Khin Yu Ya Khing

Khin Yu Ya Khing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khin Yu Ya Khing, Digital creator, Myanaung.

ဓမ္မတာသွေးအရောင်ကပြောတဲ့ကျန်းမာရေးအကြောင်း......            မိန်းကလေးတွေရဲ့ ကျန်းမာရေးက တစ်လတစ်ခါ ပုံမှန်လာနေကျ ဓမ္မတာလာ...
16/02/2023

ဓမ္မတာသွေးအရောင်ကပြောတဲ့ကျန်းမာရေးအကြောင်း......

မိန်းကလေးတွေရဲ့ ကျန်းမာရေးက တစ်လတစ်ခါ ပုံမှန်လာနေကျ ဓမ္မတာလာခြင်းက မျိုးဆက်ပွားကျန်းမာရေးရဲ့ သတင်းအချက်အလက်တွေကိုပေးတတ်ပါတယ် ။ဓမ္မတာလာချိန်ရဲ့ အချိန်ကာလ ၊ သွေးဆင်းတဲ့ ပမာဏစတာတွေက အမျိုးသမီးတိုင်းစောင့်ကြည့်သင့်တဲ့ ကျန်းမာရေးလက္ခဏာတွေပဲဖြစ်ပါတယ် ။ပုံမှန်အနေနဲ့ မိန်းကလေးတွေရဲ့ ပုံမှန်ဓမ္မတာလာချိန်မှာ ဓမ္မတာအရောင်ဟာ လာခါစမှာ အညိုရောင်၊ အလယ်လောက်မှာ အနီရင့်ရောင်အထိ ပြောင်းလဲတတ်ပါတယ် ။ ဒါပေမယ့် ပုံမှန်သွေးအရောင်တွေက ပန်းနုရောင် ၊အနီရောင်တောက်တောက် ၊ သံချေးရောင်၊ လိမ္မော်ရောင် အနက်ရောင်ရင့်ရင့်တွေလဲ ဖြစ်တတ်ပါတယ်။

အမည်းရောင်ဓမ္မတာသွေးရောင်
အမည်းရောင်သွေးအရောင်က ရာသီလာခါစ နဲ့ ရာသီပြီးခါနီးမှာ လာတတ်ပါတယ် ။ ဓမ္မတာသွေးက သားအိမ်နံရံရဲ့ သွေးကြောလေးတွေကနေထွက်လာတာဖြစ်ပြီး ခန္ဓာကိုယ်ပြင်ပ မရောက်ခင်မှာ oxygen နဲ့ထိတွေ့ပြီး အရောင်ပြောင်းသွားခြင်းမျိုးပဲဖြစ်ပါတယ် ။ စိုးရိမ်စရာတော့မဟုတ်ပါဘူး ။

အညိုရင့်ရောင် (သို့မဟုတ်) နီညိုရောင်
အညိုရောင်(သို့မဟုတ်) နီညိုရောင် က ဓမ္မတာလာချိန်မှာ သားအိမ်ထဲမှာ ဓမ္မတာသွေးကျန်တွေ အချိန်အတော်ကြာကျန်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပါဖြစ်ပါတယ် ။ ဓမ္မတာသွေးနီညိုရောင် ဖြစ်ရတဲ့ တခြားအကြောင်းအရင်းတွေက ဓမ္မတာသွေးဆင်းနှုန်းနည်းခြင်း ၊ ဓမ္မတာလာရက်ပြီးဆုံးခါနီးဖြစ်ခြင်း ၊ ကလေးမွေးပြီးသွေးပုပ်ဆင်းခြင်း ၊ စတာတွေကြောင့်ပဲဖြစ်ပါတယ် ။ ဒီလိုဖြစ်တာက မသိသာပေမယ့် ဒါက ပုံမှန်ဖြစ်လေ့ရှိတဲ့သဘောတွေပဲဖြစ်ပါတယ် ။ ဓမ္မတာသွေးဟာ အစပိုင်းမှာ အနီရဲရဲလာတတ်ပြီး ဓမ္မတာပြီးဆုံးခါနီးလေ အရောင်ရင့်တတ်လေပဲဖြစ်ပါတယ် ။

ပန်းရောင်ဓမ္မတာသွေး
ပန်းရောင်ဓမ္မတာသွေးက သားအိမ်ခေါင်းအရည်ကြည်နဲ့ ဓမ္မတာသွေးရောနှောသွားချိန်မှာ ဖြစ်တတ်တဲ့ ဓမ္မတာသွေးအရောင်ပဲဖြစ်ပါတယ် ။ ပန်းရောင်ဓမ္မတာသွေးလာတာက များသောအားဖြင့် စိုးရိမ်စရာမလိုပါဘူး ။ဒါပေမယ့် ဓမ္မတာ လာခါနီးမှာ ပန်းနုရောင် ဓမ္မတာသွေးဆင်းခြင်းက ကိုယ်ဝန်ရှိတဲ့ လက္ခဏာလဲဖြစ်ပါတယ် ။ဒိ့အပြင် မမျိုးဥကြွေတဲ့အချိန်မှာ လဲဖြစ်ပေါ်တတ်ပါတယ် ။

