𝐒𝐲𝐧𝐭𝐚𝐱 𝐃𝐢𝐠𝐢𝐭𝐚𝐥

  • Home
  • Myanmar
  • Myeik
  • 𝐒𝐲𝐧𝐭𝐚𝐱 𝐃𝐢𝐠𝐢𝐭𝐚𝐥

𝐒𝐲𝐧𝐭𝐚𝐱 𝐃𝐢𝐠𝐢𝐭𝐚𝐥 ~𝕊𝕚𝕟𝕔𝕖 𝟚𝟘𝟚𝟚 ~

❗ မကြာမီ လာမည့် 𝐒𝐲𝐧𝐭𝐚𝐱 𝐃𝐢𝐠𝐢𝐭𝐚𝐥  ရဲ့ 𝐏𝐫𝐨𝐠𝐫𝐚𝐦 📋⟺⟺⟺⟺⟺⟺⟺⟺⟺⟺⟺⟺⟺⟺⟺⟺⟺⟺⟺⟺⟺📣 မြိတ်ရဲ့ပထမဆုံး ဖြစ်လာမယ့် 👏 ❛ကွန်ပျူတာ နည်းပညာဆိုင်...
30/10/2025

❗ မကြာမီ လာမည့် 𝐒𝐲𝐧𝐭𝐚𝐱 𝐃𝐢𝐠𝐢𝐭𝐚𝐥 ရဲ့ 𝐏𝐫𝐨𝐠𝐫𝐚𝐦 📋
⟺⟺⟺⟺⟺⟺⟺⟺⟺⟺⟺⟺⟺⟺⟺⟺⟺⟺⟺⟺⟺

📣 မြိတ်ရဲ့ပထမဆုံး ဖြစ်လာမယ့် 👏 ❛ကွန်ပျူတာ နည်းပညာဆိုင်ရာ ပရိုဂရမ်တစ်ခု ❜ ကို မကြာခင်ရက်ပိုင်းအတွင်းမှာ လူကြီး ၊ လူငယ်မရွေး 𝙅𝙤𝙞𝙣 နိုင်ဖို့ 𝐒𝐲𝐧𝐭𝐚𝐱 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐆𝐫𝐨𝐮𝐩 မှချပြတော့မှာဖြစ်ပါတယ် ။

💻 ဒီလို ပရိုဂရမ်တစ်ခု ကိုဖြစ်မြောက်အောင် လုပ် ဆောင် ဖို့ ကျွန်တော်တို့ 𝐒𝐲𝐧𝐭𝐚𝐱 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐆𝐫𝐨𝐮𝐩 အဖွဲ့သားများအနေဖြင့် လည်း နှစ်လတိတိ အချိန်ယူအားထုတ်ခဲ့ရပါတယ် ။

💥 မကြာမီ လာတော့မည့် ပရိုဂရမ်အတွက် 🤝 𝐌𝐚𝐢𝐧 𝐒𝐩𝐨𝐧𝐬𝐨𝐫 အနေဖြင့် ပါဝင်အားဖြည့် ပေးပါသော ❛ သိန်း သန်း ကြွယ် ❜ ကုန်မာပစ္စည်းရောင်းဝယ်ရေးအား အထူးပင် ကျေးဇူး တင်အပ်ပါသည် ။



🎃 ဒီနှစ် ဟောလိုးဝင်းအတွက် အသင့်ပြင်ပြီးပြီလား👻🪦တစ်ကမ္ဘာလုံးက လူတွေ ကြောက်စရာအကောင်းဆုံး ဝတ်စုံတွေ ဝတ်ပြီး ပျော်ပွဲ ရွှင်...
30/10/2025

🎃 ဒီနှစ် ဟောလိုးဝင်းအတွက် အသင့်ပြင်ပြီးပြီလား👻

🪦တစ်ကမ္ဘာလုံးက လူတွေ ကြောက်စရာအကောင်းဆုံး ဝတ်စုံတွေ ဝတ်ပြီး ပျော်ပွဲ ရွှင်ပွဲဆင်နွှဲကြတဲ့ ဒီညဟာ ဘယ်ကနေ ဘယ်လို စခဲ့တာလဲ❓

☠💥 ဟောလိုးဝင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ က ဆဲလ်တစ်လူမျိုး တွေရဲ့ ❝Samhain (ဆမ်ဟိန်း) ပွဲတော်
❞ ကနေ ဆင်းသက်လာတာပါ။ ဆဲလ်တစ်လူမျိုးတွေဟာ ဒီညမှာ ကမ္ဘာနှစ်ခုကြားက စည်းနယ်နိမိတ် တွေ ပွင့်သွားတယ်လို့ ယူဆကြပြီး သေဆုံးပြီးသား ဝိညာဉ်တွေဟာ အသက်ရှင်သူတွေနဲ့ လာရောက်တွေ့ဆုံနိုင်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

☠💥 အဲဒီညမှာ ဝိညာဉ်ဆိုးတွေရဲ့ ရန်ကနေ ကာကွယ်ဖို့နဲ့ ရှောင်ရှားနိုင်ဖို့ ကြောက်စရာဝတ်စုံ တွေကို ဝတ်ဆင်ခဲ့ကြတယ်။ဒီချိန်ကနေစပြီး ယနေ့ထက်တိုင်❝ ဟောလိုးဝင်း ပွဲဟာ❞လူငယ်တွေအကြားမှာ ခေတ်ရေစီးကြောင်း နှင့်အညီ တွင်ကျယ်လာပြီး ရာစုနှစ်တိုင်းမှာ နိုင်ငံတွေကြား ထင်ရှားတဲ့ပွဲတော်နေ့အဖြစ် ဆက်လက်ခေတ်စားနေအုံးမှာပါ ။

➋⓿➋➎ ခုနှစ်ရဲ့ ဟောလိုးဝင်းညကို အမှတ်ရစရာ၊ စိတ်လှုပ်ရှားစရာ အကောင်းဆုံးညဖြစ်အောင် အတူတကွ ဖန်တီးလိုက်ကြစို့ 👻💥


