𝙼𝚒𝚗 𝙺𝚑𝚊𝚗𝚝 𝙿𝚑𝚢𝚘

𝙼𝚒𝚗 𝙺𝚑𝚊𝚗𝚝 𝙿𝚑𝚢𝚘 လေလွင့်တိမ်...

မင်းခန့်(မြိတ်)
09/06/2025

မင်းခန့်(မြိတ်)

လွမ်းချင်း....မနက်ထရင် သားရေ..ကလေးရေ အော်ခေါ်သံလေးတွေကအဝေးကဘဲ ကြားယောင်တော့တယ်....နိုးစက်သံ ကိုအားပြုပြီးနံနက်ထဖို့ ကိုယ...
29/05/2025

လွမ်းချင်း....

မနက်ထရင် သားရေ..
ကလေးရေ အော်ခေါ်သံလေးတွေက
အဝေးကဘဲ ကြားယောင်တော့တယ်....

နိုးစက်သံ ကိုအားပြုပြီး
နံနက်ထဖို့ ကိုယ့်စိတ်ကို
ကိုယ်နိုးရတယ်...

မနက်စားအဆင်သင့်စားဖို့
စောင့်နေရာကနေ
မနက်စာ ဘယ်ရှာရမလဲ ပြောင်းတွေးရပြန်ရော..

တီတီတာတာစကားပြောဖို့
တာဝန်ဆိုတဲ့အရာက
သဲ့သဲ့လေးသတိလာပေးပြန်ရော
ဒါမင်းအိမ်လိုမဟုတ်ဘူးတဲ့...

အရင်လို ကိုယ်ဖြစ်ချင်တာကို
ဖွင့်ဟဖို့ ယုံကြည်ရတဲ့
နှလုံးသားနှစ်စုံနဲ့ ခွဲလို့
ဘယ်လိုအရေခြုံထားလဲမသိတဲ့သူရှေ့
မရှိပြုံး ပြုံးရပြန်လေရော...
အလွန်ဆုံးပြော နေကောင်းကျန်းမာလာပေါ့
ဘာဆေးသောက်ရမယ်လို့တော့
ဘယ်ပြောမလဲ...

မိသားစုမှ မဟုတ်တာ...

ထမင်းစားချိန် နာရီတိတိစားနေကျက
အချိန်မမှန် ဆန်မမှန်ဘဲ
ဘယ်ညာကြည့်စားနေရပုံများ
အရင်လို ဂျီးများရအောင်လဲ
အဖွားအိမ်က ထမင်းဝိုင်းမှမဟုတ်တာ...

အိပ်ချင်ရာအိပ်ပြီ
နေချင်သလိုနေရတိုင်း
သား ခြင်ကိုက်မှာကြောက်လို့
ခြင်ထဟတ်ပေးတဲ့ အမျိုးသမီးကို
မျက်ရည်ကျပြီးလွမ်းရပြန်ရော...

အဝတ်တစ်ထည်မလျှော်
ရေတစ်ပုံးမသည်လည်းလဲ
မငြိုငြင်တဲ့ မိသားစုဝင်နှစ်ဦးမှ
ဝင်ငွေရဖို့ ရုန်းကန်ရတဲ့ ပတ်ဝန်းကျင်နဲ့
အစားထိုးရပြန်ရော...

ဘာဟင်းလေးကောင်းရင်
သားကို သတိရလို့ မျိုမကျဘူးတဲ့လား...

အပြင်ခဏသွားရင်တောင်
စိတ်ပူတတ်တာ.
ဘဝထဲက ထွက်သွားရင်
တစ်ခြမ်းပဲ့သွားမှာပေါ့..

အစားကောင်းတစ်လုပ်
သီချင်းကောင်းတစ်ပုဒ်မှ
လူကောင်းတစ်ယောက်ကို
ပျိုးထောင်ပေးခဲ့တဲ့
သူနှစ်ဦးကို အိပ်ရာဝင်တိုင်းကန်တော့ဖြစ်သည်....

