Avocado Lover

Avocado Lover ဒေသထွက်သစ်သီးဝလံ န‌ှင့် စားသောက်ကုန်များ

📣📣ရာသီပေါ် ကုန်ပစ္စည်းဖြစ်သည့် အတွက် စျေးနှူန်း အတက် အကျ အပြောင်းအလဲရှိပါသည်
📣📣နယ်ဝေးမှ့ ယုံကြည်စွာဖြင့် အားပေးကြသော ချစ်မိတ်ဆွေcustomerများအားလုံး ခင်ဗျာ
ငွေလွဲဝင်ပြီးမှ ကားဂိတ်အရောက် ပစ္စည်းပို့ ပါမည်
📣📣ပစ္စည်းပို့ရသည့်မြို့ အနီးအဝေးပေါ်မူတည်၍ တန်ဆာခ အပြောင်းအလဲရှိပါမည်

📣📣AvL pageကို ယုံကြည်မူအပြည့်နှင့် အားပေးကြတဲ့ ချစ်customerများအားလုံး ကိုယ်စိတ်နှစ်ပါး ပျော်ရွှင်ချမ်းမြေ့ကြပါစေ
ဘေးအန္တရာယ်ကင်းဝေးကြပါစေ

ထောပတ်သီး နဲ့ ပုဇွန် ဖက်ထုပ်ကြော်စားကြည့်ရအောင်😋😋🥶🥶
24/09/2023

ထောပတ်သီး နဲ့ ပုဇွန် ဖက်ထုပ်ကြော်စားကြည့်ရအောင်😋😋🥶🥶

😎ဝိတ်မတက် ကျန်းမာရေးနဲညီညွတ်တဲ့ ရိုးရှင်းလွယ်ကူတဲ့ထောပတ်Smoothieလေး လုပ်စားရအောင်ဗျာ-နို့ ၁ဖန်ခွက်-ထောပတ်သီး၁ခြမ်း-သီးမွ...
22/09/2023

😎ဝိတ်မတက် ကျန်းမာရေးနဲညီညွတ်တဲ့ ရိုးရှင်းလွယ်ကူတဲ့ထောပတ်Smoothieလေး လုပ်စားရအောင်ဗျာ
-နို့ ၁ဖန်ခွက်
-ထောပတ်သီး၁ခြမ်း
-သီးမွေးငှက်ပျော၁လုံး
-ပျားရည်၁ဇွန်း ကို( စက်သို့မဟုတ် လက်နဲ့)ရောမွှေကြိတ်ချေကာ သောက်ကြစို့ဗျ
🥑🥑🥑🥑🥑🥑🥑🥑🥑🥑
😋😋😋😋😋😋😋😛😋😋

#ထောပတ်သီးကြိုက်သူများ
#အစားအစာတလိုင်း

22/09/2023

မကြာမှီ လာမည်နော် ချစ်မိတ်ဆွေ အကောင်းကြိုက်သူတို့ရေ

#ဘာကေးနီးယား
#အစားအစာတလိုင်း

#ထောပတ်သီးကြိုက်သူများ

 #ဘာကေးနီးယား #ပီတာဆန် #ပင်ကာတန်  #034 #မြောက်ကျွန်းသူ #အမရာ💢💢ချစ်မိတ်ဆွေတို့ ထောပတ်သီးအမျိုးအစားလေးတွေခွဲခြားတပ်အောင်  ...
22/09/2023

#ဘာကေးနီးယား
#ပီတာဆန်
#ပင်ကာတန်

#034
#မြောက်ကျွန်းသူ
#အမရာ
💢💢ချစ်မိတ်ဆွေတို့ ထောပတ်သီးအမျိုးအစားလေးတွေခွဲခြားတပ်အောင် တင်ပြပေးတာ စျေးကွက်ထဲမှာ သူ့အမျိုးအစား မဟုတ်တဲ့ဒေသအသီးတွေကို နာမည် အမျိုးမျိုးတပ်ပြီး လိမ်ရောင်းနေကြလို့ပါ
🥑🥑အကောင်းကြိုက်တဲ့ ကာကာတို့ အဝယ်မှားမဖြစ်ရအောင် အသီးတွေတင်ပြပေးတာပါဗျ
📌📌ဘာကေးနီးယား အရှည်မသီးပါဘူးခင်ဗျာ

