Thanlar Media

Thanlar Media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thanlar Media, Media/News Company, Bogyoke Street, Monywa.

(၇၈) နှစ်မြောက် လုထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် LOCAL PDF များမှ မုံရွာ - ချောင်းဦးလမ်းပ...
19/06/2023

(၇၈) နှစ်မြောက် လုထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် LOCAL PDF များမှ မုံရွာ - ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ ပျောက်ကြားသပိတ်ပြုလုပ်
---------------------------
၂၀၂၃ခုနစ်၊ ဇွန်လ၊ ၁၉ရက်

ယနေ့ နံနက် (၆)နာရီ (၃၀)မိနစ်အချိန်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လုထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည် ၏ (၇၈)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် LocalPDF မဟာမိတ်ညီနောင်( ၅ ) ဖွဲ့တို့မှ ပျောက်ကြားသပိတ်ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါ ပျောက်ကြားသပိတ်ကို
Monywa Revolution Force -MRF ၊
One Way Revolution Force ၊
Royal God People Defence Force-RGPDF ၊
Yarkuzar Revolution Force နှင့်
Monywa Dynamite STS မဟာမိတ်ညီနောင်များပူးပေါင်း၍ အကြမ်းဖက်စခများ အထိုင်ချတပ်စွဲထားသော နေရာများဖြစ်သည့် စွမ်းရည်ထက် ဆီဆိုင်အနီးတစ်နေရာ၊ ကညန ရုံး အနီးတစ်နေရာ ၊ ရေဦးဆန်ဆိုင်ဂိတ်အနီး တစ်နေရာ၊ စက်မှုဇုန်သုံးထောင့်ချွန်းအနီးတစ်နေရာနှင့် အကြမ်းဖက် ပျူစောထီးများနေထိုင်ရာ တောပုကျေးရွာအဝင် အစရှိသော နေရာများအနီးအနားထိသွားရောက်၍ ပန်းသပိတ်၊လမ်းလျောက်သပိတ်နှင့် လုထုခေါင်းဆောင်အား အချူပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်စေရန်အတွက် ဆန္ဒပြုဆုတောင်းဂုဏ်ပြုရင်း မွေးနေ့ကိတ်ခွဲ၍ ပျောက်ကြားသပိတ်ကို အောင်မြင်စွာပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။




မိဘပြည်သူများထံ သတင်းများ ပြန်လည်တင်ဆက်မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း----------------------------------၂၀၂၃ခုနစ်၊ ဇွန်လ...
07/06/2023

မိဘပြည်သူများထံ သတင်းများ ပြန်လည်တင်ဆက်မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း
----------------------------------
၂၀၂၃ခုနစ်၊ ဇွန်လ၊ ၇ရက်

တော်လှန်ရဲဘော်အပေါင်းနှင့် မိဘပြည်သူများအားလုံး မင်္ဂလာရှိသောအချိန်အခါမဟုတ်ပေမယ့် မင်္ဂလာပါလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ကျွနု်ပ်တို့ Thanlar Media သလ္လာမီဒီယာသည် သတင်းများတင်ဆက်မှုကို အကြောင်းအမျိုးမျိုးကြောင့် တနှစ်ကျော်ခန့် ရပ်နားထားခဲ့ရာမှ ယနေ့အချိန်မှစတင်၍ မိဘပြည်သူများရှေ့မှောက်ထံ အရောက်ပြန်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

ကျွနု်ပ်တို့ သလ္လာမီဒီယာမှ မုံရွာခရိုင်နှင့် အနီးပတ်လည်ခရိုင်များမှ နယ်မြေသတင်းများ၊ မှုခင်းသတင်းများ၊ စစ်ကြောင်းသတင်းများ၊ တော်လှန်ရေးသတင်းများကို လက်လှမ်းမှီသလောက် တင်ပြသွားမည်ဖြစ်ပြီး တော်လှန်မီဒီယာတစ်ခုဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။

လက်တလောတွင် မည်သူ့ထံမှ အကူအညီအထောက်အပံ့ ရယူထားခြင်းမရှိသည့် လွတ်လပ်သောမီဒီယာတစ်ခုဖြစ်သည်ကိုလည်း အသိပေးအပ်ပါသည်။ လွတ်လပ်သောမီဒီယာဟုဆိုရာတွင်လည်း မီဒီယာကျင့်ဝတ်စည်းကမ်းများနှင့်အညီသာ ရှေ့ဆက်သွားမည်ဖြစ်သည်။


