Mindat News

Mindat News Mindat, Southern Chin State Of Myanmar We want Our Brothers and Sisters to tell about Mindat, nowadays and get connect each-other with open-hearted.

D day
07/09/2021

D day

ရည်ညွှန်းပါ NUG ၏ အမိန့်ကြေညာချက်(၁/၂၀၂၁) အရ ပြည်သူများ သိရှိလိုက်ကြစေရန် ထပ်ဆင့် ကြေညာအပ်ပါသည်။

 #ပန်ဆုရယ်ချွေ_ဘေးမဲ့မြေသို့ကျနော့်စိတ်အစဉ်သည် မတည်ငြိမ်၊ ယောင်ယက်ခတ်လျက် ရှိ၏။ မတည်တံ့ တုန်ခါလျက်သာ... အခုတလော ကျနော့်အ...
28/10/2020

#ပန်ဆုရယ်ချွေ_ဘေးမဲ့မြေသို့

ကျနော့်စိတ်အစဉ်သည် မတည်ငြိမ်၊ ယောင်ယက်ခတ်လျက် ရှိ၏။ မတည်တံ့ တုန်ခါလျက်သာ...
အခုတလော ကျနော့်အဖို့ အရာရာသည် တမ်းတဆွတ်ပျံ့ဖွယ်ရာ အနန္တနှင့်...
ကျနော် ကျင်လည်ကျက်စားလာခဲ့ရာ ဤမြိုင်ဝနာကား
ကျနော့်အား နောက်ဆုံးအားပေး နှုတ်ဆက်နေသယောင်...
‌ဪ... လွမ်းသူ့မြိုင်တန်း ဟေဝန်နန်းငဲ့ ... ။

ဒါနဲ့ ကျနော်ဆိုသည့် ကျနော့်အကြောင်းကို ပြောပြမည်ဆိုလျှင် ကျနော်ဟာ “ဖိတွီလောင်းပန်း” ဆိုတဲ့ တောနက်မြိုင်ညို တလွှားမှာ ကျင်လည်ကျက်စားနေတဲ့ နွားနောက်ထီးကြီး တစ်ကောင်ပါ...
ကျနော့်ကို ကျနော့်အရှင်သခင် မှည့်ပေးထားသည့် အမည်ကတော့ “ဆိဟုန်း” ခေါ်သဗျ...
“ဆိ” ဆိုတဲ့စကားလုံးက ဆားငန်‌‌‌‌ရေအိုင်လို့ အဓိပ္ပာယ် ရပြီး “ဟုန်း” ဆိုတဲ့ စကားလုံးကတော့ ကာကွယ်သူ၊ စောင့်‌ရှောက်သူလို့ အဓိပ္ပာယ်ရတယ်။
ဒီတော့ “ဆိဟုန်း” ဆိုတဲ့ ကျနော့်အမည်က
“ဆား‌ရေအိုင်သခင်” လို့ ဆိုရမှာပေါ့ဗျာ...

“ပညတ်သွားရာ ဓါတ်သက်ပါ” ဆိုရမှာပေါ့...
ကျနော့်ကို တစ်ချို့နွားနောက်တွေ သခင်တင်လောက်အောင် ကျနော့်ခန္ဓာက ကြီးထွားမြင့်မား အားကောင်းမာင်းသန်နဲ့ဗျ...
ဇီးဖြူ၊ ဖန်ခါးတို့လို ကိုင်းညွတ်နေအောင်သီးတဲ့ အပင်တွေကို အပြေးဝင်တိုက်၊ ကြွေကျလာတဲ့ အသီးကို မိအောင် ဦးချိုနဲ့ခွေ့ပြီး တိုက်စစ်ဆင်ကစားခဲ့ရပေါင်းလည်း များလှပြီလေ...
မျက်စိလျင်၊ ခြေလှမ်းသွက်၊ စစ်ဆင်စစ်ထိုး တိုက်ကွက်တွေပိုင်တဲ့ “ဆိဟုန်း”တဲ့ကွ... ဟင်း... ကြိုက်တဲ့ဘက်က စမ်း “ဆိဟုန်း”က အဆင်သင့်ပေါ့... လပြည့်လကွယ်အခါမျိုးမှာ ကျနော်တို့ သောက်နေကျ ဆားငန်‌ရေအိုင်ဝန်းကျင်မှာသာ ကျနော်ရှိနေရင် ပြောင်ရာဇာကြီးတွေတောင် ‌ရေသောက်ဆင်းလာဝံ့တာ မှုတ်ဘူးကွ။ အို... ကုန်ကုန်ပြောမယ်ဗျာ... ကျားသစ်တို့ ဝံပုလွေတို့လို အသားစားကြူးတဲ့ တောရာဇာတွေ မင်းမူနေတဲ့ တောနက်ကြီးကိုတောင် ကျနော်က အသင်းအအုပ်နဲ့မဟုတ်ဘဲ မိမိတစ်ကိုယ်တော် တိုးဝင်ကျက်စားဝံ့တဲ့ သတ္တိတွေ ရှိနေပြီကိုး...။

ကျနော်ကျင်လည်ကျက်စားရာ တောကို တစ်လမှာ တစ်ကြိမ်ဆိုသလို ‌ရောက်လာတတ်တဲ့ ကျနော်သခင် ဖိုးမာန်လောက ကျနော့်ကို တွေ့ပြီဆိုလျှင် ထည့်ယူလာသော ဆားထုတ်ကို ပလိုင်းမှ ထုတ်ယူပြီး ကျနော့်ကို ခွံ့ကျွေးတတ်တယ်။ ပြီးတော့ မျှစ်စို့ပေါက်ကြီးတွေလို လှပတင့်တယ်နေပြီးဖြစ်တဲ့ ကျနော့်ဦးချိုတွေကို သူ့လက်နဲ့ ပွတ်သတ်ပြီး ချော့မြူတတ်လေရဲ့...။

ဪ... ကျနော့်သခင် တောဝင်လာချိန် တန်ပြီပေါ့...။
“..အား...ပါး... ဒီမှာ တွေ့ပြီဗျို့...”
အသံလာရာဆီသို့ ကျနော် ဦးလည်စွေကာ ကြည့်လိုက်၏။
ကြိမ်ကြိုးတွေ ကိုယ်စီကိုင်လာသူ လူလေးဦးနှင့်အတူ ကျွန်နော့်သခင် ဖိုးမာန်လော...။

“ဒီကောင်ကြီးက အတော်ကို ဝဝဖီးဖီးဖြစ်နေသားပဲ” ‌ရှေ့ဆုံးမှ ဝင်လာသူ၏ စကားသံ၊

“ဒီကောင်က လူကိုလည်း ယဉ်ပါးနေတယ်လေ။ ပိဿာချိန်ကတော့ အနည်းဆုံး ၁၀၀ ကျော်လောက် ထွက်မယ့်အကောင်ကွ” ဟု ဆိုသော စကားသံနှင့်အတူ ကျနော့်သခင်၏ မျက်နှာတွင် ပြုံးယောင်သမ်းသွားသည်။