📣📣စောင့်မျှော်နေကြတဲ့ အကောင်းကြိုက်ကြတဲ့ ထောပတ်ချစ်သူ ကာကာတို့ကို

🙏🙏🙏ဒီလကုန် မိုးလွတ် ထောပတ်သီးအရသာ ရှယ်တာနဲ့ Adm စတင်ရောင်းချပေးပါမယ် ခင်ဗျ

#ချစ်မိတ်ဆွေအပေါင်းဘေးအန္တရာယ်အပေါင်းဝေးကွာ ကြ၍ လိုအင်တွေပြည့်ဝကြပါစေ ခင်ဗျာ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ပြည့်ဝ

#ထောပတ်သီးကြိုက်သူများ

#အစားအစာတလိုင်း

   #အစားအစာတလိုင်း  #ထောပတ်သီးကြိုက်သူများ
14/09/2023


#အစားအစာတလိုင်း
#ထောပတ်သီးကြိုက်သူများ


ထောပတ်သီး 🥑------------------------နိုင်ငံခြားမျိုး/ဒေသမျိုးထောပတ်သီးများ၏အသီးရင့်ချိန်များအားအနီးစပ်ဆုံး ဖော်ပြအပ်ပါသည်...
14/09/2023

ထောပတ်သီး 🥑
------------------------
နိုင်ငံခြားမျိုး/ဒေသမျိုး
ထောပတ်သီးများ၏အသီးရင့်ချိန်များအား
အနီးစပ်ဆုံး ဖော်ပြအပ်ပါသည်။

၁။ ပီတာဆန် (Peterson)
ဩဂုတ်လ-စက်တင်ဘာလအတွင်း ရင့်ပါသည်။
အခွံပါးသည့်အတွက် ခူးဆွတ်ပြီးမှည့်ရန်(၂-၃)ရက်သာ​ကြာပါသည်။

၂။Russell 034/034
စက်တင်ဘာလအတွင်း ရင့်ပါသည်။
ပြင်ဦးလွင်ဒေသတွင် အနည်းငယ်သာထွက်ရှိပါသေးသည်။ဈေးကွက်အတွင်းမရောင်းချနိုင်သေးပါ။

၃။အမရာ (Amra)
စက်တင်ဘာလအတွင်း ရင့်ပါသည်။
ပြင်ဦးလွင်ဒေသတွင် အနည်းငယ်သာထွက်ရှိပါသေးသည်။စျေးကွက်အတွင်းမရောင်းချနိုင်သေးပါ။

၄။ဘာကေးနီးယား (Buccaneer)
အောက်တိုဘာလအတွင်းရင့်ပါသည်။
အခွံပါးသည့်အတွက် ခူးဆွတ်ပြီးမှည့်ရန် (၃-၅)ရက်ကြာပါသည်။

၅။ဘွတ်-7 (Booth-7)
အောက်တိုဘာလအတွင်းရင့်ပါသည်။
အခွံပါးသည့်အတွက် ခူးဆွတ်ပြီးမှည့်ရန်(၃-၅)ရက်ကြာပါသည်။

၆။ပင်ကာတန် ( Pinkerton)
အောက်တိုဘာ-နိုဝင်ဘာလအတွင်းရင့်မှပါသည်။
အီသလင်းထုတ်လွှတ်မှုနည်းသောမျိုးဖြစ်သည့်အတွက်ခူးဆွတ်ပြီးမှည့်ရန် (၁၀-၁၅) ရက် ကြာပါသည်။

၇။ဟဇ်(Hass)
နိုဝင်ဘာလ စတင်၍ရင့်ပြီးဒီဇင်ဘာလတွင်ကောင်းစွာရင့်ပါသည်။
ခူးဆွတ်ပြီးမှည့်ရန် (၇-၁၀) ရက် ကြာပါသည်။

၈။မြောက်ကျွန်းသူ
ဒေသသီးမျိုးကောင်းတစ်မျိုးဖြစ်ပါသည်။
ဇန်နဝါရီလတွင် စတင်ရင့်ပါသည်။
ခူးဆွတ်ပြီးမှည့်ရန် (၅-၇)ရက် ကြာပါသည်။

