For Lady -Ribbon Bows

For Lady -Ribbon Bows Gentle Reads

 #မိမိလက်ဖြင့်တပါးသူကိုအသက်ဆက်ပေးနိုင်သူများဖြစ်ကြပါစေကျောက်ကပ်ဝေဒနါရှင် ညီမလေးတစ်ယောက်အတွက် အလှူခံပေးချင်လို့ပါရှင့်ကျွ...
06/01/2026

#မိမိလက်ဖြင့်တပါးသူကိုအသက်ဆက်ပေးနိုင်သူများဖြစ်ကြပါစေ

ကျောက်ကပ်ဝေဒနါရှင် ညီမလေးတစ်ယောက်အတွက် အလှူခံပေးချင်လို့ပါရှင့်

ကျွန်မတို့အတွက် အနည်းငယ်သော မုန့်ဖိုးလေးတွေက လူနာတွေအတွက် အသက်ဆက်ဆေးဖိုးဖြစ်လို့

အလွန်မွန်မြတ်တဲ့အလှူပဲဖြစ်ပါတယ်ရှင့်
ကူညီလှူဒါန်းလိုပါက post အောက်ဆုံးမှာ ဝေဒနါရှင်ညီမလေးရဲ့ account ကို တိုက်ရိုက်လှူဒါန်းပေးနိုင်ပါတယ်။

မိမိလက်ဖြင့် တပါးသူကို အသက်ဆက်ပေးနိုင်သူများဖြစ်ကြပါစေရှင့်

#မူရင်းpost
အလှူရှင်များရဲ့ကျေးဇူးကြောင့် ကျောက်ကပ်ဆေးသက်တမ်း ၃နှစ်နီးပါးမှာအရင်ကထပ်အများကြီးပိုပြီးကျန်းမာလာရပြီး နေရသက်သာ စိတ်လဲပျော်ရွှင်ရကြောင်းကို အလှူရှင်များဝမ်းမြောက်စေရန် မျှဝေပါတယ်ရှင်🙏
အရင်၂နှစ်ကျော်အချိန်ထိ သွေးအားက ၇ ကျော်ကျော်နဲ့အမြဲနေနေရတာကြောင့် မကြာခဏမောပြီးအသက်ရှူကြပ် အောက်စီဂျင်နဲ့အိပ်ခဲ့ရတဲ့ရက်တွေမနည်းခဲ့ပါဘူး

ကျောက်ကပ်အစားထိုးမယ်ဆိုရင်သွေးအားတတ်နေမှဖြစ်မှာမို့ဆရာဝန်က ပိုကောင်းတဲ့သွေးအားတတ်ဆေးကို တစ်ပတ်နှစ်ချောင်းထိုးခိုင်းခဲ့တာကို အလှူရှင်များကျေးဇူးနဲ့ထိုးနိုင်ခဲ့လို့ အခုဆိုပုံမှန်လူတစ်ယောက်လိုသွေးအားမျိုး 11.2 ဖြစ်ခဲ့ပါပြီ
၂လ ၃လလောက်လဲ အလှူရှင်တွေကျေးဇူးကြောင့် တစ်ပတ်ကို၃ရက်ကျောက်ကပ်ဆေးနိုင်လို့ အရင်လိုဗိုက်ကြီးသယ်တစ်ယောက်လိုဗိုက်ပူတာမျိုးလဲမရှိတော့ နေရသက်သာလာရပါတယ်ရှင်

အလှူရှင်များဝိုင်းဝန်းလှူဒါန်းပေးကြလို့ ကျောက်ကပ်အစားထိုးနိုင်ဖို့မျှော်လင့်လို့ရပြီး ရှေ့ဆကရြမဲ့နေ့ရကတြှကအေဓိပျပါယရြှိလာလို့စိတလြဲပွောရြှှငလြာရပါတယြ
စိတ်ကအရာရာကိုစွမ်းဆောင်နိုင်တယ်ဆိုတဲ့စကားကသိပ်မှန်တာပဲရှင် ရောဂါစဖြစ်တုန်းကဆိုစိတ်ဓာတ်တွေအရမ်းကျ ဖြစ်ချင်တာဖြစ်တော့ဆိုပြီးနေနေတော့ ဗိုက်ကြီးမတရားပူ ရောဂါကလဲတနေ့တခြားပိုပိုဆိုးလာရတယ်

