Ruby Land Gurkha

Ruby Land Gurkha news and media

မြန်မာအလုပ်သမားအမျိုးသမီးတစ်ဦးကားပေါ်က ခုန်ချနိုင်ခဲ့ပေမဲ့ ရထားလမ်းပေါ်ကျပြီး ရထားကြိ-တ်-ခံ-ရပြီး နေရာတွင် ဆုံးပါးခဲ့သော...
31/05/2025

မြန်မာအလုပ်သမားအမျိုးသမီးတစ်ဦး
ကားပေါ်က ခုန်ချနိုင်ခဲ့ပေမဲ့ ရထားလမ်းပေါ်
ကျပြီး ရထားကြိ-တ်-ခံ-ရပြီး နေရာတွင်
ဆုံးပါးခဲ့သော ဖြစ်စဉ် ..

31.5.2025
ဘန်ကောက်

ထိုင်းနိုင်ငံ စာမွတ်ဆာခွန်ခရိုင် မဟာချိုင် နွယ်
လုံမစ် စွယ် ၁ အနီး ယခင် MHAC ရုံးဟောင်းရှေ့နေရာတွင် အလုပ်ညဆိုင်းက ပြန်လာတဲ့
မြန်မာအလုပ်သမား ၆ ဦး တင်ဆောင်လာသော ကားသည် ရထားလမ်းကို ဖြတ်ကူးချိန် ရထားနှင့် အလွန်နီးကပ်နေသောကြောင့် အလုပ်သမားများ ကားပေါ်မှ ခုန်ဆင်းပြေးစဉ် ရထားလမ်းပေါ် ခုန်ချမိသော မြန်မာအလုပ်သမား အမျိုးးသမီးတစ်ဦး ရထားနှင့် ကြိ - တ်- မိခဲ့ရာ ပွဲ -ချ-င်း-ပြီး ဆုံး-ပါး-ခဲ့-ကြောင်း မျက်မြင်တွေ့ရှိသည့် အကိုထံက သတင်းရရှိပါတယ်။

သတင်း-ပြည်ပရောက်ရွှေမြန်မာ

ကုန်းတွင်းဝင်သွားပြီဖြစ်တဲ့မုန်တိုင်းငယ် - အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွား ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ရ...
30/05/2025

ကုန်းတွင်းဝင်သွားပြီဖြစ်တဲ့မုန်တိုင်းငယ် - အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွား

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ရောက်သွားပြီဖြစ်တဲ့ မုန်တိုင်းငယ်သည် အားကောင်းသောလေဖိအားနည်းရပ်ဝန်း(DEPRESSION)အဖြစ် အားလျော့သွားပြီး၊ နောက် ၂၄ နာရီအတွင်း Well-Marked LPA(သိသာထင်ရှားသော ကုန်းတွင်းလေဖိအားနည်ရပ်ဝန်းအဖြစ်ဆက်လက်တည်ရှိနေနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနမှ ထုတ်ပြန်ထားပါတယ်။

DEPRESSION သည် မြန်မာ-အိန္ဒိယ(အာသံ-မဏိပူရ)နယ်စပ်အနီးအထိ ဆက်လက်ရွေ့လျားနိုင်ပြီး မုန်တိုင်းအကြွင်းအကျန် မိုးတိမ်များမှ -

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် နောက်လာမည့် ၄၈ နာရီအတွင်း မိုးရေချိန် ၇၅ မီလီမီတာမှ ၂၂၅ မီလီမီတာ(၃ လက်မ ခန့်မှ ၉ လက် မ နီးပါးခန့်အထိ) မိုးရွာသွန်းစေနိုင်မှာဖြစ်ကြောင်း သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး model များက ခန့်မှန်းထားပါတယ်။

ကျန်ပြည်နယ်တိုင်းများတွင် မိုးအနည်းငယ်မှ အသင့်အတင့်သာရွာနိုင်ပါမယ်။

ပြည်နယ်တိုင်းမြို့ကြီးများနှင့်အခြားမြို့များ၏ ၄ ရက်စာ မိုးလေဝသအခြေအနေ - https://www.mmweather.org/divisional-cities-weather

