
24/09/2025
ဂျပန်မှာ တစ်ညလုံး အရက်သောက်ပြီး
လမ်းဘေးမှာ အိပ်ပျော်နေတဲ့သူတစ်ယောက်ကို
တွေ့ရတာ မဆန်းပါဘူး။ 🍶💤
သူတို့ကို သွားနှိုးတာမျိုး မလုပ်ဘဲ
လေးစားတဲ့အနေနဲ့ တစ်ယောက်တည်း
ထားခဲ့လေ့ရှိကြပါတယ်။
တစ်ခါတလေ လမ်းသွားလမ်းလာတွေက
နိုးလာရင် ရေသောက်နိုင်ဖို့အတွက်
ရေသန့်ဘူးလေးတွေ ဘေးနားမှာ ချထားပေးတာ
ဒါမှမဟုတ်
ရေဗူးတွေနဲ့ ဝိုင်းပေးထားတာမျိုးတွေတောင်
လုပ်ပေးတတ်ကြပါတယ်။
ဒါဟာ မပြောမဆိုဘဲ ကြင်နာတတ်တဲ့
လုပ်ရပ်တစ်ခုဖြစ်ပြီး ဂျပန်ယဉ်ကျေးမှုက
သူတစ်ပါးရဲ့ အားနည်းချိန်တွေမှာတောင်မှ
စာနာမှု၊ လေးစားမှုနဲ့ ရှက်ရွံ့အောင်
မလုပ်ခြင်းဆိုတဲ့ တန်ဖိုးတွေကို ဘယ်လောက်အလေးထားလဲဆိုတာ ပြသနေပါတယ်။❤️
-အရက်မူးပြီး အိပ်ပျော်နေသူတွေ
လစာစားဝန်ထမ်း (salarymen) လို့ခေါ်တဲ့
လုပ်ငန်းခွင်ဝင် အမျိုးသားတွေဟာ
သူတို့ရဲ့ဝတ်စုံအပြည့်နဲ့ ခုံတန်းလျားတွေ
လမ်းဘေးပလက်ဖောင်းတွေ၊ လမ်းမပေါ်တွေမှာပါ အိပ်ပျော်နေတာကို တွေ့ရလေ့ရှိပါတယ်။
ဂျပန်ဘာသာစကားမှာ ဒီလိုအပြုအမူကို
rojo-ne (路上寝) လို့ခေါ်ပြီး
"လမ်းပေါ်မှာ အိပ်ခြင်း" လို့
တိုက်ရိုက်အဓိပ္ပာယ်ရပါတယ်။
ဒီလိုမြင်ကွင်းမျိုးကို လူတွေက
သည်းခံလက်ခံထားကြပါတယ်။
အထူးသဖြင့် အလုပ်နဲ့ပတ်သက်တဲ့
လူမှုရေးစုဝေးမှုတွေမှာ
အရက်အလွန်အကျွံသောက်တာကို
ယဉ်ကျေးမှုအရ နားလည်ပေးထားကြပါတယ်။
ဒီလိုပါတီပွဲတွေဟာ
ဂျပန်ရဲ့ ပြင်းထန်တဲ့လုပ်ငန်းခွင်ဖိအားတွေကနေ
စိတ်ဖိစီးမှုတွေကို ဖြေလျှော့ဖို့
နည်းလမ်းတစ်ခုဖြစ်ပြီး
အရက်သောက်တာကို "စိတ်ကို လျှော့ချခြင်း"
အဖြစ် မြင်ကြပါတယ်။☺️
ရေသန့်ဘူးချထားပေးတာ တွေက
တကယ်ရှိတဲ့ လုပ်ရပ်တွေပါ။
ဒါတွေဟာ သူတစ်ပါးကို ဂရုစိုက်တယ်ဆိုတာကို
အသိမပေးဘဲ လေးစားစွာပြသတဲ့
အပြုအမူတွေဖြစ်ပြီး နိုးလာတဲ့အခါမှာ
အဆင်ပြေစေဖို့ ရည်ရွယ်တာပါ။
ဒါဟာ ဂျပန်လူမျိုးတွေရဲ့
ယဉ်ကျေးသိမ်မွေ့မှု၊ လူမှုသဟဇာတဖြစ်မှုနဲ့
သူတစ်ပါးကို မရှက်ရအောင်
ထိန်းသိမ်းပေးတဲ့ တန်ဖိုးတွေကို ထင်ဟပ်စေပါတယ်။
ပြင်ပလူတွေအတွက် ထူးဆန်းနိုင်ပေမယ့်
ဂရုစိုက်ကြောင်း ပြသတဲ့ အလွန်လှပတဲ့
နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။🥰
Sharing Myanmar