#သလ်လာမီဒီယာ_မုံရှာ

ပြည်တွင်းစစ်၊ ဆင်းရဲမွဲတေမှုနဲ့ ကချင်ဒေသက ဝတ်လစ်စလစ်ရုပ်ပုံများအတွေးအမြင်ကဏ္ဍ - ဧပြီ ၁၇၊ ၂၀၂၂။ ဒေါ်မေရမ်*တစ်ယောက် သမီးဖြ...
09/05/2022

ပြည်တွင်းစစ်၊ ဆင်းရဲမွဲတေမှုနဲ့ ကချင်ဒေသက ဝတ်လစ်စလစ်ရုပ်ပုံများ

အတွေးအမြင်ကဏ္ဍ - ဧပြီ ၁၇၊ ၂၀၂၂။

ဒေါ်မေရမ်*တစ်ယောက် သမီးဖြစ်သူရဲ့ဖုန်းကို ယူကြည့်တဲ့အခါ ဓာတ်ပုံတွေအများအပြားကို မြင်ပြီး ရုတ်တရက်ကိုယ့်မျက်လုံးကို ကိုယ်မယုံနိုင်ဖြစ်သွားပါတယ်။

သမီးဖြစ်သူရဲ့ တရုတ်လုပ်ဖုန်းထဲမှာ သမီးဖြစ်သူရဲ့ မိမွေးတိုင်းဖမွေးတိုင်း ဓာတ်ပုံတွေအများကြီးရှိနေတဲ့အတွက် စိုးရိမ်ဒေါသစိတ်ကို မနည်းထိန်းချုပ်ပြီး ဓာတ်ပုံတွေအကြောင်း သမီးဖြစ်သူကို ချော့မော့မေးခဲ့ရတယ်။

"အစကတော့ သမီးကငြင်းတာပေါ့။ ရေချိုးရင် အပျော်ရိုက်တာလို့ပြောတယ်။ ဒါပေမဲ့ မဖြစ်နိုင်မှန်းသိတယ်လေ။ သေချာမေးတော့မှ ပိုက်ဆံပေးမယ်လို့ ပြောတဲ့သူကို ပို့လိုက်ပြီဆိုတာ သိလိုက်ရတယ်။ ကျွန်မရင်ကွဲမတတ် ခံစားခဲ့ရတယ်။ ဓာတ်ပုံတွေဘယ်ကို ရောက်သွားပြီလဲဆိုတာတော့ ကျွန်မလည်း သေချာမသိပါဘူး" လို့ ပြောပါတယ်။

ငွေကြေးနွမ်းပါးသည့် ဒေါ်မေရမ်ဟာ မိခင်တစ်ဦးအနေနဲ့ပဲ သားသမီးသုံးယောက်ကို တောင်ယာအလုပ်လုပ်ရင်း ကျွေးမွေးပြုစုနေသူဖြစ်ပါတယ်။

၁၇ နှစ်အရွယ်သမီးက ပူဆာလွန်းတာကြောင့် လွန်ခဲ့တဲ့ ခြောက်လလောက်က မောင်ဖြစ်သူရဲ့ ငွေကြေးအကူအညီနဲ့ ဖုန်းဝယ်ပေးခဲ့တာပါ။

ဖုန်းဆိုလျင် တစ်ဦးနဲ့တစ်ဦးဖုန်းခေါ်ဖို့နဲ့ ဖေ့စ်ဘုတ်သုံးဖို့လောက်ပဲ နားလည်ပြီး သမီးဖြစ်သူကို လေလှိုင်းပေါ်ကနေ လိမ်လည်ပြီး လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မယ့်သူတွေ ရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မစဉ်းစားမိခဲ့။

"အဲလိုရှိမှန်းလည်း မသိဘူး။ နားလည်းမလည်ဘူး။ သမီးက ကျွန်မတို့မိသားစု ပိုက်ဆံမတတ်နိုင်တာသိတယ်။ သူကလည်း အမေကိုကူမယ်ဆိုတဲ့ စေတနာနဲ့ မသိလို့ခံလိုက်ရတာဖြစ်မှာပါ" ဟု မျက်ရည်ဝဲကာ ပြောပြတယ်။

ဒေါ်မေရမ်ရဲ့ သမီးဖြစ်သူရဲ့ ဓာတ်ပုံတွေဟာ လိင်အသားပေးရုပ်ပုံတွေကို အခကြေးငွေနဲ့ဖြစ်စေ အခမဲဖြစ်စေဖြန့်ဝေနေတဲ့ Telegram နဲ့ VK ပေါ်မှာရှိတဲ့ ဂရုတွေနဲ့ ချန်နယ်တွေပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