❛ ကမ္ဘာ့ပိုလီယိုနေ့ ❜ 🩺≼ ပိုလီယို ≽ ဆိုတဲ့ရောဂါအမည်ကို ကြားလိုက်တာနဲ့ လူအတော်များများဟာ အတိတ်ကာလက ရောဂါဖြစ်ပွားမှု မြင့်...
25/10/2025

❛ ကမ္ဘာ့ပိုလီယိုနေ့ ❜ 🩺

≼ ပိုလီယို ≽ ဆိုတဲ့ရောဂါအမည်ကို ကြားလိုက်တာနဲ့ လူအတော်များများဟာ အတိတ်ကာလက ရောဂါဖြစ်ပွားမှု မြင့်မားခဲ့စဉ်ကာလကို ပြန်လည် မြင်ယောင်တတ်ကြပါတယ်။ ဒီရောဂါဟာ အသက် ၅ နှစ်အောက် ‣ ကလေးငယ်တွေမှာ အဓိကဖြစ်တတ်ပြီး အာရုံကြောစနစ်ကို ဖျက်ဆီးပစ်နိုင်ပါတယ် ။

ပိုလီယိုကို အောင်နိုင်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံသားတစ်ဦး အနေနဲ့ ပိုလီယို ကင်းစင်တဲ့ ခေတ်မှာ ကြီးပြင်းလာရတဲ့ ကလေးတွေအတွက် ဒါဟာ ဘယ်လောက်တန်ဖိုးရှိလဲဆိုတာကို စဉ်းစားဖို့ လိုပါတယ်။

❝ အောက်တိုဘာ ၂၄ ရက်နေ့ ❛ကမ္ဘာ့ပိုလီယိုနေ့❜ ဟာ ပထမဆုံး ထိရောက်တဲ့ ပိုလီယိုကာကွယ်ဆေးကို 💊💉 တီထွင်ခဲ့သူ ဒေါက်တာ ဂျိုနပ်စ် ဆော့ခ် ရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့ သတ်မှတ်ခဲ့တာပါ ❞

⫸ သူရဲ့ တီထွင်မှုဟာ ကမ္ဘာကြီးကို လုံးဝပြောင်းလဲပစ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် တွင် ကမ္ဘာတစ်ဝန်းတွင် ပိုလီယိုဖြစ်ပွားမှု စုစုပေါင်း ၃၅၀,၀၀၀ ခန့် ရှိခဲ့ပြီး ယနေ့အချိန်မှာတော့ ရောဂါဖြစ်ပွားမှု ၉၉% ကျော်လျော့ကျသွားပြီး အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် စသည့် နိုင်ငံအနည်း ငယ်မှာသာ ဗိုင်းရပ်စ်ပိုး 🦠 ရှိနေပါတော့တယ်။

⫸ တစ်နည်းအားဖြင့် ပြောရရင် ပိုလီယိုကာကွယ်ဆေးကြောင့် ကလေးငယ် သန်း ၂၀ ကျော် ဟာ တစ်သက်လုံး အကြောသေခြင်းဘေးမှ လွတ်မြောက်ခဲ့ရပါတယ်။ ဒါဟာ ကျန်းမာရေးနယ်ပယ်မှာ လူသားတွေ ရရှိခဲ့တဲ့ အကြီးကျယ်ဆုံးသော အောင်ပွဲတစ်ခု ဖြစ်ပါတယ်။
ဒါပေမဲ့ ကလေးတစ်ဦးဆီမှာသာ ပိုလီယိုပိုး ကျန်ရှိနေသေးရင်တောင် ကမ္ဘာပေါ်က ကလေးအားလုံးဟာ ပိုလီယိုအန္တရာယ်မှ လုံခြုံမှု မရှိသေးပါဘူး။

⫸ ဒါကြောင့် ပိုလီယိုပပျောက်ရေးအတွက် ဝေးလံခေါင်ဖျားဒေသတွေမှာ အသက်စွန့် အလုပ်လုပ်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းများ (Unsung Heroes) ရဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုပြီး ရန်ပုံငွေ လိုအပ် ချက်တွေကို ကူညီနိုင်ဖို့ တိုက်တွန်းရင်းနှင့် မျိုးဆက်သစ် ကလေးငယ်များအတွက် "ပိုလီယို" ဆိုတာကို ကျောင်းစာအုပ်ထဲက သမိုင်းစာမျက်နှာတစ်ခု အဖြစ်သာ မှတ်သားစေနိုင်ဖို့ နောက်ဆုံးခြေလှမ်းကို အတူတကွ လှမ်းကြပါစို့။

❝ပိုလိုယိုရောဂါ ကင်းဝေးဖို့ ပူးပေါင်းပါဝင်ကြပါစို့❞


🕊 ကမ္ဘာ့အနာဂတ်ကို ပြောင်းလဲပေးခဲ့သောနေ့ 💙┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉  ❝ ကမ္ဘာစစ်ကြီးတွေ ထပ်မဖြစ်အောင်၊ နိုင်ငံတွေကြား ...
24/10/2025

🕊 ကမ္ဘာ့အနာဂတ်ကို ပြောင်းလဲပေးခဲ့သောနေ့ 💙
┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉┉

❝ ကမ္ဘာစစ်ကြီးတွေ ထပ်မဖြစ်အောင်၊ နိုင်ငံတွေကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်အောင်ဆိုတဲ့ ကြီးမားတဲ့ ရည်မှန်းချက် ❞

တစ်ခုနဲ့ စတင်ခဲ့တဲ့ အဖွဲ့အစည်းကြီးတစ်ခု ရှိတယ်ဆိုတာ သင်သိပါသလား❔

အဲဒါကတော့ နိုင်ငံပေါင်းစုံ ပါဝင်တဲ့ ကုလသမဂ္ဂ (United Nations - UN) ပါပဲ ။ ဒီလို အရေးပါတဲ့ အဖွဲ့အစည်းကြီး ပေါက်ဖွားလာတဲ့နေ့ကို နှစ်စဉ် အောက်တို ဘာလ ၂၄ ရက်နေ့ မှာ ❛ကုလသမဂ္ဂနေ့❜ အဖြစ် ဂုဏ်ပြုကျင်းပပါတယ်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့တဲ့ ၁၉၄၅ ခုနှစ်၊ အောက်တို ဘာလ ၂၄ ရက်နေ့မှာ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ် (UN Charter) စတင် အသက်ဝင်ခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ကြီးကို တရားဝင် ထူထောင်နိုင်ခဲ့ပါတယ်။ ဒီနေ့ဟာ ကမ္ဘာ့သမိုင်းအတွက် အလှည့်အပြောင်းတစ်ခုပါပဲ။

