Mudon Media

Mudon Media မုဒံုသူ မုဒံုသားမ်ားအတြက္မွန္ကန္ေသ

23/12/2023

မုဒုံသင်္ဘောဦးဘုရင့်နောင် ၁ လမ်း မီးလောင်မှုမှာ ယခုမီးငြိမ်းသတ်နိုင်ခဲ့ပါပြီ နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ကြောင်းသိရ။

10/12/2023

မုဒုံရှိစက်သုံးဆီဆိုင်များတွင် စက်သုံးဆီရှားပါးမှုကိုအခွင့်ကောင်းယူ၍ စက်သုံးဆီစျေးနှုန်းများ အဆမတန် စျေးတင်ရောင်ချလျက်ရှိ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မုဒုံရှိစက်သုံးဆီဆိုင်များတွင် စက်သုံးဆီရှားပါးမှုကိုအခွင့်ကောင်းယူ၍ စက်သုံးဆီစျေးနှုန်းများ အဆမတန် စျေးတင်ရောင်ချလျက်ရှိသဖြင့် မြို့နေလူထုများအကြား မကျေနပ်မှုများ ဖြစ်ပေါ်လျက်ရှိပြီး
ပုံမှန်ရန်ကုန်ပေါက်စျေး ၂၆၅၀ ခန့်သာရှိသော ရိုးရိုးဒီဇယ်တစ်လီတာ ကို မုဒုံတွင် ၄၂၅၀ ခန့်ဖြင့်ဝယ်ယူနေရကြောင်း မြို့နေလူထုများထံမှသိရသည်။
ယခင်က ရန်ကုန်ပေါက်စျေးနဲ့မုဒုံရှိဈေးနှုန်းမှာ တစ်လီတာလျှင် ၁၀၀ ကျော် ၂၀၀ ဝန်းကျင်သာကွာခြားသော်လည်း ယခုကဲ့သို့ ၁၈၀၀ ကျော်စျေးကွာနေခြင်းအပေါ် မြို့ခံလူထုများက စက်သုံးဆီဆိုင်များအပေါ် ဝေဖန်မှုများမြင့်တက်လျက်ရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ အချိန်မီထိန်းသိမ်းကြပ်မတ်ခြင်းများနှင့် ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ရန်လိုအပ်လျက်ရှိသည်။

သီတင်းကျွတ်လပြည့်နေ့ မုဒုံကန်ကြီးကန်တော်မင်္ဂလာတွင်ပြုလုပ်သည့် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ပုံရိပ်များဓာတ်ပုံ...NN
29/10/2023

သီတင်းကျွတ်လပြည့်နေ့ မုဒုံကန်ကြီးကန်တော်မင်္ဂလာတွင်ပြုလုပ်သည့် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ပုံရိပ်များ
ဓာတ်ပုံ...NN

27/10/2023

မုဒုံမြို့နယ်အတွင်း
ညမထွက်ရအမိန့်အား ယခင် ည၁၀ နာရီမှ နံနက် ၄ နာရီအစား
ည ၁၂နာရီမှ နံနက် ၄နာရီသို့ ယနေ့ ၂၇.၁ဝ.၂၀၂၃ ရက်နေ့မှ စ၍ ပြင်ဆင်ထုတ်ပြန် ကြောင်း သိရှိရသည်။

မုဒုံမြို့ အနန္တမေတ္တာ  ကုသိုလ်ဖြစ်  အခမဲ့ဆေးကုခန်းမှ မျက်စိဝေဒနာရှင်များအား (၂၁) ကြိမ်မြောက် အခမဲ့ မျက်စိစမ်းသပ်ကုသပေးမ...
02/10/2023

