါသာဖတ်ရမဲ့စာအုပ်တဲ့
ရွှေမိဆေးလိပ်ကလွဲရင်မြန်မာပြည်မှာထိပ်တဲ့
ဗလာစာအုပ်ကလွဲရင်စောင်ရေအများဆုံးတဲ့
ချိုင်းစာရွက်ကလွဲရင်ရောင်းအကောင်းဆုံးတဲ့။

ဘာတွေဖြစ်ကုန်ပြီလဲ
မာရသွန်မိန့်ခွန်းကြီးကို
ခုလိုရှည်ရှည်ဝေးဝေးပြောပြရတာကတော့
တိုတိုပြောဘို့အချိန်မရလို့ပါတဲ့
ကုန်သွယ်ရေးရုံးနဲ့ ကုန်တိုက်
မှားပြောတဲ့သူကဥက္ကဌ
ကိုယ်အာဏာသိမ်းတဲ့ရက်စွဲကို
မေ့နေတဲ့သူက အတွင်းရေးမှူးတဲ့
ဪ ခေါင်းမရှိဘဲဦးထုပ်ဆောင်းနေကြတဲ့
ကာလကြီးပေပဲ။

ဘာတွေဖြစ်ကုန်ကြပြီလဲ
ဘာတွေဖြစ်ကုန်ကြပြီလဲ
ဘာတွေဖြစ်ကုန်ကြပြီလဲ။

# # # # # # # # # # # # # # # # # # # # # # # # # #

ဘာတွေ ဖြစ်ကုန်ကြပြီလဲ ( ၂ )

ဪ ဒုက်ခ ဒုက်ခ
သူတို့ကြီးစိုးတဲ့ခေတ်မှာ
အာဇာနည်ဖြစ်ရတာ
မစားသာပါလားနော်။
တစ်နှစ်တစ်ခါ
၀တ်ကြေတန်းကြေ အလေးပြုခံရ
ဥက္ကဌကြီး၏ လမ်းညွှန်မှုဖြင့်လို့
တစ်လျှောက်လုံးအော်ခဲ့ပြီး
မအောင်မြင်ပဲ ကျဆုံးတော့မှ
ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
လက်ညှိုးထိုး တရားခံလုပ်ခံရ
သမီးအရင်းခေါက်ခေါက်တောင်
လွတ်လွတ်လပ်လပ် ပန်းခွေချခွင့်မရ။

ရွှေတိဂုံစေတီတော် ဝတ္တကမြေထဲမှာ
ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး
အာဇာနည်ဗိမာန်ကို
လှိုင်သာယာ ပို့မပစ်တာပဲ
ကျေးဇူးတင်ရမလိုလို
တိုင်းပြည်ကို ချစ်သောတပ်မတော်
မျိုးချစ်စိတ်ရှိသောတပ်မတော်
ပြည်သူကိုကာကွယ်ခဲ့သောတပ်မတော်
ဗမာပြည်ကိုကယ်တင်ခဲ့သောတပ်မတော်
သောက်ကျိုးနဲတော်တဲ့တပ်မတော်
လူတိုင်းပါးစပ်ဖျားက တော်တော် လို့
မြည်နေတဲ့တပ်မတော်
အိမ်ယာမဲ့တွေကို
ရေမီးအစုံနဲ့
ပြန်လည်နေရာချထားပေးတာကိုပဲကြည့်
ဟုတ်တယ်လေ
မိုးတွင်းမှာရေကြီးတယ်
နွေမှာမီးလောင်တယ်
ဒါက ရေမီးအစုံမဟုတ်ဘူးလား။

ဒီမိုကရေစီအရေးလှုပ်ရှားတဲ့
သံဃာတော်တွေကို သင်္ကန်းဝတ်တွေတဲ့
ဘောင်းဘီ၀တ်တွေကစွပ်စွဲတာလေ
ပြီးတော့သူတို့ပဲ
ဝါဆိုသင်္ကန်းနဲ့လာဘ်ထိုးတာ
နားမလည်နိုင်စရာ။

စစ်ကိုမုန်းလို့စစ်တိုက်နေရတာပါတဲ့
ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား
ကြားဖူးပါတယ်အောက်မေ့နေ
လက်စသတ်တော့
စတားဝါး စီမံကိန်းကို
ကာကွယ်ပြောကြားသွားတဲ့
အမေရိကန် သမ္မတစကားနဲ့
သွားတူနေတာပါကလား
ရေဂင် အလုံးက
သူ့ပါးစပ်ထဲရောက်နေတာကိုး။

