ရေလယ်ကျွန်းကဗျာ

ရေလယ်ကျွန်းကဗျာ က်ေနာ္တုိ့ျမိဳ႕ေလး

အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ Southeast Asia နိုင်ငံအကုန်ပါပါတယ်။ မနက်ဖြန်၊ သဘက်ခါ၊ နောက်ရက် သုံးရက်ကတော့ အပူ...
04/03/2025

အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ

Southeast Asia နိုင်ငံအကုန်ပါပါတယ်။ မနက်ဖြန်၊ သဘက်ခါ၊ နောက်ရက် သုံးရက်ကတော့ အပူဆုံးဖစ်မယ်တဲ့။

အပူချိန် 35C - 37C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level -1

37C ကနေ upper 40C ထိတိုးလာရင် Level 2 danger ပါ ။

ကလေးငယ်ငယ်လေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ Pet တွေအထူးအထူးဂရုစိုက်ပါ။ နွေရာသီ ပူနေကြလိုမဟုတ်ပါဖူးနော်၊ ထပ်ပြောပါမယ်။ အခုတောင်လူတိုင်း Heat stroke ဖြစ်နေကြတယ်။ (လည်ပင်းနာ၊ အသံဝင်၊ ချောင်းဆိုး၊ နှာချေ၊ နှာစီး အဆက်မပြတ်၊ မျက်စိပူ ) အခုဒီမှာမီးပြတ်နေတော့ပိုတောင်ဆိုးမှာပါ။ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်တာမျိုး အခန့်မသင့်ရင်လူငယ်၊ လူကြီးအရွယ်စုံဖြစ်တတ်တယ် မပေါ့ပါနဲ့နော်။

ဘာလုပ်သင့်လဲဆို ရေဘူးဆောင်ပါ။အေးစက်နေတဲ့ ရေခဲရေထက် ရိုးရိုးရေပိုကောင်းပါတယ်။ အရမ်းပူလာရင်တောင် ရေခပ်နွေးနွေး body pressure balance ဖစ်အောင် သောက်ပေးသင့်တယ်။ ရေခဏခဏသတိရတိုင်းသောက်ပါ။

အိမ်ကို လိုက်ကာကာပါ။ အဝတ်အစားချွေးစုပ်တာ ပေါ့ပါးတာ။
လေဝင်လေထွက်ရှိ အပူထွက်လွယ်တာဝတ်ပါ။
အသောက်အစားလေးခဏလျှော့ပါ။
Gym အပြင်းအထန်လုပ်တာလျှော့။
Sunglasses, sun cream 2-3 hours နေတခါ ထပ် on, ထီး၊ ဦးထုပ်မဖြစ်မနေဆောင်။
Aircon, fan directly အေးစက်အောင်မထားပါနဲ့။ အပြင်ရုတ်တရက်ထွက်မိရင် shock ရှိ။

အကောင်းဆုံးကတော့ မဖြစ်မနေကိစ္စကလွဲပြီး အိမ်ပြင်ထွက်ခြင်း၊ အပြင်ထွက်ခြင်းမျိုးရှောင်ကြနော် ။

ချစ်တဲ့သူတွေကို share ပေးပြီး ဂရုတစိုက်သတိပေးပါ

Crd

19/02/2025
ကူနီနန်းနှင့် ပခန်းကိုကြီးကျော် ၏ သမိုင်းရာဇဝင်=======================ကူနီနန်းနှင့်ပခန်းမြေတပေါင်းလ ရောက်သော် အညာဒေသ မြင...
19/02/2025

ကူနီနန်းနှင့် ပခန်းကိုကြီးကျော် ၏ သမိုင်းရာဇဝင်
=======================

ကူနီနန်းနှင့်ပခန်းမြေ
တပေါင်းလ ရောက်သော်
အညာဒေသ မြင်းခြံ ပခုက္ကူ နှင့်
ရေစကြို နယ်တို့တွင် လှုတ်လှုတ်ရွရွ
ကူနီနတ်နန်း နှင့် ပခန်းကိုကြီးကျော် နတ်ပွဲသို့
လောကီးအကျိုး စီးပွား လိုလားတောင်းတသူများ နှင့်
မူးချင် ရူးချင် ပျော်ချင် ပါးချင် သူတို့ တပျော်တပါး သွားကြ၏။
ယင်းပွဲမှာ မိရိုးဖလာ ကိုးကွယ်ယုံကြည်မှုနှင့်
အညာဒေသ ပွဲတော် တစ်ခု၏ အလှတရားတို့
ပေါင်းဆက် တည်ရှိရာ ရိုးရာနတ်ပွဲလည်းဖြစ်သည်။

သို့သော် ထိုနတ်ပွဲအကြောင်း
ဂဃနဏ သိသူ လေ့လာသူမှာ ရှား၏။

ပုဂံခေတ် သက္ကရာဇ် ၉၆ တွင်
သိင်္ဃမင်း အနိစ္စရောက်လျှင်
သားတော်ကြီး သိန်းခွန်မင်း နန်းတက်၏။
ပုဂံမင်းဆက် ၅၅ဆက်တွင် သိန်းခွန်မင်းသည်
၂၇ ဆက်မြောက်ဖြစ်သည်။
အေဒီ ၇၃၄ မှ ၇၄၄ အထိနန်းစံခဲ့သည်။
အနော်ရထာ မတိုင်မှီ
အနှစ် ၃၀၀တိတိတွင် အနိစ္စ ရောက်၏။