တယ်လီဂရမ်ဂရု (Telegram Group) ဆိုတာ ဘာလဲ
=============
စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူတစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ပြောဆိုတာကို ကြားဖြတ်နားထောင်တာမျိုးမလုပ်နိုင်ဖို့ လုံခြုံတဲ့ဆက်သွယ်ရေး အက်ပလီကေးရှင်းတစ်ခုအဖြစ်နဲ့ တယ်လီဂရမ်ဟာ မြန်မာနိုင်ငံမှာ လူသုံးများလာပါတယ်။

တယ်လီဂရမ်ကို လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ ဝါသနာတူတွေက သတင်းအချက်အလက်ဖြန့်ဝေဖို့ နည်းပညာမျှဝေဖို့၊ ဇာတ်ကားအခမဲ့ဖြန့်ဝေဖို့အပြင် စစ်ရေးဆိုင်ရာအချက်အလက်မျှဝေတာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရော စစ်ကောင်စီဝါဒဖြန့်တဲ့သူတွေကပါ အသုံးပြုကြပါတယ်။

မြန်မာနိုင်ငံမှာလူသုံးအများဆုံး ဖေစ့်ဘုတ်လူမှုကွန်ရက်က ညစ်ညမ်းပုံတွေဖြန့်ဝေတာကို တင်းကြပ်လိုက်တဲ့အတွက် တယ်လီဂရမ်ဟာလည်း ဒီလိုညစ်ညမ်းပုံဖြန့်ဝေတဲ့သူတွေ ခိုအောင်းတဲ့ နေရာတစ်ခုဖြစ်လာပါတယ်။

The 74 Media ရဲ့ စုံစမ်းလေ့လာမှုအရ အမျိုးသမီးဝတ်လစ်စလစ်ရုပ်ပုံတွေ၊ ညစ်ညမ်းဗွီဒီယိုတွေနဲ့ တခြားလိင်အသားပေး ဓာတ်ပုံနဲ့ ရုပ်သံတွေကို ဖုန်းဘေလ် တစ်ထောင်ထည့်ပြီးဝင်ကြည့်ရတဲ့ ဂရုတွေရှိသလို ငွေကျပ်တစ်သောင်းကို Kpay ဒါမှမဟုတ် Wave ကနေ လွှဲပေးပြီး ဝင်ရတဲ့ ဂရုတွေ အများကြီးရှိနေပါတယ်။

ဒီလို ပိုက်ဆံပေးပြီးဝင်ရတဲ့ ဂရုတွေ ဘယ်လောက်အထိရှိသလဲဆိုတာကိုတော့ ခန့်မှန်းဖို့ခက်ခဲပါတယ်။

ဒီဂရုကို စီမံတဲ့သူတွေဟာ ညစ်ညမ်းတယ်လီဂရမ်ဂရုတွေကို စီးပွားဖြစ်လုပ်ဆောင်နေကြတာဖြစ်ပြီး အခကြေးငွေပေးရတဲ့ ဂရုတချို့မှာ လူထောင်ချီရှိကြပါတယ်။

အခကြေးငွေတစ်ကြိမ်ပေးရုံနဲ့ တစ်သက်စာအဖွဲ့ဝင်ဖြစ်တဲ့ဂရုတွေရှိသလို သုံးလတစ်ကြိမ်အခကြေးငွေ ပေးရတဲ့ ဂရုတွေလည်း ရှိပါတယ်။

အမျိုးသမီးတွေရဲ့ ဝတ်လစ်စလစ်ရုပ်ပုံတွေ ဈေးကွက်ဝင်တဲ့အထိ ဖြစ်နေတာဟာ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ ဖိုဝါဒကြီးစိုးတဲ့ လက္ခဏာတစ်ခုဖြစ်တယ်လို့ ကျားမရေးရာပညာရှင် ဘောက်တောင် (အမည်လွှဲ) က ပြောပါတယ်။

"အမျိုးသမီးတွေကို အမျိုးသားတွေထက်နှိမ့်ကျသူတွေ၊ လိင်ဖျော်ဖြေရမယ့်သူတွေလို့ လူ့အသိုင်းအဝိုင်းက ရှုမြင်ထားတဲ့အတွက် ဖြစ်တာပေါ့" ဟု ဆိုသည်။

ဝတ်လစ်စလစ်ပုံများ အကြောင်းအမျိုးမျိုးကြောင့် လူထုကြားထဲပျံ့နှံ့သွားပါက အမျိုးသမီးများဖြစ်သူကိုသာ အပြစ်တင်တတ်ကြတယ်လို့ သူမက ဆက်ပြောပါတယ်။