#မှတ်ချက်။ အထက်ဖော်ပြပါ နိုင်ငံခြားမျိုး/ဒေသမျိုး ထောပတ်သီးများသည် ဒေသ/ရာသီဥတု အခြေ အနေ အရခူးဆွတ်ချိန်(၂)ပတ်ခန့် ကွာခြားတတ် ပါသည်။
(ဥပမာ-ပြင်ဦးလွင်-ပြင်စာကျေးရွာရှိ ထောပတ်သီးခြံများမှ အသီးသည် ပြင်ဦးလွင်- ဆေးတလုံးကျေးရွာရှိ ထောပတ် သီးခြံများထက် အသီးစောထွက်ရှိပါမည် )

ထောပတ်သီး၏ ရင့်မှည့်မှုအား
ရင့်မှည့်မှုတိုင်းတာ ကရိယာ
(penetrometer) ဖြင့် တိုင်းတာခြင်းဖြင့်လည်း သိရှိနိုင်ပါသည်..


#ထောပတ်သီးကိုမြတ်နိုးစွာစားသုံးသူတွေကိုလည်းလက်တို့သတိပေးချင်တာလည်းပါ
#အစားအစာတလိုင်း


#ထောပတ်သီးကြိုက်သူများ

🥑🥑🥑Hassနဲ့ပက်သက်တဲ့ အချက်အလက်လေးတွေ ထောပက်သီးကြိုက်တဲ့ မိတ်ဆွေတို့ရောင်းမှား ဝယ်မှားမဖြစ်စေရန် Admက စေတနာနှင့် တင်ပြလိုက...
10/09/2023

🥑🥑🥑Hassနဲ့ပက်သက်တဲ့ အချက်အလက်လေးတွေ
ထောပက်သီးကြိုက်တဲ့ မိတ်ဆွေတို့ရောင်းမှား ဝယ်မှားမဖြစ်စေရန် Admက စေတနာနှင့် တင်ပြလိုက်ပါတယ်
🥑🥑အမျိုးအစား-Hass
🥑🥑Grade-A
🥑🥑ခူးဆွတ်ချိန်-နိုဝင်ဘာလ မှ ဇန္နဝါရီအထိ
အထူမပါးအခွံရှိပြီး ရင့်မှည်ချိန်တွင် မဲညိုရောင်ပြောင်းသွားပါသည်

📣📣 #ထောပတ်သီးကိုမြတ်နိုးစွာစားသုံးသူတွေကိုလည်းလက်တို့သတိပေးချင်တာလည်းပါ ၊သိရက်နဲ့ပဲဖြစ်ဖြစ်၊မသိလို့ပဲဖြစ်ဖြစ်ထောပတ်သီးတွ...
03/09/2023

📣📣 #ထောပတ်သီးကိုမြတ်နိုးစွာစားသုံးသူတွေကိုလည်းလက်တို့သတိပေးချင်တာလည်းပါ
၊သိရက်နဲ့ပဲဖြစ်ဖြစ်၊မသိလို့ပဲဖြစ်ဖြစ်
ထောပတ်သီးတွေ မရင့်မီခူးဆွတ်ပြီး ဈေးကွက်မှာရောင်းချနေကြတာတွေနဲ့ပတ်သက်ပြီးပြောချင်တာလည်းပါတာမို့ ...။