(မေလ ၃၀ ရက် - နံနက် ၁၀ နာရီ ၄၀ မိနစ်)
Credit - (U) Win Naing

မြန်မာ့လက်ရွေးစင် မောင်မောင်လွင်၏ သွင်းဂိုးဖြင့် ASEAN all star အသင်းက မန်ချက်စတာယူနိုက်တက်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခ...
29/05/2025

မြန်မာ့လက်ရွေးစင် မောင်မောင်လွင်၏ သွင်းဂိုးဖြင့် ASEAN all star အသင်းက မန်ချက်စတာယူနိုက်တက်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။
MG MG LWIN အတွက်ကတော့ မမေ့နိုင်စရာအခိုက်အတန့်တွေဖြစ်လာပီ မန်ယူကိုဂိုးသွင်းနိုင်တဲ့ ပထမဆုံးမြန်မာကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါသည်။

မြန်မာ တစ်နိုင်ငံလုံးတွင်  မှီတင်းနေထိုင်ကြကုန်သော နေပါလီ(ဂေါ်ရ်ခါး) မိဘ  ပြည်သူ /သား များ၏ အသဲနှစ်လုံးဟု တင်းစားခေါ်ဝေါ...
07/04/2025

မြန်မာ တစ်နိုင်ငံလုံးတွင် မှီတင်းနေထိုင်ကြကုန်သော နေပါလီ(ဂေါ်ရ်ခါး) မိဘ ပြည်သူ /သား များ၏ အသဲနှစ်လုံးဟု တင်းစားခေါ်ဝေါ်နိုင်သော မြန်မာနိုင်ငံ အလယ်ပိုင်း ဗဟိုချက်မ မန္တလေးမြို့ 27လမ်း 80နှင့်81လမ်းကြား တွင် တည်ရှိသော နေပါလီ (ဂေါ်ရ်ခါး) ဓမ္မသာလသည်
28.3.25 ရက်နေ့ 12:51pm အချိန်က မန္တလေး-စစ်ကိုင်းကို ဗဟိုပြု၍ အင်အား7.7ရစ်ချတာစကေး ရှိသောအင်းအားပြင် ငလျင်လှုပ်ခတ်​ ခြင်း ဒဏ်ကိုခံစားခဲ့ရပါသည်။

ထို အင်အားပြင်းငလျင်ဒဏ်ကြောင့် လူအများအပြား အသက်အိုးအိမ်စည်းစိမ်များ ပျက်စီး ပျောက်ဆုံး ဆုံးရှုံး နစ်နာ မှုပေါင်း မြေက်များစွာ ခံစားခဲ့ရသော်လည်း
ဖေါ်ပြပါ မန္တလေးမြို့ရှိ နေပါလီ (ဂေါ်ရခါး )ဓမ္မသာလ ကျောင်းဆောင် အဆောက်အဦး အသစ်ကြီးမှာ မပျက်ဆီးပဲ အကောင်းပကတိ အတိုင်း ကျန်ရှိပါကြောင်း အသိပေးရေးသား တင်ပြလိုက်ရ ပါသည်။

Ruby Land Gurkha(News & Media)
7 April 2025
မှီငြမ်း -- လက်​တွေ့ မြင်ရသူထံမှ သတင်းရယူ
စာတည်း--Ruby Land Gurkha(News & Media)
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏👇

မန္တလေး နှင့် စစ်ကိုင်းအပါအဝင် ပြည်နယ်နှင့်တိုင်းအချို့၌ ငါးရက်ခန့် မိုးများနိုင်  7 Apr 2025 ဘင်္ဂလားပင်လယ်အော်တိုင်ပို...
07/04/2025

မန္တလေး နှင့် စစ်ကိုင်းအပါအဝင် ပြည်နယ်နှင့်တိုင်းအချို့၌ ငါးရက်ခန့် မိုးများနိုင်

7 Apr 2025

ဘင်္ဂလားပင်လယ်အော်တိုင်ပိုင်းတွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် ငလျင်ဒဏ်သင့်ခဲ့သည့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသအချို့၌ ငါးရက်ခန့် မိုးများနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ပြောသည်။