"လူမှုပတ်ဝန်းကျင်က အမျိုးသမီးတွေကိုဆိုရင် ပိုပြီး လူမှုပြစ်ဒဏ် (social punishment လုပ်) ခံရ တတ်ကြတယ်။ ဒီလိုလူမှုပြစ်ဒဏ်ပေးလို့ သားသမီးချင်းကိုယ်ချင်းစာသလားဆိုတော့လည်း ယောကျာ်းထုကြီးက ရတဲ့နည်းနဲ့ ပြန်ရှာကြည့်၊ ခိုးကြည့်ပြီး အမြတ်ထုတ်နေကြတာပဲ။ ဒါကြောင့်လည်း ဒီလိုတယ်လီဂရမ်ဂရုတွေမှာ လူထောင်နဲ့ သောင်းနဲ့ချီရှိနေကြတာပေါ့" ဟု ပြောသည်။

ညစ်ညမ်းစာပေ၊ ညစ်ညမ်းဓာတ်ပုံများနှင့်ပတ်သက်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၂ နှင့်၂၉၃ တို့ဖြင့် အရေးယူနိုင်သည်။

ညစ်ညမ်းစာအုပ်၊ စာရွက်စာတမ်း၊ ရုပ်ပုံ၊ ပန်းချီကားနှင့် အရာဝတ္ထုအစရှိသည်တို့ကို ရောင်းချ၊ ထုတ်ငှား၊ ဖြန့်ဝေခြင်းနှင့် အများပြည်သူမြင်သာအောင်ပြသသည်ဟု ပြစ်မှုထင်ရှားပါက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၂ အရ သုံးလအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။။

ထို့အပြင် အသက်မပြည့်သေးသောသူတစ်ဦးဦးကို ညစ်ညမ်းသောအရာဝတ္ထုတစ်ခုခု ရောင်းခြင်း၊ ငှားခြင်း၊ ဝေငှခြင်း၊ ပြခြင်း၊ ဖြန့်ချိခြင်း ပြုလုပ်ပါက ထိုသူကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၃ အရ ခြောက်လအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။။

အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန်ဖြစ်စေ၊ ဂုဏ်သိက္ခာကျဆင်းစေရန်ဖြစ်စေ အီလက်ထရွန်နစ်နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း စသည်တို့ကိုလုပ်ဆောင်ပါက အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၄(ဃ) အရ ထောင်ဒဏ်ငါးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။။

ကချင်ပြည်နယ်က မိန်းကလေးငယ်နဲ့ အမျိုးသမီးတွေရဲ့ ရုပ်ပုံများ
=============
The 74 Media က စုံစမ်းလေ့လာတဲ့အခါ တယ်လီဂရမ်နဲ့ VK လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ လူမြင်ဖို့ မသင့်တော်တဲ့ ဝတ်လစ်စလစ်ရုပ်ပုံတွေမှာ ကချင်ဒေသက အမျိုးသမီးတွေအများအပြားပါဝင်နေတာကို တွေ့ရှိခဲ့ပါတယ်။

ကချင်ဒေသက အမျိုးသမီးတွေမှန်း သိရှိနိုင်တာက ဒေသတွင်းဘာသာစကားတွေကို ပြောဆိုနေတဲ့ ရုပ်သံတွေ၊ ကချင်ပြည်နယ်အတွင်းက နေရာတွေကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ဓာတ်ပုံတွေ ပါဝင်နေတဲ့အပြင် ဓာတ်ပုံတချို့မှာ ကာယကံရှင်အမျိုးသမီးအသုံးပြုတဲ့ ဖေ့စ်ဘုတ်လူမှုကွန်ရက်အကောင့်တွေကိုလည်း ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်က မိန်းကလေးငယ်နဲ့ အမျိုးသမီးတွေရဲ့ ရုပ်ပုံတွေ ညစ်ညမ်း တယ်လီဂရမ်ဂရုတွေထဲ ပျံ့နှံ့နေတာကို လေ့လာကြည့်ရင် အဓိကအခြေခံအကြောင်းအရင်း နှစ်မျိုးကို တွေ့ရှိရပါတယ်။

အဲဒီအကြောင်းအရင်းနှစ်မျိုးက ညစ်ညမ်းပုံတွေကို အမျိုးသမီးဖြစ်သူရဲ့ ရည်းစားဟောင်းက ဖြန့်ဝေတာနဲ့ ပိုက်ဆံပေးမယ်လို့ အယုံသွင်းပြီး အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပါအဝင် မိန်းကလေးတွေရဲ့ ဝတ်လစ်စလစ်ဓာတ်ပုံတွေနဲ့ ရုပ်သံတွေကို လိမ်လည်ရယူဖြန့်ချိတာဖြစ်ပါတယ်။