အလို... ဘယ်လို အကြံအစည်တွေ ရှိနေကြပါလိမ့်...?
မဆိုင်းမတွပင် ကျနော့်သခင်သည် ကျနော့်အား ဆားခွံ့ကျွေးလာသည်။
စိုးရွံ့တုန်ရီစွာဖြင့် ကြိုးစားကာ ကျနော် ဆားကို လျက်ပါ၏။
သို့သော်... ယခင်ကလို သခင်ကျွေးသောဆား၏ ချိုမြိန်မှုအရသာကို ကျနော် မခံစားနိုင်တော့...။ မကြာပါ.. လူလေးဦး၏ လျှင်မြန်သွက်လက်သော လှုပ်ရှားမှုနှင့်အတူ ကျနော့်လည်တိုင်တစ်ခုလုံး ကြိမ်ကြိုးတွေ အထပ်ထပ် ပြည့်သွားသည်။
ကျနော်... ခေါင်းခါရမ်းယင်း အနည်းငယ် ရုန်းကြည့်သည်။ တင်းကြပ်ခိုင်ခံ့သော ချည်နှောင်မှုကို ကျနော်... သတိပြုလိုက်မိသည်။ ကျနော့်ကို သူတို့လာရာလမ်းအတိုင်း ဆွဲခေါ်သွားကြပြီ...။ ကျနော့်အား မလှမ်းမကမ်းတွင် တုန်ရီစွာ ရပ်ကြည့်နေကြသော ကျနော့်မိခင်ကြီးနှင့် ကျနော့်ညီငယ်လေး၏ စိုးရွံ့အားငယ်မှု သက်သာစေလို၍ တစ်ကြောင်း... ကျနော့်သခင် ဖိုးမာန်လော ကိုယ်တိုင် ပါဝင်ဆွဲခေါ်မှုကြောင့် တစ်ကြောင်း... ကျနော်သည် အားစိုက် ရုန်းကန်မှု မပြုတော့ပေ...။
မိခင်အိုနှင့် ညီငယ်ရှိရာသို့ ရည်မှန်းပြီး အကြိမ်ကြိမ် ဟစ်အော်ကာ တောသံပေး နှုတ်ဆက်ခဲ့ပါ၏။

အို... မြိုင်နန်းပျော် ဖော်သဟာတွေငဲ့... စာနာမိပါစေ... ကျနော်ဖြစ်အင်...။

××၂××

ကျနော်တို့ ဘောရွာအ‌ရောက်တွင်တော့ ကျနော့်သခင် ဖိုးမာန်လောသည် လူလေးယောက်လက်သို့ ကျနော့်ကို ငွေသား (၂၅၀၀၀/-)တိတိဖြင့် ‌ရောင်းလိုက်ပါသည်။
ပြီးတော့... ကျနော့်သခင် ပြောလိုက်တဲ့ စကားလေးကလေ...
“ဒီကောင်ကြီး ဝဝဖီးဖီးနှင့် သိပ်ကိုလှလွန်းတာပဲ။ အပျိုချောချောလေးအတွက် အသွင်းဘိုး ချီးမြှင့်ဖို့သာ ကောင်းတာ...။ မင်းတပ်‌ရောက်ရင် အသားဖြတ်‌ရောင်းမယ်ဆိုတော့လည်း ကျနော့်စိတ်ထဲ နှမြောနေသလိုပဲဗျာ...” တဲ့...။

အလို... ဘုရားသခင်... ကယ်တော်မူပါ။
မင်းတပ်‌ရောက်ရင် ကျနော့်အသားကို ဖျက်‌ရောင်းဖို့တဲ့လား...?။
အခုမှ ကျနော် အကြောင်းစုံ သိရတော့သည်။ ရက်စက်လိုက်တဲ့ သခင်ကြီး ဖိုးမာန်လော... ရယ်...။

တစ်တောင်ဆင်း တစ်တောင်တက်နဲ့ လူလေးယောက် ဆွဲခေါ်ရာ လိုက်ပါရသော ကျနော်မှာ မောဟိုက်လွန်းတော့ အမြှုပ်ပင် တစီစီနဲ့။ စွန်တောင်ရွာသို့ အတက် တောင်ခြေတစ်နေရာတွင် တစ်ထောက် အနားယူရပြီ။
ဤနေရာမှ မြောက်ဘက်တွင် လှမ်းမြင်နေရသော စိမ်းညို့ညို့တောမြိုင်တန်းကြီးက ကျနော့်အား ကရုဏာသက်စွာ ငေးကြည့်နေသယောင်၊ ကျနော် ကျက်စား ပျော်ပါးခဲ့ရာ “ဖိတွီလောင်းပန်း”မြိုင်နန်းဟေဝန်ကိုကား တောင်ကွယ်၍ မမြင်ရတော့ပြီ...။
မိခင်နှင့် ညီငယ်ကို ‌ရော်ရမ်းတမ်းတပါ၏။
ကျနော့်သခင်ကို မျှော်မှန်းလွမ်းဆွတ်ပါ၏။

ကျနော်တို့ စွန်တောင်ရွာ‌ရောက်ပြီ။ လူကြီးလေးယောက်သည် ညအိပ်ရပ်နားရန် စီစဉ်နေကြသည်။ ကျနော့်ကိုတော့ စာသင်ကျောင်းနံဘေးရှိ သစ်ငုတ်တစ်ခုတွင် ချည်နှောင်လိုက်ကြသည်။ ပြီးလျှင် အိမ်တစ်အိမ်သို့ သွား‌ရောက်တည်းခိုကြသည်။ ‌ရွှေအို‌ရောင် ညနေခင်းအောက်တွင် ကလေးများအား အချိန်ပိုခေါ်ယူကာ စာသင်ပြနေသော မြတ်ဆရာ၏ အသံသည် စာသင်ကျောင်းမှ သစ်လွင် နုပျိုစွာ ထွက်ပေါ်လာနေဆဲ...။
“ကဲ... ကလေးတို့... အခု သင်ပြီးသွားတဲ့ “သနားချစ်ခင်စရာ တောတွင်းတိရစ္ဆာန်များ” အကြောင်းကို တစ်ပိုဒ်လောက် သတ်ပုံ‌ရေးကြရအောင်...။”

ကျနော်သည် စားမြှုပ်ပြန်နေခြင်းကို ခေတ္တရပ်ကာ နားစွင့် နေမိသည်-
“တောတွင်းတိရစ္ဆာန်များ လျော့နည်းလာရခြင်းမှာ သစ်တောများ ပြုန်းတီးခြင်းနှင့် တိရစ္ဆာန်များကို လူတို့က စည်းကမ်းမဲ့စွာ သတ်ဖြတ်ခြင်းတို့ကြောင့် ဖြစ်သည်။
ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအသီးသီးတို့သည် မိမိတို့ နိုင်ငံရှိ တောတွင်းတိရစ္ဆာန်များ မျိုးသုဉ်းမသွားစေရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။
မြန်မာနိုင်ငံတွင်လည်း သားကောင်နှင့် ကျေးငှက် သတ်ဖြတ်ခြင်း မပြုသော တောများ ရှိသည်။ ၎င်းတို့မှာ ပိတော်၊ ‌‌‌ရွှေဥဒေါင်း၊ ပြင်ဦးလွင်၊ တဟီးလူ၊ မော့စကော့၊ မူလာရစ်၊ ဝက်ထီးကန်၊ ‌ရွှေစက်တော်၊ ချပ်သင်း၊ ကေလာသ၊ သမီးလှကျွန်း၊ မင်းဝံတောင်၊ ထမန်သီဘေးမဲ့တောများ ဖြစ်သည်။”

