ZUBY

ZUBY Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ZUBY, Digital creator, ခရေ ( 2 ) လမ်း၊တိုးချဲ့မဲကနယ်ရပ်ကွက်၊, Myawadi.

ဇူဘိုင်ကုမ္ပဏီ(မြဝတီ)
+66900648291🇹🇭
+959760648291🇲🇲
+959752848291🇲🇲🏪☎️

"ငွေကြေးအား ကျွန်ုပ်တို့တာဝန်ယူပါမည်
ကွာလတီအား အသင်တို့တာဝန်ယူပါ "

အရောင်းဝယ်ကိစ္စများအတွက်
ဤ page ၏ Cb ကို ဖုန်းခေါ်၍
ဆက်သွယ်နိုင်ပါသည်

အတ္တကြီးရင် လူမကပ်ဘူး ဒေါသကြီးရင် လူမကပ်ဘူး ကိစ္စသေးသေးလေးဖြစ်တာကို အတ္တတွေ ဒေါသတွေနဲ့တုန့်ပြန်နေမယ်ဆိုရင်တော့တစ်နေ့ ကို...
31/05/2025

အတ္တကြီးရင် လူမကပ်ဘူး
ဒေါသကြီးရင် လူမကပ်ဘူး
ကိစ္စသေးသေးလေးဖြစ်တာကို
အတ္တတွေ ဒေါသတွေနဲ့တုန့်ပြန်နေမယ်ဆိုရင်တော့
တစ်နေ့ ကိုယ့်ဘေးမှာ ဘယ်သူမှ
ရှိတော့မှာ မဟုတ်ပါဘူး။
သေချာတာကတော့ လူကောင်းတွေရှိမှာမဟုတ်တော့ဘူး။

Crd

အိမ်တွင်းအကြမ်းဖက် မရှက်တဲ့ ကျားသတ္တဝါ(အက်ဆေး)ထွန်းလင်းယောကျာ်းချင်း ရန်ဖြစ်ရမှာကို ဝန်လေးတဲ့ သူငယ်ချင်းတစ်ယောက်က အိမ်တွ...
31/05/2025

အိမ်တွင်းအကြမ်းဖက် မရှက်တဲ့ ကျားသတ္တဝါ

(အက်ဆေး)

ထွန်းလင်း

ယောကျာ်းချင်း ရန်ဖြစ်ရမှာကို ဝန်လေးတဲ့ သူငယ်ချင်းတစ်ယောက်က အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်နေကြောင်း ကြားသိရတဲ့အခါ ကျနော့်အတွေးတွေ ရှေ့တစ်လှမ်းတိုးဖို့ပင် ခက်သွားတယ်။

သူနဲ့ကျနော်က အဆင့်မြင့်ပညာသင်ကျောင်း တက်ကတည်းက နက်ရှိုင်းခဲ့ကြတဲ့ ဘော်ဒါတွေ။ ကျောင်းတက်နေစဉ် သူနဲ့တွဲလျက် ရန်၂ပွဲဖြစ်ခဲ့ဖူး။ ပထမတစ်ပွဲမှာ ကျနော့်ရဲ့ မြန်မြန်ဆန်ဆန်တုံ့ပြန်မှုအရ တစ်ဖက်လူ ဘိုင်းခနဲ လဲကျ၊ ကျနော့်ဘော်ဒါက ဘာလုပ်ရမယ်မှန်းမသိ အကြောင်သားငေးလို့။ နောက်တစ် ပွဲ ထပ်ဖြစ်တော့လည်း ထိုနည်း၎င်း။ စိတ်ကြိုက် ရိုက်လို့ရတဲ့အနေအထားမှာ သူ့ထီးနဲ့ ရိုက်လိုက်ပုံက ချစ်သူရဲ့ပခုံးသားပေါ် ဖွဖွကလေး လက်တင်လိုက်ပုံမျိုး။ လူပုံစံကျ အရပ်၆ပေ နီးပါး၊မြင့်မြင့်မားမား။