ထိုမင်းတွင် ရွှေကိုင်း (မြောက်နန်း) နှင့်
ရွှေလောင်း (တောင်နန်း) မိဖုရား နှစ်ပါးရှိလေသည်။
ရွှေလောင်း မိဖုရားမှာ
ရွှေလောင်းမြို့စား မင်းမျိုးမင်းနွယ် ဖြစ်၏။
ရွှေကိုင်း မှာ မြင်းခြံမြို့အနီး
သဲဖြူဝရွာ အနီးမှ ရွှေကိုင်းရွာသူ ဖြစ်၏။
ရွှေကိုင်းမိဖုရား မှ ဖွားမြင်သူသော
စည်သူ နှင့် ကျော်စွာ ညီနောင်ဟာ
အသက်ကြီးသူများ ဖြစ်၏။
ရွှေလောင်းမိဖုရားမှ ဖွားမြင်သော
ရွှေလောင်းမင်းသားမှာ အသက်ငယ်သူ ဖြစ်သည်။

မင်းကြီးသည် ညီနောင် ၃ပါး ဖြစ်၍
အိမ်ရှေ့ရာထူးနှင့် ထီးနန်းလွှဲအပ်ရန် စဉ်းစားရ ခက်နေသည်။

အစဉ်လာအရ တောင်နန်း၏ သားတော်သာ အိမ်ရှေ့အရာ ပေးရပေမည်။
သို့သော် အသက်မှာ အငယ်ဆုံးဖြစ်၍ ၁၈ နှစ်ပင်မပြည့်။
သားတော်ကြီးများ ပေးလျှင်လည်း အစဉ်အလာ ပယ်ရာကျပေမည်။
မပေးခင် မင်းကြီး သေလျှင်လည်း နန်းလုပွဲ ဖြစ်ကြတော့မည်။

ထိုစဉ် တောင်ညိုလယ်မ နှင့် တောင်ငူ အရပ်တွင်
ပုန်ကန်မှု ဖြစ်ရာ သားကြီး နှစ်ပါးကို နှိမ်နင်းရန် စစ်ထွက်စေ၏။

မင်းသားကြီး နှစ်ပါး စစ်ထွက်နေစဉ်
မင်းကြီး နာမကျန်းဖြစ်ရာ
သားတော် အငယ်ဆုံးအားထီနန်း အပ်လေ၏။
တောင်းနန်း၏ သားတော် အိမ်ရှေ့အရာ ပေးသည်မှာ အစဉ်လာဖြစ်၍
မှူးမတ်များလည်း သဘော တူညီကြလေသည်။
သို့သော် ရွှေကိုင်းမိဖုရားမှာ မကျေနပ်။
ဝမ်းနည်း ပူဆွေးကာ သောကမီးတောက်လောင်၍
သေလေရာ နတ်စိမ်း ဖြစ်လေတော့၏။

မြင်းခြံမြို့နယ် ကိုင်းရွာတွင်
ရွှေကိုင်းမယ်တော်ကြီး နတ်နန်းရှိ၏။
နှစ်စဉ် တပေါင်းလဆန်း ၁၃ ရက်တွင်
သားဖြစ်သူ ပခန်းကိုကြီးကျော် ကူနီနတ်ပွဲသို့ နန်းတက်သည်။
ကျော်စွာမင်းသား၏ ကျုံးတူးမြောင်းကိုမြင်လျှင်
စိတ်နာသည်ဟု အဆိုရှိ၏။
ဧရာဝတီကို ဖြတ်ကာ ရွာစဉ်တလျှောက် ရပ်နား၍
လဆန်း ၁၂ရက်တွင် နွယ်နီရွာဝင်၍ညအိပ် ရပ်းနားပြီး
နောက်နေ့တွင် ထိုမှ ကျွဲလှည်းစီး၍ ကူနီနန်းသို့ ဝင်လေသည်။
သားကို မကြည့်လို၍ နောက်ပြန် နန်းတက်လေ့ရှိသည်။
ဓားသွေးပြီး ပြန်ဆင်းကာ ယာယီနန်းဖြင့်စံလေ၏။

ညီနောင်နှစ်ပါးသည်
တောင်ငူအရပ်မှ ပုန်ကန်မှု နှိမ်နင်းအောင်မြင် သဖြင့်
ပုဂံသို့ အပြန်ခရီးတွင် ညီတော် ရွှေလောင်းမင်းသားအား
အိမ်ရှေ့အရာ ပေးအပ်း၍ မယ်တော်ကြီး ကွယ်လွန်ကြောင်း သိလျှင် ပုဂံသို့ မပြန်တော့ပဲ ဧရာဝတီကို ဖြတ်လျှက်
မြောက်သို့ ထွက်ခွါလာ၏။

အရှေ့ဘက် နှင့် မြောက်ဘက်တွင် ချင်းတွင်း
တောင်ဘက် တွင် ဧရာဝတီ၊
အနောက်ဘက်တွင် ရှင်မတောင် တောင်မကြီး ဝန်းရံထားသော
မြေပြန့် လွင်ပြင်တွင် ရပ်နားကြ၏။
ထိုနေရာသည် ဂေါတမဘုရား အလောင်းတော်
ခြင်္သေ့မင်း ကျေးမင်း ဟင်္သာမင်း ဘဝနေခဲ့ဘူးသော အရပ်ဖြစ်ခြင်း
ဓနုသီဟမင်း မြို့တည် ခဲ့ဘူးသော နေရာဖြစ်ခြင်းကြောင့်
ခံတပ်နှင့် မြို့သစ် တည်ကြလေ၏။