ဪ... ကောင်းလေစွ... ကောင်းလေစွ... ထိုဘေးမဲ့တောများတွင် ကျက်စားနေထိုင်ကြသော တိရစ္ဆာန်တွေ ပါရမီထူးလေစွ... ကံကောင်းလေစွ။
“ဖိတွီလောင်းပန်း”သာ ထိုဘေးမဲ့တောများတွင် တစ်ခု အပါအဝင်ဖြစ်ခဲ့ပါက ကျနော့်ဘဝသည်ပင် ယခုကဲ့သို့ ဖြစ်လာမည်မဟုတ်။
ကျနော့်ရင်တွင် ဝမ်းသာခြင်း တစ်ဝက်၊ ဝမ်းနည်းခြင်းတစ်ဝက်နှင့် “နောင်အနာဂတ်အဖို့ ချင်းတောင်တွင်လည်း ဘေးမဲ့တောများ ရှိလာပြီး ဒေသခံတွေ အမြင်မှန်ရကာ တိရစ္ဆာန်တွေအပေါ် စောင့်‌ရှောက်မွေးမြူနိုင်ကြပါစေ” ဟု ကျနော် ဆုတောင်းလျက်...။

အတန်ကြာသော်... ကလေးများ ကျောင်းဆင်းသွားကြသည်။ ကျနော်လည်း မှိန်းစက်ကာ အနားယူလိုက်၏။

××× ၃ ×××

ကြက်ဦးတွန်လောက်ကစ၍ မှုန်ပြပြလ‌ရောင်နှင့်အတူ ခရီးဆက်ကြရပြန်သည်။
တစ်နေကုန် တောတောင်အထပ်ထပ် ကျော်ဖြတ်၍ မောဟိုက်လာသော ကျနော့်ရင်ကို ယောချောင်း‌ရေကြည်ကြည်ကပင် မလန်းဆန်းစေနိုင်တော့...။ မှောင်ရီပျိုးစအချိန်... မင်းတပ်သို့ ‌ရောက်လာကြပြီ။ လူတွေ အဆက်မပြတ် သွားလာနေကြဆဲ...။ သားစားကျူးတဲ့ လူသားတွေ ကျွန်နော့်ကို မြင်ကြတော့...

“ဘယ်နေ့လောက် အသားဖော်ကြမှာလဲ၊ ကျွန်တော့်အတွက် အရိုး သုံး ပိဿာထားပေးနော်...”

“ကျနော်... အသဲ အကုန်ဝယ်မယ် ”

“အသားဖော်မယ့်နေ့တော့ သားသတ်ရုံ စောစောသွားမှပဲ...”

အလိုလေး... ဘုရားသခင်... ဖြစ်နိုင်လျှင်တော့ ကျနော့်နားကို လောလောဆယ် ပင်း လိုက်စေချင်သည်။
ဟင်း... သိပ် ကြောက် စ ရာ ကောင်း လိုက်တဲ့ လူသားတွေ...။
ကျနော်သည် အင်အား ကုန်ခမ်းတုန်လှုပ်ရင်းဖြင့် တစ်ညတာ လွန်မြောက်ခဲ့ပါ၏။
သေမင်းနှင့် ကျနော်ကား တစ်စစနှင့် နီးကပ်လာပြီဆိုသည်ကိုတော့ နွားနောက်ထီးကြီး ကျနော် ... ကောင်းစွာ ရိပ်စားမိပါသည်။

×××× ၄ ××××

မိုးမလင်းတလင်း ကျနော့်ကို သူတို့ လိုရာဆွဲခေါ်ကြပါပြီ...။ တုန်လှုပ်ချောက်ခြားလွန်းသော စိတ် ကြောင့် တစ်ချက် တစ်ချက် တွင် ခြေလှမ်းရန်ပင် မေ့နေတော့သည်...။

အဆောက်အဦတစ်ခု‌ရှေ့အ‌ရောက်တွင်တော့ ကျနော့်ကို သစ်ငုတ်တစ်ခုတွင် ချည်နှောင်လိုက်ကြသည်။ တဖြည်းဖြည်းနှင့် ကျနော့်ဝန်းကျင်တစ်ခုလုံး လူတွေဖြင့် ပြည့်သွားသည်။
ကျနော့်အားဆွဲခေါ်လာသူ လေးဦးအနက် တစ်ယောက်သည် သေနတ်ဖြင့် ကျနော့်နဖူးကို ချိန်နေပြီ...။
ကျနော် ... ရင်ခုန်သံပင် ရပ်သွားတော့၏။
ဒိုင်းကနဲ မြည်သံ၏ နောက်တွင် နာကျင်လှသော ဝေဒနာနှင့်အတူ ကျနော့်အမြင်တစ်ခုလုံး မိုးမှောင်ကျသွားသည်။ ကွေးညွှတ်ပျော့ခွေသွားသော ခြေအစုံကြောင့် ကျနော် ... မြေပြင်သို့ လှဲချလိုက်ရသည်။
ကျနော်သည် အနည်းငယ်မျှ လှုပ်ရှားခြင်း မပြုနိုင်တော့...။

ကျနော်သည် လျှပ်တစ်ပြက် ကျနော့်ခန္ဓာအိမ်မှ ခွာထွက်လိုက်သည်။ ဝိညာဉ်အဖြစ်သာ တည်ရှိတော့သော ကျနော့်ကို လူတွေ မမြင်နိုင်ကြတော့ပါ။ ဓါးကိုယ်စီ ကိုင်ဆောင်သော လူခြောက်ယောက်၏ လှီးဖြတ်မှုကြောင့် ကျနော့်ခန္ဓာအိမ်ခမျာ... နာရီဝက်အတွင်း အရိုးနှင့်အသား တစ်ခြားစီ ဖြစ်သွားတော့၏။ ချိန်တွယ်သူပင် ဖတ်ဖတ်မောနေပြီ...။ အလုအယက် ဆွဲငင် ဝယ်ယူနေကြသည်။ ကျနော့်အရိုးအသားများကို လုယက်ရင်း စကားပင် များလိုက်ကြသေး၏။

ဟင်း... အကြင်နာတရား ခေါင်းပါးတဲ့လူတွေ...
ကျနော်မှီနေရာတိုင်နှင့် အနီးဆုံးတွင် ရပ်နေသူခမျာ... ကျနော်အညစ်အကြေးတွေ ပေကျံနေသော ကျနော့်ဝမ်းတွင်းအူကို လက်မှ မြှောက်ကြည့်ယင်း သွားရည်ပင် “ဂွတ်ခနဲ”မျိုချလိုက်၏။

အော်... ဒုက္ခ... ဒုက္ခ...