ရည်းစားဟောင်းက ဖြန့်ဝေတယ်လို့ သိရှိနိုင်တာက အမျိုးသမီးဖြစ်သူနဲ့ ဓာတ်ပုံပေးပို့တဲ့ ရည်းစားဖြစ်သူတို့ messenger လူမှုကွန်ရက်ကနေ ဆက်သွယ်ပြောဆိုထားတာ၊ ကိုယ်လုံးတီးပုံတွေကို အမျိုးသမီးက ပေးပို့နေတဲ့ ရုပ်ပုံ (screenshot) တွေပါဝင်သလို ရည်းစားဟောင်းက တယ်လီဂရမ်ဂရုပိုင်ရှင်ကို ပေးပို့ပြောဆိုတဲ့ ရုပ်ပုံ (screenshot) တွေ ပါဝင်ပါတယ်။

တချို့ကလည်း ရည်းစားဖြစ်သူနဲ့ အတူနေတဲ့အချိန် အပျော်သဘောနဲ့ ရိုက်ကူးထားပေမယ့် ဖုန်းခိုးယူခံရတဲ့အချိန် ဒါမှမဟုတ် ခင်မင်ရင်းနှီးသူက ဖုန်းငှားရမ်းအသုံးပြုချိန်မှာ တွေ့ရှိသွားပြီး ဖြန့်ချိခံရတာမျိုးလည်း ရှိပါတယ်။

တယ်လီဂရမ်ဂရုတွေပေါ်ပျံ့နှံ့နေတဲ့ အဲလိုရုပ်ပုံတွေထဲ အမျိုးသမီးဖြစ်သူအသုံးပြုတဲ့ ဖေ့စ်ဘုတ်လူမှုကွန်ရက်ရဲ့ ရုပ်ပုံ (screenshot) ပါဝင်နေပြီး ကချင်၊ ရှမ်း နာမည်တွေဖြစ်တဲ့အပြင် နေထိုင်တဲ့နေရာမှာ မြစ်ကြီးနား၊ ဝိုင်းမော်၊ ပူတာအို စသဖြင့် ဖော်ပြထားတာကို တွေ့ရပါတယ်။

တချို့ရုပ်သံတွေမှာ ကချင်လူမျိုးစုစကားတွေဖြစ်တဲ့ ဂျိန်းဖော့နဲ့ ရဝမ်ဘာသာစကားပြောတာတွေ ကြားရပါတယ်။

ကချင်ဒေသကအမျိုးသမီးတွေကို ဝတ်လစ်စလစ်ပုံတွေပေးရင် ပိုက်ဆံသိန်းဆယ်ချီပေးမယ်လို့ အယုံသွင်းပြီး ညစ်ညမ်းပုံတွေ ရယူတာကလည်း တယ်လီဂရမ်ဂရုတွေမှာ ပျံ့နှံ့ရတဲ့ ဒုတိယအကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။

The 74 Media ရဲ့ စုံစမ်းလေ့လာချက်အရ လိမ်လည်ခံရသူ မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးအများစုဟာ ငွေကြေးပေးပို့တဲ့ Wave Money ဝန်ဆောင်မှုကနေ ငွေပေးပို့ထားပြီလို့ အယုံသွင်းပြီး ဓာတ်ပုံတွေကို တောင်းယူတဲ့နည်းလမ်းကို အသုံးပြုကြပါတယ်။

ဒီလို လိမ်လည်ခံရသူတွေထဲမှာ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့်၊ မိုးညှင်းနဲ့ ပူတာအိုဒေသက ဆယ်ကျော်သက် မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ပါဝင်ပါတယ်။

မိန်းကလေးတွေကို လိမ်လည်သူတွေဟာ ငွေကြေးချမ်းသာတဲ့သူတွေအတွက် အလုပ်လုပ်ပေးနေတာဖြစ်ပြီး သူတို့ရဲ့ သူဌေးဖြစ်သူက ဝတ်လစ်စလစ်ပုံတွေကြည့်ချင်တဲ့အတွက် ပုံပို့ပေးရင် သိန်း ၄၀ ပေးမယ်လို့ စတင်စည်းရုံးပါတယ်။