✼ ကုလသမဂ္ဂရဲ့ အဓိကရည်ရွယ်ချက်ကတော့
နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်။

☛နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို မြှင့်တင်ရန်။
☛လူ့အခွင့်အရေးနှင့် လူမှုရေး၊ စီးပွားရေးပြဿနာများကို ပူးပေါင်းဖြေရှင်းရန် အဓိကဖြစ်ပါတယ်။

🤝 တစ်ချိန်က မြန်မာနိုင်ငံသား ဦးသန့်ဟာ ဒီအဖွဲ့အစည်းကြီးရဲ့ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတာဟာလည်း ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ ။ UN နေ့ကို ကျင်းပခြင်းအားဖြင့် ကမ္ဘာသူ ကမ္ဘာသားတွေဟာ ငြိမ်းချမ်းရေးကို ဘယ်လောက်အထိ တန်ဖိုးထားတယ်ဆိုတာကို ပြသနေတာပါ။

🤝 ကုလသမဂ္ဂဟာ စစ်မဖြစ်အောင် 🕊 တားဆီးပေးရုံသာမကဘဲ၊ ဆင်းရဲမွဲတေမှုပပျောက်ရေး၊ ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးတို့လို ကိစ္စရပ်တွေမှာလည်း ကမ္ဘာလုံးဆိုင်ရာ မျှော်လင့်ချက်အဖြစ် ရပ်တည်ပေးနေပါတယ်။

🤝 ကုလသမဂ္ဂနေ့ဟာ ကျွန်တော်တို့ အားလုံးအတွက် ကမ္ဘာမြေတစ်ခုတည်းမှာ အတူနေထိုင်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့်သာ ပိုကောင်းတဲ့ အနာဂတ်ကို တည်ဆောက်နိုင်မယ်ဆိုတာကို သတိပေးနေတဲ့ နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။


💥 𝙏𝙝𝙞𝙨 𝙞𝙨 𝙩𝙝𝙚 𝙎𝙮𝙣𝙩𝙖𝙭 𝘿𝙞𝙜𝙞𝙩𝙖𝙡 𝙡𝙤𝙜𝙤. 𝙏𝙝𝙚 𝙜𝙧𝙖𝙥𝙝𝙞𝙘 𝙨𝙝𝙤𝙬𝙨 𝙩𝙝𝙚 𝙚𝙭𝙥𝙚𝙘𝙩𝙖𝙩𝙞𝙤𝙣𝙨 𝙤𝙛 𝙩𝙝𝙚 𝙎𝙮𝙣𝙩𝙖𝙭 𝘿𝙞𝙜𝙞𝙩𝙖𝙡 𝙡𝙤𝙜𝙤.  ✨𝐇𝐢𝐬𝐭𝐨𝐫𝐲 𝐨𝐟 𝐭𝐡𝐞 𝐒𝐲𝐧𝐭𝐚...
22/10/2025

💥 𝙏𝙝𝙞𝙨 𝙞𝙨 𝙩𝙝𝙚 𝙎𝙮𝙣𝙩𝙖𝙭 𝘿𝙞𝙜𝙞𝙩𝙖𝙡 𝙡𝙤𝙜𝙤. 𝙏𝙝𝙚 𝙜𝙧𝙖𝙥𝙝𝙞𝙘 𝙨𝙝𝙤𝙬𝙨 𝙩𝙝𝙚 𝙚𝙭𝙥𝙚𝙘𝙩𝙖𝙩𝙞𝙤𝙣𝙨 𝙤𝙛 𝙩𝙝𝙚 𝙎𝙮𝙣𝙩𝙖𝙭 𝘿𝙞𝙜𝙞𝙩𝙖𝙡 𝙡𝙤𝙜𝙤.

✨𝐇𝐢𝐬𝐭𝐨𝐫𝐲 𝐨𝐟 𝐭𝐡𝐞 𝐒𝐲𝐧𝐭𝐚𝐱 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐋𝐨𝐠𝐨✨
▱▱▱▱▱▱▱▱▱▱▱▱▱▱▱▱▱
T‌h‌e‌ S‌y‌n‌t‌a‌x‌ D‌i‌g‌i‌t‌a‌l‌ l‌o‌g‌o‌ w‌a‌s‌ f‌i‌r‌s‌t‌ c‌r‌e‌a‌t‌e‌d‌ i‌n‌ 2‌0‌2‌2‌, a‌n‌d‌ i‌t‌ s‌t‌a‌r‌t‌e‌d‌ b‌a‌c‌k‌ t‌h‌e‌n‌ o‌n‌l‌y‌ a‌s‌ a‌ t‌e‌a‌m‌.T‌h‌e‌ n‌a‌m‌e‌ "S‌y‌n‌t‌a‌x‌" i‌t‌s‌e‌l‌f‌ i‌s‌ o‌n‌e‌ t‌h‌a‌t‌ c‌a‌m‌e‌ a‌b‌o‌u‌t‌ a‌f‌t‌e‌r‌ m‌o‌n‌t‌h‌s‌ o‌f‌ c‌o‌n‌s‌i‌d‌e‌r‌a‌t‌i‌o‌n‌.

J‌u‌s‌t‌ a‌s‌ "S‌y‌n‌t‌a‌x‌" i‌s‌ c‌r‌u‌c‌i‌a‌l‌ i‌n‌ c‌o‌d‌i‌n‌g‌ a‌n‌d‌ c‌a‌u‌s‌e‌s‌ e‌r‌r‌o‌r‌s‌ i‌f‌ i‌n‌c‌o‌r‌r‌e‌c‌t‌, w‌e‌ a‌p‌p‌r‌e‌c‌i‌a‌t‌e‌d‌ t‌h‌a‌t‌ "S‌y‌n‌t‌a‌x‌" r‌e‌p‌r‌e‌s‌e‌n‌t‌s‌ a‌n‌ i‌m‌p‌o‌r‌t‌a‌n‌t‌ c‌o‌n‌c‌e‌p‌t‌ a‌n‌d‌ t‌h‌u‌s‌ d‌e‌c‌i‌d‌e‌d‌ t‌o‌ n‌a‌m‌e‌ i‌t‌ "S‌y‌n‌t‌a‌x‌."