ဓမ္မတာသွေးခဲတုံးကျခြင်း
တစ်ခါတစ်လေ ဓမ္မတာလာချိန်မှာ ဓမ္မတာသွေးအရောင်ရင့်ရင့်နဲ့ သွေးခဲတုံးပါတတ်တာကို သတိထားမိမှာပါ ။ဒီလိုမျိုး အတုံးအခဲများဖြစ်ပေါ်တတ်တာက ဓမ္မတာလာတာပြီးဆုံးခါနီးအချိန်တွေမှာဖြစ်တတ်ပါတယ် ။ ဒါပေမယ့် သွေးခဲ အရွယ်အစားကြီးတာက ဟော်မုန်းဓာတ်မညီတဲ့အချိန်မှာလဲဖြစ်ပေါ်တတ်ပါတယ် ။

ဓမ္မတာသွေးရောင်တွေက ဖော်ပြတဲ့ကျန်းမာရေး အပြင် ဓမ္မတာလာချိန်မှာ မိန်းမကိုယ်က အနံ့ ပြင်းနေရင် ပိုးဝင်နေတဲ့ ရောဂါလက္ခဏာတစ်ခုပဲ ဖြစ်ပါတယ် ။ ဒါတွေအပြင် သွေးဆင်းများလွန်းတာ ၊ ဓမ္မတာလာချိန်စေးကပ်ကပ်ဖြစ်လွန်းတာ၊ ယားယံမှုတွေဖြစ်နေတာ ၊ အဖြူအဆင်းများပြီး ယားယံနေတာမျိုးတွေဖြစ်နေပြီဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်ပြသပြီးတိုင်ပင်သင့်ပါတယ် ။

အလုပ်လုပ်ပါ ... လှအောင်နေပါ... ပြီးတော့စာဖတ်ပါ စီးပွားတူတိုင်းရန်သူမဟုတ်ပါ.. စီးပွားတူတွေများလေCreative ပိုဖြစ်လေပါပင်လယ...
06/11/2021

အလုပ်လုပ်ပါ ... လှအောင်နေပါ... ပြီးတော့စာဖတ်ပါ
စီးပွားတူတိုင်းရန်သူမဟုတ်ပါ..
စီးပွားတူတွေများလေ
Creative ပိုဖြစ်လေပါ
ပင်လယ်ရေသောက်မကုန်ပါဘူး။
တဦးတည်း monopoly စနစ်က
ကျန်ခဲ့တာကြာပါပြီ
သူများလုပ်တဲ့အလုပ်မလို့
မလုပ်ချင်ဘူးမစဉ်းစားပါနဲ့။
ဒါဆိုဘာမှကို လုပ်ဖြစ်တော့မှာမဟုတ်ပါဘူး။
ကိုယ့်အတွေးနဲ့ ကိုယ် ၊
ကိုယ်မိတ်နဲ့ ကိုယ် ၊ ကိုယ့်ပုံစံနဲ့ ကိုယ်ပါပဲ။
📌အမျိုးအစားချင်းတူတောင် qualityချင်းမတူဘူး။
📌Qualityချင်းတူတောင် ထုပ်ပိုးမှုချင်းမတူဘူး။
📌ထုပ်ပိုးမှုချင်းတူရင်တောင်ဝန်ဆောင်မှုချင်းမတူဘူး။
📌ဝန်ဆောင်မှုချင်းတူတောင် management system ချင်းမတူဘူး ။
📌Management systemချင်းတူရင်တောင်
location အလွယ်ရနိုင်ပုံချင်းမတူဘူး။
👉နောက် ကံတရားချင်းလည်း မတူပါဘူး
👉ပြိုင်ဘက်မရှိတဲ့စျေးကွက်ဆိုတာလည်းမရှိဘူး ။
Townshipတခုထဲပြိုင်ဘက်မရှိရင် မြို့ထဲမှာ ပြိုင်ဘက်ရှိမယ်
👉တမြို့လုံးဘယ်သူမှပြိုင်ဘက်မရှိရင် တခြားမြို့မှာ ပြိုင်ဘက်ရှိမယ်။
👉တခြားမြို့မှာပြိုင်ဘက်မရှိရင် တခြားနိုင်ငံမှာတော့ပြိုင်ဘက်ရှိမယ်။
☝️တခုပဲ အတွေးတခုရတာနဲ့အကောင်အထည်ဖော်ပြီး လုပ်နိုင်အောင်သာလုပ်ပါနော်။
💁အတွေးကိုအတွေးထဲ ထားရင်တော့လက်တွေ့မှာ ဘာမှရမည်မဟုတ်။

Crd.

သူများတွေ အချိန်ဆွဲနေတဲ့အချိန်ကိုယ်က စတင်လိုက်တယ်သူများတွေ တွေဝေနေတဲ့အချိန်ကိုယ်က ထလုပ်လိုက်တယ်သူများတွေ ကြောက်နေတဲ့အချိ...
02/11/2021

သူများတွေ အချိန်ဆွဲနေတဲ့အချိန်
ကိုယ်က စတင်လိုက်တယ်

သူများတွေ တွေဝေနေတဲ့အချိန်
ကိုယ်က ထလုပ်လိုက်တယ်

သူများတွေ ကြောက်နေတဲ့အချိန်
ကိုယ်က ရဲရင့်ပြတ်သားလိုက်တယ်

အလုပ်တစ်ခုလုပ်မယ်ဆို မတွေဝေပါနဲ့ မကြောက်ပါနဲ့ အချိန်မဆွဲပါနဲ့

အဲအရာတွေကပဲ သင်မအောင်မြင်လာအောင် တားဆီးနေပါလိမ့်မယ် ✅✅✅

( Experience )
Crd

Address

Myanaung

Website

Alerts

Be the first to know and let us send you an email when Khin Yu Ya Khing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share