မိုးကုတ်နေ့စဥ်

မိုးကုတ်နေ့စဥ် Mogok Daily (TikTok - ) News

10/09/2025
04/09/2025
❤Mogok❤ (1996-2003)
02/09/2025

❤Mogok❤ (1996-2003)

a really magical place. I hope its possible to go back sometime soon. If any Burmese friends can help me with the locations , that would be great. Thanks.
UPDATE....It IS now again possible to visit and several friends are there now. Look forward to seeing new pictures!

01/09/2025
29/08/2025
25/08/2025

🟢 မိုးကုတ်အရှေ့ပိုင်း ဗုံး ထပ်ကြဲခံရ၊ ထိခိုက်ဒဏ်ရာရသူရှိ
https://shwepheemyay.org
ယာရူစိင်၊ ဩဂုတ် ၂၅ ရက်၊ မိုးကုတ်

PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးထပ်ကြဲခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဩဂုတ် ၂၅ ရက် ည ၁၁ နာရီဝန်းကျင်မှာ မိုးကုတ်မြို့အရှေ့ပိုင်း စည်ပင်သာယာရပ်ကွက်ရှိ ဆင်တောင်ကျောင်းအနီးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံ အမျိုးသားတစ်ဦးက "လက်ရှိတော့ ဆင်တောင်ကျောင်းနားလို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာ ရတာမျိုးလည်း ရှိပါတယ်။ အတိအကျတော့ မသိသေးဘူး။ ဂေါ်ရခါးတွေ နေထိုင်တဲ့ ရပ်ကွက်ပါ” လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရွှေဖီမြေအနေနဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့ ဩဂုတ် ၂၅ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ကျောက်မဲမြို့ ပိန္နဲကုန်း ဝါဆိုကျောင်းအနီးကို စစ်တပ်က ဂျက်လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချခဲ့တာကြောင့် ကိုရင် ၃ ပါး ထိမှန်ဒဏ်ရာ ရခဲ့ပြီး နေအိမ် ၂၀ နီးပါးလည်း ပျက်စီးခဲ့ပါတယ်။

ဒီနေ့ညပိုင်းမှာလည်း မိုးမိတ်မြို့နယ်ထဲ လေကြောင်းကနေ ဗုံးကြဲခံရပေမဲ့ ထိခိုက်သေဆုံးမှုကတော့ မသိရသေးပါဘူး။

https://www.facebook.com/100068918215879/posts/1097081199265810/
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/

Telegram
https://t.me/spmnewsagency2019

23/08/2025

🟢 နောင်ချို-မိုးကုတ်လမ်းပိုင်းရှိ ကျေးရွာ ၃ ရွာမှာ တိုက်ပွဲ ပြင်းထန်နေ
https://shwepheemyay.org
မိုင်းရူပ၊ သြဂုတ် ၂၃ ရက်၊ နောင်ချို

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီတပ် ပြန်ရပြီးနောက် နောင်ချို-မိုးကုတ်လမ်းပိုင်းရှိ ကျေးရွာတွေမှာ စစ်တပ်ဘက်က ဆက်လက် ထိုးစစ်ဆင်နေပြီး လက်ရှိ ကျေးရွာ ၃ ခုမှာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

နောင်ချို-မိုးကုတ်လမ်းပေါ်ရှိ ချောင်းဆုံ၊ နာကြိုင်းနဲ့ ရတနာသင်္ဂိ စတဲ့ကျေးရွာတွေမှာ စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲ ပြင်းထန်နေတာပဲ ဖြစ်ပါတယ်။

“စစ်တပ်ဘက်က အင်အား အများအပြား သုံးပြီး ထိုးစစ် လုပ်တာ။ ဒီရက်ပိုင်း ချောင်းဆုံ၊ ရတနာသင်္ဂိ၊ နာကြိုင်း ရွာကြားတွေမှာ တိုက်ပွဲ ပြင်းထန်နေတယ်” လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ် စစ်ကြောင်းဟာ နောင်ချို-မိုးကုတ်လမ်းပေါ်ရှိ ကျေးရွာတွေကို ဆက်တိုက် ထိုးစစ်ဆင်နေတာဖြစ်ပြီး ဆမ္မဆယ်၊ သုံးဆယ်၊ ဟိုခိုနဲ့ ဒိုးပင် စတဲ့ကျေးရွာကြီးတွေကိုလည်း ဆက်တိုက် သိမ်းယူနေပြီး ဒိုးပင်ရွာအကျော်က ကျေးရွာတွေကို ဆက်လက် ထိုးစစ် ဆင်နေတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာမှာလည်း စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။

#ဓာတ်ပုံ- Facebook
https://www.facebook.com/100068918215879/posts/1095422529431677/
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/

Telegram
https://t.me/spmnewsagency2019

23/08/2025

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဆေးဝါးသယ်ယူခွင့်ပိတ်ထားတာကြောင့် ဆီးချို၊ သွေးတိုးကျဆေးအ....

06/03/2024
29/02/2024
22/11/2023

#ရွှေလိပ်ပြာ #မိုးကုတ် #မြန်မာ

Address

Mogok

Website

Alerts

Be the first to know and let us send you an email when မိုးကုတ်နေ့စဥ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share