T‌h‌e‌ l‌o‌g‌o‌ w‌a‌s‌ a‌l‌s‌o‌ d‌e‌s‌i‌g‌n‌e‌d‌ b‌a‌s‌e‌d‌ o‌n‌ t‌h‌e‌ S‌y‌n‌t‌a‌x‌ character a‌n‌d‌ w‌e‌ u‌s‌e‌d‌ a‌t‌t‌r‌a‌c‌t‌i‌v‌e‌ c‌o‌l‌o‌r‌s‌ t‌o‌ m‌a‌k‌e‌ i‌t‌ a‌p‌p‌e‌a‌l‌i‌n‌g‌. I‌n‌ 2‌0‌2‌5‌, w‌i‌t‌h‌ a‌ c‌o‌r‌e‌ g‌r‌o‌u‌p‌ o‌f‌ m‌a‌n‌y‌ m‌e‌m‌b‌e‌r‌s‌, w‌e‌ s‌t‌e‌p‌p‌e‌d‌ f‌o‌r‌w‌a‌r‌d‌ i‌n‌t‌o‌ t‌h‌e‌ p‌u‌b‌l‌i‌c‌ v‌i‌e‌w‌.

T‌o‌ p‌r‌o‌v‌i‌d‌e‌ p‌u‌b‌l‌i‌c‌ w‌e‌l‌f‌a‌r‌e‌ p‌r‌o‌j‌e‌c‌t‌s‌ a‌n‌d‌ t‌e‌c‌h‌n‌o‌l‌o‌g‌y‌ r‌e‌l‌a‌t‌e‌d‌ s‌e‌r‌v‌i‌c‌e‌s‌, w‌e‌ t‌h‌o‌r‌o‌u‌g‌h‌l‌y‌ r‌e‌s‌t‌r‌u‌c‌t‌u‌r‌e‌d‌ t‌h‌e‌ o‌r‌g‌a‌n‌i‌z‌a‌t‌i‌o‌n‌ a‌n‌d‌ r‌e‌-f‌o‌r‌m‌e‌d‌ a‌s‌ a‌ G‌r‌o‌u‌p‌. S‌t‌a‌r‌t‌i‌n‌g‌ f‌r‌o‌m‌ t‌h‌e‌ f‌o‌r‌m‌a‌t‌i‌o‌n‌ o‌f‌ t‌h‌e‌ G‌r‌o‌u‌p‌, t‌h‌e‌ S‌y‌n‌t‌a‌x‌ l‌o‌g‌o‌ w‌a‌s‌ a‌l‌s‌o‌ r‌e‌d‌e‌s‌i‌g‌n‌e‌d‌ a‌n‌e‌w‌, b‌a‌s‌e‌d‌ o‌n‌ t‌h‌e‌ o‌r‌i‌g‌i‌n‌a‌l‌ d‌e‌s‌i‌g‌n‌ a‌n‌d‌ c‌o‌l‌o‌r‌s‌.

N‌o‌w‌, S‌y‌n‌t‌a‌x‌ D‌i‌g‌i‌t‌a‌l‌ G‌r‌o‌u‌p‌ h‌a‌s‌ f‌i‌n‌a‌l‌l‌y‌ a‌r‌r‌i‌v‌e‌d‌ b‌e‌f‌o‌r‌e‌ t‌h‌e‌ p‌u‌b‌l‌i‌c‌.

☏ 𝙾𝚏𝚏𝚒𝚌𝚎 𝙿𝚑𝚘𝚗𝚎 - 𝟶𝟿 𝟺𝟸𝟾𝟺𝟼𝟺𝟶𝟾𝟷
✆ 𝙾𝚝𝚑𝚎𝚛 𝙿𝚑𝚘𝚗𝚎 - 𝟶𝟿 𝟽𝟻𝟺𝟿𝟷𝟷𝟻𝟾𝟾


🦾 "ဆိုင်ဘို"လေးက ကူညီမည်         နည်းပညာနှင့် ပံပိုးသည်   💥🎯🗣 ဟဲလို....အားလုံး တွေ့ရတာဝမ်းသာပါတယ် ။       ကျွန်တော့်အမည်...
21/10/2025

🦾 "ဆိုင်ဘို"လေးက ကူညီမည်
နည်းပညာနှင့် ပံပိုးသည် 💥🎯

🗣 ဟဲလို....အားလုံး တွေ့ရတာဝမ်းသာပါတယ် ။
ကျွန်တော့်အမည်က "ဆိုင်ဘို" ပါ... ... ... ... 📣

ကျွန်တော်က "𝐒𝐲𝐧𝐭𝐚𝐱 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐆𝐫𝐨𝐮𝐩" မှဖန်တီးထားတဲ့ Mascot လေးတစ်ကောင်ပါ ။ ကျွန်တော်တို့ 𝐆𝐫𝐨𝐮𝐩နှင့်ပတ်သက်တဲ့ Program တွေမှာ လူကြီးမင်းတို့နဲ့ ပိုမိုရင်းနှီး စေနိုင်ဖို့ နဲ့ ဒီဂျစ်တယ် စျေးကွက် မှာ ကျွန်တော့်ကို "𝐒𝐲𝐧𝐭𝐚𝐱 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐆𝐫𝐨𝐮𝐩" နဲ့တွဲပြီး လူတိုင်း မြင်လာနိုင်စေဖို့ ကျွန်တော့်ကို ဖန်တီးထားတာ ဖြစ်ပါတယ် ။

