ဗမာလွတ်မြာက်ရေးဒီမိုကရက်တစ်တပ်ဦး စစ်ဒေသ-၁

  • Home
  • Myanmar
  • Monywa
  • ဗမာလွတ်မြာက်ရေးဒီမိုကရက်တစ်တပ်ဦး စစ်ဒေသ-၁

ဗမာလွတ်မြာက်ရေးဒီမိုကရက်တစ်တပ်ဦး စစ်ဒေသ-၁ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဗမာလွတ်မြာက်ရေးဒီမိုကရက်တစ်တပ်ဦး စစ်ဒေသ-၁, Social Media Agency, Monywa.

လေကြောင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်း==============================ကျွန်ုပ်တို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ...
26/09/2025

လေကြောင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာ
အသိပညာပေးခြင်း
==============================

ကျွန်ုပ်တို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး( BLDF ) ၊ စစ်ဒေသ- ၁ အနေဖြင့်
ယနေ့( 26.9.2025) ရက်နေ့တွင် ယင်းမာပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်
လေကြောင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲများနှင့်လက်တွေ့
လေ့ကျင့်ရေး အစီအစဥ်များကို​ ပြုလုပ်ပေးခဲ့ပါသည်။

မိဘပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏
လေကြောင်းတိုက်ခိုက်မှုများကို ဂရုပြု၍ လုံခြုံရေးစီမံမှုများပြုလုပ်ထားကြပါရန်
ကျွန်ုပ်တို့မှ တိုက်တွန်းအပ်ပါသည်။

#လေကြောင်းအထူးသတိပြု
#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

သတင်းနှင့်ပြန်ကြားရေး
ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)
စစ်ဒေသ- ၁

အညာဒေသ ကို စစ်ကြောင်းထိုးလာတဲ့ဖက်ဆစ်စစ်တပ်ကို တပ်လန်သွားအောင်တိုက်ထုတ်ပြီးအောင်ပွဲနှင့်ပြန်လာတဲ့ ကျွန်တော်တို့ BLDF ရဲဘေ...
23/09/2025

အညာဒေသ ကို စစ်ကြောင်းထိုးလာတဲ့
ဖက်ဆစ်စစ်တပ်ကို တပ်လန်သွားအောင်တိုက်ထုတ်ပြီးအောင်ပွဲနှင့်ပြန်လာတဲ့
ကျွန်တော်တို့ BLDF ရဲဘော်တွေကို
အခြေစိုက်ဒေသပြည်သူတွေက
ကြိုဆိုဂုဏ်ပြုနေတဲ့ ပုံရိပ်တွေကို
တင်ပြလိုက်ပါတယ်။

အိမ်မလွမ်းကြနဲ့ရဲဘော်တို့
ပြည်သူတွေဟာ မင်းတို့မိသားစုပဲ။

#တိုက်ပွဲရှိရင်အောင်ပွဲရှိတယ်

သတင်းနှင့်ပြန်ကြားရေး
ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)

တော်လှန်ဓါး ထောက်ပို့မဲလက်မှတ် ကမ်ပိန်းအစီအစဉ်မှာ ပါဝင်ခဲ့ကြတဲ့ အလှူရှင်များအား အထူးကျေဇူးတင်ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ။
20/09/2025

တော်လှန်ဓါး ထောက်ပို့မဲလက်မှတ် ကမ်ပိန်းအစီအစဉ်မှာ ပါဝင်ခဲ့ကြတဲ့ အလှူရှင်များအား
အထူးကျေဇူးတင်ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ။

16/09/2025

"တော်လှန်ဓါး " မဲလက်မှတ်ဖွင့်ပွဲအစီအစဉ်
ရက်စွဲ။။ ၁၅ ရက် စက်တင်ဘာ
ထောက်ပို့ကူညီပေးကြတဲ့ မိဘပြည်သူများကို အထူးကျေးဇူးတင်ရှိပါတယ်ဗျ။

ဆက်လက်ပံ့ပိုးကူညီပေးပါအုံးခင်ဗျာ...

