
07/07/2025
🎼
ဒီရက်ပိုင်း Korea Drama Series တွေရဲ့
Background Music ပိုင်းကို နည်းနည်းလေ့လာဖြစ်တယ် ၊
ခုပြောပြချင်တာက သူတို့သုံးတဲ့ ရွေးချယ်တဲ့ Genre တွေအကြောင်း ၊
Background Music , Scoring တွေဟာ
ရုပ်ကဒ်ပါလာတဲ့အတွက် ကိုယ်ထည့်ချင်သလိုထည့်လိုက်လို့
တီးလိုက်လို့မရပါဘူး ၊ Mood နဲ့ ရုပ်ကဒ်နဲ့ တစ်သားထဲ
လိုက်ဖက်နေမှ ပိုပြီးကြည့်ကောင်းတာမျိုး ဆိုတော့ ၊
ကိုယ့်ရဲ့ Idea , Music Genre ကလည်း ခေတ်နဲ့အညီ သစ်နေမှ
Korean Series တွေမှာသုံးတဲ့ Comedy and Funny စတဲ့
SFX တွေက ထွေထွေထူးထူးပြောစရာမရှိဘူး
Viral ဖြစ်တာ Trend ဖြစ်တာတွေပဲ အသုံးများတယ် ၊
Background Music မှာ သတိထားမိတာက
Comedy Scene တွေဆို Funky တွေ Funky Bass တွေနဲ့
ဟာသမြောက်အောင် တီးထားတာတွေပေါ့
Bass Mute လေးနဲ့ တကြော့ Bass Slap လေးတကြော့ တီးပြလိုက်နဲ့ ၊ Smooth အရမ်းဖြစ်တယ် ၊ ရီလဲရီရတယ်
တကယ်ကို Music က Support လုပ်တာ ၊
Series အကုန်လုံးနီးပါးက အဲ့အတိုင်းတွေကြီး
ဟာသ ၊ ပျော်စရာတွေဆို Funky Wah တွေ
Mute တွေ Slide တွေနဲ့ TapeStop တွေနဲ့ အသုံးချကြတယ် ၊
Guitar Wah တွေဆို Scene အကူးမှာ ရှယ်သုံးကြတယ် ၊
Swing Jazz တွေနဲ့လည်း ဖန်တီးတာလည်းတွေ့ရတတ်ပါတယ် ၊
Up Beat တွေ Down Beat တွေနဲ့ အဖြတ်အတောက်တွေက
နားထောင်ရတာကော ၊ ကြည့်ရတာ ရိုးသွားတာ မျိုးမရှိဘူး ၊
တစ်ခါတစ်လေ flirt တဲ့ Scene တွေဆို Funky Brass နဲ့
Support လုပ်တဲ့ Scoring က ကွက်တိ ၊
Romance တွေနဲ့ Love Scene ပိုင်းတွေကြ
Korean အထာ Soul တွေကို အဓိကထားသုံးတာပိုပြီး မြင်ရတယ် ကြားရတယ် ၊ တိတိကျကျဆို E Piano တွေနဲ့ တီးတဲ့ Soul တွေပေါ့ ၊ သူတို့မှာက အနောက်တိုင်းက Soul အထာတွေကို
Korean မု ပြန်ပြုထားတော့ ပိုနူးညံ့တယ် ၊
EP တစ်ခုတည်းလားဆိုတော့ မဟုတ်ပါဘူး ၊
Korean soul အပေါ်အခြေတည်ပြီး Instrument မျိုးစုံနဲ့
လှလှပပ လိုက်ဖက်အောင်ဖန်တီးတယ် ၊ တင်ဆက်တယ် ၊
နောက်တစ်ခုက Music မှာ Note တွေကလည်း စကားပြောတယ်
၊ ဒီ Scene က ကြေကွဲရင် ကြေကွဲတဲ့ မု ရတဲ့ Note , Chord တွေ
သုံးရမယ် ၊ Suspend ဆိုလည်း Suspended ဖြစ်တဲ့ Note Colour တွေသုံးရမယ် ၊ Environment နဲ့ သက်ဆိုင်တဲ့ Note Colour တွေ နားလည်ထားဖို့လည်း လိုအပ်တယ် ၊
သူတို့ ၀တ်ပုံစားပုံ ၊ နေရာဒေသ ပြီးတော့
မျက်နှာ Expression တွေနဲ့ တွဲဖက်ပြီး Funky တွေ ၊
Soul တွေက ပိုပြီးလိုက်ဖက်တာကို တွေ့ရတယ် ၊
သူတို့ရဲ့ Music အခြေခံတည်ဆောက်ပုံက ကြားလိုက်တာနဲ့
Korean Style အသွားအလာမှန်းတန်းသိနိုင်တယ် ၊
ဆိုလိုရင်း [ Korean Music , K POP ကို ကျယ်ပြန့်အောင် ဖန်တီးတယ် ]
နောက်ပိုင်း Local လူငယ် Teenager , High School Series
တွေမှာ ဒီလို Genreတွေ သုံးတာတွေတော့သိပ်မတွေ့ရဘူး ၊
( Korean မု ပြုခိုင်းစေချင်တာမဟုတ် )
ခုထိ ရှေးရိုးဆန်ပြီး ဟာသ အခန်းတွေဆို Xylophone လေးကို Glissando တီးလိုက်တာ Pizzicato လေးကို အဖိအဖော့
လေးတီးပြလိုက်တာနဲ့တင် ရီရအောင် လုပ်ပြနေတာက
တော်တော်ကြီးကို မအေးအေး၀င်း စီစဥ်နေတုန်းပါပဲ ၊
ဘာပဲပြောပြော ကိုယ့်နိုင်ငံထက် အများကြီး တာထွက်စောတဲ့
နိုင်ငံတစ်နိုင်ငံရဲ့ Background Music, Scoring တွေအသုံးချပုံတွေ Genre ရွေးချယ်ပုံတွေ ကို လေ့လာမိသလောက် ၊
သိသလောက်ပြန် Share လိုက်ပါတယ် ၊