29/05/2023
Hello...🌈🌈
ဒီနေ့မှာတော့ မကြာခင်လာမယ့် Day of rainbow event မှာပါမယ့် items တွေနဲ့ ticket လေးတွေအကြောင်းကိုပြောပြပေးမှာပါ။
🎫ပထမဆုံး ticket လေးတွေအကြောင်းပါ။
Event မှာပါတဲ့ items ဝယ်ဖို့ candle, heart တွေမလိုဘဲ ticket လေးတွေလိုက်စုရုံနဲ့ player အသစ်တွေရော အဟောင်းတွေရော ဝယ်နိုင်အောင်လုပ်ပေးတာဖြစ်မယ်ပေါ့နော်။
Event tickets တွေက သက်ဆိုင်ရာ event ချိန်မှာပဲအသုံးပြုလို့ရမှာဖြစ်ပြီး event ကုန်လို့ ပိုနေတဲ့ ticket တွေက ပျောက်သွားမယ်...ထင်တာပဲ🤭
နောက် event ကျမှ ပြန်ပေါ်လာမလားမသိပေမယ့် normal candle အဖြစ်တော့ ပြောင်းမသွားပါဘူး။
ခုလာဖို့ရှိတဲ့ Event တွေက
🌈 Day of rainbow
🎶 Day of music
🎉 Sky 4th anniversary
၃ခုလုံးအတွက် ticket 3 မျိုးရှိပါတယ်။
🌈 Day of rainbow
Global gp မှာတော့ May 31 - Jun 13 ထိလို့ တစ်ယောက်ပြောတာတွေ့ပါတယ်။ အတိအကျတော့ မသိသေးပါဘူး။
Event location ကတော့ prairie က 8 player door, Oreo area မှာပါ။
သက်ဆိုင်ရာ color တွေနဲ့ spirit 8 ခုရဲ့ရှေ့မှာ သူတို့အရောင်အတိုင်း cape ဝတ်ပြီး အရောင်စုံသွားရင် အပေါ်က တိမ်တွေပေါ်ကိုတက်လို့ရမှာပါ။ ဒီတိုင်းလဲ wing များရင်တက်ရပေမယ့် သူကကျ လွယ်လွယ်တက်ရပြီး လှလဲလှတယ်ပေါ့။ Cape လဲတဲ့အခန်းလဲရှိလို့ လိုတဲ့အရောင်ပြောင်းဝတ်ရုံပါပဲ။
🌈 Rainbow ticket location
🎫 Event area မှာ bubble (4) ခုရှိပါမယ်။ လိုက်ရှာရမှာပါ။
🎫 အပေါ်မှာပြောတဲ့ 8 color ပြည့်ရင် အလယ်မှာ bubble ပေါ်လာပါလိမ့်မယ်။ သူ့ဆီကနေ (4) ခုရပါမယ်။
🎫 "Find the end of the rainbow" ပါတဲ့ quest ကနေ (4) ခုထပ်ရပါမယ်။
🎫 Bonus အနေနဲ့က daily quests ကနေထပ်ရနိုင်သလို forest က သက်တံ့ပေါ်တဲ့နေရာနားမှာလဲ တစ်ခုရှိပါမယ်။ (2)ခု အပိုထပ်ရမှာပါ။
တစ်ရက်ကို ticket 10-14 ရနိုင်ချေရှိပါမယ်။ Event တိုင်းက ၂ပတ်လာနေကျဆိုတော့ ပိုရင်တောင်ပိုဦးမှာပါ။
အောက်ကပုံလေးတွေမှာ candle, heart,ticket,iap list တွေထည့်ပေးထားပါတယ်။❤️
Pic crd by;
https://sky-children-of-the-light.fandom.com/wiki/Sky_Beta/Event_Draft
https://instagram.com/thatskykidfreya?igshid=NTc4MTIwNjQ2YQ==