MYEIK Now

MYEIK Now တိကျ၊ မှန်ကန်၊ တနင်္သာရီသားတို့ အသံ
(1)

07/04/2024

🌿တိုင်းတစ်ပါးသို့ကူးပြောင်းစပြုနေသော🌿💦မြန်မာ့ယဉ်ကျေးမှု မြန်မာ့ရိုးရာအတာသင်္ကြန်🇲🇲💦သည် မြန်မာလူမျိုး မြန်မာပြည်သားတို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေနှစ် ဖြစ်သည့်အတွက် နောင်လာနောင်သားမျာအမြတ်တနိုး တန်ဖိုးထားဆက်လက်ထိန်းသိမ်းနိုင်ကြပါစေလို့ဆန္ဒပြုရင်း🌿💦မြိတ်မြို့မှ ဂုဏ်ယူစွာရိုက်ကူးတင်ဆက်လိုက်ပါသည်။
🙏🏻နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🏻
#မြန်မာတို့ရဲ့သင်္ကြန် #ရှေးဟောင်းအမွေနစ် #ရိုးရာယဉ်ကျေးမှု #တီအို #မြိတ်သူမြိတ်သားများ #2024
ဘာဖြစ်ဖြစ် အဝေးရောက် မြိတ်သူ/သားများတို့ အတွက် သတိတရ အလွှမ်းပြေစေဖို့ ရည်ရွယ်ကာ တင်ပေးလိုက်တာပါ။

တနင်္သာရီက ညောင်ပင်ကွင်း အခြေစိုက် ခမရ (၅၆၁) တပ်ရင်း ဒရုန်းနဲ့ ဗုံးကြဲခံရ ၄ ဦးသေ ၂ ဦး ဒဏ်ရာရတနင်္သာရီ၊ ဧပြီ (၅) ရက်။ Mye...
05/04/2024

တနင်္သာရီက ညောင်ပင်ကွင်း အခြေစိုက် ခမရ (၅၆၁) တပ်ရင်း ဒရုန်းနဲ့ ဗုံးကြဲခံရ ၄ ဦးသေ ၂ ဦး ဒဏ်ရာရ

တနင်္သာရီ၊ ဧပြီ (၅) ရက်။ Myeik Now

မြိတ်ခရိုင် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်း အခြေစိုက် ခမရ (၅၆၁) တပ်ရင်းကို ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့ ညနေပိုင်းတွင် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း - ၁ ရဲ့ ADF ဒရုန်းအဖွဲ့မှ ဒရုန်း ဗုံးသီး ငါးကြိမ်ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က လေးဦး သေဆုံးကာ နှစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရ သည်။

အလာတူ ဧပြီလ ၂ ရက်နေ့ကလည်း ယင်း ခမရ (၅၆၁) တပ်ရင်းနှင့် တံတား စစ်ဆေးရေးဂိတ်တို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့သေးသည်။

မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း - ၁ သည် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ ) ၊ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားပါသည်။

ကော့သောင်း ခရိုင် ရဲတပ်ဖွဲ့မှူး အပါအဝင် အရာရှိ ၇ဦးအဂတိမှုဖြင့် ဖမ်းဆီးခံရဟုဆိုကော့သောင်း၊ ဧပြီ (၃) ရက်။Myeik Nowထိုင်းရဲ...
03/04/2024

ကော့သောင်း ခရိုင် ရဲတပ်ဖွဲ့မှူး အပါအဝင် အရာရှိ ၇ဦးအဂတိမှုဖြင့် ဖမ်းဆီးခံရဟုဆို

ကော့သောင်း၊ ဧပြီ (၃) ရက်။Myeik Now

ထိုင်းရဲတပ်ဖွဲ့နှင့် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ပြန်ထားသည့် ကော့သောင်းမြို့မှ သူဌေးကျွန်းဟိုတယ်ပိုင်ရှင်ဦးကျော်လွင်၏အမှုနှင့် ဆက်စပ်ပြီး လာဒ်စားသည်ဟုဆိုကာ ကော့သောင်းခရိုင်ရဲမှူးအပါအဝင် ဌာနဆိုင်ရာအရာရှိ ခုနစ်ဦး၊ လုပ်ငန်းရှင်တဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း ဒေသခံများနှင့်ဌာနဆိုင်ရာအသိုင်းဝိုင်းထံမှ သိရသည်။

ကော့သောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မျိုးသန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအေးကျော်နှင့် စခန်းမှူး ဒုတိယရဲမှူးရဲထွဋ်၊ ကော့သောင်းခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးဦးစိုးမောင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ချို၊ ခရိုင် တရားသူကြီးနှင့် နောက်ထပ်အရာရှိနှစ်ဦးကို စစ်ကောင်စီက ပြီးခဲ့သည့်မတ်လအတွင်းက ဖမ်းဆီးခဲ့ခြင်းဟု သိရသည်။