မင်းခန့်(မြိတ်)

ကမ္ဘာပျက်ခါနီးမှပန်းကပ်စိုက်လို့ရောဘာထူးတော့မှာလည်းထိုင်ကြည့်ကြရုံပေါ့ (ပုံတိုပတ်စ)
03/05/2025

ကမ္ဘာပျက်ခါနီးမှ
ပန်းကပ်စိုက်လို့ရော
ဘာထူးတော့မှာလည်း
ထိုင်ကြည့်ကြရုံပေါ့

(ပုံတိုပတ်စ)

စိတ်နာချင်ယောင်ဆောင်တာပါချစ်ပြီးသားလူတစ်ယောက်ကိုဒီနှလုံးသားက လွယ်လွယ်ကူကူမမုန်းနိုင်ပါဘူး.....။- တက္ကသိုလ်ဘုန်းနိုင်
03/05/2025

စိတ်နာချင်ယောင်ဆောင်တာပါ
ချစ်ပြီးသားလူတစ်ယောက်ကို
ဒီနှလုံးသားက လွယ်လွယ်ကူကူ
မမုန်းနိုင်ပါဘူး.....။

- တက္ကသိုလ်ဘုန်းနိုင်

03/05/2025
မမုန်းရက်နိုင်လောက်အောင်ချစ်ခဲ့ပေမဲ့မပြုံးရက်နိုင်လောက်အောင်တော့ လွမ်းနေရရှာတယ်-ဇေယံ(အရိပ်)
06/04/2025

မမုန်းရက်နိုင်လောက်အောင်ချစ်ခဲ့ပေမဲ့
မပြုံးရက်နိုင်လောက်အောင်တော့ လွမ်းနေရရှာတယ်

-ဇေယံ(အရိပ်)

အရာရာဟာ ခြောက်ကပ်‌လျက်ပါပဲ...April foolဆိုတဲ့ စနောက်မှုတွေမရှိတော့ဘူးပိတောက်တွေကို မျှော်ပြီး ပျော်တဲ့လူငယ်တွေ မရှိတော့ဘ...
06/04/2025

အရာရာဟာ ခြောက်ကပ်‌လျက်ပါပဲ...

April foolဆိုတဲ့
စနောက်မှုတွေမရှိတော့ဘူး

ပိတောက်တွေကို မျှော်ပြီး
ပျော်တဲ့လူငယ်တွေ မရှိတော့ဘူး

တစ်နှစ်တစ်ခါပြန်ကြတဲ့
မွေးရပ်မြေရဲ့ မိဘအိမ်ဟာ မရှိတော့ဘူး

ဝမ်းနည်းစရာတွေများလွန်းလို့
ငိုစရာမျက်ရည်ပါမရှိတော့ပါဘူး။


22/03/2025

G12ကြီး ပြီးပြီ🙃

ရူးတယ်ပဲပြောပြောမူးတယ်ပဲပြောပြောမင်းဟာ ပထမမင်းဟာ ဒုတိယကို့အလိုကျ မဖြစ်လည်းရတယ်အချစ်ရယ် မင်းငိုလို့မရဘူး-မာပို
25/12/2024

ရူးတယ်ပဲပြောပြော
မူးတယ်ပဲပြောပြော
မင်းဟာ ပထမ
မင်းဟာ ဒုတိယ
ကို့အလိုကျ မဖြစ်လည်းရတယ်
အချစ်ရယ် မင်းငိုလို့မရဘူး

-မာပို

🌄⏳    ‎
22/10/2024

🌄⏳


@3ပါ🗿   ‎
22/10/2024

@3ပါ🗿

သေချာတာတစ်ခုက//   ‎
22/10/2024

သေချာတာတစ်ခုက//

Address

Myeik

Website

Alerts

Be the first to know and let us send you an email when 𝙼𝚒𝚗 𝙺𝚑𝚊𝚗𝚝 𝙿𝚑𝚢𝚘 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝙼𝚒𝚗 𝙺𝚑𝚊𝚗𝚝 𝙿𝚑𝚢𝚘:

Share