မြစ်ကို ကူးသန်းဖြတ်ကျော် မြို့တည်သောကြောင့်
ကူးသန်းမြို့ဟု ခေါ်စေ၏ ယခုအခါ ပခန်းဟုခေါ်ကြ၏
မြို့ရိုး ကျုံး တည်ဆောက်ရာ ချင်းတွင်းမြစ်ရေကို
တူးမြောင်းဖြင့် သွယ်ယူရန် ဆုံးဖြတ်လေသည်။
စည်သူ မင်းသားသည် မြို့ရိုးနှင့်ကျုံးကို တာဝန်ယူတည်ဆောက်၍
ကျော်စွာမင်းသားမှာ တူးမြောင်းကို တာဝန်ယူတည်ဆောက်ရ၏။

ကျော်စွာမှာ တူးမြောင်းကို စိတ်မဝင်စား ဂရုမစိုက်ပဲ
ထန်းရည်သောက် ကြက်တိုက်ဖြင့် အချိန်ကုန်လွန်၏။
မြို့တည်သည်နှင့် တပြိုင်တည်း
ကူဖြူ နှင့် ကူနီ ဘုရားများလည်း တည်ထား၏။
ကူဖြူ ဘုရားမှာ တူးမြောင်း အနောက်ဘက်တွင် ရှိ၍
ကူနီဘုရားသည် အရှေ့ဘက်တွင် ရှိ၏။

ဧရာဝတီနှင့် ချင်းတွင်းကြား
ကျုံးဖြင့် ဆက်သွယ်သော တူးမြောင်းကြီး
ရေစတင်လွှတ်သောနေ့
ရေစတင် ကြိုယူသောရွာကို
ရေစကြိုဟု သတ်မှတ်၏။

ရေမှာ မြောင်းတွင်းသို့ မစီးဝင် ရေမဆင်း၍
နောင်တော်ကြီး စည်သူမင်းသားမှာ
ညီတော်အပေါ် အမျက်ဒေါသ ထွက်လျှက်
ထိုအချိန် ရွှေကူနီဘုရားအနီး ကြက်ဝိုင်းတွင်
ညီတော် မင်းသား ကျော်စွာမှာ
ထန်းရေကြိုက်လိုက် ကြက်တိုက်လိုက် လုပ်နေ၏။
တူးမြောင်းအတွင်း ရေမဝင်၍
ဒေါသ ထွက်နေသော နောင်တော်သည်
ညီတော်ကို ဇွတ်ခေါ်စေ၍ ညောင်ဖြူပင် ခြေရင်းတွင်
လက်သုံးတော် ဓားဖြင့် ခုတ်ပိုင် သတ်လေရာ
ကျော်စွာ မှာ ကြက်ကိုပိုက်လျှက် မြင်းမှကျ၍ သေလေ၏။
၎င်း၏ ဇနီး မဘို့မယ်မှလည်း သူ့ကိုပါသတ်ရန်
ငိုယိုဆဲဆိုသဖြင့် သူ့ကိုပါ သတ်ရလေတော့သည်။

ထိုမှ နတ်စိမ်း ဖြစ်သွားသော
ကျော်စွာ နှင့် တပည့်များသည်
နောင်တော် စည်သူမင်းသား
ကူဖြူဘုရားသို့ ရောက်လျှင် ဝိုင်း၍ သတ်ရာ
စည်သူလည်း နတ်ဖြစ်လေ၏။
ဂူဖြူဘုရား အနီး စည်သူ၏ နတ်ကွန်းမှာ
မြစ်ရေ တိုက်စားသဖြင့် ယခုမရှိတော့ပေ၊
နောင်တွင် စည်သူမင်းသား၏ နတ်နန်းမှာ
၃ မိုင်မျှဝေးသော နေရင်းရွာတွင် ရှိပြီး
တပေါင်းလဆန်း ၁၂ရက်နေ့တွင် ညီတော့်
နန်းသို့ တက်၏။
ကိုကြီးကျော်နန်း အရှေ့ဘက်တွင်
ယာယီနန်းထိုးကာ နန်းပေါ်သို့ နောက်ပြန်တက်ပြီး
ဓားသွေးကာ ပြန်ဆင်းလေရှိသည်။

ညီနောင် နှစ်ပါးသည် အဖေတူ အမေတူ
တစ်အူတည်းဆင်း ညီအကိုရင်း ဖြစ်လျှက်
တစ်ယောက်နှင့်တစ်ယောက် ရက်စက်စွာသတ်ဖြတ်ကြ၍
နတ်စိမ်းများ ဖြစ်သွားကြသည်။

ဗုဒ္ဓ ဟောသော ၃၁ ဘုံတွင်
ဗြဟ္မာပြည် ၂၀ နှင့် နတ်ပြည် ၆ ထပ်သည်
နတ်စိမ်းတို့ နေရာ ဌာနမဟုတ်၊
ရဲပြည်မှာလည်း သီးခြား ဖြစ်တည်၏။
လူ တိရိစ္ဆာန် (မြင်ရသော သတ္တဝါ)
ဗြိတ္တာ အသူရကာယ် (မမြင်နိုင်သော သတ္တဝါ) တို့မှာ
ရောနှော တည်ရှိ၏။
အတူ နေထိုင်သော ဘုံဌာနဖြစ်၍
ကိုးကွယ်သည် ဖြစ်စေ ကူညီသည်ဖြစ်စေ
မေတ္တာကို အခြေခံ ဆက်နွယ်သဖြင့် ကောင်းသော အမှုဖြစ်ပေသည်။

