ECD - Sagaing Region

Call Directions

ECD - Sagaing Region Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ECD - Sagaing Region, Digital creator, ဗန္ဓုလလမ်း၊ ချမ်းမြဝတီရပ်ကွက်၊ မုံရွာမြို့။, Monywa.

08/10/2026

အယ်နီညို ရာသီဥတုပြောင်းလဲလာမှုအကြောင်း MRTVသတင်းဌာနမှ ဖော်ပြပါရှိမှုအား အများပြည်သူသိရှိနိုင်စေရန် ထပ်မံဖော်ပြအပ်ပါသည်။

08/10/2026

လေပြင်းဘေးအတွက်ပြင်ဆင်ရန်အချက်များအား MRTVမှ သတင်းပါရှိမှုအား အများပြည်သူသိရှိနိုင်စေရန် ထပ်ဆင့် ဖော်ပြပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးအောင်ဇော်မြင့်မှ (၆.၁၀.၂၀၂၆) ရက်နေ့ နံနက် (...
06/10/2026

စစ်ကိုင်းတိုင်းဒေသကြီး၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးအောင်ဇော်မြင့်မှ (၆.၁၀.၂၀၂၆) ရက်နေ့ နံနက် (၀၉:၄၅)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၌ တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း၌ "သဘာဝဘေးလျော့ပါးစေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ" ခေါင်းစဥ်ဖြင့် ​ ဟောပြောပို့ချခဲ့၍ အဆိုပါ သင်တန်းတွင်သင်တန်းသားသင်တန်းသူ (၅၀) ဦးတက်ရောက်ခဲ့ပါသည်။

(၅.၁၀.၂၀၂၆) ရက်နေ့တွင် မုံရွာခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းအိအောင် ဦးဆောင...
05/10/2026

(၅.၁၀.၂၀၂၆) ရက်နေ့တွင် မုံရွာခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းအိအောင် ဦးဆောင်သောအဖွဲ့သည် မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ Community Centre တွင် "ပတ်ဝန်းကျင်သန့်ရှင်းကျန်းမာလှပရေး ပလတ်စတစ်သုံးစွဲမှုလျှော့ချပေး" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် အသိပညာပေးလက်ကမ်းစာစောင်များမျှဝေခြင်း၊ ပလတ်စတစ်ညစ်ညမ်းမှုများအကြောင်း၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချနိုင်ရေး နည်းလမ်းများ၊ အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်ခြင်းကြောင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ အကြောင်းအားအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများက အမှိုက်အမျိုးအစားအလိုက်ခွဲခြားစွန့်ပစ်ခြင်းကို လက်တွေ့သရုပ်ပြသခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။

(၅-၁၀-၂၀၂၆)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ အခြေခံပညာအထက်တန်း ကျောင်း၌ စစ်ကိုင်းခရိုင်၊ ပတ်ဝန်းကျင်ထိ...
05/10/2026

(၅-၁၀-၂၀၂၆)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ အခြေခံပညာအထက်တန်း ကျောင်း၌ စစ်ကိုင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒေါ်သူဇာဦး၊ ဒုတိယဦးစီးမှူး ဦးဆောင်သောအဖွဲ့မှ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်မှုစနစ်အကြောင်းအသိပညာပေးဆွေးနွေးခြင်း၊ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်မှုစနစ်အား လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/ သူများမှ အမှိုက်အမျိုးစားခွဲခြားစွန့်ပစ်မှုစနစ် လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းသား/သူ၊ ဆရာ/ဆရာမ စုစုပေါင်း (၉၅)ဦးခန့်တက်ရောက်ခဲ့ပြီး၊ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း လက်တွေ့သရုပ်ပြသသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Notebook များ လက်ဆောင်ပေးအပ်ခြင်း၊ "စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု" ခေါင်းစဉ်ဖြင့် အသိပညာပေးလက်ကမ်းစာစောင် မျှဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွင်း (၁-၉-၂၀၂၆) ရက်နေ့မှ (၃၀-၉-၂၀၂၆) ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး၏ ဝန်းကျင်လေထုအရည်အသွေး လေ့...
05/10/2026

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွင်း (၁-၉-၂၀၂၆) ရက်နေ့မှ (၃၀-၉-၂၀၂၆) ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ရွှေစင်ဝင်း ဦးဆောင်သောအဖွဲ့သည် (၂.၁၀.၂၀၂...
02/10/2026

စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ရွှေစင်ဝင်း ဦးဆောင်သောအဖွဲ့သည် (၂.၁၀.၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင်အမက (ရုံးကြီး) အခြေခံပညာမူလတန်းကျောင်း၌ "ပလတ်စတစ်စွန့်ပစ်ပစ္စည်းဆိုင်ရာ သိကောင်းစရာများ" ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့ပါသည်။အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/ဆရာမများ၊ကျောင်းသား/သူစုစုပေါင်း(၁၇၄)ဦးခန့် တက်ရောက်ခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မေးခွန်းများ မေးမြန်းခဲ့၍ ဖြေဆိုနိုင်သူများအား အမှတ်တရဆုလက်ဆောင်များချီးမြှင့်ခဲ့ပါသည်။

(၂၉-၉-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ကလေးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ ဒေါ်ဟေမာဆွေ၊ ဦးစီးအရာရှ...
29/09/2026

(၂၉-၉-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ကလေးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ ဒေါ်ဟေမာဆွေ၊ ဦးစီးအရာရှိသည် ကလေးမြို့၊ အ.ထ.က(ခွဲ)၊ အ.လ.က(၅)တွင် " အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် စွန့်ပစ်ပစ္စည်းများစနစ်တကျစီမံခန့်ခွဲခြင်း" ခေါင်းစဥ်ဖြင့်အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်းနှင့် အမှိုက်အမျိုးအစားများအလိုက်ခွဲခြားစွန့်ပစ်ရမည့်အမှိုက်ပုံးအရောင်များအားရှင်းလင်းပြောကြားခြင်း၊ ကျောင်းသား/ သူများနှင့်အတူ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်မှုစနစ်အား လက်တွေ့သရုပ်ပြသခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းသား/သူစုစုပေါင်း (၇၂)ဦးတက်ရောက်ခဲ့ပြီး၊ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း၊ လက်တွေ့သရုပ်ပြသသည့် ကျောင်းသား/သူများအား (Notebook)များလက်ဆောင်ပေးအပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

(၂၈.၉.၂၀၂၆)ရက်နေ့ နံနက်(၁ဝး၀၀)နာရီအချိန်တွင် စစ်ကိုင်းခရိုင်၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆောင်သ...
28/09/2026

(၂၈.၉.၂၀၂၆)ရက်နေ့ နံနက်(၁ဝး၀၀)နာရီအချိန်တွင် စစ်ကိုင်းခရိုင်၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆောင်သောအဖွဲ့သည် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု "Clean & Green School Award" အတွက် စစ်ကိုင်းခရိုင်၊ ခရိုင်ပညာရေးမှူးဦးဆောင်သော ခရိုင်အဆင့် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့နှင့်အတူ လိုက်ပါ၍ စစ်ကိုင်းခရိုင်အတွင်း ပါဝင်ယှဉ်ပြိုင်သည့် အ.ထ.က(ခွဲ)ရန်နိုင်ကျောင်း၊ အ.လ.က(ခွဲ)ရွာထောင်ကျောင်းနှင့် အ.မ.က-၂ကျောင်းများသို့ အခြေခံစံနှုန်း(၄)ချက်၊ အညွှန်းကိန်း-၁၇ချက်နှင့်အညီ ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သည့်ကျောင်းများအား စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပေးပို့သည့် ဆရာများ လက်စွဲစာအုပ် တစ်ကျောင်းလျှင် (၃)စုံစီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဗလာစာအုပ် တစ်ကျောင်းလျှင်(၅)ဒါဇင်စီ ပေးအပ်ခဲ့ပါသည်။

ကလေးဝမြို့နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ ဒေါ်ထက်သန္တာလှိုင်(ဒုတိယလက်ထောက်ဦးစီးမှူး)သည် ကလေးဝမြို့နယ်၊ ပြန်က...
25/09/2026

ကလေးဝမြို့နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ ဒေါ်ထက်သန္တာလှိုင်(ဒုတိယလက်ထောက်ဦးစီးမှူး)သည် ကလေးဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန (Community)ခန်းမ၌ (၂၅-၉-၂၀၂၆)ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင် "ရေချွေတာသုံးစွဲရေးအကြောင်းသိကောင်းစရာ" ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ ( Talk Show ) ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

Address

ဗန္ဓုလလမ်း၊ ချမ်းမြဝတီရပ်ကွက်၊ မုံရွာမြို့။
Monywa

Telephone

+957126505

Website

Alerts

Be the first to know and let us send you an email when ECD - Sagaing Region posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share