Chityamg

Chityamg 5378

တစ်နေ့ကျ မင်းနဲ့အတူ
11/05/2023

တစ်နေ့ကျ မင်းနဲ့အတူ

06/05/2023

တကယ်တမ်းကျတော့
စွန့်လွှတ်ရဲတဲ့ သတ္တိတွေ ရှိခဲ့တာတော့ မဟုတ်ဘူးပေါ့

နီးစပ်ဖို့ ရွေးခဲ့တယ် ရွေးခဲ့တယ်
ပြီးတော့ ကြိုးစားခဲ့တယ်
ဒါပေမယ့်
နောက်ဆုံး ဘာတွေးမိလာလဲဆိုရင်
ငါ ဘယ်လောက်ကြိုးစားကြိုးစား မနီးတော့ပါလားဆိုတဲ့
အမှန်တရားကို သိလာတယ် လက်ခံလာတယ်

ပြီးတော့ ...ကိုယ်က စွန့်လွှတ်ခဲ့တာမဟုတ်ဘူး
သူ့သဘောကျအတိုင်း
ကိုယ် ချစ်တာကို မလိုချင်တော့တဲ့အခါ
မချစ်ပဲ နေပေးလိုက်တာ

မကြေကွဲရဘူးလား ကြေကွဲရတာပေါ့
မနာကျင်ရဘူးလား နာကျင်ရတာပေါ့

​ပြန်ပြောရရင် ပြန်နာကျင်ရတယ်

ဒါပေမယ့်
ကျွန်တော်တို့ အော်နေလို့မှ မရတာ
အဆင်ပြေပါတယ်ပေါ့

လွမ်းတယ်ပြောလဲ ပြန်လာမှာမှ မဟုတ်တာ
မလွမ်းပါဘူးပေါ့

ကျော်ဖြတ်ပြီးပြီလားမေးရင်
မဟုတ်ဘူး
ခုအချိန်ထိ နစ်နေတုန်းပဲ

ကိုယ့်ကိုယ်ကိုယ် ပျောက်မသွားအောင်ပဲ
ထိန်းထားနိုင်တာပါ

#ကျေးကို

06/05/2023
06/05/2023

ရှေ့ပဲဆက်တိုးရမလား
နောက်ပဲ ဆုတ်လိုက်ရတော့မလား
မသဲကွဲတော့ဘူး ။

သိပ်ချစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့
ရှေ့ဆက်တိုးလိုက်ပြန်ရင်လဲ
မင်းရဲ့ ဂရုမစိုက်မှုတွေကြောင့်
နာကျင်ရပြန်ဦးမယ်

နောက်ဆုတ်လိုက်ဖို့ကျပြန်တော့လဲ
မင်းမရှိတော့ဘူးဆိုတဲ့ စိတ်နဲ့
နာကျင်ရပြန်ဦးမယ်
ဘယ်လမ်းပဲရွေးရွေး...
နာကျင်ရတာချင်းအတူတူတော့
မှန်ပါတယ်
ဒါပေမယ့်
ကိုယ့်အနားရှိနေပြီး
တခြားတစ်ယောက်ကို လွမ်းနေရတာတော့
ပိုပြီး နာကျင်ရတာပေါ့ ။

လောလောဆယ်တော့
နောက်ဆုတ်ဖို့လဲ မရွေးသေးဘူး
ရှေ့ဆက်ဖို့လဲ မတွေးသေးဘူး
ခံနိုင်ရည်ရှိသလောက်...
ခဏလောက် ဆက်ပြီး ရပ်နေချင်မိသေးတာ။

တစ်နေ့နေ့တော့
ဒီနာကျင်ရခြင်းတွေကို
စိတ်ကုန်သွားမှာပါ။

#ကျေးကို
(ရင်နှင့်ရင်း၍ ရေးသည်)

05/05/2023

"မောင် "

ဘဝမှာ မောင်လို့ အခေါ်ခံရဖူးရင် ဝမ်းသာလိုက်ပါ
တကယ်တော့ မောင် ဆိုတဲ့အခေါ်လေးက
ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့သူအတွက်
အလေးအနက်ထားတဲ့ နာမ်စားလေးတစ်ခုပါ

ကျွန်တော်တို့ကသာ အမြတ်တနိုးနဲ့ခေါ်ရတာ
တစ်ဖက်လူကတန်ဖိုးမထားတတ်ခဲ့ရင် မောင်လို့
ထုတ်မခေါ်ဖြစ်တော့ဘူး
ကိုယ်အရမ်းတန်ဖိုးထားရတဲ့နာမ်စားလေးမို့ မပေါ့တန်စေချင်ဘူး

မောင်လို့ ခေါ်တာက သိပ်ကိုမြတ်နိုးလို့ ပြီးတော့
ခဗျားနဲ့လည်းထိုက်တန်လို့ အခေါ်ခံရတယ်မှတ်လိုက်ပါ

သူများတော့မသိဘူး ကိုယ်တော့ မောင်လို့ တစ်ခါခေါ်တိုင်းသိပ်ကိုကြည်နူးရတယ် ။

🌻🤍
#သီရိ

02/04/2023

Address

Myaungmya

Website

Alerts

Be the first to know and let us send you an email when Chityamg posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share