"𝐒𝐲𝐧𝐭𝐚𝐱 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐆𝐫𝐨𝐮𝐩" ရဲ့ ရှေ့ဆက် လမ်းခရီးတွေမှာ "ဆိုင်ဘို" လေးကလည်း လိုအပ်တဲ့နည်းပညာ ကဏ္ဍ အကူအညီတွေ ပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ ဗျ ။

⭐🦾 အားလုံး ကျေးဇူးတင်တယ်နော် ⭐
-----------------------------------------------------------------------------------
"ဆိုင်ဘို" လေး ရှေ့ဆက် ဘာတွေကူညီသွားမလဲ သိချင်ရင်တော့ "𝐒𝐲𝐧𝐭𝐚𝐱 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐆𝐫𝐨𝐮𝐩" နှင့်မျက်ခြေမပြတ်စေနဲ့နော် 🤳🔎

"ဒီဂျစ်တယ်စီးပွား နည်းပညာစွမ်းအား
𝐒𝐲𝐧𝐭𝐚𝐱 ၌သာ ရွေးချယ်ရန်မမှား " 🎯


#ဆိုင်ဘို

🎗 " 𝕊𝕪𝕟𝕥𝕒𝕩 𝔻𝕚𝕘𝕚𝕥𝕒𝕝 𝔾𝕣𝕠𝕦𝕡 𝕌𝕟𝕚𝕗𝕠𝕣𝕞 "💥"𝐒𝐲𝐧𝐭𝐚𝐱 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐆𝐫𝐨𝐮𝐩" မှ မကြာမီ အချိန်ကာလတစ်ခုအတွင်း မြိတ်မြို့ အတွင်းရှိ စီးပွားရေး...
20/10/2025

🎗 " 𝕊𝕪𝕟𝕥𝕒𝕩 𝔻𝕚𝕘𝕚𝕥𝕒𝕝 𝔾𝕣𝕠𝕦𝕡 𝕌𝕟𝕚𝕗𝕠𝕣𝕞 "💥

"𝐒𝐲𝐧𝐭𝐚𝐱 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐆𝐫𝐨𝐮𝐩" မှ မကြာမီ အချိန်ကာလတစ်ခုအတွင်း မြိတ်မြို့ အတွင်းရှိ စီးပွားရေးလုပ်ငန်း များနှင့် မြန်မာနိုင်ငံဒေသ အရပ်ရပ်ရှိ ဒီဂျစ်တယ် အခြေပြုစီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သော 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬 နှင့် 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 အပြင်𝐃𝐢𝐠𝐢𝐭𝐚𝐥 စျေးကွက်ရှာဖွေရေး ဝန်ဆောင်မှုများကိုပါ ဆောင်ရွက်
ပေးရန်အတွက်ကြိုးစားလျက် ရှိပါသည် ။

🎯 ထိုကြောင့် "𝐒𝐲𝐧𝐭𝐚𝐱 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐆𝐫𝐨𝐮𝐩"💥 မှ ပေးမည့် ဝန်ဆောင်မှု များနှင့် မြိတ်မြို့အခြေပြု လူထုအကျိုးပြုသည့် လုပ်ငန်းများတွင် မက "𝐒𝐲𝐧𝐭𝐚𝐱 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐆𝐫𝐨𝐮𝐩"မှ ပို့ချသော သင်တန်းများတွင် "𝐒𝐲𝐧𝐭𝐚𝐱 𝐃𝐢𝐠𝐢𝐭𝐚𝐥" အဖွဲ့သားများနှင့် တွဲ၍ တစ်သားတည်း မြင်​နိုင်ရန် 𝐒𝐲𝐧𝐭𝐚𝐱 ယူနီဖောင်း ကိုလာမည့် နိုင်ဝင်ဘာလမှစတင်၍ သတ်မှတ် ဝတ်ဆင်တော့မည့် ဖြစ်ကြောင်း အသိပေးအပ်ပါသည် ။

⚡"ဒီဂျစ်တယ်စီးပွား နည်းပညာစွမ်းအား
𝐒𝐲𝐧𝐭𝐚𝐱 ၌သာ ရွေးချယ်ရန်မမှား "🎉


🎉 Syntax Digital Group မှ အားလုံးအတွက် နွေးထွေးသော ဒီပါဝါလီ ဆုမွန်ကောင်း 📯🎊🕯💥 ဒီပါဝါလီ (Diwali) ဟူသည် အိန္ဒိယ နှင့် အခြာ...
19/10/2025

🎉 Syntax Digital Group မှ အားလုံးအတွက် နွေးထွေးသော ဒီပါဝါလီ ဆုမွန်ကောင်း 📯🎊

🕯💥 ဒီပါဝါလီ (Diwali) ဟူသည် အိန္ဒိယ နှင့် အခြားသော နိုင်ငံများရှိ ဟိန္ဒူဘာသာဝင်များ၊ ဂျိန်းဘာသာဝင်များနှင့် ဆစ်ခ်ဘာသာဝင်များက နှစ်စဉ် ကျင်းပလေ့ရှိသော အလွန်အရေးကြီးသည့် ဘာသာရေးပွဲတော်တစ်ခု ဖြစ်ပါတယ်။ ထိုပွဲတော်ကို နိုင်ငံအများစုက "အလင်း ရောင်ပွဲတော်" (Festival of Lights) 🪔 ဟူ၍လည်း လူသိများပါတယ်။

🕯💥" ဒေပါဝါလီပွဲတော် "သည်အမှောင်ထုကို အလင်း ရောင်က အနိုင်ယူခြင်း ၊ မကောင်းမှုကို ကောင်းမှု က အောင်နိုင်ခြင်း၊ အသိပညာက အဝိဇ္ဇာကို နှင်ထုတ်ခြင်းနှင့်မျှော်လင့်ချက်က စိတ်ပျက်အားငယ်မှုကိုကျော်လွှား နိုင်ခြင်းစသည့် အဓိပ္ပာယ်များကို ဖော်ညွှန်းပါတယ်။

🕯💥 ဒီနေ့မှာကျရောက်တဲ့ ဒီပါဝါလီ‌နေ့ မှာ "Syntax Digital Group" မှ မိတ်ဖက်များ ၊ လုပ်ငန်းရှင်များ နဲ့ မိသားစုဝင်များ အားလုံးကို တောက်ပပျော်ရွှင်တဲ့ " ဒီပါဝါလီ "ပွဲတော်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်... ... 🙏