၎င်းတို့သည် ဦးကျော်လွင်၏ဆွေမျိုးတော်စပ်သူ အချို့အား စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားစဉ် ပြန်လွှတ်ပေးရန် တဦးလျှင် ငွေကျပ် သိန်း ၂၀၀ မှ သိန်း ၂၅၀ အထိ ရယူခဲ့သောကြောင့် အဂတိနှင့်ငြိစွန်းသည်ဟုဆိုကာ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဒေသခံ သတင်းအရင်းမြစ်များကပြောသည်။

ဖမ်းဆီးထားသူများကို ရန်ကုန်နှင့် နေပြည်တော်သို့ လေယာဉ်ဖြင့်ခေါ်ဆောင် စစ်ဆေးခဲ့ကြောင်း ဌာနဆိုင်ရာ သတင်းရင်းမြစ်တဦးကပြောသည်။

“ဖမ်းခံရတာကတော့ နှစ်ပတ်ကျော် သုံးပတ်လောက် ရှိနေပြီ။ ဖမ်းခံရတဲ့အကြောင်းရင်းကတော့ ဖမ်း၀ရမ်း ထုတ်ခံထားရတဲ့ ဦးကျော်လွင်ရဲ့ ဆွေမျိုး တော်စပ်သူတွေကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်း ခံထားရချိန်မှာ ငွေထိုးပြီး ပြန်လွှတ်ပေးတဲ့ အမှုနဲ့ စစ်ဆေးခံရပြီးဖမ်းခံရတာဖြစ်တယ်”ဟု ကော့သောင်းမြို့မှ လုံခြုံရေးအရအမည်မဖော်လိုသော ဌာနဆိုင်ရာဝန်ထမ်းတဦးက မဇ္ဈိမကိုပြောသည်။

ဖမ်းဆီးခံရသူရှစ်ဦးထဲတွင် မြိတ်မြို့မှ စစ်ကောင်စီနှင့် နီးစပ်သည့်ဆက်ဆံရေးရှိသော စီးပွားရေးလုပ်ငန်းရှင်ဦးအောင်ကျော်လည်း ပါဝင်ကြောင်း ၎င်း၏မိတ်ဆွေတဦးကပြောသည်။ဦးအောင်ကျော်သည် ဦးကျော်လွင်၏ ဆွေမျိုးတော်စပ်သူများ ပြန်လည်လွတ်မြောက်ရေးအတွက် ဌာနဆိုင်ရာအရာရှိများအား ငွေပေးလာဒ်ထိုးကာ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် စစ်ဆေးခံနေရပြီး ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ၎င်း၏မိတ်ဆွေကဆိုသည်။

ဖမ်းဆီးခဲ့သည့်ဌာနဆိုင်ရာအရာရှိများကို ကော့သောင်းမြို့သို့ ပြန်လည် ပို့ဆောင်ပြီး ရဲစခန်း အချုပ်တွင် ထိန်းသိမ်းထားကြောင်းသတင်းရင်းမြစ်ထံမှ သိရ သည်။

“သူတို့ကို လက်ရှိကအမှုက စစ်လို့ မပြီးသေးဘူး။ ရဲစခန်းအချုပ်မှာပဲ ထားထားတယ်။ပထမ သူတို့ နေပြည်တော်က ပြန်လာတဲ့အချိန်မှာ သူတို့ ရုံးတွေမှာ ထားထားပါသေးတယ်။ အဲ့နောက် စာဝင်လာလို့ ရုံးကနေ ရဲစခန်းအချုပ်ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားလိုက်တယ်”လို့ ဌာနဆိုင်ရာနှင့်နီးစပ်သူတဦးက ပြော သည်။

ဖမ်းဆီးစစ်ဆေးခြင်းခံနေရသည့် ဌာနဆိုင်ရာအရာရှိများနေရာကို စစ်ကောင်စီကအစားထိုးထားကြောင်းလည်းသိရသည်။ကော့သောင်း ခရိုင်ရဲတပ်ဖွဲ့မှူးအဖြစ်ရဲမှူးကြီး တင်မင်းဦးက တာဝန်ယူထားပြီး ကျန်ဌာနများနှင့် ပတ်သက်သည့်အစားထိုးခန့်အပ်မှုများကို အသေးစိတ်မသိရှိရသေးပေ။