၁။။ Hass ထောပတ်သီးရဲ့ စတင်ရင့်ချိန်ဟာ နိုဝင်ဘာမှာစတင်ပါတယ်။ ဒါပေမယ့် ကောင်းစွာ ရင့် ချိန်ကတော့
ဒီဇင်ဘာလ ပဲဆိုပါစို့။
အဲသည် Hass ထောပတ်သီးရဲ့ အကောင်းဆုံးနဲ့ အပြည့်စုံဆုံး အရသာ ကို ခံစားချင်တယ်ဆိုရင် ဇန္နဝါရီလမှာစားသုံးပါလို့ပြောချက်ပါတယ်။
၂။။ ခု ချိန်(ဩဂုတ်၊စက်တင်ဘာလ တွေမှာ ထောပတ်သီးမျိုး‌ေတာ်တော်များများက မရင့် ကြသေးပါဖူး။
မျိုးအနည်းငယ်သာ စောရင့်ကြပါတယ်။
ဥပမာ။။ ပီတာဆန်၊ပုံစံကလုံးဝိုင်းပါတယ်။ အခွံပါးပြီး အမှည့်မြန်ပါတယ်။ရင့်ပြီးအသီးတလုံးက ၂ရက်လောက်အတွင်းမှည့်ပါတယ်။ကြာရှည်အထားမခံပါဖူး။
ယခု စက်တင်ဘာလထဲမှာတော့ Russel 034/034 ဗီယက်နမ်မျိုး အသီးတွေ စတင်ရင့်ပါမယ်။သူကလည်းခွံစိမ်းအတိုင်းမှည့်တဲ့မျိုးပါ။ခူးဆွတ်ပြီး ၃-၄ရက်အတွင်းမှည့်ပါတယ်။အခွံပါးတဲ့အတွက် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ရင် အသီးနာပြီး အတွင်းကအသားပုပ်နိုင်ပါတယ်။အရသာကတော့ စီးစီးပိုင်ပိုင်နဲ့အဆိမ့်အရသာကဲပါတယ်။
နောက်မျိုးအချို့က အောက်တိုဘာလ မှာစတင်မှည့်မှာပါ။
အဲသည်မျိုးတွေကတော့ ပင်ကာတန်(Pinkerton)၊ ဘာကေးနီးယား(Buccaneer)ဘွတ်-7(Boot-7) မျိုးတွေပဲဖြစ်ပါတယ်။
အဲသည် စားသုံးရန်ကောင်းမွန်တဲ့ မျိုးတွေ တုန်းသွားရင်တော့
ကမ္ဘာကျော် ဟက်စ်(Hass)အသီးတွေ စတင်အပျို
ဖော်ဝင်ချိန်ပဲဆိုပါတော့။
ဒေသအလိုက်ကွဲပြားတဲ့ ရာသီဥတုအခြေအနေအရ အချို့ဒေသကအနည်းငယ်သော hassတွေ ဈေးကွက်ထဲစတင်ရောက်လာနိုင်ပါတယ်။
ဒါကြောင့် ထောပတ်သီးကျန်းမာရေးအတွက်ပဲစားချင်တာပဲဖြစ်ဖြစ်၊ အသားအရေလှပဖို့စာချင်တာပဲဖြစ်ဖြစ် ထောပတ်သီးတစ်လုံးဝယ်ယူစားသုံးတော့မယ်ဆိုရင် (၁)အထက်မှာပြောထားတဲ့လမှာ ထွက်ရမယ့် အသီးမျိုးများမဟုတ်၊‌‌ေရာင်းချသူက အသီးအကြောင်း ဂဃနဏ ပြောမပြနိုင်ရင်၊ သတိနဲ့သာဝယ်ယူစားသုံးပါလို့ပြောချင်ပါတယ်။
ဒေသသီးတွေနဲ့ပတ်သက်လို့တော့ဘာမှ မပြောလိုပါ။
ဒါပေမယ့် ပြင်ဦးလွင်က မြောက်ကျွန်းသူဆို့မျိုးကတော့
ဇန္နဝါရီလမှာခူးဆွတ်မှ သူ့ရဲ့ အကောင်းဆုံးအရသာကို ခံစားရမှာပါ။