ထေရဝါဒ ဗုဒ္ဓဘာသာတွင်
" သရဏဂုံ သုံးပါး " သာ
ယုံကြည်အားထား ကိုးကွယ်ရာ ဖြစ်၍
နတ်စိမ်းတို့အား ကိုးကွယ်ယုံကြည်ခြင်းထက်
မေတ္တာပို့ အမျှဝေခြင်းက ပိုမိုသင့်မြတ်ပေသည်။

တိုင်းပြည် စည်ကားကြောင်း ခုနှစ်ပါးတွင်
"နတ်ဌာန် အရပ်ကိုလည်း ပို့သမြဲ ပို့သရာ၏" ဟု
တစ်ခုပါရှိလေသည်။
မြန်မာတို့သည်
"ရှေးထုံးလည်းမပယ်နှင့် စျေးသုံးလည်းမလွယ်နှင့်" ဟု
ရှေလူကြီးတို့ ဆိုရိုးစကား ရှိလေရာ
မိမိစိတ်ဆန္ဒသာ အဓိက ဖြစ်ပါကြောင်း...။

(မှတ်ချက်)

ကိုယ့်မြို့ ကိုယ့်နယ်အတွင်းမှ သမိုင်းရာဇဝင်များ
အများသူငှါသိရှိစေရန်အတွက်သာ ကူနီနန်း နှင့်
ပခန်းမြေစာအုပ်မှ ကူးယူဖော်ပြပေးရခြင်းဖြစ်ပါသည်။

Credit
✍ ပခန်းကိုကြီးကျော်✍
ရေစကြိုကူနီရွာ ခေတ်အဆက်ဆက်က
ပခန်းကိုကြီးကျော် တပေါင်းနတ်ပွဲကို
ကျင်းပခဲ့ကြတယ်။ ရေစကြိုနယ်က
ရေလယ်ကျွန်းဒေသတခုလုံးက ဒီပွဲကို
ရောက်အောင်သွားကြတယ်။

နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်သော
ကိုကြီးကျော်ပွဲကို အနယ်နယ်အရပ်ရပ်က
လာရောက်ကြတာလဲ မနည်းလှပါဘူး။
ရေစကြိုဒေသခံတွေကတော့ နေ့ချင်းပြန်
သွားကြတာများတယ်။ ရေလယ်ကျွန်းက
ရွာအများစုကတော့ ၅ ရက် ၁၀ ရက်နေ
ထိုင်ကြတယ်။ ရေလယ်ကျွန်းက မြေတော်
ဖြုံဘူး ကျွဲကုန်း မီးလောင်ကျွန်း မိဖုရား၊
ငတရော် ကံဦး အစရှိတဲ့ ရွာပေါင်း ၃၀ခန့်က လှည်းတွေကိုယ်စီနဲ့ စားစရာ ဆန်ဆီ
တွေတင်ကာ တပျော်တပါး ခရီးရက်ရှည်
သွားရောက်ကြတာပါပဲ။

ရေစကြိုမြို့ကနေ
အတိတ်ကာလတုန်းက သွားရောက်ကြတဲ့
သူတွေက မော်တော်ကြီးစီးလို့ ထန်းတော
ဆိပ်သို့ဆိုက်ကပ်ကာ ရေလယ်သောင်
သဲတွေကဆွဲနဲ့ လမ်းလျှောက်သွားကြရာ
လမ်းတလျောက် အလှူခံပုဂ္ဂိုတွေလဲ မနဲ
မနော တွေ့ရသည်။
မြစ်အနောက်ဘက်က ကံသစ် ပညင်း
တောင်အိုတာတိုင် အစရှိသော ဒေသခံ
တွေက စက်ဘီးတွေနဲ့သွားကာ စက်ဘီး
တွေ ဒီဘက်ကမ်းကရွာမှာအပ်ထားပြီး
လှေနဲ့ ကူးကြသွားကြတယ်။

ယခုခေတ် ၂၀၁၉ နောရ်ပိုင်းမှာတော့
ချစ်သူရွာ ချင်းတွင်းမြစ်ကူး ဇက်ကူး၍
သွားလာလို့ရပြီး ကူနီနန်းထိ ကား၊
ဆိုင်ကယ်များ တိုက်ရိုက်သွားလာလို့
လွယ်ကူနေပြီ ဖြစ်ပါတယ်။

✍✍ ပခန်းကိုကြီးကျော်ဆိုသည်မှာ✍✍
ပုဂံခေတ် သိန်းခိုမင်းလက်ထက်တွင်
ရွှေကိုင်းမိဖုရား၏ သားတော်နှစ်ပါး
စည်သူနှင့်ကျော်စွာတို့သည် ပုခန်းမြေ၌
မြို့ပြနိုင်ငံ တည်၍ ကျော်စွာမှာ နတ်ရွာစံ
နတ်စိမ်းဖြစ်ခဲ့သည်။ ဤသည်မှာ ပခန်း
ကိူကြီးကျော်သည် ပခန်းကြီးဒေသ၏
အထင်ကရ တန်ခိုးကြီးမားသည့်
နတ်တစ်ပါးဖြစ်လာ၏။

ထန်းတောကြီးပွဲ လို့ စာရေးတို့က
ငယ်ငယ်က ခေါ်ခဲ့ကြတယ်။ သိပ်စည်
ကားလှတဲ့ ပွဲတော်ကို ပခန်းကြီးကနေ
ပခန်းငယ် ချစ်သူရွာ ဇက်ကူးသွားခဲ့ကြတာ လွမ်းစရာတွေပေါ့ဗျာ။