အဲဒီလို တစ်ဖက်သား ထိခိုက်မှာကို မလိုလားသူတစ်ယောက်က ကိုယ့်မိန်းမကိုယ် ကိုယ်ထိလက် ရောက်အကြမ်းဖက်တယ်ဆိုတော့ ကျနော် အံ့ဩရတယ်။ ပြီးတော့ သူက စာနာတတ်သူ၊ရက်ရောသူ၊ အတန်းပညာတင်မက စာဖတ်ပေဖတ် ဆင်ခြင်တုံတရားလည်း ရှိသူတစ်ယောက်။ ဒါ့ကြောင့် ကျနော် နားလည်ရခက်။

သူ့မိန်းမဆိုတာက အိမ်ကအတင်းပေးစားလို့ ယူထားတာလည်း မဟုတ်။ သူ့ဘာသာ ချစ်လှချည်ရဲ့ဆိုပြီး အသဲ အသန်။ ကာလတစ်ခုကြာ ရည်းစားဖြစ်ပြီးတော့မှ အကြင်လင်မယားဘဝ၊သားသမီးတွေပင် ရတဲ့ အချိန်ကျမှ မညှာမတာ အိမ်တွင်းအကြမ်းဖက်။

ပထမ၊ သူ့ရဲ့ မကျေနပ်ချက်တွေကို အိမ်ကပစ္စည်းတွေ ရိုက်ခွဲပြီး ထွက်ပေါက်ရှာတဲ့အဆင့်။ ငါရှာထားတဲ့ပစ္စည်း ငါ့ဘာသာရိုက်ခွဲတာ ဘာဖြစ်လဲတဲ့။ ပစ္စည်းရိုက်ခွဲမှုမှာ ယဉ်ပါးသွားပြီးနောက် မိန်းမကို ကိုယ်ထိလက်ရောက် ထပ်ကျူးလွန်။ ကလေးများခမျာ တုပ်တုပ်မျှ မလှုပ်ရဲ။ မိန်းမသည်လည်း မျက်ရည်စက်လက်၊ ပတ်ဝန်းကျင်မှာ ခေါင်းမဖော်ဝံ့။ သူကလွဲလို့ မိသားစုတစ်စုလုံး စိတ်ဒဏ်ရာတွေဖြစ်လို့။

နောက်ထပ်သူငယ်ချင်းတစ်ဦး ကျတော့လည်း တခြားသူတွေအပေါ် တစ်ခုခုလုပ်ပေးချင် စိတ်ရှိသူ။ အများအတွက်ဆိုရင် စိတ်ရောကိုယ်ပါ ကူညီဖို့ အဆင်သင့်ဖြစ်နေသူ။ သူက ကူညီချင်သလောက် သူက အကူအညီပြန်တောင်းဖို့ သိပ်ဝန်လေးတဲ့သူ။ လက်ဖက်ရည်တစ်ခွက်ကိုပင် သူ့ကြောင့် ဝန်တက်သွားမှာစိုးရိမ်လို့ သူ ငယ်ချင်းတွေ တိုက်တာ ငြင်းဆန်လေ့ရှိသူ။

သူ့လူငယ်ဘဝဟာ နွမ်းနွမ်းပါးပါး။ ကျောင်းတက်စဉ်ကာလတစ်လျှောက် ခြစ်ခြုပ်ချွေတာ။ကျောင်းပြီး သွားပြီးနောက် အချိုးအကွေ့တစ်ခုမှာ သူ့ဘဝအိပ်မက် ပညာနဲ့ အသက်မွေးပြီး စီးပွားရေးလည်း အဆင်တပြေ။ နောက်အချိုးအကွေ့တစ်ခုရောက်တော့ အလုပ်လက်မဲ့ဘဝ။ အလုပ်လက်မဲ့ဝေဒနာသိပ်သည်းလာပြီးနောက် အလုပ်နဲ့အကိုင်နဲ့ မိန်းမနဲ့ အခန့်မသင့်သောတစ်ကွေ့ ယောကျာ်းဆိုတာ ယောကျာ်းပဲ၊လာမစမ်းနဲ့ဆိုပြီး တစ်အိမ်လုံးကပစ္စည်း ရိုက်ခွဲလို့ရတာ အကုန်ရိုက်ခွဲပစ်။ ယောကျာ်းမာနဆိုတာ အဲဒါပဲတဲ့။ ကျနော် နားမလည်။