လာမည့် ဧပြီ ၁၁ရက်မှ ၁၅ရက်ထိ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာ၀တီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်တို့တွင် မိုးအသင့်အတင့်မှ မိုးများနိုင်မည့် အခြေအနေရှိကြောင်း ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။

"လေဖိအားနည်းရပ်ဝန်းက အားကောင်းလာမဲ့ အခြေအနေတော့ မရှိဘူးလို့ IMD က ပြောထားပေမဲ့ စောင့်ကြည့်တာ ပိုကောင်းပါတယ်။ မဖြစ်နိုင်တော့ဘူးလို့ ပြောပြီးမှ ဖြစ်လာနိုင်မဲ့ အပူချိန်၊ လေထုဖိအား၊ လေတိုက်နှုန်းနဲ့ ရေခိုးရေငွေ့ပါဝင်မှု အခြေအနေတွေက များနေပါတယ်သေးတယ်။ နောက်ပြီး မိုးများနိုင်ခြေရှိပေမဲ့ လက်ရှိအချိန်မှာ မြစ်ရေတွေ ကျဆင်းနေချိန်မို့ ရေကြီးမဲ့ အခြေအနေအတွက် စိုးရိမ်စရာမရှိဘူးလို့ ပြောရပါမယ်" ဟု ဦးဝင်းနိုင်က MPA သို့ပြောသည်။

ထို့ကြောင့် ငလျင်ဒဏ်သင့်ထားသည့် ဒေသများအနေဖြင့် မိုးရွာသွန်းနိုင်မှု အခြေအနေများကို ကြိုတွက်ကာ မိုးကာနှင့် ရွက်ဖျင်တဲကြီးများကို ကြိုတင်ပြင်ဆင်ထားရန် ၎င်းက အသိပေးထားသည်။

"ရှေ့ရက်က မိုးရွာပေမဲ့ ညီမတို့က အိမ်ထဲမှာနေတော့ အခက်အခဲ သိပ်မရှိပါဘူး။ အိမ်ကိုတော့ ညီမသူငယ်ချင်း အင်ဂျင်နီယာက လာစ်ပေးပြီး နေလို့ရတယ်ဆို့လို့ နေကြတာပါ၊ ငလျင်ကြောင့် အုတ်နည်းနည်းပြိုသွားတဲ့ကားခန်းဘေးက အုတ်တံတိုင်းတော့ ပြင်ပြီးသွားပြီ၊ မီးကတော့ အခုတလော မှန်နေတယ်။ ပျက်လဲ ခဏလောက်ပဲ" ဟု မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီ ရှစ်ရက် နံနက် ပိုင်းထိ မိုးလေဝသခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာကွက် မိုးထစ်ချုန်းရွာနိုင်သည်ဟု ထုတ်ပြန်ထားသည်။

လက်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီး ၁၀ရက်ကြာချိန်တွင် ပြည်တွင်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအချို့ ရပ်နားထားမှုများရှိလာပြီး ပြည်ပနိုင်ငံမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အဖွဲ့အချို့သည်လည်း ငလျင်ကယ်ဆယ်ရေးလုပ်ငန်း ပြီးဆုံးသွားသည့်အတွက် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားသည်များလည်းရှိနေသည်။

