09/07/2025
ဒီတခေါက် Cardio နေ့မှာတော့ Gym သွားလေ့ကျင့် မဖြစ်ဘဲ၊ အပြင်မှာ
သဘာဝလေကောင်းလေသန့်နဲ့အတူ ပြေးဖြစ်တယ်။
Outdoor Running လုပ်ခြင်းက စိတ်နဲ့ခန္ဓာကိုယ် နှစ်ခုစလုံးအတွက် အရမ်းကိုအကျိုးရှိစေပါတယ်။
🌅 Outdoor Running လုပ်ခြင်းကြောင့် ရနိုင်မဲ့ အကျိုးကျေးဇူး ၁၀ ချက်
1️⃣ 😌 စိတ်ဖိစီးမှုကို လျော့ကျစေတယ်
သဘာဝပတ်ဝန်းကျင်ထဲမှာ ပြေးတာက တစ်နေ့တာ စိတ်ဖိစီးမှုတွေကို
သက်သာစေပြီး စိတ်ကို refresh လုပ်ပေးတယ်။
2️⃣ ❤️🔥 နှလုံးနဲ့ အဆုတ် သန်မာစေတယ်
Ruunning က သွေးလည်ပတ်မှု တိုးစေပြီး၊ နှလုံးနဲ့ အဆုတ်အတွက် အကျိုးအများကြီးရှိစေတယ်
3️⃣ 🛌 ညဖက်မှာ ကောင်းကောင်း အိပ်မောကျစေတယ်
ပြေးပြီးတဲ့နောက် ခန္ဓာကိုယ်ပင်ပန်းမှုက melatonin ထွက်မှုကိုကူညီပြီး
အိပ်စက်ခြင်းကို ပြုပြင်ပေးတယ်။
4️⃣ 🩺 သွေးတွင်း ကိုလက်စရော (Cholesterol) ကိုလျော့စေတယ်
အကြိမ်ကြိမ်ပြေးခြင်းက bad cholesterol (LDL) ကိုလျှော့ပြီး good cholesterol (HDL) ကိုတိုးစေတယ်။
5️⃣ ☀️ ဗီတာမင် D သဘာဝနဲ့ ရတယ်
နေရောင်ခြည်ထဲမှာပြေးခြင်းက အရိုးနဲ့ immune system တို့အတွက် အရေးကြီးတဲ့ Vitamin D ကို သဘာဝနဲ့ရနိုင်ပါတယ်။
6️⃣ 🧘♂️ စိတ်အေးချမ်းမှု တိုးတက်စေတယ်
ပြေးချိန်မှာ ငြိမ်းငြိမ်းချမ်းချမ်း သဘာဝနဲ့ အတူရှိနေပြီး
mindfulness ကိုဖြစ်စေတယ်။
7️⃣ 🔥 ကယ်လိုရီ လောင်ကျွမ်းမှုကို မြန်စေတယ်
Outdoor running က treadmill ထက် ရေရှည်မှာ
ကယ်လိုရီ ပိုမို Burn စေတယ်။
8️⃣ 👀 မျက်စိကို သဘာဝအလင်းနဲ့ လေ့ကျင့်ပေးတယ်
ကြည့်နေရတဲ့ screen တွေနဲ့ မဟုတ်ဘဲ သဘာဝအလင်းကိုမြင်တာက
မျက်စိဖိစီးမှုကိုလျော့စေတယ်။
9️⃣ 👫 မိသားစု၊ မိတ်ဆွေတွေနဲ့ အတူလုပ်လို့ရတယ်
အပြင်မှာပြေးတာကို ရည်းစား၊ မိသားစု၊ မိတ်ဆွေတွေနဲ့ အတူလုပ်တာက Motivation တိုးစေတယ်။
🔟 🏃♀️ ပြေးခြင်းက အလွယ်တကူ စတင်နိုင်တဲ့ လေ့ကျင့်ခန်းတခု
အားကစား ဖိနပ်တရံနဲ့ အားကစား အ၀တ်စားတစုံရှိရင် ချက်ချင်း ထလုပ်လိုက်လို့ ရတယ် ✨