သူငယ်ချင်းမတစ်ဦးလည်း ရှိသေးတယ်။ ဘဝကို မျဉ်းဖြောင့်တစ်ကြောင်းပေါ် တန်းတန်း မတ်မတ်လျှောက် ဖြတ်သန်းလာတဲ့သူ။၁၀တန်းအောင်၊ ဘွဲ့ရ၊ ရည်းစားရ၊ အိမ်ထောင်ကျ၊ သူ့ယောကျာ်းဆိုသူကလည်း အတန်းပညာအရ သာမန်ရိုးရိုးဘွဲ့တင်မက၊ အဆင့်မြင့်ဘွဲ့ရထားတဲ့သူ၊ ပြီးတော့ မိဘအမွေအနှစ်အရ နယ်မြို့ မှာ သူဌေးအဆင့်။ ဒါပေမဲ့၊ ယူပြီး အလွန်ဆုံး ကြာလှ၊ ၂နှစ်။ အလိုမကျလို့ မိန်းမကို ရိုက်နှက်လိုက်တာမှ မေးရိုးအက်သွားတဲ့အထိ ရက်ရက်စက်စက်။

“အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်မယ်”ဆိုတဲ့ အင်မတန်အောက်တန်းကျတဲ့စကား ဘီယာဆိုင်မှာ သူငယ်ချင်းတွေရဲ့ကြား အဲဒီငနဲ မာန်ပါပါနဲ့ ကြွားဝါနေသေးတယ်တဲ့။

မိန်းမဆိုတာ နှိမ်ထားနိုင်မှ တော်ရုံကျမယ်တဲ့။

“မယားနေစ ကြောင်သေမှ”တဲ့။အိမ်မွေးတိရစ္ဆာန်ကိုတောင် စိတ်မထင်ရင် မထင်သလို ရက်ရက် စက်စက် ရက်စက်ပြ။

အဲဒီငနဲက ကိုယ့်မိန်းမကိုယ် ရိုက်နှက်ညှင်းပန်းတယ်ဆိုတာ တရားနည်းလမ်းကျတဲ့ လုပ်ရိုးလုပ်စဉ် ပမာ။ ငါက ဒါဆို ဒါပဲ၊ ဆင်ခြေမပေးနဲ့၊ပြန်လှန်မမေးနဲ့၊ ပြင်ဆင်မတွေးနဲ့။ သက်ဦးဆံပိုင် ဧကရာဇ်ကြီး ပမာ။ အဲဒီငနဲရဲ့ မိခင်ကိုယ်တိုင်က ယောကျာ်းရဲ့စကား မြေဝယ်မကျ နားထောင်ခြင်းဟာ မြန်မာအိမ်ထောင်ရှင်မတွေရဲ့ ဝတ္တရားပဲလို့ မြှောက်ထိုးပင့်ကော်။

အခု ကျနော့်သူငယ်ချင်းမ အိမ်ထောင်သက် အနှစ်၂၀ ကျော်။ ကလေးသုံးယောက်မိခင်။ လင်ကို ကွဲနိုင်ကွာနိုင်ခြင်းမရှိလေတော့ တစ်သက်တာ လင့်အလိုကျ။ လင်ပြောသမျှစကားသည်သာ သူ့ဘဝလမ်းပြမြေပုံအဖြစ် မပျော်ခြင်းများများ အပျော်ပါးပါး ဘဝကို စိတ်တုံးတုံးချ။

မိန်းမဆိုတော့ အိမ်မှုကိစ္စလုပ်။ မိသားစု စီးပွား ယောကျာ်းမသိဘဲ ဘာဆိုဘာမှဆုံးဖြတ်ချက်ချပိုင် ခွင့်မရှိ။ ယောကျာ်းက ညစဉ် ဘီယာဆိုင်ထိုင် သုံးချင်သလိုသုံး၊ မိန်းမလုပ်သူက တစ်လတာ ပေးတဲ့ငွေနဲ့ မလောက်ရင် နင်ပဲငဆ အပြောအဆိုခံရတာမို့ ကြောက်လှ။ ယောကျာ်းခေါ်တဲ့အခါ ပွဲတက်မယား၊ ခေါက်ထား တဲ့အခါလည်း အပြုံးမပျက်စေရ။