အဲဒီနောက် ပြုပြင်ထားတဲ့ Wave Money ငွေလွှဲဓာတ်ပုံ (screenshot) အတုကိုပြပြီး ဓာတ်ပုံတွေပို့တာနဲ့ ငွေလွှဲထားတဲ့ စကားဝှက်ပေးမယ်လို့ စည်းရုံးပါတယ်။ ဓာတ်ပုံတွေ လိုချင်သလောက်ရတာနဲ့ အဆက်ဖြတ်လိုက်တဲ့နည်းကို အသုံးပြုကြတာပါ။

လိမ်လည်ခံရသူတွေရဲ့ ဓာတ်ပုံတွေကို လေ့လာကြည့်ရင် ငွေကြေးမပြည့်စုံတဲ့ မိသားစုနောက်ခံရှိကြတာကို တွေ့ရပြီး တက္ကသိုလ်ကျောင်းသူတွေ၊ သူနာပြုဆရာမတွေအပြင် ကချင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထိန်းချုပ်နယ်မြေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမတွေအထိ ပါဝင်ပါတယ်။

ဒီလိုလိမ်လည်ခံရသူတွေထဲ အသက် ၁၄-၁၅ နှစ်အရွယ်လို့ ယူဆရတဲ့ မိန်းကလေးငယ်တွေ ပါဝင်နေတာဖြစ်တဲ့အတွက် မိန်းကလေးတွေအပေါ် အင်တာနက်ပေါ်ကနေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာဟာ အလွန်စိုးရိမ်စရာကောင်းနေတယ်လို့ ဆိုရမှာပါ။

ဓာတ်ပုံတွေရဲ့ နောက်ခံတွေကိုကြည့်ရင် ထရံကာအိမ်တွေအများစုကို မြင်တွေ့ရတဲ့အပြင် တချို့အိမ်တွေရဲ့ ထရံတွေပေါက်ပြဲနေတဲ့အတွက် ညစ်ညမ်းပုံပျံနှံ့ခဲ့တဲ့ မိန်းကလေးငယ်အများစုဟာ အခြေခံလူတန်းစားမိသားစုက ဖြစ်ကြတယ်လို့ ခန့်မှန်းမိပါတယ်။

မိန်းကလေးငယ်တွေကို လိင်ပစ္စည်းတစ်ခုအနေနဲ့ လိမ်လည်ခေါင်းပုံဖြတ်အမြတ်ထုတ်ဖို့ ကြိုးစားတဲ့သူတွေ ဆက်ပြီး ရှိနေဦးမှာဖြစ်တဲ့အတွက် အယုံမလွယ်ဖို့လိုသလို မိမိရဲ့ အများမမြင်သင့်တဲ့ပုံတွေကို သူတစ်ပါးဆီ လွယ်လွယ်နဲ့ မပေးမိဖို့ သတိချပ်သင့်ပါတယ်။

အသက် ၁၄-၁၅ မိန်းကလေးငယ်တွေကို ဖုန်းပေးကိုင်ထားတဲ့ မိဘတွေအနေနဲ့လည်း ကိုယ့်ရဲ့သမီးပျိုတွေကို ဖုန်းကိုင်တဲ့အခါ သတိထားရမယ့်ကိစ္စရပ်တွေကို သေချာသင်ကြားပေးသင့်တဲ့အပြင် ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြထားသင့်ပါတယ်။

ကိုယ့်သမီးကိုင်တဲ့ဖုန်းကို မကြာခဏယူကြည့်ပြီး ဘာတွေဝင်ကြည့်နေသလဲ၊ ဘာတွေကိုစိတ်ဝင်စားနေသလဲ၊ ဘယ်သူနဲ့ ဘာတွေပြောနေသလဲဆိုတာကိုလည်း စောင့်ကြည့်သင့်တယ်လို့ စာရေးသူအကြံပြုပါတယ်။

နိဂုံး

မြန်မာ့လူ့အသိုင်းအဝိုင်းဟာ ကျားမရေးရာကိစ္စရပ်နဲ့ ပတ်သက်ရင် ရှေးရိုးစွဲအမြင်တွေကို ကိုင်စွဲထားတတ်ကြသလို မိန်းကလေးတွေကို လိင်ပစ္စည်းတစ်ခုအနေနဲ့ ရှုမြင်တတ်တဲ့ပုရိသတွေ အများအပြားရှိနေဆဲဖြစ်ပါတယ်။

