20/09/2025
ရေထွက်ကုန်များ လေကြောင်းဖြင့် တင်ပို့ရန် မြိတ်လေယာဉ်ကွင်း အဆင့်မြှင့်မည်
-------------------------------------
မိမိတို့နိုင်ငံက ထွက်ရှိတဲ့ ရေထွက်ကုန်ပစ္စည်းတွေ အိမ်နီးချင်းနိုင်ငံတွေကို လေကြောင်းလိုင်းတွေက တစ်ဆင့် တင်ပို့နိုင်ရေး မြိတ်လေယာဉ်ကွင်း အဆင့်မြှင့်တင်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ပေးသွားမယ်လို့ ပြည်ထောင်စု သမ္မ တ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောပါတယ်။
စက်တင်ဘာ ၁၉ ရက်က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ရပ်မိရပ်ဖတွေကို မြိတ် မြို့၊ ပုလဲရတနာခန်းမမှာ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေ ဆွေးနွေးပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။
မြိတ်မြို့မှာ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးတည်ဆောက်ရေး စီမံကိန်းနဲ့ ပတ်သက်ပြီး အကောင်းဆုံးဆောင် ရွက်ပေးသွားမှာ ဖြစ်ပြီး မြေနေရာနဲ့ ပတ်သက်ပြီးလည်း မူဝါဒတွေ ချမှတ်ပေးထားပြီး ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ရေထွက်ကုန်ပစ္စည်းတွေ တင်ပို့ရာမှာ မှန်မှန်ကန်ကန်နဲ့ ဆောင်ရွက်သွားဖို့ လိုပြီး ချမှတ်ထားတဲ့ စည်းမျဉ်းစည်း ကမ်းတွေအတိုင်း ဖြစ်ဖို့ လိုပြီး ပြည်ပကို တင်ပို့ရာမှာ အအေးခန်း ကွန်တိန်နာတွေနဲ့ သယ်ယူဆောင်ရွက်သွားမယ် ဆိုရင် လုပ်ငန်းပိုမိုအဆင်ပြေနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပုစွန်သားပေါက် တင်သွင်းခွင့် ရရှိရေး ပုစွန်အစာ တင်သွင်းခွင့် ရရှိရေးတို့နဲ့ ပတ်သက်ပြီး အဆင်ပြေအောင် ဆောင် ရွက်ပေးသွားမှာ ဖြစ်ပြီး ပုစွန်အစာကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ပုစွန်မွေးမြူရေးမှာ ပုစွန်ကန်တွေ ပြုလုပ်ပြီး မွေးမြူသလို သဘာဝဘေးအန္တရာယ်ကို အတတ်နိုင်ဆုံး လျှော့ချနိုင်ဖို့ အတွက် လေကာပင်တွေ စိုက်ပျိုးဖို့ လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
အခုဘဏ္ဍာနှစ် ငါးလတာ ကာလအတွင်း ပြည်ပကို ရေထွက်ကုန် တန်ချိန် တစ်သိန်းခွဲကျော် တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ သန်း ၂၂၀ ကျော် ရရှိထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။