မုဒုံမြို့ အနန္တမေတ္တာ ကုသိုလ်ဖြစ် အခမဲ့ဆေးကုခန်းမှ မျက်စိဝေဒနာရှင်များအား (၂၁) ကြိမ်မြောက် အခမဲ့ မျက်စိစမ်းသပ်ကုသပေးမည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မုဒုံမြို့ အနန္တမေတ္တာ ကုသိုလ်ဖြစ် အခမဲ့ဆေးကုခန်း၏ (၂၁)ကြိမ်မြောက်စက္ခုအလင်းဒါနအစီအစဥ် အဖြစ် * သီတဂူဗွီးရှင်း* " မျက်စိအထူးကုဆေးခန်းနှင့်မျက်မှန်" မော်လမြိုင်မြို့ မှ မျက်စိအထူးကုဆရာဝန်ကြီး Dr ပွင့်ဦး ဇနီး Dr ဥမ္မာလှိုင် တို့မှ မုဒုံမြို့နယ်အတွင်းရှိ မျက်စိရောဂါဝေဒနာရှင်များအား ၁၄.၁၀.၂၀၂၃(စနေနေ့)တော်သလင်းလကွယ်နေ့ နံနက် ၈နာရီ၃၀ မိနစ်အချိန်တွင် လာရောက်စမ်းသပ်စစ်ဆေး မည်ဖြစ်ပါသည််၊၊
မျက်စိ ပြသလိုသည့် မျက်စိဝေဒနာရှင်များ ယင်းနေ့ နံနက် ၇း၀၀ နာရီမှစ၍ မုဒုံမြို့၊ မြို့မ (၁)၊ ဒေါနလမ်းရှိ အနန္တမေတ္တာ ကုသိုလ်ဖြစ်အခမဲ့ ဆေးခန်းတွင် စတင်စာရင်းပေးသွင်းနိုင်ပါကြောင်း ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း ကြီးကြပ်ရေးကော်မတီမှ နှိုးဆော်ထားပါသည်။
ထိုသို့ အခမဲ့ မျက်စိရောဂါစမ်းသပ်ကုသပေးရာတွင် မျက်မှန်စမ်းသပ်မှုလုံးဝ(လုံးဝ) ပြုပေးမည်မဟုတ်ကြောင်းလည်း ယင်းကော်မတီမှ ထုတ်ပြန်ထားကြောင်းသိရှိရသည်။ မျက်စိရောဂါဝေဒနာရှင်များအနေဖြင့် ယခင်မျက်စိကုသမှု မှတ်တမ်းဟောင်းများရှိက ယူဆောင်လာပါရန်လည်း နှိုးဆော်ထားသည်။

မုဒုံမှာစက်သုံးဆီမလုံလောက်မှု ရက်ဆက်ဖြစ်ပေါ်လျက်ရှိ????????????????????????????????????????မုဒုံမြို့နယ်ရှိ စက်သုံးဆီအရေ...
15/08/2022

မုဒုံမှာစက်သုံးဆီမလုံလောက်မှု ရက်ဆက်ဖြစ်ပေါ်လျက်ရှိ
????????????????????????????????????????
မုဒုံမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီ မလုံလောက်မှုကြောင့် အကန့်အသတ်ဖြင့်ရောင်းချနေသည်မှာ ရက်သတ္တတစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်သည်။
မြို့နေပြည်သူများအနေဖြင့် စက်သုံးဆီရရှိရေးအတွက် နံနက် ၄ နာရီ ၅ နာရီဝန်းကျင်ကတည်းက အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေကြရပြီး ဆီကိုလည်း ဆိုင်ကယ်တစ်စီးလျှင် ၄၀၀၀ နှုန်း ၂၀၀၀ နှုန်းဖြင့် အကန့်အသတ်ဖြင့်သာ ရောင်းချပေး လျက်ရှိခြင်းနှင့် တန်းစီး​​စောင့်ဆိုင်း​စဥ်အတွင်း ဆီကုန်သွားသဖြင့် အချိန်ကုန်လူပန်းဖြစ်ရသည့်ရက် များလည်း ရက်ဆက်လာပြီဖြစ်​ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ကာလရှည်ဖြစ်ပေါ်လာမည်ဆိုပါက ဒေသတွင်းပယ သယ်ယူပို့ဆောင်ရေးနှင့် ဆက်စပ်လုပ်ငန်းများကို များစွာထိခိုက်လာနိုင်သည်ကိုလည်း ဒေသခံများအကြား စိုးရိမ်မှုမြင့်တက်လာ လျက်ရှိသည်။
ဓာတ်ပုံ..kabk (ဆီဆိုင်တစ်ဆိုင်ရှေ့တွင် ဆီဝယ်ယူလိုသူများ တန်းစီစောင့်ဆိုင်းနေစဥ်)