💥 GPU (Graphics Processing Unit) 📟GPU ဆိုတဲ့Hardwareလေး တစ်ခုအကြောင်း အများစုကြားဖူးကြပါလိမ့်မယ်။ GPU ဆိုတဲ့အမည် လေးကို ...
17/10/2025

💥 GPU (Graphics Processing Unit) 📟

GPU ဆိုတဲ့Hardwareလေး တစ်ခုအကြောင်း အများစုကြားဖူးကြပါလိမ့်မယ်။ GPU ဆိုတဲ့အမည် လေးကို ယကြည့်ခြင်းအားဖြင့် ဘယ်နေရာမှာသုံးတဲ့ ပစ္စည်းလေးဖြစ်ကြောင်း အနည်းငယ်တော့ ခန့်မှန်းမိလောက်မှာပါ။

🗣 ပထမဆုံးအနေနဲ့ GPUတွေကို

⚙ NVIDIA / AMDနဲ့Intelတို့လို့ကုမ္မဏီကြီး တွေက ထုတ်လုပ်ပါတယ်။

GPUအမျိုးအစားတွေကို ယေဘုယျအားဖြင့်
🔲 Integrated GPUနဲ့
🔳 Dedicated GPU လို့နှစ်မျိုး ခွဲခြားနိုင်ပါတယ်။

ယေဘုယျအနေနဲ့ ဒီနှစ်ခုဟာ ဘာတွေ ကွာလဲဆိုတော့
Integrated GPU တွေ ကွန်ပျူတာတိုင်းလိုလိုမှာပါရှိပြီး ပုံမှန်လုပ်ဆောင်ချက်တွေအတွက် အသုံးဝင်ပါတယ်။

Dedicated GPUတွေကတော့ ပိုမြင့်တဲ့လုပ်ဆောင်ချက်တွေအတွက်ပေါ့။

🗯 ထပ်အကျယ်ချဲ့လိုက်ရရင် ⚡

🔲 Integrated GPU (iGPU) ကတော့ CPU ထဲတွင် တစ်ပိုင်းတစ်စအနေဖြင့် ပါဝင်ပြီး၊ စွမ်းဆောင်ရည် အနည်းငယ်သာရှိပေမယ့် စွမ်းအင်ချွေတာနိုင်ပါတယ်။ (ဥပမာ - Intel HD Graphics, AMD Radeon Vega)

🔳 Dedicated GPU (dGPU) သူကတော့ သီးသန့်ကဒ်အဖြစ် တပ်ဆင်ထားပြီး၊ စွမ်းဆောင်ရည် မြင့်မားတဲ့ အမျိုးအစားပါ။ (ဥပမာ - NVIDIA GeForce, AMD Radeon)

နောက်တစ်မျိုးဖြစ်တဲ့

🔩 Workstation GPU က Professional အလုပ်များအတွက် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပါတယ်။ (ဥပမာ - NVIDIA Quadro, AMD Radeon Pro)

GPU ရဲ့သာမန်လုပ်ဆောင်ချက်တွေ ကတော့

▪ ဗီဒီယိုကြည့်ခြင်း (YouTube, Netflix)
▪ စကားဝိုင်းများ (Zoom, Meet)
▪ အင်တာနက်သုံးခြင်း (Chrome, Firefox)
▪ စာရိုက်ခြင်း/အခြေခံအလုပ်တွေမှာအသုံးပြုပြီး

High-performance GPU တွေကိုတော့
▫ ဂိမ်းကစားခြင်း (မြင့်မားသော graphics လိုအပ်ခြင်း)
▫ 3D ဒီဇိုင်းဆွဲခြင်း (AutoCAD, Blender)

▫ ဗီဒီယိုတည်းဖြတ်ခြင်း (Premiere Pro, DaVinci Resolve)
▫ AI/ML လေ့ကျင့်ခြင်း (Deep Learning) စတာတွေမှာအသုံးပြုပါတယ်။
--------------------------------------------------------------------------------

🟡 အထက်ပါ GPUတွေရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်လိုက်ရင် GPU ဆိုတာ စာစီစာရိုက်နဲ့ Photo , Video တွေနဲ့ချည်းသက်ဆိုင်တာမဟုတ်တော့ပါဘူး။

GPUတွေရဲ့ အလုပ်နဲ့အမျိုးအစားတွေအကြောင်းသိလောက်ပြီဆိုတော့ အားနည်းချက်နဲ့ အားသာချက်တွေအကြောင်းကိုလည်း မေ့ထားလို့မရပြန်ပါဘူး ။

GPUရဲ့ အားသာချက်တွေကတော့ 🟢

✅ Parallel Processing - ဒေတာအများအပြားကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်ခြင်း။
✅ High Performance - ဂရပ်ဖစ်နှင့် တွက်ချက်မှုဆိုင်ရာ အလုပ်များတွင် CPU ထက် ပိုမိုမြန်ဆန်ခြင်း။
✅ Versatility - Gaming, AI, rendering အပါအဝင် နယ်ပယ်များစွာတွင် အသုံးပြုနိုင်ခြင်း တို့ဖြစ်ပြီး

အားနည်းချက်တွေကတော့ ❗

❎ စျေးကြီးခြင်း - အထူးသဖြင့် high-end GPU များသည် စျေးကြီးသည်။
❎ စွမ်းအင်သုံးစွဲမှုများခြင်း - Powerful GPU များသည် ပါဝါအများအပြား လိုအပ်သည်။
❎ အပူထုတ်လုပ်မှုများခြင်း - ထိရောက်သော cooling system လိုအပ်တာတွေတို့ပဲဖြစ်ပါတယ်။

လူကြီးမင်းတို့လည်း GPUရဲ့အလုပ်လုပ်ပုံနဲ့ သူ့ရဲ့ အမျိုးအစားတွေအကြောင်း သိလောက်ပါပြီလို့ မျှော်လင့်ပါတယ်။ GPUတစ်ခုကိုဝယ်ယူ တပ်ဆင်တော့မယ်ဆိုရင် အထက်ပါအချက်တွေကိုကြည့်ပြီး ကိုယ်ကဘယ်ပုံစံ ဘယ်နေရာမှာသုံးရင် ဘယ်လိုGPUအမျိုးအစားနဲ့ ကိုက်ညီမလဲဆိုတာတွေ လည်း တီးမိခေါက်မိရှိလောက်ပါပြီ။GPUအကြောင်းလေး ဒီမှာပဲနိဂုံးချုပ်လိုက်ပါရစေ။

ဖတ်ရှုပေးတဲ့အတွက် အထူးကျေးဇူးတင်အပ်ပါတယ်...