"ကျတော်တို့အဖွဲ့ စစ်ကိုင်းဆင်းပြီး ကူညီကယ်ဆယ်ရေးလုပ်ပေးတဲ့ အပိုင်းကတော့ ပြီးသွားပါပြီ၊ လက်ရှိ မန္တလေးဘက် ပြန်တက်နေပါပြီ၊ ဒါပေမဲ့ ပြန်လည်ထူထောင်ရေးအတွက် လှူထားတဲ့ အလှူငွေတွေနဲ့ ပစ္စည်းတွေ လိုက်ဝယ်ပေးဖို့ရှိပါတယ်။ ကျတော်တို့အနေနဲ့ ကိုယ်တိုင်လည်း မြေပြင်မှာ လိုက်လှူသလို ပစ္စည်းဝယ်ပေးတဲ့အပိုင်းလည်း လုပ်ဆောင်ပေးနေပါတယ်။ မိုးရွာရင်တော့ သွားရ၊ လာရ၊ လုပ်ကိုင်ရတာ အလုပ်မတွင်ဘဲ အခက်အခဲပိုဖြစ်စေနိုင်ပါတယ်ဗျ " ဟု Helping Hands Volunteering Group မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ငလျင်ကြီးလှုပ်ခတ်ခဲ့သည့်နေ့မှ စတင်ကာ ယနေ့အချိန်ထိ နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ခတ်မှုရှိနေသေးပြီး နေအိမ်ပြိုပျက်ခဲ့သူများ၊ ပြိုကျခါနီးနှင့် အက်ကွဲနေသည့် အဆောက်အအုံများ၌ မနေထိုင်ရဲသည့် မန္တလေးဒေသခံများသည် လမ်းမပေါ်၊ မြေကွက်လပ်၊ ကျုံးဘေး၊ ကွင်းပြင်နှင့် ဘောလုံးကွင်းများ၌ နေထိုင်နေရပြီး ဧပြီ ငါးရက်နေ့က မိုးရွာသွန်းခဲ့မှုကြောင့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည်။

ပြီးခဲ့သည့် ဧပြီ ငါးရက်က မန္တလေးနှင့် စစ်ကိုင်းမြို့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ငလျင်ရှောင် Camp များပျက်စီးခြင်းနှင့် ဆိုလာမီးတိုင်များ ပြိုလဲမှုများဖြစ်ပေါ်ခဲ့ရသည်။

Photo-MPA (ပုံစာ- ဧပြီငါးရက်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မန္တလေးမြို့ရှိ Campများ ပျက်စီးခဲ့မှု)

Ruby Land Gurkha(News and Media)

(English below) ငလျင်ဘေးဒဏ်သင့်ခဲ့ရတဲ့ စစ်ကိုင်းနှင့် မန္တလေးဆီပို့ဆောင်ဖို့ WFP ရဲ့ ရိက္ခာတင်ကားတွေက ရန်ကုန်ကနေ နေ့စဥ်ဆ...
07/04/2025

(English below) ငလျင်ဘေးဒဏ်သင့်ခဲ့ရတဲ့ စစ်ကိုင်းနှင့် မန္တလေးဆီပို့ဆောင်ဖို့ WFP ရဲ့ ရိက္ခာတင်ကားတွေက ရန်ကုန်ကနေ နေ့စဥ်ဆိုသလို ဆက်လက်ထွက်ခွာလျက်ရှိပါတယ်။

ငလျင်ဒဏ်ကို အဆိုးရွားဆုံးထိခိုက်ခံစားခဲ့ရသူများကို ကူညီပေးဖို့အတွက် WFP မှာ အားဖြည့်ဘီစကစ် စုစုပေါင်း မက်ထရစ်တန် ၂၀၀ ကျော်ရှိပြီး၊ နိုင်ငံအတွင်း သိုလှောင်ထားတဲ့ စားနပ်ရိက္ခာအမျိုးမျိုး ၇,၀၀၀ မက်ထရစ်တန်လည်း အသင့်ရှိနေပါတယ်။

WFP ဟာ ငလျင်ဘေးတုံ့ပြန်မှုလုပ်ငန်း ပထမအဆင့်အနေနဲ့ လူဦးရေပေါင်း ၁၀၀,၀၀၀ ကို အရေးပေါ် စားနပ်ရိက္ခာအထောက်အပံ့တွေ ဖြန့်ဝေပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။

Almost every day, WFP food trucks are on the move from Yangon, bringing vital food assistance to those affected by the earthquake in Mandalay & Sagaing.

WFP has over 200 metric tons of ready-to-eat food available, with an additional 7,000 metric tons of food stocks in-country to assist those hardest hit.

WFP aims to reach 100,000 people with emergency food assistance in the first phase.

Crd Nation Myanmar.

