
23/05/2025
12 May 2025 တွင် မိုးကောင်းမြို့တော်ခန်းမ၌ နိုင်ငံတကာရိုးရာ အကပြိုင်ပွဲကို တတိယအကြိမ်မြောက် ပြုလုပ်ကျင်းပခဲ့ရာ လူဦးရေ စုစုပေါင်း အယောက် ၂၀၀ ခန့် ပါဝင်တက်ရောက်ခဲ့ပါတယ်။ မိုးကောင်းအသင်းတော် တာဝန်ခံ ဆရာထမိုင်ခင်ဆားရ်မှ Mind lecture ၏ ရည်ရွယ်ချက်နှင့်အတူ 'အိပ်မက်' ခေါင်းစဥ်အားဖြင့် lecture ဟောပြောပို့ချပေးခဲ့ရာ ပါဝင်သူအယောက်ချင်းစီတိုင်း စိတ်နှလုံးသားခွန်အားဖြစ်ခဲ့ကြပါတယ်။ အထူးသဖြင့် ပြိုင်ပွဲဝင် လူငယ်များထဲမှလည်း Azalea member ဝင်များအဖြစ် ဆက်လက်ပါဝင်ကြပြီး အသင်းတော်အတွက် လူငယ်များ တိုးပွားလာခြင့်အားဖြင့် ကောင်းကြီးပြည့်ဝစေခဲ့ပါတယ်။
ပြိုင်ပွဲဝင်များတွင် ဆုရရှိသူများအား ပထမ၊ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု စသဖြင့် အသီးသီး ချီးမြှင့်ပေးခဲ့ပြီး ၂၀၂၅ ခုနှစ် မိုးကောင်းနိုင်ငံတကာရိုးရာအကပြိုင်ပွဲအား ကျေးဇူးတော်ပြည့်ဝစွာ အဆုံးသတ်ခွင့်ရရှိခဲ့ပါတယ်။