ဌာနဆိုင်ရာအရာရှိများအား ဖမ်းဆီးစစ်ဆေးနေသည့်သတင်းနှင့်ပတ်သက်၍ တနင်္သာရီတိုင်း စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို ဧပြီ ၂ ရက်နေ့ ညနေတွင် ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။

ကော့သောင်းမြို့ Grand Andaman Hotel (သူဌေးကျွန်းဟိုတယ်) ပိုင်ရှင်ဦးကျော်လွင်သည် ထိုင်းနိုင်ငံတွင် တရားမဝင် အွန်လိုင်း လောင်းကစားမှုများ၊ ငွေကြေးခဝါချမှုများနှင့် ပြည်ပနိုင်ငံသို့ စက်သုံးဆီ တင်ပို့ရာတွင် အခွန်ရှောင်မှုတို့ဖြင့် ထိုင်းရဲတပ်ဖွဲ့က ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်ဖမ်း၀ရမ်း ထုတ်ခဲ့သည်။ စစ်ကောင်စီကလည်း ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ထပ်မံ၍ ၀ရမ်းထုတ်ခဲ့သည်။ ဦးကျော်လွင်အား ယနေ့အထိဖမ်းမိခြင်းမရှိသေးဘဲ ၎င်း၏ ညီဖြစ်သူ ဦးနောင်ပိန်အား ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းမှာ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့စဥ်စစ်ကြောရေး၌ သေဆုံးခဲ့ကြောင်း ကော့သောင်းမြို့မှ ဌာနဆိုင်ရာဝန်ထမ်းအချို့ကပြောသည်။

မြန်မာဖက်ကို ပို့ဆောင်ရန် ကြိုးစားတဲ့ လက်နက်ခဲယမ်းတွေ ထိုင်း စစ်တပ်က ဖမ်းဆီးခဲ့မဲဆောက်၊ ဧပြီ (၃) ရက်။ Myeik Nowထိုင်း-မြ...
03/04/2024

မြန်မာဖက်ကို ပို့ဆောင်ရန် ကြိုးစားတဲ့ လက်နက်ခဲယမ်းတွေ ထိုင်း စစ်တပ်က ဖမ်းဆီးခဲ့

မဲဆောက်၊ ဧပြီ (၃) ရက်။ Myeik Now

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြ၀တီ အနီးရှိ သောင်းရင်းမြစ်တွင် ဧပြီ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့် အချိန်တွင် မြန်မာဖက်သို့ ပို့ဆောင်ရန် သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများကို ထိုင်း နယ်ခြားစောင့် စစ်တပ်က ဖမ်းဆီး စစ်ဆေးတွေ့ရှိခဲ့ကြောင်း မဲဆောက်မြို့ ရဲစခန်း၏ ယနေ့ ဧပြီ ၃ ရက်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန်ချက်များ အရ သိရ သည်။

RPG လက်နက် လက်နက် ၃ ခု အပါဝင် အဆိုပါ လက်နက်ခဲယမ်းများကို ဧပြီ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲဝန်းကျင်းတွင် မြန်မာနိုင်ငံသား နှစ်ဦးဟု ယူဆရသူ နှစ်ဦး သည်၊ ခရီးဆောင်အိတ်ဖြင့် သယ်လာစဉ် ကင်းလှည့်လာသည့် ထိုင်း စစ်တပ်ကို တွေ့ရှိရ၍ ပစ်ချ ထွက်ပြေး သွားခဲ့ကြောင်း မဲဆောက်မြို့ ရဲစခန်း၏ သတင်း ထုတ်ပြန်ချက်များ အရ သိရ သည်။

ထိုင်း စစ်တပ်က သိမ်းဆည်း ရမိသည့် လက်နက် ပစ္စည်းများထဲတွင် RPG ၃ ခု၊ ယမ်းတောင့် ၃ တောင်၊ ၄၀ မမ ၁၀ တောင့်နှင့် ကျဉ် ၈၈၈ တောင့်တို့ သိမ်းဆည်း ရမိခဲ့ကြောင်း မဲဆောက်ရဲဖွဲ့က ယနေ့ ဧပြီ ၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် တိုက်ရိုက်လွှင့် သတင်း ထုတ်ပြန်ထား သည်။

မဲဆောက်မြို့တွင် ပြီးခဲ့သည့် မတ် ၂၉ ရက်နေ့ကလည်း အွန်လိုင်းမှ မှာယူထားသည့် ဝေဟင်ပစ် ဒရုန်းလက်နက် တစ်လက်နှင့် အတူ မြန်မာနိုင်ငံသား နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