🍚🥢 အစာတစ်လုပ်  မပစ်ခင် စဉ်းစားပါ  💭❗ ကျွန်တော့်တို့ရဲ့ နောက်ဆုံးထမင်းနပ်ကိုဘယ်အချိန်တုန်းက စားခဲ့သလဲ ❔❗ ကမ္ဘာပေါ်မှာရှိတ...
16/10/2025

🍚🥢 အစာတစ်လုပ် မပစ်ခင် စဉ်းစားပါ 💭

❗ ကျွန်တော့်တို့ရဲ့ နောက်ဆုံးထမင်းနပ်ကို
ဘယ်အချိန်တုန်းက စားခဲ့သလဲ ❔

❗ ကမ္ဘာပေါ်မှာရှိတဲ့ လူပေါင်း သန်း ၇၀၀ ကျော်ဟာ
ညတိုင်း ဗိုက်ဆာတဲ့ဝေဒနာနဲ့ အိပ်ရာဝင်နေကြရတယ်ဆိုတာ သင်သိပါရဲ့လား❔

October 🗓 ၁၆ ရက် မှာ ကျရောက်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာနေ့ ဟာ ဒီလို ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုနဲ့ အာဟာရချို့တဲ့မှု စိန်ခေါ်မှုကြီးကို ကျွန်တော်တို့ အားလုံးရဲ့မျက်စိရှေ့ ပေါ်ပေါ်ထင်ထင် မြင်သာအောင် ပြသပေးတဲ့နေ့ ဖြစ်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာနေ့ 📄 ကို ကုလသမဂ္ဂ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့ (FAO) တည်ထောင်ခဲ့တဲ့နေ့ကို ဂုဏ်ပြုပြီး ကျင်းပတာပါ။
---------------------------------------------------------------------------------

🌎 ကမ္ဘာ့စားနပ်ရိက္ခာနေ့မှာ ဘာလုပ်သင့်သလဲ 🍚🥢

▪ အလဟဿဖြစ်စေသော အစားအစာ လျှော့ချပါ (Reduce Food Waste)။ သင် ဝယ်ယူ၊ ချက်ပြုတ်ပြီး စွန့်ပစ်လိုက်တဲ့ အစားအစာတိုင်းဟာ လိုအပ်နေသူ တစ်ဦးရဲ့ ဗိုက်ကို ဖြည့်တင်းပေးနိုင်ပါတယ်။

▪ မိမိတို့ဒေသထွက် ကုန်ပစ္စည်းကို အားပေးပါ။မိမိတို့ ဒေသတွင်း လယ်သမားများကို ပံ့ပိုးပေးခြင်းဖြင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကို ​ပိုမိုဖြစ်ထွန်းလာစေနိုင်ပါမယ် ။

▪ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများ (ဥပမာ - ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) ၏ လှုပ်ရှားမှုများတွင် တတ်နိုင်သမျှ ပူးပေါင်းပါဝင်ပါ သို့မဟုတ် ကူညီလှူဒါန်းပါ။

📣 ကျွန်တော့်တို့တစ်ဦးချင်းစီရဲ့👏 သေးငယ်တဲ့ လုပ်ရပ်ကနေ ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်ပါတယ်။

အတူတကွပူးပေါင်းပြီး "ငတ်မွတ်ခေါင်းပါးမှု"ကင်းမဲ့တဲ့

💪🌎 ကမ္ဘာကြီးကို တည်ဆောက်ကြပါစို့...



#ကမ္ဘာ့စားနပ်ရိက္ခာနေ့

🧠 "စိတ်ကျန်းမာရေးအလေးပေး ဂရုပြုကြရန်မနှေး " 📣 World Metal Health Day (WMHD) 🗯‍‍‍‍‍‍ ‍‍‍"စိတ်ကျန်းမာရေးကို ကမ္ဘာ့သမိုင်းဝ...
10/10/2025

🧠 "စိတ်ကျန်းမာရေးအလေးပေး ဂရုပြုကြရန်မနှေး "

📣 World Metal Health Day (WMHD) 🗯‍‍‍‍‍‍ ‍‍‍

"စိတ်ကျန်းမာရေးကို ကမ္ဘာ့သမိုင်းဝင် နေ့ရက်အဆင့်အဖြစ် စတင်အသိအမှတ်ပြုခဲ့တဲ့ အောက်တိုဘာလ ၁၀ရက်နေ့ရဲ့ မြစ်ဖျားခံရယ သမိုင်းကြောင်း သိပါသလား 🤔❓"

၁၉၉၂ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်မှာ ကမ္ဘာ့စိတ်ကျန်းမာရေးအဖွဲ့ချုပ် (World Federation for Mental Health - WFMH) ရဲ့ ပထမဆုံးညီလာခံကြီးကနေပြီး ဒီကနေ့ရက်စွဲကို "ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ - WMHD " နေ့အဖြစ် သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ခြင်းဖြစ်ပါတယ် ။

"ဘာကြောင့် ဒီနေ့ကို WMHD အ​ဖြစ် စတင်သတ်မှတ်ခဲ့ရတာလဲ 🤔❓"

၁၉၉၀ ပြည့်နှစ်များအစပိုင်းက ကမ္ဘာ့စိတ်ကျန်းမာရေးဟာ...