တစ်ဘက်တစ်လမ်းမှ တတ်နိုင်သလောက်​​​ထောက်ပံ့ကူညီစေခြင်း အကျိုးငှာ မိုးကုတ်မြို့ပရဟိတလူငယ်အဖွဲ့မှ ငလျင်ဘေးသင့်ပြည်သူများအတွက...
07/04/2025

တစ်ဘက်တစ်လမ်းမှ တတ်နိုင်သလောက်​​
​ထောက်ပံ့ကူညီစေခြင်း အကျိုးငှာ

မိုးကုတ်မြို့ပရဟိတလူငယ်အဖွဲ့မှ ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူလိုက်ခံနေသော ပုံရိပ်တစ်ချို့

photo

ငလျင်ကြောင့်ပျက်စီးသွားသော လမ်းပိုင်းတစ်ချို့ပြန်လည်ပြင်ဆင်ပြီးစီး3/7/2025မန္တလေးငလျင်ကြောင့် ပျက်စီးသွားသော အမရပူရမြို့...
07/04/2025

ငလျင်ကြောင့်ပျက်စီးသွားသော လမ်းပိုင်းတစ်ချို့ပြန်လည်ပြင်ဆင်ပြီးစီး

3/7/2025
မန္တလေး

ငလျင်ကြောင့် ပျက်စီးသွားသော အမရပူရမြို့နယ် ၊ စစ်ကိုင်း-မန္တလေး မြို့ပတ်လမ်းအား အမရပူရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း၊ MBCCD.Ltd မိသားစုမှ စက်ယာဉ်ယန္တရားကြီးများ ၊ ကျွမ်းကျင်လုပ်သားများ၊Engineer များအား အသုံးပြု၍ ပျက်စီးလမ်းမ အပိုင်းများအား ပြုပြင်တည်ဆောက် လှူဒါန်းလျက်ရှိကြောင်း MBCCD.Ltd မှ ထုတ်ပြန်ထားပါသည် ။

ခုလက်ရှိသွားလာနေရသော မိုးကုတ် မန္တလေးလမ်း၊ လမ်းပိုင်းကိုလည်း တစိတ်တစ်ပိုင်း ပြန်လည် ပြင်ဆင်ပြီးစီးကြောင်သိရှိရပါသည်။

ဓာတ်ပုံ - MBCCD.Ltd
Photo&post -Crd #

🙏မိုးကုတ်မြို့ ​​​​​​​ရေ​ပူရပ်နေ ဒေါ်မီနူးနှင့်သမီးDiya တို့သည် မန္တလေးမြို့တွင် သားမိသုံးယောက် မှတ်ပုံတင်လာလုပ်နေစဉ် ၂၈...
29/03/2025

🙏မိုးကုတ်မြို့ ​​​​​​​ရေ​ပူရပ်နေ ဒေါ်မီနူးနှင့်သမီးDiya တို့သည် မန္တလေးမြို့တွင် သားမိသုံးယောက် မှတ်ပုံတင်လာလုပ်နေစဉ် ၂၈.၃.၂၀၂၅နေ့တွင် ၇၃-၂၉ထောင့်ရှိတိမ်ဖြူဟိုတယ်တွင် ငလျင်ဘေးကြောင့် ပိတ်မိနေသောကြောင့် အကူညီအမြန်ဆုံးလိုအပ်နေပါသည်။ ၃ယောက်ပိတ်မိရာတွင် အမဖြစ်သူလွတ်လာပီး အကူညီတောင်းနေပါသဖြင့် အမြန်ဆုံးကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။🙏

(နိုင်ငံတကာ သတင်း)ရဟတ်ယာဉ် ပျက်ကျမှုတွင် အီရန် သမ္မတ ရိုင်စီ အပါအဝင် အဆင့်မြင့် အစိုးရအရာရှိများ သေဆုံးဟု အီရန်အစိုးရ အတ...
20/05/2024

(နိုင်ငံတကာ သတင်း)

ရဟတ်ယာဉ် ပျက်ကျမှုတွင် အီရန် သမ္မတ ရိုင်စီ အပါအဝင် အဆင့်မြင့် အစိုးရအရာရှိများ သေဆုံးဟု အီရန်အစိုးရ အတည်ပြု