ဒီအခြေအနေကို ပြောင်းလဲနိုင်ဖို့ အသိပညာပေးလုပ်ငန်းတွေကို ပညာရေးစနစ်မှာ ထည့်သွင်းရမှာဖြစ်သလို လက်ရှိတော်လှန်ရေးကာလမှာလည်း လက်ရှိကမ္ဘာ့အခြေအနေနဲ့ မသင့်တော်တဲ့ ရှေးရိုးစွဲဝါဒတွေကိုပါ တွန်းလှန်ပစ်နိုင်ရင် ပိုကောင်းတဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာမှာပါ။

နိုင်ငံကျော် မော်ဒယ်လ်တွေဖြစ်ကြတဲ့ လုလုအောင်၊ သဉ္စာဝင့်ကျော်နဲ့ တခြားအမျိုးသမီးတွေဟာ OnlyFans နဲ့ Exantria လိုနေရာတွေကနေ တစ်လကို သိန်းရာချီဝင်နိုင်ပေမယ့် ကျန်တဲ့ သာမန်ပြည်သူတွေထဲက မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေဟာ အချစ်ကြောင့် ဒါမှမဟုတ် ငွေကြေးလိုအပ်ချက်တွေနဲ့ ဂုဏ်သိက္ခာကို မလဲမိဖို့ အလေးထားဂရုပြုသင့်ပါတယ်။

ဘဝကို ခက်ခက်ခဲခဲရုန်းကန်ရှင်သန်နေကြရတဲ့ ဒေါ်မေရမ်တို့ သားအမိဟာ မသမာသူလူတစ်စုကြောင့် အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရတဲ့အတွက် သူတို့လိုအဖြစ်မျိုး ဘယ်သူ့ကိုမှ မကြုံစေချင်ဘူးလို့ ဆိုပါတယ်။

"ကျွန်မတို့လို ခက်ခဲတဲ့သူတွေ အများကြီးရှိမှာပဲလေ။ ဒီလိုရိုးရိုးသားသားနေကြတဲ့သူတွေအပေါ် မရက်စက်ကြပါနဲ့လို့ပဲ တောင်းဆိုချင်ပါတယ်။ ဘယ်သူ့ကိုမှလည်း အပြစ်မတင်ပါဘူး။ ကျွန်မတို့လိုအဖြစ်ဆိုးမျိုး ဘယ်သူမှမကြုံရပါစေနဲ့။"

*ဒေါ်မေရမ်ဆိုတာ ကျင့်ဝတ်အရ အမည်လွှဲပေးထားတဲ့ နာမည်ဖြစ်ပါတယ်။

08/05/2022

8.5.2022ရက်နေ့
၁၀နာရီ၂၀မိနစ်

မုံရွာ🚩🚩🚩
ယနေ့မနက်အစောပိုင်းအချိန်တွင် မအူဂိတ်အနီး
စိုက်ပျိုးရေးကွင်းမှ စစ်ခွေးများဟာ မုံရွာမြို့နယ် ရွာပုလဲရွာဘက်သို့ ၆၀မမဖြင့်ပစ်ခတ်ပြီး လက်နက်ကြီး 2လုံးမှာ တစ်လုံးက ရွာပုလဲရွာထဲမှ နေအိမ်တစ်အိမ်ပေါ်သို့ကျရောက်ပြီး နောက်တစ်လုံးမှာ ဘုန်းကြီးကျောင်းထဲသို့ကျသွားကြောင်းသိရပါတယ်။

ထိုသို့ပစ်ခတ်ပြီးနောက် အင်အား၂၀ခန့်ဖြင့်
စစ်ခွေးများဟာ မုံရွာမြို့နယ် ကျောက်ဖူးကျေးရွာရှိ
​ပြည်သူများပိုင်ဆိုင်သော ကွမ်းခြံ ၅ခြံခန့်ကို
မီးရှို့ဖျတ်ဆီးသွားပြီး ယခု ရွာပုလဲရွာမှတစ်ဆင့် လယ်ဇင်ကျေးရွာ ကုက္ကုသာန် ဘုရားအနီးရောက်ရှိကာ ပြည်သူ၂ဦးအား ဖမ်းဆီးထားကြောင်း သိရှိရပါတယ်။

#မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး

မုံရွာတွင် အုပ်ချုပ်ရေးမှုးနေအိမ်အပါအဝင် နေရာအနှံ့မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ဗုံးဖောက်ခွဲဇန်နဝါရီ၈၊သလ္လာမီဒီယာ၊မုံရွာစစ်...
08/01/2022

မုံရွာတွင် အုပ်ချုပ်ရေးမှုးနေအိမ်အပါအဝင် နေရာအနှံ့မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ဗုံးဖောက်ခွဲ

