VOK News Channel

VOK News Channel တိကျမှန်ကန်သော သတင်းများကို အချိန်?

28/06/2022

ဒေါ်လာလည်းယူ မင်းတပ်လည်းကူ 📌

🙏🙏 ကံစမ်းရင်း မင်းတပ်မြို့‌နယ် Higünglong IDPs & CDF အတွက် ပါ၀င်ပေးကြပါ 🙏🙏

စစ်ဘေးရှောင်များနှင့် တော်လှန်ရေးအတွက်လိုအပ်ချက်များဖြည့်ဆည်းနိုင်ရန်အတွက် HMDO မှ ပြုလုပ်တဲ့ ကံစမ်းမဲ အစီအစဉ်များတွင် နိုင်ငံတကာမှ မြန်မာပြည်သူ/သားများ ပါ၀င်နိုင်ပါသည်။💸💸💸
ကျွန်မတို့ ချင်းပြည်မှာမှာ တော်လှန်ရေးရေချိန်ဟာ တစ်စထက်တစ်စ မြင့်တက်လာတာနဲ့အမျှ တော်လှန်ရေးရဲဘော်တွေအတွက် လိုအပ်ချက်တွေဟာလည်း ပိုမိုများပြားနေတယ်ဆိုတာ မိဘပြည်သူများလည်း သိရှိပြီး ဖြစ်မှာပါ။

အကြမ်းဖက် စကစ ဘက်ကနေပီးလည်း ရှုံးမဲမဲပီး တစ်ရက်ထက်တစ်ရက် မင်းတပ်မြို့ပေါ်ရှိ အပြစ်မရှိတဲ့ ပြည်သူတွေ၊ကလေးတွေ၊မိန်းကလေးတွေ ကို ဖမ်းဆီးသတ်ဖြတ်တာတွေ နေ့စဉ်ရက်ဆက်လုပ်ဆောင်လာတဲ့အတွက် ကျွန်မတို့ဘက်မှလည်း အားသွန်ခွန်စိုက်‌ သွေးမအေးဘဲ ကြိုးစား နေကြရပါတယ်။

အဲ့ဒီအပေါ်မှာ လူကြီးမင်းတို့အနေနဲ့ လည်း တစ်တပ်တစ်အားပါ၀င်ပေးကြဖို့ အနူးအညွတ် မေတ္တာရပ်ခံချင်ပါတယ်။

ဒီ Lucky Draw တွေကနေတဆင့် ကံထူးသူ မိဘပြည်သူတွေအတွက်လည်း
ပထမဆု =$ 1500
ဒုတိယဆု=$ 1000
တတိယဆု=$ 500
နှစ်သိမ့်ဆု (၁)=$300
(၂)=$200
ဆိုပြီး ဆု(၅)ဆုပြန်လည် ပိုင်ဆိုင်နိုင်ပါသေးတယ်..

USA (15 USD )
Australia ( 15 AUD )
Singapore ( 15 SGD )
Macao ( MOP 100 )
Malaysia ( 30 MYR )
Myanmar ( 20000 MMK )

Page မှတစ်ဆင့် ဆက်သွယ်၀ယ်ယူကံစမ်းနိုင်ပါသည်။

လူတိုင်းစေ့ပါ၀င်နိုင်သော နှုန်းထားဖြစ်၍ သွေးမအေးဘဲပါ၀င်ကြပါစို့။

ယခု Lucky Draw ရောင်းချခြင်းက ရရှိလာတဲ့ ငွေကြေးများကို မင်းတပ်CDF(ချီချောင်း IDPs)
မှ ကလေးများအတွက် လိုအပ်သော စားနပ်ရိက္ခာများဖြည့်တင်းခြင်း
တိုက်ပွဲတွင်းဒဏ်ရာရ ရဲဘော်များဆေးကုသစရိတ်
စစ်ဘေးရှောင်များ
ဒဏ်ရာရ ပြည်သူများ
အားလုံး အတွက် တပြားတစ်ချပ်မကျန် ပြန်လည်
အသုံးချသွားမှာဖြစ်ပါတယ်။

မိမိကြိုက်နှစ်သက်ရာ မဲနံပါတ်များကိုလည်းရွေးချယ်ပြီး ဝယ်ယူနိုင်သလို..July 25 အထိလည်း ပါဝင်ကံစမ်းဖို့ အချိန်ရပါသေးတယ်။

ကျွန်မတို့အားလုံး လက်ပန်းကျလာခဲ့ပါပြီ။ဒါပေမဲ့ အခုထိ ကျွန်မတို့အရှုံးမပေးခဲ့ကြပါဘူး။

💪💪 "အရှုံးမပေး‌မချင်း ကျွန်မတို့နိုင်ပါတယ်။" 💪💪

Address

Mindat

Website

Alerts

Be the first to know and let us send you an email when VOK News Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to VOK News Channel:

Share