အနှစ်နှစ် အလလက တောကြီးမြိုင်လယ်တွင် အပြစ်ကင်းစင်စွာ မြက်နှင့် သစ်ရွက်သာစားပြီး ကြီးပြင်းလာခဲ့သော ကျနော့်ခန္ဓာအိမ်ကြီးကား တစ်နာရီကျော်အတွင်း လူတွေ လုယက်မှုကြောင့် ပြောင်သလင်းခါသွားပေပြီ။
မြေပြင်ပေါ်တွင် ကျနော့်သွေးစက်တွေသာ ကျန်ရစ်ခဲ့တော့သည်...။

××××× ၅ ×××××

ကျနော်လည်း စွန်တောင်ရွာ၊ စာသင်ကျောင်းတွင် ကြားခဲ့ရသော ဘေးမဲ့တောကြီးတွေဆီသို့သာ ‌ရှေ့ရှုလိုက်တော့၏။

ကျနော်သည် ကျန်ရစ်ခဲ့ကြသူ ဘဝတူ နွားနောက်များအတွက် အနာဂတ်တွင် ဘေးမဲ့တောများ ပေါ်ထွန်းလာစေရန် ဆ န္ဒ ပြု
ဆု
မွန်
ပန်
ချွေ
လျက်...။


#မိုင်မြဟေမာ

မှတ်ချက်။ ဘေးမဲ့တောများမရှိသေးသည့် ချင်းပြည်နယ်အတွင်း ဘေးမဲ့တောအိပ်မက်ဖြင့် ‌ ၁၉၈၄ ခုနှစ်တွင် ရေးသားခဲ့သော ဤစာမူအား ချစ်ခြင်းဖြင့် အမှတ်တရ ပြန်လည်ဖော်ပြရခြင်းဖြစ်ပါသည်။ စာမူဖော်ပြခွင့်ပေးသော စာမူရှင်နှင့် စာမူထိန်းသိမ်းခဲ့ကြသူ၊ ပတ်သက်ခဲ့ကြသူများအားလုံး ကျေးဇူးအထူးတင်ရှိပါသည်။ အထူးသဖြင့် စာမူရှင်၏ ချစ်ခြင်းအား ကျေးဇူးတင်ရှိပါသည်။




—————————————————

#ပန္ဆုရယ္ေခၽြ_ေဘးမဲ့ေျမသို့

က်ေနာ့္စိတ္အစဥ္သည္ မတည္ၿငိမ္၊ ေယာင္ယက္ခတ္လ်က္ ရွိ၏။ မတည္တံ့ တုန္ခါလ်က္သာ...
အခုတေလာ က်ေနာ့္အဖို့ အရာရာသည္ တမ္းတဆြတ္ပ်ံ႕ဖြယ္ရာ အနႏၲႏွင့္...
က်ေနာ္ က်င္လည္က်က္စားလာခဲ့ရာ ဤၿမိဳင္ဝနာကား
က်ေနာ့္အား ေနာက္ဆုံးအားေပး ႏွုတ္ဆက္ေနသေယာင္...
‌ဪ... လြမ္းသူ႔ၿမိဳင္တန္း ေဟဝန္နန္းငဲ့ ... ။

ဒါနဲ႔ က်ေနာ္ဆိုသည့္ က်ေနာ့္အေၾကာင္းကို ေျပာျပမည္ဆိုလၽွင္ က်ေနာ္ဟာ “ဖိတြီေလာင္းပန္း” ဆိုတဲ့ ေတာနက္ၿမိဳင္ညိဳ တလႊားမွာ က်င္လည္က်က္စားေနတဲ့ ႏြားေနာက္ထီးႀကီး တစ္ေကာင္ပါ...
က်ေနာ့္ကို က်ေနာ့္အရွင္သခင္ မွည့္ေပးထားသည့္ အမည္ကေတာ့ “ဆိဟုန္း” ေခၚသဗ်...
“ဆိ” ဆိုတဲ့စကားလုံးက ဆားငန္‌‌‌‌ေရအိုင္လို့ အဓိပၸာယ္ ရၿပီး “ဟုန္း” ဆိုတဲ့ စကားလုံးကေတာ့ ကာကြယ္သူ၊ ေစာင့္‌ေရွာက္သူလို့ အဓိပၸာယ္ရတယ္။
ဒီေတာ့ “ဆိဟုန္း” ဆိုတဲ့ က်ေနာ့္အမည္က
“ဆား‌ေရအိုင္သခင္” လို့ ဆိုရမွာေပါ့ဗ်ာ...

“ပညတ္သြားရာ ဓါတ္သက္ပါ” ဆိုရမွာေပါ့...
က်ေနာ့္ကို တစ္ခ်ိဳ့ႏြားေနာက္ေတြ သခင္တင္ေလာက္ေအာင္ က်ေနာ့္ခႏၶာက ႀကီးထြားျမင့္မား အားေကာင္းမာင္းသန္နဲ႔ဗ်...
ဇီးျဖဴ၊ ဖန္ခါးတို့လို ကိုင္းညြတ္ေနေအာင္သီးတဲ့ အပင္ေတြကို အေျပးဝင္တိုက္၊ ေႂကြက်လာတဲ့ အသီးကို မိေအာင္ ဦးခ်ိဳနဲ႔ေခြ႕ၿပီး တိုက္စစ္ဆင္ကစားခဲ့ရေပါင္းလည္း မ်ားလွၿပီေလ...
မ်က္စိလ်င္၊ ေျခလွမ္းသြက္၊ စစ္ဆင္စစ္ထိုး တိုက္ကြက္ေတြပိုင္တဲ့ “ဆိဟုန္း”တဲ့ကြ... ဟင္း... ႀကိဳက္တဲ့ဘက္က စမ္း “ဆိဟုန္း”က အဆင္သင့္ေပါ့... လျပည့္လကြယ္အခါမ်ိဳးမွာ က်ေနာ္တို့ ေသာက္ေနက် ဆားငန္‌ေရအိုင္ဝန္းက်င္မွာသာ က်ေနာ္ရွိေနရင္ ေျပာင္ရာဇာႀကီးေတြေတာင္ ‌ေရေသာက္ဆင္းလာဝံ့တာ မွုတ္ဘူးကြ။ အို... ကုန္ကုန္ေျပာမယ္ဗ်ာ... က်ားသစ္တို့ ဝံပုေလြတို့လို အသားစားၾကဴးတဲ့ ေတာရာဇာေတြ မင္းမူေနတဲ့ ေတာနက္ႀကီးကိုေတာင္ က်ေနာ္က အသင္းအအုပ္နဲ႔မဟုတ္ဘဲ မိမိတစ္ကိုယ္ေတာ္ တိုးဝင္က်က္စားဝံ့တဲ့ သတၱိေတြ ရွိေနၿပီကိုး...။

က်ေနာ္က်င္လည္က်က္စားရာ ေတာကို တစ္လမွာ တစ္ႀကိမ္ဆိုသလို ‌ေရာက္လာတတ္တဲ့ က်ေနာ္သခင္ ဖိုးမာန္ေလာက က်ေနာ့္ကို ေတြ႕ၿပီဆိုလၽွင္ ထည့္ယူလာေသာ ဆားထုတ္ကို ပလိုင္းမွ ထုတ္ယူၿပီး က်ေနာ့္ကို ခြံ့ေကၽြးတတ္တယ္။ ၿပီးေတာ့ မွ်စ္စို႔ေပါက္ႀကီးေတြလို လွပတင့္တယ္ေနၿပီးျဖစ္တဲ့ က်ေနာ့္ဦးခ်ိဳေတြကို သူ႔လက္နဲ႔ ပြတ္သတ္ၿပီး ေခ်ာ့ျမဴတတ္ေလရဲ့...။

ဪ... က်ေနာ့္သခင္ ေတာဝင္လာခ်ိန္ တန္ၿပီေပါ့...။
“..အား...ပါး... ဒီမွာ ေတြ႕ၿပီဗ်ိဳ့...”
အသံလာရာဆီသို့ က်ေနာ္ ဦးလည္ေစြကာ ၾကည့္လိုက္၏။
ႀကိမ္ႀကိဳးေတြ ကိုယ္စီကိုင္လာသူ လူေလးဦးႏွင့္အတူ ကၽြန္ေနာ့္သခင္ ဖိုးမာန္ေလာ...။

