07/08/2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေမြတ်မိုး ဦးဆောင်သောအဖွဲ့သည် (၇.၈.၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မုံရွာမြို့အ.ထ.က (၆) အခြေခံပညာအထက်တန်းကျောင်း၌ " မီးခိုးမြူငွေ့အန္တရာယ်" ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့ပါသည်။အဆိုပါ ဟောပြောပွဲတွင်ကျောင်းအုပ် ဆရာကြီးနှင့်ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး ကျောင်းသား/ သူများအား ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မေးခွန်းများ မေးမြန်းခဲ့ရာ ဖြေဆိုနိုင်သူများအား အမှတ်တရလက်ဆောင်များချီးမြှင့်ခဲ့၍ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါသည်။