ရေးသားသူ၊ရေလယ်အင်း၊
စာပန်းအိမ်၊ရေစကြို

တောင်သူဦးကြီးများ ကြိုတင်ပြင်ဆင်နိုင်ရန်
17/09/2024

တောင်သူဦးကြီးများ ကြိုတင်ပြင်ဆင်နိုင်ရန်

အားလုံး share ရန် ကြိုတင်သိရှိ ပြင်ဆင်ကြလော့မကွေးတိုင်း ဧရာဝတီမြစ်အနောက်ဖက်ရှိဒေသ မြိုရွာတွေအားလုံးမှာ မိုးကြီးနိုင်ပြီး...
12/09/2024

အားလုံး share ရန်
ကြိုတင်သိရှိ ပြင်ဆင်ကြလော့
မကွေးတိုင်း ဧရာဝတီမြစ်အနောက်ဖက်ရှိဒေသ မြိုရွာတွေအားလုံးမှာ မိုးကြီးနိုင်ပြီး
ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းနယ်စပ် ရခိုင်ရိုးမတောင်တန်းကြီးပေါ်မှာ
၂၀၂၄ စက်တင်ဘာလ ၁၂ရက်နေ့ ၁၃ရက်နေ့ ၂ရက်ဆက်တိုက် စုစုပေါင်းမိုးရေချိန် ၃၀၀မီလီမီတာမှ ၄၈၀မီလီမီတာအထိ မိုးကြီးနိုင်သဖြင့် ယောချောင်း စလင်းချောင်း နွယ်တမယ်ချောင်း မုန်းချောင်း မန်းချောင်း စပွတ်ချောင်း မင်းတုန်းချောင်းများသည် တောင်ကျရေများအရှိန်အဟုန်ဖြင့်စီးဆင်းလာနိုင်ပါသဖြင့် ချောင်းနီးမြေနိမ့်နေရာဒေသနေထိုင်ကြသူများအနေဖြင့် မြေမြင့်ဘေးကင်းလုံခြုံတဲ့နေရာတွေကိုပြောင်းရွှေနေထိုင်ကြပါလို့တိုက်တွန်းနိုးဆော်လိုက်ပါတယ်
ဘေးအန္တာရယ်ကင်းကြပါစေ
ISSUED TIME
12/09/2024 5:07am(MMT)
#တိကျမှန်ကန်
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

ဧရာဝတီ ချင်းတွင်းဆုံရာရေလယ်ကျွန်းဒေသမှာခုထိမြစ်ရေမကျသေးပါ😟😟
14/07/2024

ဧရာဝတီ ချင်းတွင်းဆုံရာ
ရေလယ်ကျွန်းဒေသမှာ
ခုထိမြစ်ရေမကျသေးပါ😟😟

ယနေ့ ၁၁ ၇ ၂၀၁၄ရေလယ်ကျွန်းရွာလေးတစ်ရွာရဲ့လက်ရှိအနေထား ရေတက်ချိန်🛥🚤🛳⛴🚢
11/07/2024

ယနေ့ ၁၁ ၇ ၂၀၁၄
ရေလယ်ကျွန်းရွာလေးတစ်ရွာရဲ့
လက်ရှိအနေထား ရေတက်ချိန်🛥🚤🛳⛴🚢

နွားတွေ သက်သာပြီး ခရီးရှည် သွားဖို့အတွက် အတော်အဆင်ပြေတဲ့ နည်းလမ်းကောင်း...ရှေ့က ဘီး ဒေါက်က အရှင်ဖြစ်ပြီး မြေနိမ့် အမြင့်...
12/05/2024

နွားတွေ သက်သာပြီး ခရီးရှည် သွားဖို့အတွက် အတော်အဆင်ပြေတဲ့ နည်းလမ်းကောင်း...

ရှေ့က ဘီး ဒေါက်က အရှင်ဖြစ်ပြီး မြေနိမ့် အမြင့် အပေါ်မူတည်ပြီး အလွယ်တကူ ဖြုတ် တပ် လို့ရပါတယ်..

အိန္ဒိယမှ လယ်သမားတဦး တီထွင်ထားတာဖြစ်ပါတယ်...

ဗဟုသုတအဖြစ်မျှဝေလိုက်ပါတယ်..
Rnd Rmd Thutazone

ဒီမြို့လေးလွမ်းပြီဆိုငါတို့ချစ်တဲ့ရေစကြို💞💞❤photo  ပေးပါတယ်
08/04/2024

ဒီမြို့လေးလွမ်းပြီဆို

ငါတို့ချစ်တဲ့ရေစကြို💞💞❤

photo ပေးပါတယ်

((အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ))Southeast Asia နိုင်ငံအကုန်ပါပါတယ်။ မနက်ဖြန်၊ သဘက်ခါ၊ နောက်ရက် သုံးရက်ကတော့ ...
02/04/2024

((အပူလှိုင်းဖြတ်မယ်လို့
သတိပေးထားတာ စပါပြီ))

Southeast Asia နိုင်ငံအကုန်ပါပါတယ်။ မနက်ဖြန်၊ သဘက်ခါ၊ နောက်ရက် သုံးရက်ကတော့ အပူဆုံးဖစ်မယ်တဲ့။

အပူချိန် 35°C - 37°C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level -1