မုဒုံမြို့နယ်အတွင်းယနေ့ညနေပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းလျက်ရှိသဖြင့် ရေကြီးနစ်မြုတ်နိုင်သောအနိမ့်ပိုင်းရပ်ကွက်ကျေးရွ...
08/08/2022

မုဒုံမြို့နယ်အတွင်းယနေ့ညနေပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းလျက်ရှိသဖြင့် ရေကြီးနစ်မြုတ်နိုင်သောအနိမ့်ပိုင်းရပ်ကွက်ကျေးရွာများရှိ ပြည်သူများအနေဖြင့် သတိထားစောင့််ကြည့်ကြ
ရန် အကြံပြုအပ်ပါသည်

ဂေါ်ဆွမ်းဦးတင်အောင် ကွယ်လွန်ခြင်း။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။မုဒုံမြို့ပေါ်ရှိ နေ့အလိုက်ဆွမ်းလောင်းအသင်းများ  ဖြစ်ပ...
05/07/2022

ဂေါ်ဆွမ်းဦးတင်အောင် ကွယ်လွန်ခြင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မုဒုံမြို့ပေါ်ရှိ နေ့အလိုက်ဆွမ်းလောင်းအသင်းများ ဖြစ်ပေါ်လာရေးအတွက် ဦးဆောင်ကြိုးပမ်း ခဲ့သူ နှင့် ဗဟိုဆွမ်းလောင်းအသင်း ဥက္ကဋ္ဌ ဖြစ်သူ ဦးတင်အောင် (၇၈) နှစ်သည် (၅.၇.၂၀၂၂) ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မင်းတန်းရပ်ရှိ ၄င်း၏ နေအိမ်တွင် ကွယ်လွန်သွားကြောင်း သိရှိရသည်။
ဦးတင်အောင်သည်မကွယ်လွန်မီက မုဒုံမြို့နယ် ရှိ ဘာသာရေးလူမှုရေးလုပ်ငန်းများတွင် နှစ်​​ပေါင်းများစွာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူအဖြစ် လူသိများ ထင်ရှားသူလည်းဖြစ်သည်။
ဦးတင်အောင်၏ ရုပ်ကလာပ်အား မနက်ဖြန် (6.7.2022)ရက်နေ့ နေ့လည် ၁ နာရီတွင် နေအိမ်မှ ကန်ကြီးသုဿန်သို့ ပို့ဆောင်သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။

မုဒုံမြို့အနန္တမေတ္တာကုသိုလ်ဖြစ် အခမဲ့ဆေးခန်းမှ(၁၉)ကြိမ်မြောက်စက္ခုအလင်းဒါနအစီအစဥ်အဖြစ် မျက်စိဝေဒ နာရှင်များအားအခမဲ့ ကုသ...
26/04/2022

မုဒုံမြို့အနန္တမေတ္တာကုသိုလ်ဖြစ် အခမဲ့ဆေးခန်းမှ
(၁၉)ကြိမ်မြောက်စက္ခုအလင်းဒါနအစီအစဥ်အဖြစ် မျက်စိဝေဒ နာရှင်များအားအခမဲ့ ကုသပေးမည်
# # # # # # # # # # # # # # # # # # # # # # # # #. #.. #... # #.

