18/10/2025
စစ်ရှောင်ပြည်သူများအား အာဟာရအားဖြည့်ထောက်ပံ့ခြင်း
——————————————————————————
၂၀၂၅ခုနစ်၊ အောက်တိုဘာလ၊ ၁၈ရက်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ်အတွင်းက နှစ်ရှည်စစ်ရှောင်စခန်းတနေရာကို
“ ဒေါ်သီတာနှင့် သမီးမအေးဖြိုးဖြိုးခိုင်မှ မွေးနေ့အထိမ်းအမှတ် အလှူအဖြစ် “ မွေးနေ့ရှင်သားအမိနှစ်ဦး၏ ကိုယ်စား မြေပြင်မှာရှိတဲ့ We Are People"အဖွဲ့သားများမှ ထမင်းတနပ်စာ အာဟာရဒါန အားဖြည့်ကျွေးမွေးခဲ့ပါတယ် ။
စစ်ဘေးရှောင် ၊မီးဘေးသင့် ပြည်သူများ၊ကြားကာလပညာရေးကျောင်းများနှင့် အမှန်တကယ်လိုအပ်နေသော တပ်ရင်း တပ်ဖွဲ့များထံသို့ကူညီနိုင်ရန် မိဘပြည်သူများ၏ကူညီမှုများလဲ အထူးလိုအပ်နေပါတယ် ။
ကျနော်တို့ "We Are People " အဖွဲ့လေးသည် ရန်ပုံငွေ ရှိရင်ရှိသလို မြေပြင်မှာ အမှန်တကယ် ရွေ့လျားနေတဲ့ အဖွဲ့ငယ်လေးဖြစ်ပါသည် ။
သို့ပါသောကြောင့် မိဘပြည်သူများအနေဖြင့် နည်းများမဆို ပါဝင်ကူညီလှူဒါန်းလို့ပါက "We Are People " ရဲ့ Page မှာ လာရောက်ဆက်သွယ်ပြီး ကူညီလှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည် ။
#မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးဗဟိုဌာနချုပ်
#စစ်ရှောင်နှင့်မီးဘေးသင့်ပြည်သူများကူညီရေးဌာနခွဲ
#ငါတို့အားလုံးဟာပြည်သူတွေ