======================

ဒေသစံတော်ချိန် မေလ ၂၀ ရက်နေ့တွင် အီရန် အစိုးရသတင်းဌာနနှင့် အမျိုးသား ရုပ်သံဌာနတို့က ရဟတ်ယာဉ် ပျက်ကျမှုတွင် အီရန် သမ္မတ ရိုင်စီ အပါအဝင် အဆင့်မြင့် အစိုးရအရာရှိများ သေဆုံးသွားကြောင်း အတည်ပြုကြေညာခဲ့သည်။ အီရန် ဒုသမ္မတ မန်ဆူရီကလည်း အီရန်သမ္မတ ရိုင်စီ သေဆုံးသွားခြင်းကို လူမှုမီဒီယာတွင် အတည်ပြုခဲ့သည်။

နေ့အပူချိန်များ တကျော့ပြန်မြင့်တက်လာဦးမယ်================================== ရန်ကုန်။ ၂၀၂၄၊ မေ ၁၅ ရက် မြန်မာနိုင်ငံတစ်ဝန်...
15/05/2024

နေ့အပူချိန်များ တကျော့ပြန်မြင့်တက်လာဦးမယ်
==================================

ရန်ကုန်။ ၂၀၂၄၊ မေ ၁၅ ရက်

မြန်မာနိုင်ငံတစ်ဝန်းတွင် နေ့အပူချိန်များ တကျော့ပြန်မြင့်တက်လာဦးမယ်လို့ မိုးဇလပညာရှင်များက တူညီစွာ ခန့်မှန်းသုံးသပ်လိုက်ပါတယ်။

ယနေ့ မေ ၁၅ ရက်နေ့ ကမ္ဘာအပူဆုံး ၁၅ မြို့စာရင်းမှာ မြန်မာနိုင်ငံက ချောက် နှင့် မကွေးမြို့တို့ ပြန်လည် ပါဝင်လာပြီး အပူချိန် ၄၄ ဒီဂရီဆဲလ်စီးရပ်စ် ကျော်အထိ ရှိနေတာကြောင့် နိုင်ငံတစ်ဝန်း ကြိုတင်ခန့်မှန်းချက်တွေအရလဲ လာမယ့် တနင်္ဂနွေ၊ တနင်္လာ(မေ ၁၉ - ၂၀)အထိ ဆက်လက်ကာ ပူနေပါဦးမယ်လို့ မိုးဇလပညာရှင် ဦးဝင်းနိုင်က သုံးသပ်ထားပါတယ်။

ဦးဝင်းနိုင်က “မေလ၂၁ ၊ ၂၂ ရက် လေဖိအားနည်းရပ်ဝန်းမဖြစ်ပေါ်မီ မြန်မာနိုင်ငံအရပ်ရပ်တွင် အပူချိန်များမြင့်တက်နေဦးမည်ဖြစ်ပြီး ယနေ့ မေလ ၁၅ ရက် ကမ္ဘာ့အပူဆုံး ၁၅ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံမှ ချောက်မြို့နှင့်မကွေးမြို့တို့ပါဝင်နေကြောင်းတွေ့ရပါတယ်။ မေလ ၂၀ ၊ ၂၁ ရက်ကျော်လွန်သည်အထိ အပူချိန်များတကျော့ပြန်မြင့်မားလာခြင်းကို သတိပြုကြဖို့နဲ့ မေလ ၂၀ ရက်ကျော်ပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် ထူးခြားမိုးလေဝသဖြစ်စဉ်များအခြေအနေကို ဂရုပြုနားစွင့်ပေးကြပါရန် အသိပေးတင်ပြလိုပါတယ်”လို့ ၎င်းရဲ့ခန့်မှန်းသုံးသပ်ချက်ကို မျှဝေထားပါတယ်။

ထို့အတူ မြန်မာနိုင်ငံတွင် နေ့တစ်နေ့၏အမြင့်ဆုံးအပူချိန် ရောက်ရှိသောအချိန်မှာ မွန်းလွဲ ၂နာရီမှ ညနေ ၄နာရီ အတွင်းဖြစ်ပြီး အဆိုပါ အချိန်အတွင်း အတတ်နိုင်ဆုံး အပြင်မထွက်ဘဲအရိပ်ရနေရာများမှာ နေထိုင်ကြဖို့နဲ့ ဖြစ်နိုင်ပါက အရိပ်ရအပင်များစိုက်ပျိုးသင့်သလို ရှိပြီးသားအရိပ်ရအပင်များကို မခုတ်ဘဲထားကြဖို့လည်း မိုးဇလပညာရှင် ဦးဝေဖြိုးဟန် (လေကြောင်းမိုးလေဝသ) က အကြံပြုထားပါတယ်။