မုဒုံမြို့နယ်အတွင်း COVID 19 ကူးစက် ပြန့်ပွါးမှုကြောင့်{ ဒီဇင်ဘာ (၆ )ရက်-၂၀၁၉}နေ့မှစ၍ယာယီရပ်ဆိုင်းထားသော
"စက္ခုအလင်းဒါန"ခွဲစိတ်မှုအစီအစဥ်ကို

"မော်လမြိုင်မြို့သီတဂူမျက်စိအထူးကုဆေးခန်းမှ"

ဒေါက်တာပွင့်ဦးနှင့်ဇနီးဒေါက်တာဥမ္မာလှိုင်"
တို့မှ
1.5.2022 ကဆုန်လဆန်း (၂)ရက်
(တနင်္ဂနွေနေ့) နံနက် (၉:၀၀)နာရီအချိန်တွင်လာရောက်စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ပါသည်။
လာရောက်ပြသလိုကြသော

"အတွင်းတိမ်၊ရေတိမ်နှင့်အခြားမျက်စိရောဂါ"ဝေဒနာရှင်များအနေဖြင့်
အနန္တမေတ္တာကုသိုလ်ဖြစ်အခမဲ့ဆေးခန်းသို့ ယင်းနေ့ နံနက်(၆:၃၀)မှစတင်၍စာရင်းပေးသွင်းကြပါရန်အနန္တမေတ္တာ ကုသိုလ်ဖြစ်ဆေးခန်းမှ နှိုးဆော်ထားသည်။

ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း၏
ယခု (၁၉)ကြိမ်မြောက် အလင်းဒါနအစီအစဉ်တွင်
အလှူရှင် ဒေါက်တာပွင့်ဦးနှင့်ဇနီးဒေါက်တာဥမ္မာလှိုင်တို့၏ဆန္ဒအရ
မျက်စေ့ရောဂါစမ်းသပ် စစ်ဆေး ခွဲစိတ်ပေးရန်လူနာအရေအတွက်ကန့်သတ်မထားကြောင်းနှင့်
ခွဲစိတ်မှုကုန်ကျစရိတ်အဝဝကိုလည်းအလှူဒါနပြုမည်ဖြစ်ကြောင်းသိရှိရသည်။

မုဒုံမြို့ အနန္တမေတ္တာကုသိုလ်ဖြစ်အခမဲ့ဆေးခန်းသည် မုဒုံမြို့ မြို့မ ၁ ရပ်ကွက် ဒေါနလမ်းတွင် ဖွင့်လှစ်ထားပြီး တစ်ပတ်လျှင် ၃ ရက်ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုများကို အခမဲ့ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၁၀ နှစ်ကျော်ရှိပြီဖြစ်သည်။

01/04/2022

မုဒုံမြို့နယ်အတွင်း
ညမထွက်ရအမိန့်အား
ည၈နာရီမှနံနက်၄နာရီအစား ည၁၀နာရီမှ နံနက်၄နာရီသို့ပြောင်းလဲသတ်မှတ်လိုက်ပြီဖြစ်ကြောင်းသိရ။

29/06/2021

မုဒုံ မြို့မ ၄ တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိ
,..................................................................

(၂၉.၆.၂၀၂၁)နေ့ တွင် မုဒုံမြို့ မြို့မ (၄)ရပ်ကွက် ချမ်းမြကန်သာရပ်မှ အမည်...... အသက်နှစ်၂၄ အမျိုးသမီးတစ်ဦးသည်အနံ့မရရှိသဖြင့် မုဒုံမြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ ဆက်သွယ်၍ RDTနဲ့ ဆေးစစ်ခဲ့ရာ covid 19. Positive ထွက်ရှိခဲ့ပြီး မုဒုံပြည်သူ့ဆေးရုံကြီး (isolation Ward )တွင် ထားရှိထားကြောင်း မုဒုံပြည်သူ့ဆေးရုံ မှ သတင်းထုတ်ပြန်ထားသည်။

27/02/2021

မုဒုံမြို့နယ်အတွင်း
၁၄၄ အမိန့်ကို
ယနေ. ၂၇.၂.၂၀၂၁ ရက်စွဲဖြင့် သက်ဆိုင်ရာမှ ထုတ်ပြန်ပြီး ဖြစ်ကြောင်း သိရှိရသည်။

Address

Bogyoke Road
Mudon

Alerts

Be the first to know and let us send you an email when Mudon Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share