“ဒီေကာင္ႀကီးက အေတာ္ကို ဝဝဖီးဖီးျဖစ္ေနသားပဲ” ‌ေရွ႕ဆုံးမွ ဝင္လာသူ၏ စကားသံ၊

“ဒီေကာင္က လူကိုလည္း ယဥ္ပါးေနတယ္ေလ။ ပိႆာခ်ိန္ကေတာ့ အနည္းဆုံး ၁၀၀ ေက်ာ္ေလာက္ ထြက္မယ့္အေကာင္ကြ” ဟု ဆိုေသာ စကားသံႏွင့္အတူ က်ေနာ့္သခင္၏ မ်က္ႏွာတြင္ ျပဳံးေယာင္သမ္းသြားသည္။

အလို... ဘယ္လို အႀကံအစည္ေတြ ရွိေနၾကပါလိမ့္...?
မဆိုင္းမတြပင္ က်ေနာ့္သခင္သည္ က်ေနာ့္အား ဆားခြံ့ေကၽြးလာသည္။
စိုးရြံ့တုန္ရီစြာျဖင့္ ႀကိဳးစားကာ က်ေနာ္ ဆားကို လ်က္ပါ၏။
သို့ေသာ္... ယခင္ကလို သခင္ေကၽြးေသာဆား၏ ခ်ိဳၿမိန္မွုအရသာကို က်ေနာ္ မခံစားနိုင္ေတာ့...။ မၾကာပါ.. လူေလးဦး၏ လၽွင္ျမန္သြက္လက္ေသာ လွုပ္ရွားမွုႏွင့္အတူ က်ေနာ့္လည္တိုင္တစ္ခုလုံး ႀကိမ္ႀကိဳးေတြ အထပ္ထပ္ ျပည့္သြားသည္။
က်ေနာ္... ေခါင္းခါရမ္းယင္း အနည္းငယ္ ႐ုန္းၾကည့္သည္။ တင္းၾကပ္ခိုင္ခံ့ေသာ ခ်ည္ေႏွာင္မွုကို က်ေနာ္... သတိျပဳလိုက္မိသည္။ က်ေနာ့္ကို သူတို့လာရာလမ္းအတိုင္း ဆြဲေခၚသြားၾကၿပီ...။ က်ေနာ့္အား မလွမ္းမကမ္းတြင္ တုန္ရီစြာ ရပ္ၾကည့္ေနၾကေသာ က်ေနာ့္မိခင္ႀကီးႏွင့္ က်ေနာ့္ညီငယ္ေလး၏ စိုးရြံ့အားငယ္မွု သက္သာေစလို၍ တစ္ေၾကာင္း... က်ေနာ့္သခင္ ဖိုးမာန္ေလာ ကိုယ္တိုင္ ပါဝင္ဆြဲေခၚမွုေၾကာင့္ တစ္ေၾကာင္း... က်ေနာ္သည္ အားစိုက္ ႐ုန္းကန္မွု မျပဳေတာ့ေပ...။
မိခင္အိုႏွင့္ ညီငယ္ရွိရာသို့ ရည္မွန္းၿပီး အႀကိမ္ႀကိမ္ ဟစ္ေအာ္ကာ ေတာသံေပး ႏွုတ္ဆက္ခဲ့ပါ၏။

အို... ၿမိဳင္နန္းေပ်ာ္ ေဖာ္သဟာေတြငဲ့... စာနာမိပါေစ... က်ေနာ္ျဖစ္အင္...။

××၂××

က်ေနာ္တို့ ေဘာရြာအ‌ေရာက္တြင္ေတာ့ က်ေနာ့္သခင္ ဖိုးမာန္ေလာသည္ လူေလးေယာက္လက္သို့ က်ေနာ့္ကို ေငြသား (၂၅၀၀၀/-)တိတိျဖင့္ ‌ေရာင္းလိုက္ပါသည္။
ၿပီးေတာ့... က်ေနာ့္သခင္ ေျပာလိုက္တဲ့ စကားေလးကေလ...
“ဒီေကာင္ႀကီး ဝဝဖီးဖီးႏွင့္ သိပ္ကိုလွလြန္းတာပဲ။ အပ်ိဳေခ်ာေခ်ာေလးအတြက္ အသြင္းဘိုး ခ်ီးျမႇင့္ဖို့သာ ေကာင္းတာ...။ မင္းတပ္‌ေရာက္ရင္ အသားျဖတ္‌ေရာင္းမယ္ဆိုေတာ့လည္း က်ေနာ့္စိတ္ထဲ ႏွေျမာေနသလိုပဲဗ်ာ...” တဲ့...။

အလို... ဘုရားသခင္... ကယ္ေတာ္မူပါ။
မင္းတပ္‌ေရာက္ရင္ က်ေနာ့္အသားကို ဖ်က္‌ေရာင္းဖို့တဲ့လား...?။
အခုမွ က်ေနာ္ အေၾကာင္းစုံ သိရေတာ့သည္။ ရက္စက္လိုက္တဲ့ သခင္ႀကီး ဖိုးမာန္ေလာ... ရယ္...။

တစ္ေတာင္ဆင္း တစ္ေတာင္တက္နဲ႔ လူေလးေယာက္ ဆြဲေခၚရာ လိုက္ပါရေသာ က်ေနာ္မွာ ေမာဟိုက္လြန္းေတာ့ အျမႇုပ္ပင္ တစီစီနဲ႔။ စြန္ေတာင္ရြာသို့ အတက္ ေတာင္ေျခတစ္ေနရာတြင္ တစ္ေထာက္ အနားယူရၿပီ။
ဤေနရာမွ ေျမာက္ဘက္တြင္ လွမ္းျမင္ေနရေသာ စိမ္းညိဳ့ညိဳ့ေတာၿမိဳင္တန္းႀကီးက က်ေနာ့္အား က႐ုဏာသက္စြာ ေငးၾကည့္ေနသေယာင္၊ က်ေနာ္ က်က္စား ေပ်ာ္ပါးခဲ့ရာ “ဖိတြီေလာင္းပန္း”ၿမိဳင္နန္းေဟဝန္ကိုကား ေတာင္ကြယ္၍ မျမင္ရေတာ့ၿပီ...။
မိခင္ႏွင့္ ညီငယ္ကို ‌ေရာ္ရမ္းတမ္းတပါ၏။
က်ေနာ့္သခင္ကို ေမၽွာ္မွန္းလြမ္းဆြတ္ပါ၏။

က်ေနာ္တို့ စြန္ေတာင္ရြာ‌ေရာက္ၿပီ။ လူႀကီးေလးေယာက္သည္ ညအိပ္ရပ္နားရန္ စီစဥ္ေနၾကသည္။ က်ေနာ့္ကိုေတာ့ စာသင္ေက်ာင္းနံေဘးရွိ သစ္ငုတ္တစ္ခုတြင္ ခ်ည္ေႏွာင္လိုက္ၾကသည္။ ၿပီးလၽွင္ အိမ္တစ္အိမ္သို့ သြား‌ေရာက္တည္းခိုၾကသည္။ ‌ေရႊအို‌ေရာင္ ညေနခင္းေအာက္တြင္ ကေလးမ်ားအား အခ်ိန္ပိုေခၚယူကာ စာသင္ျပေနေသာ ျမတ္ဆရာ၏ အသံသည္ စာသင္ေက်ာင္းမွ သစ္လြင္ ႏုပ်ိဳစြာ ထြက္ေပၚလာေနဆဲ...။
“ကဲ... ကေလးတို့... အခု သင္ၿပီးသြားတဲ့ “သနားခ်စ္ခင္စရာ ေတာတြင္းတိရစၧာန္မ်ား” အေၾကာင္းကို တစ္ပိုဒ္ေလာက္ သတ္ပုံ‌ေရးၾကရေအာင္...။”