ပြီးတော့ ထောပတ်သီးဘက်လီရောင်းချသူ‌ေတွကို‌ေပြာချင်တာပါ။လုံခြုံမှုအားနည်းတဲ့ခြံတွေကနေ မရင့်သေးတဲ့ထောပတ်သီးတွေကို မသမာသူအချို့ ခိုးယူခူးဆွတ်ရောင်းချ တဲ့ အခါ ပေါချောင်လိုက်ပြီး တဆင့်ဝယ်ယူရောင်းချတာမျိူးမလုပ်ကြဖို့ ပြောချင်ပါတယ်။
တွေ့ကရာအသီးတွေကို တောင်ကြီးမျိုး၊ရွာငံမျိုး စသည်ဖြင့်မဟုတ်တန်းတရား
ပြောဆိုရောင်းချတာမျိုးမလုပ်‌စေချင်ပါ။
မိမိတို့စားသုံးသူတွေကိုစေတနာထား ဂရုစိုက်ပေးခြင်းဖြင့်မိမိတန်ဖိုးနဲ့ဂုဏ်သိက္ခာကိုမြှင့်တင်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ဧည့်သည်အဝင်အထွက်များတဲ့ ပြင်ဦးလွင်မြို့က ထောပတ်သီးရောင်းချသူတွေကို အထူးပြောချင်ပါတယ်။
စားသုံးသူတွေဖက်ကနစ်နာလို့ အရေးဆိုလာရင် စားသုံးသူရေးရာဦးစီးဌာနတို့၊ စားသုံးသူကာကွယ်ရေးဥပဒေတို့ဆိုတာ ဆီတွေ၊လက်ဘက်တွေ၊အရောင်တင်မှုန့်တွေအတွက်တင်မက ကုန်စိမ်းဖြစ်တဲ့ ထောပတ်သီးတွေအတွက်ပါ အကြုံးဝင်မလာဖူးလို့မပြောနိုင်
ပါ။
ဒါကြောင့် ထောပတ်သီးစားသုံးသူတွေအပေါ် စေတနာထားရောင်းပေးခြင်းအားဖြင့်
ထောပတ်သီး များပိုမိုရောင်းချလာနိုင်ရေးအတွက် စိုက်ပျိုးသူ၊ဝယ်ယူရောင်းချသူများ၊ဝယ်ယူစားသုံးသူများ အားအကြံပြု နှိုးဆော်အပ်ပါတယ်
မျိုးညွန်(MFVPMAVO)
လေးစားစွာဖြင့် ကူးယူဖော်ပြပါသည်


#အစားအစာတလိုင်း

#ထောပတ်သီးကြိုက်သူများ

🚌🚌ရှမ်းပြည်နယ်တောင်ပိုင်းဟိုပုံးမြို့နယ်က နောက်ထပ်လည်စရာနေရာသစ်လေးတစ်နေရာ☘️🌻🌻နောင်ခုံးကျေးရွာအနီးကသဘာဝအလှတရားတွေ‌နဲ့လှပန...
20/08/2023

🚌🚌ရှမ်းပြည်နယ်တောင်ပိုင်း
ဟိုပုံးမြို့နယ်က နောက်ထပ်လည်စရာနေရာသစ်လေးတစ်နေရာ☘️

🌻🌻နောင်ခုံးကျေးရွာအနီးကသဘာဝအလှတရားတွေ‌နဲ့လှပနေတဲ့ပန်းခင်း🌼

ဒီပန်းခင်းတည်နေရာလေးကတော့ ရှမ်းတောင် ဟိုပုံးမြို့နယ်ထဲကပါဟိုပုံးမြို့ နောင်တောင်းပရဟိတကျောင်း ကနေမြောက်ဖက် 3မိုင်လောက်မောင်းသွားရင်ရောက်ပါပြီ🌸

နောင်တောင်းပရဟိတကျောင်းလမ်းခွဲအစကနေသွားရင် 6Kmလောက်ပဲသွားရတယ်🍀

နောင်ခုံးကျေးရွာထပ်တစ်ရာပန်းခင်း ထောပတ်ပင်တွေကြားက ထပ်တစ်ရာပန်းခင်းအလှ🌼

အပြင်မှာလည်းအခုပုံအတိုင်းပဲလှတဲ့ပန်းခင်းလေးပါ🌸

ဒီပန်းခင်းကနောက်ထပ်တစ်နေရာပါနော် အရမ်းလှလို့လာရောက်လည်ပတ်စေချင်လို့ညွှန်ပေးလိုက်တာပါ

လမ်းမသိရင်ဖုန်းဆက်ပြီးမေးမြန်းလို့ရတယ်နော် 09-458 954 098 ကိုဆက်သွယ်လိုက်ပါ

ဒီလိုပန်းခင်းကြီးထဲမှာ ဓါတ်ပုံလေးတွေရို-က်ပြီး အလှ အပလေးတွေဖန်တီးချင်ရင်တော့ အခုဘဲ ရှမ်းပြည်တောင်ပိုင်း ကိုအပြေးလာခဲ့တော့နော်

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နောင်ခုံးကျေးရွာအနီးက ပန်းခင်းကြီးအလှ🌸



#အစားအစာတလိုင်း
#ထောပတ်သီးကြိုက်သူများ

Address

Monywa
02301

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959988895975

Alerts

Be the first to know and let us send you an email when Avocado Lover posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Avocado Lover:

Share