ဦးဝေဖြိုးဟန် (လေကြောင်းမိုးလေဝသ)က “ယနေ့ မေလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့မှာ ယခုလက်ရှိ အပူချိန်ထက် နေ့အပူချိန်များ မြင့်တက်လာကာ ပူပြင်းခြောက်သွေ့မှုဒဏ်ကို သိသိသာသာ ခံစားရလာနိုင်တယ်လို့ ခန့်မှန်း တွက်ချက်ရရှိထားပါတယ်။ ဒီဖြစ်စဉ်ဟာ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီ ပင်လယ်ပြင်တို့မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ဖို့ အားယူတော့မှာမို့ ကုန်တွင်းပိုင်းတွေကို ရေငွေ့မပို့တော့ပဲ ပင်လယ်ပြင်မှာ ရေငွေ့စုဆောင်းတော့မှာဖြစ်လို့ မိုးမရွာတော့ပဲ မိုးတိမ်တောင်ဖြစ်ထွန်းမှုပါနည်းလာပြီး နေရောင်ခြည်တိုက်ရိုက်ရောက်ရှိလာမှုတို့ကြောင့် ပူပြင်းခြောက်သွေ့မှုဒဏ်ကို သိသိသာသာ ခံစားရလာတော့မှာဖြစ်ပါတယ်”လို့ မေ ၁၄ ရက်နေ့ ညနေပိုင်းက ဆိုထားပါတယ်။

ထို့အပြင် ယခုအကြိမ် အပူဒဏ်ကိုသိသိသာသာ ခံစား ရနိုင်သော နေရာများတွင် နွေရာသီနှုတ်ဆက်အပူဖြစ်သလို တစ်နွေလုံးပူပြင်းထားခဲ့လို့ စိမ်းလန်းသော သစ်ပင်များနည်းပါးလာခြင်း၊ အယ်နီညိုကြောင့် အပင်ကြီးဖြစ်မှ အပူလွန်ကဲကာရွက်ကြွေသေဆုံးခြင်း၊ မြေဆီလွာအောင်းရေ အခြေအနေမှာလည်း ခြောက်သွေ့အခြေအနေမှာ ရှိနေခြင်း၊ မြေအောက်ရေကျဆင်းမှုကြောင့် ရေဒိပ်ဝေးလာခြင်းတို့ကြောင့် နေ့အပူချိန် တိုးလာခြင်းသည် လူသားတို့အပေါ်ထိခိုက်မှုများလာနိုင်ပြီး အပူချိန်ကြောင့် အန္တရာယ်ရှိလာနိုင်သူများမှာ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် ရောဂါအခံရှိသူများဖြစ်သောကြောင့် သက်ဆိုင်ရာ မိသားစုဝင်များမှ ထိခိုက်ပျက်စီးမှု နည်းအောင် ကာကွယ်စောင့်ရှောက်ကြဖို့လည်း ဦးဝေဖြိုးဟန်က အကြံပြုထားပါတယ်။

အပူချိန်သက်သာမယ့် အချိန်အဖြစ် လာမယ့် မေလ၂၂ရက်နေ့နောက်ပိုင်းတွင် ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာပြီး မြန်မာတစ်နိုင်ငံလုံး အပူငြိမ်း မိုးများရွာသွန်းလာရာမှ အပူချိန်မြင့်တက်မှုဟာရုတ်ခြည်း ပြန်လည်လျော့နည်းလာနိုင်တယ်လို့လည်း သူက ခန့်မှန်းထားပါတယ်။

Photos- Win Naing , Wai Phyo Han

Address

Mogok

Alerts

Be the first to know and let us send you an email when Ruby Land Gurkha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ruby Land Gurkha:

Share