#နည်းပညာအားနည်းချက်လေးတွေကို နားလည်ပေးပါအုံးခင်ဗျာ။

ထောက်ပို့မဲလက်မှတ် ကံထူးရှင်များ============================ထောက်ပို့ ပါဝင်ပေးကြသော မိဘပြည်သူများကို အထူးကျေးဇူးတင်ရှိပါ...
15/09/2025

ထောက်ပို့မဲလက်မှတ် ကံထူးရှင်များ
============================

ထောက်ပို့ ပါဝင်ပေးကြသော မိဘပြည်သူများကို အထူးကျေးဇူးတင်ရှိပါတယ်ဗျ။

15/09/2025

တော်လှန်ဓါး ကမ်ပိန်း Live video

15/09/2025

၁၀ မိနစ်အတွင်း Live လေးစပါမယ်ဗျ။

98% ထိ ပြည်သူ့ထောက်ပို့မှု ရရှိခဲ့တဲ့ တော်လှန်ဓါး ကမ်းပိန်း မေတ္တာလက်ဆောင် မဲဖွင့်ပွဲ အစီအစဉ် ==========================...
15/09/2025

98% ထိ ပြည်သူ့ထောက်ပို့မှု ရရှိခဲ့တဲ့
တော်လှန်ဓါး ကမ်းပိန်း မေတ္တာလက်ဆောင်
မဲဖွင့်ပွဲ အစီအစဉ်
==========================

ကျွန်တော်တို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) ၊ စစ်ဒေသ- ၁ ဘဏ္ဍာရေးအဖွဲ့ကနေပြီး ဦးဆောင်ပြုလုပ်ခဲ့တဲ့ " တော်လှန်ဓါး ကမ်ပိန်း " ဟာ ယနေ့ဆိုလျှင် သတ်မှတ်ထားတဲ့ရက် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ် ။

မဲ လက်မှတ် (၃၈၀၀) ရောင်းချခဲ့ရာ
၃၆၀၀ ခန့် ရောင်းချပြီးစီးခဲ့ပါတယ်ဗျ။

မေတ္တာလက်ဆောင် ဆု(၅)ကတော့
ပထမဆု နားကပ်တစ်ရံ
ဒုတိယဆု နားကပ်တစ်ရံ
တတိယဆု လက်စွပ်တစ်ကွင်း
စတုတ္ထဆု စွဲသီးတစ်ခု
ပဉ္စမဆု လက်စွပ်တစ်ကွင်း

ပေါက်မဲနံပတ်တွေကတော့
RR 1000 ကနေ RR 4799 ထိ
မဲ‌လက်မှတ် ၃၈၀၀ ထဲကနေ ဆု(၅)ဆုကို
တိုက်ရိုက်Live မဲနှိုက် ကြေညာသွားမှာ ဖြစ်ပါတယ်ဗျ။

ပါဝင်ကူညီပေးကြတဲ့ မိဘပြည်သူတစ်ဦး‌တစ်ယောက်ချင်းကို ကျွန်တော်တို့မှ အထူးကျေးဇူးတင်ရှိပါတယ်ဗျ။

ကျနော်တို့ရဲ့ မဲဖွင့်ပွဲအစီအစဉ်ကိုလည်း အောက်ပါအစီအစီအတိုင်း ဝန်းရံအားပေးကြပါအုံးခင်ဗျာ။

ရက်စွဲ ။ စက်တင်ဘာ (၁၅) ရက် ၂၀၂၅ ခုနှစ်
အချိန် ။ နေ့လည် ၁ နာရီ ၃၀ မိနစ်
နေရာ ။ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး စစ်ဒေသ(၁) page

တိုက်ပွဲသတင်းထုတ်ပြန်ချက်===========================ရက်စွဲ(၁၂. ၉. ၂၀၂၅)ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ၊ ချောင်းမ ကျေးရွာအတ...
12/09/2025

တိုက်ပွဲသတင်းထုတ်ပြန်ချက်
===========================
ရက်စွဲ(၁၂. ၉. ၂၀၂၅)

ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ၊ ချောင်းမ ကျေးရွာအတွင်း အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ် တပ်မ (၃၃) လက်အောက်ခံ ၊ ခမရ (၁၆) မှ ဗိုလ်မှူးသူရိန် ဦးဆောင်သော အင်အား (၁၀၀) ခန့်ပါ စစ်ကြောင်းကို
ကနီတပ်ပေါင်းစု (9plus) ၊
ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)၊ BNRA တပ်ရင်း (၃)၊ ယင်းမာပင် ခရိုင် တပ်ရင်း (၂၈)၊ယင်းမာပင်ခရိုင် Drone တပ်ဖွဲ့ ၊ NPDF YMB Local Drone teams တို့ပါဝင်သော မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း၍ (၁၁.၉.၂၀၂၅) ရက်နေ့ (၀၆၀၀) မှ စတင်တိုက်ခိုက်ခဲ့ပါသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ရန်သူ့ ရုပ်အလောင်း (၇)လောင်း၊ တပ်ကြပ်ကြီး (၂) ဦးအပါအဝင် သုံ့ပန်း (၄)ဦး ၊MA -1 (၆)လက်၊ MA -3 (၂)လက် ၊ MAS (၁)လက်၊ MG (3) (၁)လက်၊ BA -100 (၁)လက် ၊ဂျန်ပါ(၁)လုံး နှင့် အခြားသော စစ်သုံးအဆောင်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ပြည်သူလူထုကိုအလုပ်အကျွေးပြုမည့်တော်လှန်သော
တပ်ဦး

