ချင်းပြည်နယ်တောင်ပိုင်း သတင်း

  • Home
  • Myanmar
  • Mindat
  • ချင်းပြည်နယ်တောင်ပိုင်း သတင်း

ချင်းပြည်နယ်တောင်ပိုင်း သတင်း Local breaking NEWS
ဒေသတွင်းသတင်းများ
(3)

03/03/2025

CDM တွေ မြို့ဝင်ခွင့်
အတွက် ထည့်ဝင်ငွေ
လျော့ချကောက်ခံမည်

27/11/2024

ရိတ်သိမ်းနေကြပါပြီ 😊

မင်းတပ်မြို့နယ်မှ အရပ်သားများ CNA-CNF စစ်ဆေးရေးဂိတ်၌ အဖမ်းဆီးခံရဇွန် - ၂၈မင်းတပ်မြို့နယ်မှ ဟားခါး-ထန်တလန်မြို့နယ်သို့ သွ...
28/06/2024

မင်းတပ်မြို့နယ်မှ အရပ်သားများ CNA-CNF စစ်ဆေးရေးဂိတ်၌ အဖမ်းဆီးခံရ

ဇွန် - ၂၈

မင်းတပ်မြို့နယ်မှ ဟားခါး-ထန်တလန်မြို့နယ်သို့ သွားရောက်သည့် ဆိုင်ကယ်ကယ်ရီသမား (၆)ဦးအား ဂန့်ဂေါ-ရေဇွာ လမ်းမကြီးပေါ်ရှိ ဟားခါးလမ်းဆုံ၌ ဂိတ်ဖွင့်စစ်ဆေးနေသည့် CNA/CNF ရဲဘော်များက ဇွန်လ ၂၄ ရက်နေ့တွင် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကယ်ရီသမားများသည် ပညာသင်ကြားမည့် ကျောင်းသူ/သားများအား ဟားခါးနှင့် ထန်တလန်မြို့နယ်များသို့ သွားရောက်ပို့ဆောင် ပေးခဲ့သူများဖြစ်သည်။

"" ဟားခါးလမ်းဆုံ က CNA ဂိတ်မှာ ဘယ်လိုပစ္စည်းတွေ မသယ်ရဘူး ဆိုပြီး ရေးထားတာတော့ မတွေ့ရဘူး၊ ဒါပေမယ့် အများက သိထားတာတော့ မူးယစ်ဆေးဝါး မသယ်ရဘူး အရက်နှင့်ဘီယာကအစပေါ့နော်၊ အခုကယ်ရီသမားတွေကဘာဖြစ်လို့ အဖမ်းခံရတယ်၊ ဘာပစ္စည်းသယ်လို့ အဖမ်းခံရတယ်ဆိုတာတော့ မသိဘူး ”” ဟု ယခင်အဆိုပါလမ်းပိုင်းအသုံးပြုဖူးသူ တစ်ဦးကပြောကြားသည်။

မင်းတပ်မြို့နယ်မှ ဆိုင်ကယ်ကယ်ရီသမား ၆ ဦးနှင့် စုံစမ်းဆဲ တစ်ဦး ပေါင်း ၇ ဦးအား ယနေ့ ဇွန်လ ၂၈ ရက်နေ့တွင် CNA/CNF ဌာနချုပ်သို့ ကားဖြင့် ခေါ် ဆောင်သွားကြောင်းသိရသည်။ ယခင်က အဆိုပါလမ်းမအတိုင်း တူမီးသေနတ်များတွင်အသုံးပြုသည့် ယမ်းစိမ်းနှင့် အခြားဆက်စပ်ပစ္စည်းများ သယ်ယူခွင့်ရှိသော်လည်း ယခုအခါ ကန့်သတ်မှုများရှိလာသည်ဟု သိရသည်။


Photo

14/06/2024

Address

Mindat
HI

Alerts

Be the first to know and let us send you an email when ချင်းပြည်နယ်တောင်ပိုင်း သတင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ချင်းပြည်နယ်တောင်ပိုင်း သတင်း:

Share

Category