12/03/2026
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကျင်းပခဲ့သည့် နီပေါနိုင်ငံ ရွေးကောက်ပွဲ၏ မတ်လ ၈ ရက်နှင့် ၉ ရက်တို့တွင် ထွက်ပေါ်လာသောကနဦးရလဒ်များအရ Gen Z လူငယ် တော်လှန်ရေးခေါင်းဆောင် ဘာလန်ဒရာရှာသည် နိုင်ငံ၏ ဝန်ကြီးချုပ် ဖြစ်လာရန်သေချာသလောက်ရှိနေသည်။
ဆန္ဒပြပွဲများအတွင်း လူပေါင်းများစွာ သေဆုံးခဲ့ပြီး အစိုးရပြုတ်ကျသွားပြီးနောက် ပထမဆုံးကျင်းပသည့် ရွေးကောက်ပွဲတွင် ဘာလန်နှင့် ၎င်းဦးဆောင်သည့် Rastriya Swatantra (RSP) ပါတီက ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မတ်လ ၅ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအတွက် မဲရေတွက်မှု အဆုံးသတ်ရန် နီးကပ်လာချိန်တွင် RSP ပါတီသည်တိုက်ရိုက်ရွေးကောက်ခံ အမတ်နေရာ ၁၆၅ နေရာအနက် ၁၂၂ နေရာထက်မနည်းတွင် အနိုင်ရရှိထားသည်။
"ဒါဟာ Gen Z လှုပ်ရှားမှုအပေါ် အကောင်းဆုံး ထောက်ခံချက်ပေးလိုက်တာပါပဲ။ ကျဆုံးသွားတဲ့ Gen Z အာဇာနည်တွေအတွက်စစ်မှန်တဲ့ ဂုဏ်ပြုမှုဆိုတာ ဘာလန်ဒရာရှာ ဦးဆောင်တဲ့ အစိုးရက နေ့စဉ်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေကတဆင့်သက်သေပြသွားမှာပါ" ဟု RSP ပါတီ၏ အကြီးတန်းခေါင်းဆောင် ရာမက်ရှ် ပေါ်ဒီယယ်က ပြောသည်။
အသက် ၃၅ နှစ်အရွယ်ရှိ အင်ဂျင်နီယာတစ်ဦးဖြစ်သူ ရှာသည် ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ ပြဿနာနှင့် အဂတိလိုက်စားမှုများကို ဝေဖန်တိုက်ခိုက်သည့် ရက်ပရ်အဆိုတော်တစ်ဦးအဖြစ် ကျော်ကြားခဲ့သူဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် ခတ္တမန္ဒူမြို့တော်ဝန်အဖြစ် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ပြီးနောက် မြို့တော်ကို သန့်ရှင်းရေးလုပ်ခြင်းနှင့် တရားမဝင် အဆောက်အအုံများကို ဖယ်ရှားခြင်းစသည့် လုပ်ငန်းများကို အားတိုက်သရော လုပ်ဆောင်ခဲ့သည်။
ဘာလန်သည် ဝါရင့်နိုင်ငံရေးသမား အိုလီနှင့် ၎င်း၏နယ်မြေဖြစ်သော Jhapa-5 မဲဆန္ဒနယ်တွင် ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ရာ ၆၈,၃၄၈ မဲ ရရှိပြီး၊ အိုလီက ၁၈,၇၂၄ မဲသာ ရရှိခဲ့ကာ အပြတ်အသတ် အနိုင်ရရှိခဲ့သည်။
ကျွမ်းကျင်သူများကမူ ဘာလန်ဒရာရှာတွင် စိန်ခေါ်မှုများစွာ ရှိနေသေးကြောင်း ထောက်ပြထားသည်။ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များ၏ ကြီးမားသော မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးရန်၊ အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေးရန်နှင့်အိန္ဒိယ၊ တရုတ်နိုင်ငံတို့ကြားရှိ နီပေါ၏ နိုင်ငံခြားရေးမူဝါဒကို ကိုင်တွယ်ရန်တို့သည် ခက်ခဲသော တာဝန်များ ဖြစ်လာမည်ဖြစ်သည်။
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက နီပေါရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းအတွက် ဂုဏ်ယူကြောင်းနှင့်အစိုးရသစ်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
(၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့က နီပေါနိုင်ငံ Bhaktapur မြို့၌ ကျင်းပသော မဲဆွယ်ပွဲတစ်ခုတွင် ဘာလန်ဒရာရှာကို တွေ့ရစဉ်။ ဓာတ်ပုံ −EPA)ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကျင်းပခဲ့သည့် နီပေါနိုင်ငံ ရွေးကောက်ပွဲ၏ မတ်လ ၈ ရက်နှင့် ၉ ရက်တို့တွင် ထွက်ပေါ်လာသောကနဦးရလဒ်များအရ Gen Z လူငယ် တော်လှန်ရေးခေါင်းဆောင် ဘာလန်ဒရာရှာသည် နိုင်ငံ၏ ဝန်ကြီးချုပ် ဖြစ်လာရန်သေချာသလောက်ရှိနေသည်။

မတ်လ ၅ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအတွက် မဲရေတွက်မှု အဆုံးသတ်ရန် နီးကပ်လာချိန်တွင် RSP ပါတီသည်တိုက်ရိုက်ရွေးကောက်ခံ အမတ်နေရာ ၁၆၅ နေရာအနက် ၁