“မသိတဲ့လူတွေကတော့ ဘာဆိုဘာမှ မပူပန်ရတဲ့ သူဌေးမိန်းမဆိုပြီး အားကျကြသေးတယ်။ငါ့မှာ တော့ လေး၊ ငါးသောင်းတန် အလှကုန်ပစ္စည်းကိုတောင် ဈေးဖိုးထဲက ဖဲ့စုပြီး လပေးနဲ့ ဝယ်ရတယ်”လို့ ပြောပြတဲ့ သူငယ်ချင်းမရဲ့ မျက်လုံးတွေဟာ အသေ။

ပြီးခဲ့တဲ့လတုန်းကလည်း ညီလို ညီမလိုခင်ရတဲ့ လူငယ်လင်မယား အခုပဲ ကွဲတော့ ကွာတော့မလိုအထိ ပြဿနာတွေကြီးကြတယ်။ဘာဖြစ်သလဲလို့ မေးကြည့်တော့ အိမ်တွင်းအနိုင်ကျင့်မှု။

ယောကျာ်းလုပ်သူက အစစ အရာရာ သူ့အလိုကျ။ အဆိုးရွားဆုံးပြဿနာတစ်ရပ်က မိန်းမနေမကောင်းဘူးလား၊ အိပ်ရေးကျနေပြီ လားတွေ ဘာတွေ မစဉ်းစား။ ညသန်းခေါင် သောက်စားပြီး ပြန်လာတိုင်း တစ်ဖက်သတ် အဓမ္မလိင်ဆက်ဆံခြင်း။ အိပ်ချင်မူးတူးနဲ့ နံစော်နေတဲ့ အရက်နံ့တွေကြောင့် အတူနေဖို့ရာ မြန်မြန်ဆန်ဆန် အဆင်သင့်မဖြစ်တဲ့ မိန်းမ တစ်ယောက်ရဲ့ နာကျင်ရတဲ့ဝေဒနာ မူးမူးရူးရူး မဟားဒယား ယောကျာ်းက ဘယ်သိပါ့မလဲ။

“ကျနော်စိတ်ပါလာရင် သူ့ဘက်က ဖြည့် ဆည်းပေးရမှာပေါ့”တဲ့။

“မိန်းမဆိုတာ ကျွန်မဟုတ်ဘူး။ သူ့ဘဝဖြစ်တည်မှု၊ သူ့စိတ်ခံစားမှုကို ညီလေး လေးစားဖို့လိုတယ်” လို့ ကျနော်က ပြောပြတော့ သူ လက်မခံ။

“ကျနော်က အိမ်ထောင်ဦးစီးလေ။ ကျနော့်ဘက်က အိမ်ထောင်ဦးစီးတာဝန်ကျေတယ်။ သူ့ဘက်ကလည်း ကျနော်လိုအပ်တာတွေအပေါ် ပြန်တာဝန်ကျေပေးဖို့ လိုတယ်”တဲ့။ ထိုလူငယ် သူ့အမြင်ကို တစ်ပြားမှ မလျှော့။

အိမ်ထောင်ဦးစီးက အိမ်ထောင်ဦးစီးဆိုတော့ မိန်းမရှေ့မှာလည်း လေလည်သံ ခပ်ကျယ် ကျယ်၊ နံစော်နေရင်လည်း အားနာရကောင်းမှန်းမသိ။

တစ်ခါတရံ စသလိုနောက်သလိုနဲ့ မိန်းမတင်ပါးကို ခြေဖမိုးနဲ့ ခပ်ဆ ဆ ခတ်။ ရန်ဖြစ်တော့လည်း လက်မရောက်သေးပေမဲ့ အော်ဟစ်ဆဲဆိုလျက်။