🔸 လူမှုရေးကွယ်လွန်မှု (Stigma) အပြင်းထန်ဆုံးအချိန် ။
🔸 စိတ်ရောဂါရှိသူများကို ပတ်ဝန်းကျင်အချို့က ခွဲခြားဆက်ဆံမှုများရှိချိန် ။
🔸 စိတ်ကျန်းမာရေးအတွက် ကုသမှု၊ ဝန်ဆောင်မှုနည်းပါးပြီး အရည်အသွေးမမီတာတွေ ရှိနေခဲ့တဲ့အချိန်။
---------------------------------------------------------------------------------

❗ ဒီလိုအချိန်မှာ ... ... ...

WFMH ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ Richard Hunter က 'စိတ်ကျန်းမာရေးပြဿနာဟာ ကမ္ဘာ့ကျန်းမာရေး ❗အရေးပေါ်အခြေအနေ' လို့ ကြေညာခဲ့ပါတယ်။

📣 ဒါကြောင့် "ကမ္ဘာ့စိတ်ကျန်းမာရေးနေ့" စတင်ဖြစ်ပေါ်လာတာပါ ။၁၉၉၂ ခုနှစ်ကစပြီး ဒီလိုနေ့ရဲ့အဓိက ရည်မှန်းချက်ကြီး (၃)ရပ် ဟာယနေ့ထိတိုင် အသက်ဝင်တဲ့ ပြယုဂ်တွေအဖြစ်ရှိနေဆဲပါ။

🎯 စိတ်ကျန်းမာရေးအသိပညာပေးခြင်းနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ကွယ်လွန်မှုတိုက်ဖျက်ခြင်း ။

🎯 စိတ်ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို ကမ္ဘာတစ်ဝန်းမျှဝေခြင်း ။

🎯 လူတိုင်းအတွက် စိတ်ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်စေရေး ။

---------------------------------------------------------------------------------
ကျွန်တော်တို့အနေနဲ့ ဒီနေ့မှာဘာလုပ်နိုင်မလဲ 🗯

🔸 မိမိစိတ်ကို ဂရုစိုက်ဖို့ အချိန်ခဏယူပါ ။

🔸 မိသားစု/သူငယ်ချင်းတစ်ယောက်ယောက်ကို သူရဲ့ 'စိတ် အခြေအနေ' မေးမြန်းကြည့်ပါ ။
🔸 စိတ်ကျန်းမာရေးအကြောင်းကို မိမိတိုင်ပင်ဖော်နှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးပါ ။

" ကမ္ဘာ့စိတ်ကျန်းမာရေးနေ့"မှာ Syntax Digital Group မှ content အနေဖြင့်မျှဝေသိရှိချင်ရုံမက လူတိုင်းရဲ့စိတ်ကျန်းမာရေးကို အလေးပေးဂရုစိုက် စေချင်သောအားဖြင့် " WMHD" နေ့လေးကို ပါဝင်အားဖြည့် 💪
ကူညီလိုက်ရပါတယ် ခင်ဗျာ



#စိတ်ကျန်းမာရေးနေ့

"🙏✨ မေတ္တာမီးပုံးလေးတွေ လင်းထိန်စေမယ့် ဗုဒ္ဓဘာသာနေ့မြတ် 🌕 သီတင်းကျွတ် 🏮"🏮 "သီတင်းကျွတ်လပြည့်နေ့" ☸ အခါသမယ ဆိုတာ မြန်မာလူ...
06/10/2025

"🙏✨ မေတ္တာမီးပုံးလေးတွေ လင်းထိန်စေမယ့် ဗုဒ္ဓဘာသာနေ့မြတ် 🌕 သီတင်းကျွတ် 🏮"

🏮 "သီတင်းကျွတ်လပြည့်နေ့" ☸ အခါသမယ ဆိုတာ မြန်မာလူမျိုး ဗုဒ္ဓဘာသာတို့အတွက် ရိုးရာမီးထွန်းပွဲတော်သာမက၊ ဘာသာရေးအရလည်း အထူးအဓိပ္ပာယ်ရှိတဲ့နေ့ထူးနေ့မြတ် မဂ်လာနေ့ တစ်နေ့ ဖြစ်ပါတယ်။

🪔 ဒီနေ့ဟာ မြတ်စွာဘုရားရှင် ခြောက်ဝါကာအတွင်း တာဝတိံသာနတ်ပြည်မှာ လူ့ဘဝ မြတ်စွာဘုရားလောင်းလျာအား မိခင်ဝမ်းရွှေကြာမှ မွေးဖွား သန့်စင် မူခဲ့သော မယ်တော်မာယာဒေဝီ အပါအဝင် သိကြား ၊ နတ်ဗြဟ္မာများကို "အဘိဓမ္မာတရားတော်" ဟောကြားခဲ့ ပြီးနောက် လူ့ပြည်ကို ရွှေ ၊ ငွေ ၊ ပတ္တမြား တန်ဆောင်းတန်းတို့ဖြင့် ပြန်လည်ဆင်းသက်ကြွချီလာတဲ့နေ့ပဲ ဖြစ်ပါတယ်။

🪔 ဘုရားရှင်ကို ကြိုဆိုတဲ့အနေနဲ့ နတ်၊ ဗြဟ္မာ၊ လူတို့က ရောင်ခြည်တော်တွေ၊ မီးပန်းမီးပုံးတွေနဲ့ ပူဇော်ခဲ့ကြရာမှနေစပြီး ဒီနေ့ခေတ်အထိ မီးထွန်းပွဲတော်ကို ရိုးရာအဖြစ် ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

🪔 သီတင်းကျွတ်လပြည့်နေ့မှာ ချစ်ခင်လေးစားရတဲ့ မိဘ၊ ဆရာသမားများကို ကန်တော့ပြီး စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာစွာနဲ့ နေထိုင်နိုင်ပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတွေပါ ပြည့်ဝ ကြပါစေလို့

" Syntax Digital Group" မှ ဆုတောင်း မေတ္တာ ပို့သပေးလိုက်ပါတယ်... 🙏 🎉


#သီတင်းကျွတ်လပြည့်နေ့ #မီးထွန်းပွဲတော်

Address

Myeik

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 09:00 - 16:00

Website

Alerts

Be the first to know and let us send you an email when 𝐒𝐲𝐧𝐭𝐚𝐱 𝐃𝐢𝐠𝐢𝐭𝐚𝐥 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share