က်ေနာ္သည္ စားျမႇုပ္ျပန္ေနျခင္းကို ေခတၱရပ္ကာ နားစြင့္ ေနမိသည္-
“ေတာတြင္းတိရစၧာန္မ်ား ေလ်ာ့နည္းလာရျခင္းမွာ သစ္ေတာမ်ား ျပဳန္းတီးျခင္းႏွင့္ တိရစၧာန္မ်ားကို လူတို့က စည္းကမ္းမဲ့စြာ သတ္ျဖတ္ျခင္းတို့ေၾကာင့္ ျဖစ္သည္။
ကမၻာတစ္ဝွမ္းရွိ နိုင္ငံအသီးသီးတို့သည္ မိမိတို့ နိုင္ငံရွိ ေတာတြင္းတိရစၧာန္မ်ား မ်ိဳးသုဥ္းမသြားေစရန္ စီစဥ္ေဆာင္ရြက္လ်က္ ရွိသည္။
ျမန္မာနိုင္ငံတြင္လည္း သားေကာင္ႏွင့္ ေက်းငွက္ သတ္ျဖတ္ျခင္း မျပဳေသာ ေတာမ်ား ရွိသည္။ ၎တို့မွာ ပိေတာ္၊ ‌‌‌ေရႊဥေဒါင္း၊ ျပင္ဦးလြင္၊ တဟီးလူ၊ ေမာ့စေကာ့၊ မူလာရစ္၊ ဝက္ထီးကန္၊ ‌ေရႊစက္ေတာ္၊ ခ်ပ္သင္း၊ ေကလာသ၊ သမီးလွကၽြန္း၊ မင္းဝံေတာင္၊ ထမန္သီေဘးမဲ့ေတာမ်ား ျဖစ္သည္။”

ဪ... ေကာင္းေလစြ... ေကာင္းေလစြ... ထိုေဘးမဲ့ေတာမ်ားတြင္ က်က္စားေနထိုင္ၾကေသာ တိရစၧာန္ေတြ ပါရမီထူးေလစြ... ကံေကာင္းေလစြ။
“ဖိတြီေလာင္းပန္း”သာ ထိုေဘးမဲ့ေတာမ်ားတြင္ တစ္ခု အပါအဝင္ျဖစ္ခဲ့ပါက က်ေနာ့္ဘဝသည္ပင္ ယခုကဲ့သို့ ျဖစ္လာမည္မဟုတ္။
က်ေနာ့္ရင္တြင္ ဝမ္းသာျခင္း တစ္ဝက္၊ ဝမ္းနည္းျခင္းတစ္ဝက္ႏွင့္ “ေနာင္အနာဂတ္အဖို့ ခ်င္းေတာင္တြင္လည္း ေဘးမဲ့ေတာမ်ား ရွိလာၿပီး ေဒသခံေတြ အျမင္မွန္ရကာ တိရစၧာန္ေတြအေပၚ ေစာင့္‌ေရွာက္ေမြးျမဴနိုင္ၾကပါေစ” ဟု က်ေနာ္ ဆုေတာင္းလ်က္...။

အတန္ၾကာေသာ္... ကေလးမ်ား ေက်ာင္းဆင္းသြားၾကသည္။ က်ေနာ္လည္း မွိန္းစက္ကာ အနားယူလိုက္၏။

××× ၃ ×××

ၾကက္ဦးတြန္ေလာက္ကစ၍ မွုန္ျပျပလ‌ေရာင္ႏွင့္အတူ ခရီးဆက္ၾကရျပန္သည္။
တစ္ေနကုန္ ေတာေတာင္အထပ္ထပ္ ေက်ာ္ျဖတ္၍ ေမာဟိုက္လာေသာ က်ေနာ့္ရင္ကို ေယာေခ်ာင္း‌ေရၾကည္ၾကည္ကပင္ မလန္းဆန္းေစနိုင္ေတာ့...။ ေမွာင္ရီပ်ိဳးစအခ်ိန္... မင္းတပ္သို့ ‌ေရာက္လာၾကၿပီ။ လူေတြ အဆက္မျပတ္ သြားလာေနၾကဆဲ...။ သားစားက်ဴးတဲ့ လူသားေတြ ကၽြန္ေနာ့္ကို ျမင္ၾကေတာ့...

“ဘယ္ေန႔ေလာက္ အသားေဖာ္ၾကမွာလဲ၊ ကၽြန္ေတာ့္အတြက္ အရိုး သုံး ပိႆာထားေပးေနာ္...”

“က်ေနာ္... အသဲ အကုန္ဝယ္မယ္ ”

“အသားေဖာ္မယ့္ေန႔ေတာ့ သားသတ္႐ုံ ေစာေစာသြားမွပဲ...”

အလိုေလး... ဘုရားသခင္... ျဖစ္နိုင္လၽွင္ေတာ့ က်ေနာ့္နားကို ေလာေလာဆယ္ ပင္း လိုက္ေစခ်င္သည္။
ဟင္း... သိပ္ ေၾကာက္ စ ရာ ေကာင္း လိုက္တဲ့ လူသားေတြ...။
က်ေနာ္သည္ အင္အား ကုန္ခမ္းတုန္လွုပ္ရင္းျဖင့္ တစ္ညတာ လြန္ေျမာက္ခဲ့ပါ၏။
ေသမင္းႏွင့္ က်ေနာ္ကား တစ္စစႏွင့္ နီးကပ္လာၿပီဆိုသည္ကိုေတာ့ ႏြားေနာက္ထီးႀကီး က်ေနာ္ ... ေကာင္းစြာ ရိပ္စားမိပါသည္။

×××× ၄ ××××

မိုးမလင္းတလင္း က်ေနာ့္ကို သူတို့ လိုရာဆြဲေခၚၾကပါၿပီ...။ တုန္လွုပ္ေခ်ာက္ျခားလြန္းေသာ စိတ္ ေၾကာင့္ တစ္ခ်က္ တစ္ခ်က္ တြင္ ေျခလွမ္းရန္ပင္ ေမ့ေနေတာ့သည္...။

အေဆာက္အဦတစ္ခု‌ေရွ႕အ‌ေရာက္တြင္ေတာ့ က်ေနာ့္ကို သစ္ငုတ္တစ္ခုတြင္ ခ်ည္ေႏွာင္လိုက္ၾကသည္။ တျဖည္းျဖည္းႏွင့္ က်ေနာ့္ဝန္းက်င္တစ္ခုလုံး လူေတြျဖင့္ ျပည့္သြားသည္။
က်ေနာ့္အားဆြဲေခၚလာသူ ေလးဦးအနက္ တစ္ေယာက္သည္ ေသနတ္ျဖင့္ က်ေနာ့္နဖူးကို ခ်ိန္ေနၿပီ...။
က်ေနာ္ ... ရင္ခုန္သံပင္ ရပ္သြားေတာ့၏။
ဒိုင္းကနဲ ျမည္သံ၏ ေနာက္တြင္ နာက်င္လွေသာ ေဝဒနာႏွင့္အတူ က်ေနာ့္အျမင္တစ္ခုလုံး မိုးေမွာင္က်သြားသည္။ ေကြးညႊတ္ေပ်ာ့ေခြသြားေသာ ေျခအစုံေၾကာင့္ က်ေနာ္ ... ေျမျပင္သို့ လွဲခ်လိုက္ရသည္။
က်ေနာ္သည္ အနည္းငယ္မၽွ လွုပ္ရွားျခင္း မျပဳနိုင္ေတာ့...။