နောက်ပိုင်းကိုယ့်ကြောင့်မိဘတွေခိုးပြီးငိုနေရတာတွေ ကိုယ်ကအသည်းသန်ဖြစ်လေ သူတို့ပိုပြီးလူပင်ပန်း စိတ်ပင်ပန်းဖြစ်ရတာတွေ ငါမရှိတော့ရင်ငါ့မိဘနှစ်ပါးကိုစောင့်ရှောက်မဲ့သူမရှိရင်ဆိုတဲ့အတွေးတွေကြောင့် လဲကျနေရာကပြန်ထပြီး စိတ်ဓာတ်ကိုပြန်မြင့်တင် အားတင်းပြီးရှေ့ဆက် ဗိုက်ကြီးပူနေတာတောင် မိသားစုစားဝတ်နေရေးအတွက် ရပ်ကွက်ထဲမှာအအေးဆိုင်လေးကိုရအောင်ဖွင့်ဖြစ်ခဲ့ပါတယ်

မိဘအပေါ်ကျေးဇူးသိတတ်ခြင်းကဘဝမှာအကောင်းဆုံးယတြာတစ်ခုလို့နှလုံးသွင်းထားတာကြောင့် နေကောင်းချိန်ကကော အခုလက်ရှိအဆိုးတွေနဲ့ကြုံတွေ့ချိန်တွေမှာပါ ကံလေးအနည်းငယ်ကောင်းနေတာလို့မှတ်ယူပါတယ် ဘုရားတရားလဲမြဲမြံအောင်ကြိုးစားအားထုတ်ဖြစ်ပါတယ် အကျိုးကျေးဇူးတွေလဲအများကြီးရပါတယ်

အခုချိန်မှာလဲအအေးဆိုင်လေးကအရောင်းပါးတော့အကင်ဆိုင်လေးနဲ့တွဲဖွင့်လိုက်လို့ဝင်ငွေလေးပိုရပြီး စားဝတ်နေရေးအတွက်တော့ မိဘတွေမပူမပင်ရတာကြည့်ပြီး ဝမ်းသာပီတိဖြစ်ရပါတယ် အကောင်းမွန်ဆုံးထားချင်ပေမဲ့ ဒီလောက်ပဲလုပ်ပေးနိုင်လို့လဲစိတ်မကောင်းတော့ဖြစ်မိတာအမှန်ပါ

ဘယ်လိုပဲဖြစ်ဖြစ် ကျောက်ကပ်အစားထိုးဖို့မျှော်လင့်ချက်လေးကြောင့်စိတ်ပျော်ရွှင်လာရပြီး အရာရာဟာအဆင်ပြေပြီး လူမမာရုပ်ကြီးနဲ့မနေချင်တော့လို့ အနည်းငယ်တော့ပြင်ဆင်ပြီးနေနေပါတယ်
ဒါတွေအားလုံးဟာလဲအလှူရှင်များကျေးဇူးကြောင့်ပါရှင်🙏
တစ်ချို့မသိသေးတဲ့လူတစ်ချို့လဲရှိနေလို့ပြောပြချင်ပါတယ်ရှင် ညီမကကျောက်ကပ်အစားမထိုးရသေးပါဘူးရှင် အစားထိုးနိုင်ဖို့ကြိုးစားပြင်ဆင်နေတာ တစ်နှစ်နီးပါးတော့ရှိပါပြီရှင် အစားထိုးဖို့ကမလွယ်ကူပါ ကျောက်ကပ်တစ်ခုထဲကောင်းနေရုံနဲ့မရတော့ခေါင်းအစခြေအဆုံး ခန္ဓာကိုယ်ထဲကရှိသမျှပိုးတွေပါမကျန် အဆင့်အဆင့်အကုန်စစ်ရ ဆရာဝန်နဲ့ပြန်ပြရနဲ့အချိန်ပေးရပါတယ် ပြည်တွင်းမှာပဲပြုလုပ်မှာမို့ အလှည့်ကျစနစ်ကိုလဲစောင့်နေရပါတယ်

သိန်း၄၀၀ ၅၀၀လောက်ကုန်ကျမည်ဖြစ်ပြီးလက်ရှိမှာသွေးစစ်ဖို့ အလှူငွေထပ်ဝက်လောက်ပဲရှိသေးပေမဲ့ ခွဲစိတ်ရက်အတိအကျထွက်လာမှအလှူခံပို့စ်တင်ပြီးအလှူရှင်များကိုအားကိုးရမှာပါရှင်
လောလောဆယ် စောင့်ဆိုင်းဆဲကာလမှာ ကိုယ့်ရဲ့ဝင်ငွေထဲကကော အလှူငွေများပါရသလောက်လေးကြိုးစားပြီးစုနေပါတယ်ရှင်
ကူညီလှူဒါန်းလိုပါက... Kpay/Wave/AYA pay...09976825807(Moe Set Thwin)

Address

Mudon

Website

Alerts

Be the first to know and let us send you an email when For Lady -Ribbon Bows posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share