Tulip- vintage clothes

Tulip- vintage clothes .

" ကိုယ်ဟာ လူစစ်စစ်ဖြစ်တယ်ဆိုရင် """""""""""""""""""""""""""""""""""""""""""""""""""""       သူတစ်ပါးရဲ့ နာကျင်မှုကို    ...
21/03/2025

" ကိုယ်ဟာ လူစစ်စစ်ဖြစ်တယ်ဆိုရင် "

""""""""""""""""""""""""""""""""""""""""""""""""""""


သူတစ်ပါးရဲ့ နာကျင်မှုကို
ဘယ်တော့မှ ပျ-က်ရယ်မပြုနဲ့။


သူတစ်ပါးရဲ့ အားနည်းချက်ကို
ဘယ်တော့မှ မလှောင်ပြောင်နဲ့။


သူတစ်ပါးရဲ့ မျက်ရည်ကို
ဘယ်တော့မှ မပျော်ရွှင်နဲ့။


သူတစ်ပါးရဲ့ နွမ်းပါးမှုကို
ဘယ်တော့မှ အခွင့်အရေးမယူနဲ့။


သူတစ်ပါးရဲ့ရိုးသားမှုကို
ဘယ်တော့မှ မဖျ-က်ဆီးနဲ့။


သူတစ်ပါးရဲ့အောင်မြင်မှုကို
ဘယ်တော့မှ မနာလိုမဖြစ်နဲ့။


သူတစ်ပါးရဲ့ အားနာမှုကို
ဘယ်တော့မှ အခွင့်အရေးမယူနဲ့။


သူတစ်ပါးရဲ့ ချို့ယွးင်းချက်ကို
ဘယ်တော့မှ မကဲ့ရဲ့မိစေနဲ့။

အစဉ်လေးစား ချစ်ခင်နေလျှက် .......

#ဘဝအတွတ်စာဖတ်ပါ
#ဆရာအောင်သင်းစာပေ
#လူငယ်များအတွက်ဗဟုသုတစာပေများ

💁 တစ်ချို့လူတွေက      မှန်ရာကို ခပ်ပြတ်ပြတ်      ပြောတတ်တဲ့သူကိုဆိုရင်      ပြတ်သားတယ်လို့ မထင်ကြဘူး ...      စကားပေါ်မှ...
21/03/2025

💁 တစ်ချို့လူတွေက
မှန်ရာကို ခပ်ပြတ်ပြတ်
ပြောတတ်တဲ့သူကိုဆိုရင်
ပြတ်သားတယ်လို့ မထင်ကြဘူး ...
စကားပေါ်မှာ
ပျားရည်လေးလောင်းထားမှ
ချီးကျူးစရာကောင်းတယ်လို့မြင်ကြတာ ။

⚛ ပေးဆပ်တဲ့သူဆိုရင်
တန်ဖိုးရှိတယ်မမြင်ကြဘူး ...
အပေါ်ယံ
ဟန်လေးလုပ်ပြမှ
တန်ဖိုးရှိတယ်လို့မြင်ကြတာ ။

⚛ စိတ်ပူလို့ စကားအများကြီး
ပြောတတ်တဲ့သူကိုဆိုရင်
အလေးအနက်မထားချင်ကြဘူး ...
ပလီပလာ
စကားလေးတစ်ခွန်းကမှ
လေးနက်တယ် ထင်ကြတာ ။

⚛ ပြောမနာ ဆိုမနာ
အပြောခံတတ်တဲ့သူဆိုရင်
မလေးစားကြဘူး ...
အလေးမစိုက်တဲ့ဟန်ကိုကျတော့ မမြင်ဘဲ
ခေါင်းပဲညိတ်ပြနေတဲ့သူကမှ
လေးစားစရာကောင်းတယ် ထင်ကျတာ ။

⚛ ရှိရှိ မရှိရှိ ရိုးသားနေတဲ့သူကိုဆိုရင်
လူရာမသွင်းချင်ကြဘူး ...
ဟိတ်ကြီးဟန်ကြီး
ထုတ်ကြွားနိုင်တဲ့သူကိုမှ
လူရာဝင်တယ် ထင်ကြတာ ။

⚛ မဟုတ်မခံ ပြန်ပြောတတ်တဲ့သူကိုဆိုရင်
အမှန်တရားကို
မြတ်နိုးတတ်သူလို့ မမြင်ကြဘူး ...
မလိုအပ်ပဲ
နှမ်းလိုက်ဖြူးနေသူတွေကိုမှ
ယဉ်ကျေးမှုရှိတယ်လို့ မြင်ကြတာ ။

⚛ အပေါ်ယံကိုကြိုက်တဲ့သူတွေ ကြားထဲမှာ
သူတို့စိတ် ၊ သူတို့ သဘော
မလိုက်လျောနိုင်သရွေ့ ...

⚛ ကိုယ်တို့ဟာ ဗီလိန်တွေ
ဖြစ်နေရဦးမယ် မဟုတ်လား . . . ။ 🤷

မနောသီရိ - အတွေးအမြင်စာစုလေးများ

🤍ရှင်းသန့်ဖြူစင်🤍 ( MM & AUS )
🇲🇲 Shin Thant Phyu Sin 🇦🇺

Address

Monywa

Website

Alerts

Be the first to know and let us send you an email when Tulip- vintage clothes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tulip- vintage clothes:

Share