က်ေနာ္သည္ လၽွပ္တစ္ျပက္ က်ေနာ့္ခႏၶာအိမ္မွ ခြာထြက္လိုက္သည္။ ဝိညာဥ္အျဖစ္သာ တည္ရွိေတာ့ေသာ က်ေနာ့္ကို လူေတြ မျမင္နိုင္ၾကေတာ့ပါ။ ဓါးကိုယ္စီ ကိုင္ေဆာင္ေသာ လူေျခာက္ေယာက္၏ လွီးျဖတ္မွုေၾကာင့္ က်ေနာ့္ခႏၶာအိမ္ခမ်ာ... နာရီဝက္အတြင္း အရိုးႏွင့္အသား တစ္ျခားစီ ျဖစ္သြားေတာ့၏။ ခ်ိန္တြယ္သူပင္ ဖတ္ဖတ္ေမာေနၿပီ...။ အလုအယက္ ဆြဲငင္ ဝယ္ယူေနၾကသည္။ က်ေနာ့္အရိုးအသားမ်ားကို လုယက္ရင္း စကားပင္ မ်ားလိုက္ၾကေသး၏။

ဟင္း... အၾကင္နာတရား ေခါင္းပါးတဲ့လူေတြ...
က်ေနာ္မွီေနရာတိုင္ႏွင့္ အနီးဆုံးတြင္ ရပ္ေနသူခမ်ာ... က်ေနာ္အညစ္အေၾကးေတြ ေပက်ံေနေသာ က်ေနာ့္ဝမ္းတြင္းအူကို လက္မွ ေျမႇာက္ၾကည့္ယင္း သြားရည္ပင္ “ဂြတ္ခနဲ”မ်ိဳခ်လိုက္၏။

ေအာ္... ဒုကၡ... ဒုကၡ...

အႏွစ္ႏွစ္ အလလက ေတာႀကီးၿမိဳင္လယ္တြင္ အျပစ္ကင္းစင္စြာ ျမက္ႏွင့္ သစ္ရြက္သာစားၿပီး ႀကီးျပင္းလာခဲ့ေသာ က်ေနာ့္ခႏၶာအိမ္ႀကီးကား တစ္နာရီေက်ာ္အတြင္း လူေတြ လုယက္မွုေၾကာင့္ ေျပာင္သလင္းခါသြားေပၿပီ။
ေျမျပင္ေပၚတြင္ က်ေနာ့္ေသြးစက္ေတြသာ က်န္ရစ္ခဲ့ေတာ့သည္...။

××××× ၅ ×××××

က်ေနာ္လည္း စြန္ေတာင္ရြာ၊ စာသင္ေက်ာင္းတြင္ ၾကားခဲ့ရေသာ ေဘးမဲ့ေတာႀကီးေတြဆီသို့သာ ‌ေရွ႕ရွုလိုက္ေတာ့၏။

က်ေနာ္သည္ က်န္ရစ္ခဲ့ၾကသူ ဘဝတူ ႏြားေနာက္မ်ားအတြက္ အနာဂတ္တြင္ ေဘးမဲ့ေတာမ်ား ေပၚထြန္းလာေစရန္ ဆ ႏၵ ျပဳ
ဆု
မြန္
ပန္
ေခၽြ
လ်က္...။


#မိုင္ျမေဟမာ

မွတ္ခ်က္။ ေဘးမဲ့ေတာမ်ားမရွိေသးသည့္ ခ်င္းျပည္နယ္အတြင္း ေဘးမဲ့ေတာအိပ္မက္ျဖင့္ ‌ ၁၉၈၄ ခုႏွစ္တြင္ ေရးသားခဲ့ေသာ ဤစာမူအား ခ်စ္ျခင္းျဖင့္ အမွတ္တရ ျပန္လည္ေဖာ္ျပရျခင္းျဖစ္ပါသည္။ စာမူေဖာ္ျပခြင့္ေပးေသာ စာမူရွင္ႏွင့္ စာမူထိန္းသိမ္းခဲ့ၾကသူ၊ ပတ္သက္ခဲ့ၾကသူမ်ားအားလုံး ေက်းဇူးအထူးတင္ရွိပါသည္။ အထူးသျဖင့္ စာမူရွင္၏ ခ်စ္ျခင္းအား ေက်းဇူးတင္ရွိပါသည္။




credit

တောင်ပေါ် မြို့ လေး တစ် မြို့ မှာမြူ မှုန် တွေက ဆိုင်း လာ 🎶🎶🎶🎶🎙️Photo credit to
10/10/2020

တောင်ပေါ် မြို့ လေး တစ် မြို့ မှာ
မြူ မှုန် တွေက ဆိုင်း လာ
🎶🎶🎶🎶🎙️
Photo credit to

မင်းတပ် Covid-19 နှင့်ပါတ်သက်၍ ဝိုင်းဝန်းကူညီကြဖို့လိုပါတယ်လိုအပ်နေသော ကာကွယ်ရေးကိစ္စများ ၊Qဝင်နေသောသူများအတွက် အထောက်အပ...
20/09/2020

မင်းတပ် Covid-19 နှင့်ပါတ်သက်၍ ဝိုင်းဝန်းကူညီကြဖို့လိုပါတယ်

လိုအပ်နေသော ကာကွယ်ရေးကိစ္စများ ၊
Qဝင်နေသောသူများအတွက် အထောက်အပံ့များ
များစွာလိုအပ်နေပါတယ်.........

Mask ၊ Hand Gel ၊ ကာကွယ်ရေးပစ္စည်းများ
လူသုံးကုန်နှင့်အစားအသောက်များ ၊ အလှူငွေများ ပါဝင်ကူညီလိုပါက
အောက်ပါဆက်သွယ်ရန် ပုဂ္ဂိုလ်များထံ ဆက်သွယ်ပေးကြပါ။

တတ်နိုင်သည့်ဖက်မှ ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းပါရစေ။

မင်းတပ်မြို့နယ်မှ ဟားခါးမြို့နယ်သို့ လာရောက်သူအားလုံး Facility Quarantine ထားမည်------------------------"စက်တင်ဘာလ ၂၀ ရက...
20/09/2020

မင်းတပ်မြို့နယ်မှ ဟားခါးမြို့နယ်သို့ လာရောက်သူအားလုံး Facility Quarantine ထားမည်
------------------------
"စက်တင်ဘာလ ၂၀ ရက်နေ့မှစ၍ မင်းတပ်မြို့နယ်မှ ဟားခါးမြို့နယ်သို့ လာရောက်သောသူများအားလုံးကို Facility Quarantine ထားပါမည်။ မိမိ၏ခရီးသွားရာဇဝင်ကို လိမ်လည်တင်ပြသူများကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေအရ တရားစွဲအရေးယူသွားပါမည်။ စစ်ဆေးဂိတ်တာဝန်ကျ ဝန်ထမ်းများအား မိမိ၏ခရီးသွားရာဇဝင်အား အမှန်အတိုင်းပြောခြင်းဖြင့် COVID 19ရောဂါကိုထိန်းချုပ်နိုင်ရေး ကူညီပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်" ဟု ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြေငြာထားပါတယ်။