ဇန်နဝါရီ၈၊သလ္လာမီဒီယာ၊မုံရွာ

စစ်ကိုင်းတိုင်း၊မုံရွာတွင် ယနေ့ဇန်နဝါရီ၈ရက်နေ့ မွန်းလွှဲပိုင်းမှစတင်ပြီး ထန်းတောအုပ်ချုပ်ရေးမှုး ညိုဝင်းနေအိမ်အပါအဝင် နေရာအနှံ့မြို့ပြပြောက်ကျားတပ်ဖွဲ့များက ဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့သည်ဟု သိရသည်။

ဗုံးဖောက်ခွဲခံရသောနေရာများသည် ထန်းတောအုပ်ချုပ်ရေးမှုး ညိုဝင်းနေအိမ်၊မြေနဲ မင်းရွာ၊ပုရစ်ကုန်းမြောက်ရွာနှင့်တောင်ရွာ၊တောပု၊အောင်မင်္ဂလာမီးပွိုင့်ဘုရားနီနှင့်ဇောတိကဘုန်းကြီးကျောင်း၊စစ်ကောင်စီတပ်သားကင်းပုန်းဝပ်နေရာများကို ဗုံးဖောက်ခွဲမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါဖောက်ခွဲမှုကို Monywa The Boys၊Monywa NightKing၊MonywaNinjaနှင့်Red Code Revolutionမြို့ပြပြောက်ကျားအဖွဲ့၄ဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်သည်။

#မုံရွာသလ္လာမီိဒီယာ

မုံရွာတွင် အမျိုးသား၄ဦးအသတ်ခံရဇန်နဝါရီ၈၊သလ္လာမီဒီယာ၊မုံရွာစစ်ကိုင်းတိုင်း၊မုံရွာမြို့ တောင်မတောတွင် ယမန်နေ့ဇန်နဝါရီ၇ရက်န...
08/01/2022

မုံရွာတွင် အမျိုးသား၄ဦးအသတ်ခံရ

ဇန်နဝါရီ၈၊သလ္လာမီဒီယာ၊မုံရွာ

စစ်ကိုင်းတိုင်း၊မုံရွာမြို့ တောင်မတောတွင် ယမန်နေ့ဇန်နဝါရီ၇ရက်နေ့ မွန်းလွှဲပိုင်းကက အမျိုးသား၄ဦး အသ တ်ခံရကြောင်း မုံရွာသလ္လာသတင်းဌာနမှ သိရသည်။

အဆိုပါအမျိုးသား၄ဦးသည် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များဖြစ်တယ်လို့ လတ်တလောသိရှိရပြီး အသ တ်ခံရသူ၄ဦးမှာ တနေရာစီဖြစ်တယ်လို့ သိရပါတယ်။

အသ တ်ခံရသူ၄ဦးသည် ပျူစောထီးဟုတ်မဟုတ် မုံရွာသလ္လာသတင်းဌာနမှဒေသခံများနှင့်ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ၎င်းတို့၄ဦး၏ ရုပ်အလောင်းကို လာရောက်မယူဆောင်ဘဲ အရပ်ဖက်အဖွဲ့အစည်းများမှ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ယနေ့ဆေးရုံကြီးမှ ပိုင်ရှင်မဲ့အလောင်း၄ဦး သဂြိုလ်ပေးလိုက်သည်ဟု သိရှိရ၍ မုံရွာသလ္လာသတင်းဌာနမှ အသ တ်ခံရသူ၄ဦး၏ရုပ်အလောင်းဟုတ်မဟုတ် အတည်ပြုဖို့ စုံစမ်းနေဆဲဖြစ်သည်။

"ဘုံရန်သူကိုလည်း ချေမှုန်းကျ၊တပ်ပေါင်းစုကိုလည်း တည်ဆောက်ကြ"ဆောင်ပုဒ်ဖြင့် ဖက်ဆစ်စစ်တပ်ဆန့်ကျင်ရေး သပိတ်သစ်ကြောင်း ၅/အရာတ...
08/01/2022

"ဘုံရန်သူကိုလည်း ချေမှုန်းကျ၊တပ်ပေါင်းစုကိုလည်း တည်ဆောက်ကြ"ဆောင်ပုဒ်ဖြင့် ဖက်ဆစ်စစ်တပ်ဆန့်ကျင်ရေး သပိတ်သစ်ကြောင်း ၅/အရာတော်မြို့နယ်က ယနေ့ညနေတွင် ချီတက်ခဲ့ကြသည်။

မုံရွာသလ္လာမီဒီယာ

Address

Bogyoke Street
Monywa

Website

Alerts

Be the first to know and let us send you an email when Thanlar Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share