သတင်းစာဆရာကြီးများတဲ့အတိုင်း
မိမိတို့အနေဖြင့်
ဟဝှာပြုလျှင် ဟဝှာပြုမည်ဖြစ်ကြေင်း
ဟဝှာမပြုလျှင် ဟဝှာမပြုမည်ဖြစ်ကြောင်း
ထို့ကြောင့်
ဟဝှာပြုစေလိုကြောင်း..
သတင်း(အချိန်ကုန်) ထုတ်ပြန်ရေးအဖွဲ့ရဲ့
ရှင်းလင်းချက်ပေါ့
ရှင်းပါတယ်နော်။

ဟိုတစ်ယောက်လေ
တွေ့တဲ့လူကိုနေကောင်းလားမေးတဲ့လူ
ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး
ဘာမှလည်းနားမလည်ဘဲနဲ့
အဲဒါပေါ့
လက်ညှိုးညွှန်ရာဒုက္ခဖြစ်တယ်ဆိုတာ
လာပါပြီ. လာပါပြီ.
နိုင်ငံတော်ပန်းခြံတည်ဆောက်ရေးအဖွဲ့
ဥက္ကဌတဲ့။

သူ့ရဲ့ အနှစ်သက်ဆုံးဝါသနာက
မိန့်ခွန်းပြောခြင်းပါတဲ့
ကိုယ်မပြောချင်ဘူး
ဒါပေမယ့်ပြောသင့်တာတော့ပြောမယ်
အဲဒါကဘာလဲဆိုရင်
ကိုယ်မပြောချင်ဘူးဆိုတာပဲ တဲ့။

မှတ်သားလောက်ပါပေရဲ့
ကိုယ်တို့အစိုးရဟာ တရား၀င်အစိုးရ
ကမ္ဘာကအသိအမှတ်ပြုထားတဲ့အစိုးရတဲ့
ဟုတ်ကဲ့
ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့
တညီတညွတ်ထဲ အသိအမှတ်ပြုကြပါသတဲ့။

တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်
လုပ်ဆိုတဲ့အထဲမှာ
အခြေခံဥပဒေနဲ့
အာဏာလွှဲပြောင်းရေးတော့မပါဘူးတဲ့။

အခြေခံဥပဒေဆိုတာ
မာရှယ်လောဥပဒေလို
ချက်ချင်းထုတ်လို့ရတာမဟုတ်ဘူးတဲ့
အာဏာလွှဲတယ်ဆိုတာ
အာဏာသိမ်းသလို
ပြီးစလွယ် လုပ်လို့မရဘူးတဲ့

ဒါပေမယ့်
လွှဲမှာပါ.. လွှဲမှာပါ..
ပုခက်လွှဲသလို လွှဲမှာပါ

ဒေါက်တာမောင်မောင် စာအုပ်ဖတ်ကြည့်
ဆရာမောင်မောင်ရဲ့ စာအုပ်ကိုကြည့်တဲ့
တခါလာလဲ ဒေါက်တာမောင်မောင်
တခါလာလဲ ဒေါက်တာမောင်မောင်
စာအုပ်ကြော်ငြာပေးတာလား
ဒါဆိုဒီလိုလုပ်လေ
ဆရာမောင်မောင်ရဲ့စာအုပ်တအုပ်၀ယ်ရင်
ဆရာမောင်ဆေးနီမှုန့်တထုပ်
လက်ဆောင်ပေးမယ်ဆိုရင် မကောင်းဘူးလား
သိပ်ရောင်းကောင်းမယ်နော်။

ဒါနဲ့နေစမ်းပါအုံး
မိန့်ခွန်းပြောရင် ဘာဖြစ်လို့ရယ်တာလဲဟင်
သွားကြီးဖြဲဖြဲပြတာ ကြောက်စရာကြီး
ရှေးက ကဗျာတပုဒ်ထဲက
စာကြောင်းတကြောင်း သတိရမိတယ်
ဘီလူးသွားကို လဖြဲတည်းတဲ့။

နိဂုံးချုပ်အားဖြင့်ပြောရရင်
တပ်မတော်ရဲ့
လက်ငင်းတာ၀န်ကြီး သုံးရပ်ကတော့
ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ
အလိုဗျာ. ဘာတွေဖြစ်ကုန်ကြပြီလဲ..။

မင်းလူ(၁၉၈၉)

Address

Mindat

Website

Alerts

Be the first to know and let us send you an email when VOK News Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to VOK News Channel:

Shortcuts

Share