ညီမငယ်က “အစ်ကို၊ ညီမ ဘာလုပ်သင့်သလဲ” လို့ မေးတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားဖို့ ကျနော်ပြောလိုက်တယ်။

လူဆိုတာ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်ဖို့လိုတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာမယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာရင် ကိုယ့်ကိုယ်ကိုယ် လေးစားတတ်လာမယ်။ ကိုယ့်အပေါ် မလေးစားတဲ့သူတွေကို ခပ်တင်းတင်း ပြန်ကြည့်ရဲလာမယ်။ ကိုယ့်အပေါ် လေးလေးစားစား ဆက်ဆံဖို့ တောင်းဆိုရဲလာမယ်။ တောင်းဆိုမှုကိုမှ လက်မခံရင် ကိုယ်ကလည်း ဆန့်ကျင်ရဲလာမယ်မဟုတ်လား။

အိမ်တွင်းအကြမ်းဖက်မှုဆိုတာ အတန်းပညာနဲ့မဆိုင်၊ ဆင်ခြင်တုံတရား အားနည်းချက် ကြောင့်လို့လည်း ပြောရခက်၊ စိတ်ကောင်းရှိ၊ မရှိ ပေတံနဲ့ တိုင်းတာလို့လည်း မရပြန်။ ကျနော်တို့ လူ့အဖွဲ့အစည်းထဲ နစ်ဝင် နေဆဲသော ဆူးညှောင့်ခလုတ် သို့မဟုတ် အိမ်ဦးနတ်ဝါဒ အဲ့ဒါကိုလည်း ရှင်းထုတ်ပစ်နိုင်မှ။

The Tanintharyi Times

(တနင်္သာရီတိုင်းမ်သတင်းဌာနရဲ့သတင်း၊​ ဆောင်းပါးနဲ့ ကဏ္ဍစုံကို https://www.tntynews.com/
မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်)

31/05/2025

မြဝတီ
အသံကျယ်လာသည်
ဘာဆက်ဖြစ်နိုင် သနည်း

ယောက်ျားတယောက်ကပြောပြီးတဲ့စကား မတည်ရင်ထမိန်ပြောင်းဝတ်ပြီးFာ ခံစားသင့်တယ်အထူးသဖြင့် စည်းပွါးရေး လောကမှာဆိုရင်ပေါ့Crd
31/05/2025

ယောက်ျားတယောက်က
ပြောပြီးတဲ့စကား မတည်ရင်
ထမိန်ပြောင်းဝတ်ပြီး
Fာ ခံစားသင့်တယ်
အထူးသဖြင့်
စည်းပွါးရေး လောကမှာဆိုရင်ပေါ့

Crd

အရေးကြီးပါတယ် များများရှယ်ပေးကြပါအသက်၂၀၂၄ထဲက ပျောက်သွားတဲ့ ( ၈) နှစ်အရွယ် မိန်းကလေးငယ် အိမ်မှာရောက်ရှိနေလို့ သူ့မိဘတွေသိ...
30/05/2025

အရေးကြီးပါတယ် များများရှယ်ပေးကြပါ
အသက်၂၀၂၄ထဲက ပျောက်သွားတဲ့ ( ၈) နှစ်အရွယ် မိန်းကလေးငယ်
အိမ်မှာရောက်ရှိနေလို့ သူ့မိဘတွေသိအောင် ရှယ်ပေးကြပါအုံးနော်

သူငယ်ချင်းတွေနဲ့ ၂၀၂၄ ထဲက တူတူပုန်းတန်းကစားနေတုန်း ယောကျာ်းကြီး လေးယောက်က ဖမ်းခေါ်သွားတာခံရတယ်လို့ ပြောပါတယ်။ အခုမှထွက်ပြေးလာခဲ့ပြီးတော့ ဖမ်းခံရစဉ်ကနေခဲ့တဲ့နေရာမှာလဲ အခြားသူတွေ အများကြီးရှိတယ်လို့သိရပါတယ်။ကျွန်တော့်အိမ်မှာ လက်ရှိရောက်နေတာမို့ အရည်ကြို တို့ဘာတို့ ဗဟန်းဘက်က အဖွဲ့အစည်းတစ်ခုခုများရှိရင် ဆက်သွယ်လို့ရနိုင်မဲ့လိပ်စာလိုချင်ပါတယ်ခင်ဗျာ။
ဗဟန်းမှာ နေတယ်လို့သိရပါတယ် ၂၀၂၄ ထဲက ပျောက်သွားတာလို့ ပြောပါတယ်
Share ပေးကြပါဦး
#လူပျောက်

