17/11/2024
🍁မိဘပြည်သူများအနေဖြင့် ကျည်ကာ တစ်စုံစာ ထောက်ပံ့ကူညီလျှင်
ရှေ့တန်းက ရဲဘော်တစ်ယောက်ရဲ့ အသက်တစ်ချောင်းကို ကာကွယ်ရာ ရောက်ပါတယ်ခင်ဗျာ။
🍁"Save Our Commandos" ကျည်ကာပရောဂျက်မှာ ပါဝင်အားဖြည့်ရင်း ကျွန်တော်တို့ ရဲဘော်လေးတွေရဲ့ အသက်ကို ကာကွယ်ပေးကြပါလို့ မေတ္တာရပ်ခံလိုက်ရပါတယ်။
🍁မကြာမှီရောက်လာမည့် အောင်ပွဲများကို
ဒီကျည်ကာပရောဂျက်မှာ ကိုယ်တက်နိုင်တဲ့ပမာဏကနေပါဝင်ပြီး ကျွန်တော်တို့ ရဲဘော်များနှင့် အတူတကွ တိုက်ပွဲဝင်ကြပါစို့လို့ နှိုးဆော်လိုက်ရပါတယ် ခင်ဗျာ။
"Save Our Commandos" ကျည်ကာ ပရောဂျက် တွင် ပါဝင်အားဖြည့်မည့် မိဘပြည်သူများအနေဖြင့်
MRA Support Team Page ကနေတဆင့်
NUGPay, Kpay, Wave Pay acc များဖြင့် ထောက်ပံ့နိုင်ပါတယ်ခင်ဗျ...
"Save Our Commandos"
🍁တော်လှန်ရေးကာလဟာ (၃)နှစ်ကျော်ကြာလာသည်နှင့်အမျှ အဘက်ဘက်မှာ အောင်ပွဲတွေဟာလဲ ဆက်တိုက်ကို မြင့်တက်လို့ လာနေပြီပဲဖြစ်ပါတယ်။
🍁တော်လှန်ရေးစတင်ခဲ့တဲ့ ကာလကနေ ဒီနေ့၊ ဒီချိန်အထိ အခုလိုမျိုး အောင်ပွဲတွေရရှိခဲ့တာဟာ တော်လှန်ရေးရဲဘော်များ၊ တော်လှန်ရေးထောက်ပို့ရဲဘော်များ၊ တော်လှန်ရေး CDMersများ နှင့် တော်လှန်ပြည်သူများကြောင့်ပဲဖြစ်ပါတယ်။
🍁စိတ်ဓာတ်စစ်ဆင်ရေးမှာ တော်လှန်ရေးတပ်သားများ ခိုင်ခိုင်မာမာဖြင့် ရပ်တည်နိုင်ခဲ့တာက ညီညွတ်စည်းလုံးတဲ့ တော်လှန်ပြည်သူတွေကြောင့်ပါ။ ထို့အပြင် လက်နက်ဖြစ်စေ၊ ရိက္ခာဖြစ်စေ ပြည်သူတွေရဲ့ထောက်ပံ့မှုကြောင့် တော်လှန်ရေးဟာ ပိုမို အားကောင်းစွာ ရပ်တည်နေနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
🍁 မိဘပြည်သူများရဲ့ ထောက်ပံ့မှု နဲ့ ရဲဘော်များရဲ့ကြိုးစားမှုများကြောင့်သာ တစ်ဖြည်းဖြည်းများပြားလာတဲ့ စစ်ဆင်ရေးတွေ၊ မြို့သိမ်းတိုက်ပွဲတွေမှာ အောင်ပွဲများစွာ ရရှိခဲ့ခြင်းလဲ ဖြစ်ပါတယ်။
🍁 ရရှိခဲ့တဲ့အောင်ပွဲတွေ ရဲ့ နောက်ကွယ်မှာတော့ ပေးဆပ်လိုက်ရတဲ့ ရဲဘော်များရဲ့ အသက်များလဲ ရှိနေပြန်ပါတယ်။
🍁ဒါကြောင့်မို့ ရှေ့တန်းစစ်မြေပြင်မှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်များအတွက် ရည်ရွယ်ကာ ကျွန်တော်တို့ MRA Support Team မှ ဦးဆောင်ပြီး ကျည်ကာProject ပြုလုပ်လိုက်ရခြင်းဖြစ်ပါတယ်။
🍁ကျွန်တော်တို့တွေရဲ့ ကျည်ကာProject မှာ "Save Our Commandos" ဆိုတဲ့ ဆောင်ပုဒ်လေးနှင့်အတူ ကျည်ကာဝတ်စုံ (၅၀) စုံ Target ထား ထားပါတယ်။
ယခုလက်ရှိမှာ ကျည်ကာဝတ်စုံ တစ်စုံကို (၁၀)သိန်း ဝန်းကျင် ကျသင့်ပါတယ်ဗျ။
🍁မိဘပြည်သူများအနေဖြင့် ကျည်ကာ တစ်စုံစာ ထောက်ပံ့ကူညီလျှင် ရှေ့တန်းက ရဲဘော်တစ်ယောက်ရဲ့ အသက်တစ်ချောင်းကို ကာကွယ်ရာ ရောက်ပါတယ်ခင်ဗျာ။
မိတ်ဆွေ သူငယ်ချင်းများ စုပေါင်းပြီးလဲ ရဲဘော်တစ်ယောက်စာအတွက် ကျည်ကာဝတ်စုံ (၁)စုံစာ အားဖြည့်နိူင်သလို၊ ကိုယ်တတ်စွမ်းသမျှလဲ ပါဝင်ထောက်ပံ့နိုင်ပါတယ်ခင်ဗျ။