37°C ကနေ upper 40°C ထိတိုးလာရင် Level 2 danger ပါ ။

ကလေးငယ်‌ငယ်လေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ Pet တွေအထူးအထူးဂရုစိုက်ပါ။ နွေရာသီ ပူနေကြလိုမဟုတ်ပါဖူးနော်၊ ထပ်ပြောပါမယ်။ အခုတောင်လူတိုင်း Heat stroke ဖြစ်နေကြတယ်။ (လည်ပင်းနာ၊ အသံဝင်၊ ချောင်းဆိုး၊ နှာချေ၊ နှာစီး အဆက်မပြတ်၊ မျက်စိပူ ) အခုဒီမှာမီးပြတ်နေတော့ပိုတောင်ဆိုးမှာပါ။ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်တာမျိုး အခန့်
မသင့်ရင်လူငယ်၊ လူကြီးအရွယ်စုံဖြစ်တတ်တယ် မပေါ့ပါနဲ့နော်။

ဘာလုပ်သင့်လဲဆို ရေဘူးဆောင်ပါ။အေးစက်နေတဲ့ ရေခဲရေထက် ရိုးရိုးရေပိုကောင်းပါတယ်။ အရမ်းပူလာရင်တောင် ရေခပ်နွေးနွေး body pressure balance ဖစ်အောင် သောက်ပေးသင့်တယ်။ရေခဏ
ခဏ သတိရတိုင်းသောက်ပါ။

အိမ်ကို လိုက်ကာကာပါ။ အဝတ်အစားချွေးစုပ်တာ ပေါ့ပါးတာ။လေဝင်လေထွက်ရှိ အပူထွက်လွယ်တာဝတ်ပါ။ အသောက်အစားလေးခဏလျှော့ပါ။ Gym အပြင်း
အထန်လုပ်တာလျှော့။

Sunglasses, sun cream 2-3 hours နေတခါ ထပ် on, ထီး၊ ဦးထုပ်မ‌ဖြစ်မနေဆောင်။

Aircon, fan directly အေးစက်အောင်မထားပါနဲ့။အပြင်ရုတ်တ
ရက်ထွက်မိရင် shock ရှိ။

အကောင်းဆုံးကတော့ မဖြစ်မနေကိစ္စကလွဲပြီး အိမ်ပြင်ထွက်ခြင်း၊ အပြင်ထွက်ခြင်းမျိုးရှောင်ကြ‌နော် ။

ချစ်တဲ့သူတွေကို shareပေးပြီး
ဂရုတစိုက် သတိပေးပါ။

Crd:KZY

 #ကိုကြီးကျော်နတ်နန်း၊  #ကူနီရွာ နတ်ပွဲရက်နီးပီပခန်းကိုကြီးကျော်နတ်နန်းသည် မကွေးတိုင်း ပခုက္ကူခရိုင်ရေစကြိုမြို့နယ်၊ နန်...
12/03/2024

#ကိုကြီးကျော်နတ်နန်း၊ #ကူနီရွာ နတ်ပွဲရက်နီးပီ

ပခန်းကိုကြီးကျော်နတ်နန်းသည် မကွေးတိုင်း ပခုက္ကူခရိုင်
ရေစကြိုမြို့နယ်၊ နန်းဦးကျေးရွာအုပ်စု၊
ကူနီရွာ(ထန်းတောရွာ)ကူနီနတ်နန်းမှာ တည်ရှိသည်။

နှစ်စဉ်တပေါင်းလဆန်း ၁-ရက်မှ တပေါင်းလပြည့်နေ့အထိ ကိုကြီးကျော်နတ်ပွဲကျင်းပသည်။

ယခင်က ရွာဘုရားပွဲကနေ နတ်ပွဲ ဖြစ်လာသည်ဟု ဆိုသည်။

ယခု ၂၀၁၉ ခုနှစ်တွင် ပခန်းငယ်မြောက်ဘက်ချစ်သူရွာ ဇက်ဆိပ်မှ ချင်းတွင်းမြစ်ကိုဖြက်ကာ ကားများ ဇက်ကူး၍သွားနိုင်ပါသည်။

ပခန်းကိုကြီးကျော်-ပုဂံ သိန်းခိုမင်းသည်ဖခင်နတ်ရွာစံသောအခါ နန်းရသည်။

တောင်ညိုလယ်မ နှင့် တောင်ငူ
အရပ်တွင် ပုန်ကန်မှုဖြစ်ရာ သားကြီး
နှစ်ပါးကို နှိမ်နင်းရန် စစ်ထွက်စေ၏။

မင်းသားကြီး နှစ်ပါး စစ်ထွက်နေစဉ်
မင်းကြီး နာမကျန်းဖြစ်ရာ သားတော်
အငယ်ဆုံး အားထီနန်း အပ်လေ၏။

တောင်းနန်း၏ သားတော် အိမ်ရှေ့အရာ
ပေးသည်မှာ အစဉ်လာဖြစ်၍
မှူးမတ်များလည်း သဘော တူညီကြ
လေသည်။

သို့သော် ရွှေကိုင်းမိဖုရားမှာမကျေနပ်။ ဝမ်းနည်း ပူဆွေးကာသောကမီးတောက်လောင်၍သေလေရာ နတ်စိမ်း ဖြစ်လေတော့၏။

မြင်းခြံမြို့နယ် ကိုင်းရွာတွင် ရွှေကိုင်း
မယ်တော်ကြီး နတ်နန်းရှိ၏။ နှစ်စဉ်
တပေါင်းလဆန်း ၁၃ ရက်တွင်
သားဖြစ်သူ ပခန်းကိုကြီးကျော်
ကူနီနတ်ပွဲသို့ နန်းတက်သည်။