သတင်းနှင့်ပြန်ကြားရေး
ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)

မိဘပြည်သူများ သို့------------------------------------------ဗိုလ်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာကနေ့အခြေနေမှာ အညာစစ်မျ...
08/09/2025

မိဘပြည်သူများ သို့
------------------------------------------

ဗိုလ်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာ
ကနေ့အခြေနေမှာ အညာစစ်မျက်နှာပြင်ကို
အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာ
မိဘပြည်သူတို့အသိပဲ ဖြစ်ပါတယ် ။

ဖက်ဆစ်စစ်တပ်ရဲ့ ထိုးစစ်ကို ကျနော်တို့တော်လှန်ရေးတပ်တွေဟာ ရရာလက်နက်ကို ကိုင်စွဲပြီး ခုခံတွန်းလှန်နေကြရပါတယ်။

ကျနော်တို့ BLDF ဟာ အညာဒေသ ကို အခြေစိုက်ထားတဲ့ တော်လှန်ရေးတပ်ဖြစ်တဲ့ အားလျော်စွာ အခြားတော်လှန်ရေးတပ်တွေနဲ့ပူးပေါင်းပြီး
အညာဒေသ စစ်မျက်နှာပြင်မှာ
ဖက်ဆစ်စစ်တပ်ကို ခုခံတွန်းလှန်လျက် ရှိပါတယ် ။

တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ၊ စစ်ပူလာတာနဲ့အမျှ လက်နက်ခဲယမ်းဟာ အလွန်အရေးကြီးလာပါတယ်။ လေနဲ့ တောင့်ခံလို့မရတဲ့စစ်ပွဲမှာ ကျည်ဆန်ဟာ မရှိမဖြစ် ပစ္စည်းပါပဲ ။

ဒါကြောင့်
စစ်မျက်နှာပြင်မှာ အသက်ကိုရင်းပြီး တိုက်ပွဲဝင်ခုခံတွန်းလှန်နေကြတဲ့ ရဲဘော်တွေကို ကျည်ဖြည့်တင်းဖို့ ရည်ရွယ်ပြီး ပြုလုပ်ထားတဲ့ ကျွန်တော်တို့ရဲ့
" တော်လှန်ဓါး ကမ်ပိန်း " မှာ ပါဝင်အားဖြည့်ပေးကြပါအုံးလို့ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ် ခင်ဗျာ။

ကမ်ပိန်းမှာ မဲလက်မှတ်ဝယ်ယူအားဖြည့်ကူညီပေးကြတဲ့ မိဘပြည်သူများနှင့်ရဲဘော်ရဲဘက်များကိုလည်း
မေတ္တာလက်ဆောင်အနေနဲ့(15.9.2025)ရက်နေ့မှာ
ကျွန်တော်တို့မှ ဆုမဲများ
မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။

ဘဏ္ဍာရေးကော်မတီ
စစ်ဒေသ (၁)
ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)

( ၉၀% )ပြည့်မြောက်ခဲ့ပြီဖြစ်သော" တော်လှန်ဓား ကမ်ပိန်း " နှင့် ပတ်သက်၍====================================မိဘပြည်သူ ညီအကိ...
04/09/2025

( ၉၀% )ပြည့်မြောက်ခဲ့ပြီဖြစ်သော
" တော်လှန်ဓား ကမ်ပိန်း " နှင့် ပတ်သက်၍
====================================

မိဘပြည်သူ
ညီအကို မောင်နှမအပေါင်းနှင့် ရဲဘော်တို့ ခင်ဗျာ။

ကျွန်တော်တို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး( BLDF ) ၊ စစ်ဒေသ (၁) အနေနဲ့ပြုလုပ်လျက်ရှိတဲ့ " တော်လှန်ဓါး ကမ်ပိန်း " ဟာ
မနက်ဖန်(5.9.2025) ရက်နေ့ ဆိုလျှင် ကမ်ပိန်းကာလ သတ်မှတ်ရက် ပြည့်မြောက်တော့မှာဖြစ်ပါတယ် ခင်ဗျာ ။

