
23/07/2025
https://www.facebook.com/share/p/1ApzgWDNQR/?mibextid=wwXIfr
မိဘကို လုပ်ကျွေးခြင်းက ဘဝမှာ အကောင်းဆုံးယတြာပဲတဲ့ 🍀
အမြဲတမ်း ကံကောင်းနေပါတယ်ဆိုတဲ့သူ မရှိသလို အမြဲတမ်း ကံဆိုးနေတဲ့သူတွေလည်း မရှိကြပါဘူး ။
ဒါပေမယ့် ကိုယ် ကံဆိုးနေချိန်မှာတောင် ကူကယ်ရာမဲ့ ဖြစ်မနေခြင်းက မိဘကို ရှာကျွေး ၊ ထောက်ပံ့ခြင်းရဲ့ ရောင်ပြန်ပါပဲ ။
ဒါကြီးကို လက်ခံကို လက်ခံရမယ်လို့ Brain Wash လုပ်တာမျိုး မဟုတ်ပေမယ့်
ဒီစကားကိုတော့ မိဘရှာကျွေးနေတဲ့သူတိုင်း လက်ခံကြလိမ့်မယ် ။
ဘာလို့ဆိုရင် ဒီစိတ်ခံစားချက်ကို ဒီလိုလူတွေပဲ ပိုခံစားမိကြတာကိုး ...
ဒီတော့ မိဘကို အပူမပေးဘဲ ကိုယ့်ခွန်အားလေးနဲ့ ရသလောက် ရှာကျွေးပြုစုပါ ...
ဒါဟာ ကိုယ့်အတွက် အကောင်းဆုံးနဲ့ တစ်ခုတည်းသော ကံအထောက်အပံ့ယတြာပါပဲ ။