ယနေ့ Update    🌶️🌶️ရွေး🥵🥵    Photo by Admin -Nway Nway Hlaing
16/05/2025

ယနေ့ Update
🌶️🌶️ရွေး🥵🥵
Photo by Admin -Nway Nway Hlaing

Update   15.5.2024   Photo - NangThealhsu Oo     Admin -Nway Nway Hlaing
15/05/2025

Update
15.5.2024
Photo - NangThealhsu Oo
Admin -Nway Nway Hlaing

13.5.2025🌶️🌶️  ဒီနေ့လဲမင်းကိုမရွေးဘူး     🌶️🌶️ငရုတ်အညှာဘဲဆက်ချွေမယ် ..ဟီး..🤭🤭      💰💰ပိုက်ပိုက်များများဝင်အောင်💰💰  Photo...
13/05/2025

13.5.2025
🌶️🌶️ ဒီနေ့လဲမင်းကိုမရွေးဘူး
🌶️🌶️ငရုတ်အညှာဘဲဆက်ချွေမယ် ..ဟီး..🤭🤭
💰💰ပိုက်ပိုက်များများဝင်အောင်💰💰
Photo by Admin - Nway Nway Hlaing

12.5.2025🌶️🌶️မင်းကိုမရွေးတော့ဘူး🌶️🌶️ငရုပ်အညှာပဲ ချွေတော့မယ်🤭😜အာ့က ပိုက်ပိုက်ရတယ်လေ  Photo - MTZA   Admin - Nway Nway Hla...
12/05/2025

12.5.2025
🌶️🌶️မင်းကိုမရွေးတော့ဘူး
🌶️🌶️ငရုပ်အညှာပဲ ချွေတော့မယ်🤭😜
အာ့က ပိုက်ပိုက်ရတယ်လေ
Photo - MTZA
Admin - Nway Nway Hlaing

🌶️🌶️မင်းကိုရွေးချယ်လို့ ပူလောင်နေရမယ်ဆိုလဲ🥵🥵မင်းကိုဘဲ ဆက်ပြီးရွေးချယ်နေမိအုံးမှာ🥰🥰  Photo - NangThealhsu Oo    Admin - N...
11/05/2025

🌶️🌶️မင်းကိုရွေးချယ်လို့
ပူလောင်နေရမယ်ဆိုလဲ🥵🥵
မင်းကိုဘဲ ဆက်ပြီး
ရွေးချယ်နေမိအုံးမှာ🥰🥰
Photo - NangThealhsu Oo
Admin - Nway Nway Hlaing

10/05/2025

မြဝတီရုံး တစ်ခြံကျော်မှာ မီးလောင်မှု့ ဖြစ်ပွား

ယခု မီးငြိမ်းသတ်ပြီးပါပြီ
မြေနီကုန်းမီးပွိုင့်နား

Edit ငြိမ်းသတ်နေဆဲပါတဲ့ မီးနည်းနည်းပဲကျန်ပါတော့တယ်

#မြဝတီ
#မီးလောင်မှု့

ငရုတ်ချိန်းပြီး စတေကာညှပ် Photo by Admin    Nway Nway Hlaing
10/05/2025

ငရုတ်ချိန်းပြီး
စတေကာညှပ်
Photo by Admin
Nway Nway Hlaing

Address

ခရေ ( 2 ) လမ်း၊တိုးချဲ့မဲကနယ်ရပ်ကွက်၊
Myawadi

Alerts

Be the first to know and let us send you an email when ZUBY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ZUBY:

Share