" တော်လှန်ဓါး ကမ်ပိန်း " မှာ ပါဝင်ထောက်ပို့
ကူညီကြတဲ့ မိဘပြည်သူတွေကို မေတ္တာလက်ဆောင် အဖြစ် ဆုမဲ (၅) ဆုအား ကျနော်တို့မှ
မဲဖောက်ကြေညာ ပေးသွားမှာ​​ဖြစ်ပါတယ်ခင်ဗျာ။
မဲဖွင့်ပွဲ အစီအစဥ်ကို (15.9.2025) ရက်နေ့မှာ
ပြုလုပ်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ Page မှာ
လာရောက်အားပေး​ကြဖို့လည်း
ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။

တဆက်ထဲ ပန်ကြားလိုတာက
ကျွန်တော်တို့ ရဲ့ " တော်လှန်ဓါး ကမ်ပိန်း "ဟာ
ယခုဆိုလျှင် ( ၉၀ % )သာ ပြည့်မြောက်ပါသေးတယ်။ ဒါကြောင့် ( ၁၀၀% ) အဖြစ်
ကမ်ပိန်း target ပြည့်မြောက်ဖို့ရာလည်း ရာခိုင်နှုန်းအနည်းငယ် လိုအပ်နေသေးတာဖြစ်တဲ့အတွက် ( 15.9.2025 ) ရက်နေ့ မရောက်မချင်း ကမ်ပိန်းမှာ ပါဝင်ရင်း မဲလက်မှတ်လေးတွေ ဝယ်ယူ အားဖြည့်ထောက်ပို့ ပေးလို့ရပါကြောင်း နှိုးဆော်ရင်း အသိပေးအပ်ပါတယ်ခင်ဗျာ ။

" တော်လှန်ဓါး ကမ်ပိန်း " က ရရှိတဲ့ ထောက်ပို့ငွေအားလုံးကို ရှေ့တန်းရဲဘော်တွေအတွက် ကျည်ဖြည့်တင်းသွားမှာပဲ ဖြစ်ပါတယ်။

ဓားထက်ထက်နဲ့ ကျူပင်ကိုကျူငုတ်မကျန်ခုတ်ပစ် ကြသလို
ကျည်ထောက်ပို့ရင်း ဗိုလ်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ကို
အမြစ်ဖြတ်ပစ်ကြပါစို့ မိတ်ဆွေတို့...... ။

ဘဏ္ဍာရေးကော်မတီ
စစ်ဒေသ- ၁
ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)

အထူးကျေးဇူးမှတ်တမ်းတင်အပ်ပါသည်။စစ်အာဏာရှင်စနစ် အမြစ်ပါမကျန်ကျဆုံးပြုတ်ကျရေးနှင့် ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ အောင်မြင်...
02/09/2025

အထူးကျေးဇူး
မှတ်တမ်းတင်အပ်ပါသည်။

စစ်အာဏာရှင်စနစ် အမြစ်ပါမကျန်
ကျဆုံးပြုတ်ကျရေးနှင့် ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ အောင်မြင်ရေး အတွက် တိုက်ပွဲဝင်နေကြသည့် ရဲဘော်များအား ကူညီထောက်ပံ့
ပေးပါသော အလှူရှင်တစ်ယောက်ချင်းစီတိုင်း အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

တဆက်တည်း
တိုက်ပွဲဝင်ကျည်ဖြည့်တင်းရေး အတွက်
ကျွန်တော်တို့လက်ရှိအချိန်မှာ ပြုလုပ်လျက်ရှိတဲ့
" တော်လှန်ဓါး ကမ်ပိန်း " မှာလည်း သတ်မှတ်ရက်ပြည့်တော့မှာ ဖြစ်သည့်အတွက် ပါဝင်အားဖြည့်ပေးကြပါအုံးလို့ တော်လှန်ပြည်သူလူထုကြီးကို
တိုက်တွန်း နှိုးဆော်အပ်ပါတယ် ခင်ဗျာ။

သတင်းနှင့်ပြန်ကြားရေး
စစ်ဒေသ (၁)
ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)

Address

Monywa

Website

Alerts

Be the first to know and let us send you an email when ဗမာလွတ်မြာက်ရေးဒီမိုကရက်တစ်တပ်ဦး စစ်ဒေသ-၁ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share