ကျော်စွာမင်းသား၏ ကျုံးတူးမြောင်း
ကိုမြင်လျှင် စိတ်နာသည်ဟု အဆိုရှိ၏။
ဧရာဝတီကို ဖြတ်ကာ ရွာစဉ်တလျှောက်
ရပ်နား၍ လဆန်း ၁၂ ရက်တွင် နွယ်နီရွာဝင်၍ညအိပ် ရပ်းနားပြီး နောက်နေ့တွင်ထိုမှ ကျွဲလှည်းစီး၍ ကူနီနန်းသို့
ဝင်လေသည်။

သားကို မကြည့်လို၍နောက်ပြန် နန်းတက်လေ့ရှိသည်။
ဓားသွေးပြီး ပြန်ဆင်းကာ ယာယီနန်းဖြင့်စံလေ၏။

ရွှေကိုင်းမိဖုရား၏ သား စည်သူနှင့်
ကျော်စွာတို့ တောငျငူသူပုနျတိုကျ၍အပွနျရှှလေောငျးမငျးသားကျို အိမ်ရှေ့မင်းပေးသောသတင်းကို သိ၍ မပြန်ပဲဧရာဝတီမြစ်အနောက်ဘက် တောင်မကြီးအရပ်တွင် စခန်းချနေသည်။

မြို့သစ်တည်ကြသည်။ မြစ်ကိုကူးသန်း
ဖြတ်ခဲ့ရ၍ ကူးသန်းမြို့ဟု သမုတ်ခဲ့သည်။

ညီနောင်တို့ မြို့ရိုး ကျုံးများ စီမံသည်။
ချင်းတွင်းမြစ်ရေကို တူးမြောင်းဖြင့်
ကျုံးသို့ သွယ်ပြီး စိုက်ပျိုရေးလုပ်ရန်
ကျော်စွာကို ဆည်မြောင်း[တူးမြောင်း]
တာဝန်ပေးသည်။

စည်သူက လာစစ်တိုင်း ကျော်စွာကို
မတွေ့ရ၊ ကြက်တိုက် ထန်ရေသောက်၍
အချိန်ဖြုန်းသည်။

တူးမြောင်းဖွင့်ပွဲတွင်ကျော်စွာကို မတွေ့၍ ခေါ်ခိုင်းရာ ကြက်ပွဲပြီးမှလာခဲ့မယ် သွား ဆို၍ ပြန်လည်ပြောကြားခဲ့သည်။

#ရေစကြိုခေါ်ပုံ

ချင်းတွင်းမြင်မှ တူးမြောင်းဖြင့် ပခန်းကျုံးသို့ ရေကို စတင်ကြိုသောရွာကို ရေစကြိုရွာ ဟုသတ်မှတ်ခဲ့သည်။

#ကိုကြီးကျော်ဖြစ်ခြင်း

ရေစတင်လွှတ်ရာ တူးမြောင်းအတွင်း
၁၀-၁၅ တာသာ ရေဝင်သည်။ ကျော်စွာကရောက်မလာပေ။ စည်သူကတူးမြောင်းကိုစစ်ဆေးစဉ် ရွှေကူနီဘုရားအနီး ကြက်ဝိုင်းသံကြားရ၏။

ကျော်စွာမှာ ကြက်ပွဲ ထန်းရည်ဝိုင်းက မထပေ။ စည်သူက ဒေါသထွက်လာပြီး အတင်းခေါ်ခိုင်းပြီး ညောင်ဖြူပင်ခြေရင်းတွင် ဓားနှင့် ခုတ်သတ်လိုက်သည်။

ကျော်စွာလက်တွက် ကြက်ကိုပိုက်လျက်မြင်းပေါ်မှ ကျသွားသည်။ ကျော်စွာဇနီးမဘို့မယ်ကလည်း သူ့ကိုလည်းသတ်ရန်ဆဲဆိုကြိမ်းမောင်း၍ ခုတ်သတ်ပြန်သည်။

နတ်စိမ်းဖြစ်သွားသော ကျော်စွာနှင့် တပည့်များက စည်သူကိုလည်း ဘုရားဖြူဘုရားအရောက်တွင် သတ်ပစ်ကြသည်။
စည်သူလည်း နတ်စိမ်းဖြစ်သွားပြန်သည်။

ဂူဖြူ ဘုရား အနီး စည်သူ၏ နတ်ကွန်းမှာမြစ်ရေ တိုက်စားသဖြင့် ယခုမရှိတော့ပေ။
နောင်တွင် စည်သူမင်းသား၏ နတ်နန်းမှာ ၃ မိုင်မျှဝေးသော နေရင်းရွာတွင် ရှိပြီးတပေါင်းလဆန်း ၁၂ ရက်နေ့တွင် ညီတော့် နန်းသို့ တက်၏။

ကိုကြီးကျော်နန်းအရှေ့ဘက်တွင် ယာယီနန်းထိုးကာနန်းပေါ်သို့ နောက်ပြန်တက်ပြီးဓားသွေးကာ ပြန်ဆင်းလေ့ရှိသည်။

ညီနောင် နှစ်ပါးသည် အဖေတူ အမေတူ
တစ်အူတည်းဆင် ညီအကိုရင်း ဖြစ်လျှက်တစ်ယောက်နှင့် တစ်ယောက်
ရက်စက်စွာ သတ်ဖြတ်ကြ၍ နတ်စိမ်းများဖြစ်သွားကြသည်။

ယခုအချိန်တွင် ပခန်းကိုကြီးကျော်
နတ်ပွဲကို ဒေသခံများက ရိုးရာပွဲအဖြစ်
ကျင်းပသလို အနယ်နယ်အရပ်ရပ်က
နတ်ချစ်သူများကလည်း လာရောက်ကြသည်။