20/09/2020

မင်းတပ်မြို့တွင် တွေ့ရှိသည့်ပိုးတွေ့လူနာ ၃ဦးနှင့်ထိတွေ့မူရှိသူများကိုရှာဖွေနေဆဲဟုဆို

Salai C Lian

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စက်တင်ဘာလ ၁၉ ရက်နေ့တွင် တွေ့ရှိသည့် Covid 19 ပိုးတွေ့လူနာ ၃ ဦးနှင့်ထိတွေ့မူရှိသူများကို စုံစမ်းရှာဖွေနေဆဲ ဖြစ်ကြောင်း၊အဆိုပါ ပိုးတွေ့လူနာများကို မင်းတပ်ဆေးရုံတွင်ကုသမည်ဖြစ်ကြောင်း မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဇော်၀င်းနိုင်က ပြောသည်။

" အခုပိုးတွေ့လူနာနဲ့ (၃) ယောက်ကိုတော့ ကျွန်တော်တို့ Quarantine သွင်းထားတဲ့သူတွေဖြစ်တယ်၊ ကျား (၂) မ (၁) ဖြစ်တယ်၊ သူတို့တွေနဲ့ ဆက်သွယ်တဲ့လူတွေကိုတော့ ဆက်သွယ်ဖို့ ကျွန်တော်တို့ ကြိုးစားနေတယ်၊ လိုက်နေတုန်းပဲ Contact ဆိုတာကလည်း သူတို့ပြောမှပဲ သိနိုင်မှာကို ဆိုတော့ ကျွန်တော်တို့ မေးနေတုန်းပဲ"ဟု ပြောသည်။

ထို့ပြင် လက်ရှိတွေ့ရှိနေသည့် ပိုးတွေ့လူနာများသည်လည်း ကျန်းမာရေး ကောင်းကောင်းမွန်ရှိနေပြီး၊ မည်သူထံမှ စတင်ကူးစက်ခဲ့ကြောင်း စစ်ဆေးနေသည်ဟု ဒေါက်တာ ဇော်၀င်းနိုင်က ဆိုသည်။

" ကျန်းမာရေးအခြေအနေကတော့ သူတို့လက်ရှိထိတော့ ကောင်းနေတုန်းပါပဲ၊ ပိုးတွေ့လူတွေက ခရီးသွားရာဇ၀င်မရှိဘူးဖြစ်နေတယ်၊ ဘယ်သူ့ဆီကနေ ကူးစက်သွားသလဲ ဆိုတာကျွန်တော်တို့ လိုက်စစ်ဆေးနေတုန်းပါပဲ၊ သူတို့တွေက အနံ့တွေလည်းမရတော့ဘူး ဆိုပြီးလာပြောတော့ ကျွန်တော်တို့ Quarantine သွင်းတာပါ" ဟု ပြောသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ ကိုရိုနာဗိုင်းရပ်(စ်) Covid 19 ရောဂါပိုး ကူးစက်ခံရသူ ၅၂၆၃ ရှိပြီး၊ ဆေးရုံဆင်းခွင့်ရသူ ၁၁၈၈ နှင့် သေဆုံးလူနာ ၈၁ ရှိကြောင်း ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မင်းတပ်မြို့နယ် COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်(အရေးပေါ်)တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြားချက် ထုတ်ပြန်ခြင်း
20/09/2020

မင်းတပ်မြို့နယ် COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်
(အရေးပေါ်)တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြားချက် ထုတ်ပြန်ခြင်း

24/04/2020

မင်းတပ်မြို့နယ်အတွင်း နိုင်ငံရပ်ခြားသို့
အလုပ်သွားရောက်လုပ်ကိုင်ပြီး နေရပ် ပြန်လာသူ (၁၀၂) ဦးရှိ ပြီး အားလုံး HQ ရက်စေ့ကြပါပြီ မြို့နယ်အတွင်း Covid-19 သံသယလူနာအဖြစ် မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံမှ သတ်မှတ်ထားသော လူနာ (၃) ဦး ရှိခဲ့ပြီး ဆေးစစ်ချက်အရ negative
ဖြစ်ကြတဲ့အတွက်မင်းတပ်နယ်‌မြေကို
သင်္ကြန် ရုံးပိတ် ရက်အထိ Covid-19
ကင်းစင်နယ်‌မြေအဖြစ်သတ်မှတ်နိုင်ပါတယ်
အခုချိန်မှာတော့ ရုံးပိတ်ရက်အတွင်း ကိုယ့်နေရပ်ကို ပြန်ကြတဲ့ ဝန်ထမ်းတွေ အလုပ်သမားတွေ မင်းတပ်ကို
ပြန်ရောက်လာကြပါတယ်
အဲလူတွေအားလုံးကို HQလုပ်ဖို့ဖြစ်ပေမယ့်မြို့ပေါ် mask မတပ်ဘဲ ဥဒဟိုသွားနေကြတဲ့ ဒေသခြားက အလုပ်သမားတွေကို တွေ့မြင်နေရပါပြီ ဒီမြို့သားတွေက Social Distancing ..stay at home ဆိုတဲ့ ညွှန်ကြားချက်တွေလိုက်နာကြလို့
ချောက်သွေ့တဲ့ လမ်းမတွေလဲ
တပါးသားတွေကြောင့်ပြန်ပြီးစည်နေပါပြီ
တပါးသားတွေကို ပိုး သယ်ဆောင်သူတွေမဖြစ်ဖို့ ဆုတောင်းရင်း
ငါတို့မြို့လေး ဒီကပ်ကြီးကို Covid-19
ကင်းစင်နယ်မြေ အဖြစ်နှင့် ကျော်လွှားနိုင်ပါစေ ဆုတောင်းရင်း
ဒီမြို့မှာ လက်ရှိနေထိုင်ကြတဲ့ မြို့သူ မြို့သား တစ်ပါးသား များလဲ သက်ဆိုင်ရာက ထုတ်ပြန်တဲ့
အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာကြပါစေလို့ဆုတောင်းရင်း
မင်္ဂလာပါဗျာ

မင္းတပ္ၿမိဳ႕၊ အ.ထ.က(၂) ေက်ာင္းသား/သူေဟာင္းမ်ားအား-------------------------ဖိတ္ၾကားျခင္း---------------------------
21/09/2019

မင္းတပ္ၿမိဳ႕၊ အ.ထ.က(၂) ေက်ာင္းသား/သူေဟာင္းမ်ားအား
-------------------------ဖိတ္ၾကားျခင္း---------------------------

11/08/2019

မင္းတပ္ NLD ရံုးတည္ေဆာက္မႈ ယာယီရပ္ဆိုင္းဖို႔ စည္ပင္ထုတ္ျပန္ August 11, 2019 za len Chin, Politics 0 မင္းတပ္ၿမိဳ႕နယ္ အမ်ဳိးသားဒီမိုကေ.....

Address

Mindat

Telephone

9507070287

Website

Alerts

Be the first to know and let us send you an email when Mindat News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category