ကိုကြီးကျော်ပွဲကို တပေါင်းလဆန်း
၁ ရက်မှ စတင်ကျင်းပကာ တပေါင်း
လဆန်း ၃ ရက်နေ့ကို ချိုးရေတော်
သုံးသောနေ့၊ လဆန်း ၄ ရက်ကို
ရွှေဘုံဆင်းခေါ် ရွှေချနေ့၊ လဆန်း
၅၊ ၆၊ ၇၊ ၈ ရက်များကို နတ်ချော့ကြ
သည့်နေ့၊ လဆန်း ၉ ရက်ကို
ကြက်တိုက်နေ့၊ လဆန်း ၁ဝ ရက်ကို
နတ်ချော့နေ့၊ လဆန်း ၁၁ ရက်ကို
တောင်ပြုံး မင်းနှစ်ပါး ကြိုဆိုသောနေ့၊
လဆန်း ၁၂ ရက်ကို နောင်တော်ကြီး
နန်းတက်သောနေ့၊ လဆန်း ၁၃ ရက်ကို
ရွှေကိုင်းမယ်တော်ကြီး လာသောနေ့၊
လပြည့်နေ့ကို ဆွမ်းတော်ကြီးလောင်းပွဲနေ့ဟူ၍ နှစ်စဉ် ကျင်းပလေ့ရှိသည်။

တပေါင်းလအခါ အညာဒေသ မြင်းခြံ၊
ပခုက္ကူ နှင့် ရေစကြို နယ်က ဒေသခံများ၊အခြားဒေသမှ နတ်ကိုးကွယ်သူများက ကူနီနတ်နန်း နှင့် ပခန်းကိုကြီးကျော်နတ်ပွဲသို့ လောကီအကျိုးစီးပွား လိုလားတောင်းတသူများနှင့် ပွဲဝါသနာပာသူတို့ တပျော်တပါး သွားကြ၏။

ယင်းပွဲမှာမိရိုးဖလာ ကိုးကွယ်ယုံကြည်မှုနှင့်အညာဒေသ ပွဲတော် တစ်ခု၏ ပေါင်းစပ်တည်ရှိရာ ရိုးရာနတ်ပွဲလည်းဖြစ်သည်။

ပခန်းပွဲ (ခေါ်) ကိုကြီးကျော်ပွဲသို့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ယုံကြည်ကိုးကွယ်သူများ လာရောက်ကြရာ ပွဲရက်များအတွင်း နတ်ပွဲလာသူ စုစုပေါင်း ၁ဝ သိန်းကျော်ခန့် လာရောက်လေ့ရှိကြသည်ဟု သိရသည်။

လမ်းညွှန်
ရေစကြိုမြို့နှင့် ၁၁ မိုင် ဝေးတဲ့ ပခန်းကြီးကိုလာပါ။ ပခုက္ကူ နဲ့ ပခန်းကြီး ၁၆ မိုင် ဝေး၏။ပခန်းကြီးရောက်ရင် ပခန်းကြီး စည်သူရှင်သရက္ခန်ဘုရားမှ အရှေ့ဘက် ပခန်းငယ်လမ်းအတိုင်းလာ၍ ရောက်ရင် ချစ်သူရွာဇက်ဆိပ်မှ ချင်းတွင်းမြစ်ကူး၍ ညောင်ပင်ရွာမှတဆင့် သွားနိုင်ပါသည်။ပခန်းငယ်လမ်းကောင်းပါသည်။

>>>>>>>>>>>>>>>>>>>>>
19-2-2019
Post ရေလယ်အင်း။ ရေစကြို
ကိုးကားချက် -
ကူနီနန်းနဲ့ပခန်းမြေ၊(ဒေါက်တာသက်လွင်)။
မြန်မာ့အလင်းသတင်းစာ။
Zay Ye Paing Facebook.
photo - Zay Ye Paing,
ဦးမောင်မောင်၊ Tin Thaung

မိချောင်းမုန်တိုင်းမိုးသတိ၂၀၂၃ ဒီဇင်ဘာလ ၂ရက်နေ့မှ ၅ရက်နေ့အတွင်း မိချောင်းမုန်တိုင်း အားအရှိန်ကောင်းနိုင်ပြီးအထက်လေစီးကြေ...
30/11/2023

မိချောင်းမုန်တိုင်းမိုးသတိ

၂၀၂၃ ဒီဇင်ဘာလ ၂ရက်နေ့မှ ၅ရက်နေ့အတွင်း မိချောင်းမုန်တိုင်း အားအရှိန်ကောင်းနိုင်ပြီးအထက်လေစီးကြောင်းများမှ မုန်တိုင်းညာဖက်ရှိ မြန်မာနိုင်ငံ ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း ရခိုင်ပြည်နယ် မကွေးတိုင်း မန္တလေးတိုင်း နေပြည်တော် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်ဒေသတွေမှာမိုးရွာနိုင်ပါတယ်
ရိတ်သိမ်းအခြောက်လှမ်းနေကြသူများ ဒီဇင်ဘာလ ၂ရက်နေ့မတိုင်မှိ ရိတ်သိမ်းအခြောက်လှမ်းပြီးအမိုးအကာအောက်ရောက်ရှိအောင်လုပ်ကိုင်ဆောင်ရွက်ထားကြပါလိုအကြံပြုလိုက်ပါတယ်။

#ရေစကြိုနယ်ရေလယ်ကျွန်းနယ်သူနယ်သားအားလုံး

Address

Myaing

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when ရေလယ်ကျွန်းကဗျာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share