ကော့သောင်းမြို့က စစ်မှုထမ်း မဲပေါက်ရွေးချယ်ခံရသူတွေကို သင်တန်းတက်ရန် မြိတ်သို့ ပို့ဆောင်ကော့သောင်း၊ ဧပြီလ (၃) ရက်။ Myeik...
03/04/2024

ကော့သောင်းမြို့က စစ်မှုထမ်း မဲပေါက်ရွေးချယ်ခံရသူတွေကို သင်တန်းတက်ရန် မြိတ်သို့ ပို့ဆောင်

ကော့သောင်း၊ ဧပြီလ (၃) ရက်။ Myeik Now

ကော့သောင်းမြို့က စစ်မှုထမ်း မဲပေါက်သူများကို စစ်သင်တန်း တက်ရန် ယမန်နေ့ ဧပြီလ ၂ ရက်နေ့က သင်္ဘောဖြင့် မြိတ်မြို့သို့ စစ်ကောင်စီက ပို့ဆောင်ခဲ့ သိရ သည်။

စစ်သင်တန်း တက်ရန် ရေလမ်းခရီးဖြင့် တော်ဝင် ဘောတံတားမှ တဆင့် မြိတ်မြို့သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ် သည်။

02/04/2024

မြန်မာ-ထိုင်း နယ်စပ်က Grand Andaman Hotel (သူဌေးကျွန်းဟိုတယ်) နဲ့ ပတ်သက်ပြီး အဂတ်လိုက်စားမှုနဲ့ ကော့သောင်းမြို့က ခရိုင်ရဲမှူး၊ တရားသူကြီး အပါဝင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ အကောင်ကြီးတွေ အခု ရက်ပိုင်း စွဲစိ ကျင်းအောင်းခံလိုက်ရပြီတဲ့ သူများ လာရောက် လင်းပါဦး......။🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨

Send a message to learn more

မြိတ်မှာ စစ်မှုထမ်းဖို့ စာရင်းပါသူတစ်ဦး ကြိုးဆွဲချသေဆုံးတနင်္သာရီတိုင်းမ်၊ ဧပြီ ၁မြိတ်မြို့မှာ တုံးဗျောငယ်ရွာက စစ်မှုထမ်...
01/04/2024

မြိတ်မှာ စစ်မှုထမ်းဖို့ စာရင်းပါသူတစ်ဦး ကြိုးဆွဲချသေဆုံး
တနင်္သာရီတိုင်းမ်၊ ဧပြီ ၁
မြိတ်မြို့မှာ တုံးဗျောငယ်ရွာက စစ်မှုထမ်းဖို့ စာရင်းပါထားတဲ့ အမျိုးသားတစ်ဦး ကြိုးဆွဲချသတ်သေခဲ့တယ်လို့ ရွာခံတွေဆီက သိရပါတယ်။
သေဆုံးသူကိုစိုးမင်းနိုင်ဟာ ရွာမှာ စစ်မှုထမ်းအတွက် မဲနှိုက်ဖို့ အစည်းအဝေးလုပ်ချိန်တုန်းက ရွာသားတွေ ဘယ်သူမှမဲမနှိုက်ချင်လို့ သူကိုယ်တိုင်ပါမယ်လို့ စာရင်ပေးခဲ့သူဖြစ်တယ်လို့ ရွာခံတွေက ပြောပါတယ်။ တုံးဗျောငယ်ရွာမှာ မတ်လ ၁၇ ရက်နေ့က အစည်းအဝေးလုပ်ခဲ့တာဖြစ်ပြီး မဲနှိုက်ဖို့ စာရင်းပေးခဲ့တဲ့ ကိုစိုးမင်းနိုင်ကို ရွာသားတွေစုပြီး ပိုက်ဆံပေးဖို့ သဘောတူခဲ့တယ်လို့ ရွာခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဦးစိုးမင်းနိုင်ဟာ စစ်မှုထမ်းဖို့ဆေးစစ်ဖို့အတွက် မြိတ်မြို့ကို ၂၆ ရက်နေ့က သွားရောက်ခဲ့ပြီး ၂၈ ရက်နေ့ ညနေပိုင်းမှာ ရွာကို ပြန်လာခဲ့တယ်လို့ တုံးဗျောငယ်ရွာခံတွေက ဆိုပါတယ်။
ရွာကိုပြန်လာပြီး အိမ်မှာပြန်မအိပ်ဘဲ ပျောက်နေလို့ ရွာသားတွေလိုက်ရှာတဲ့အချိန်မှာ သေဆုံးနေတဲ့ ဦးစိုးမင်းနိုင်ကို မတ်လ ၃၀ ရက်နေ့မနက်ပိုင်းမှာ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ သူ့ရဲ့အိမ်အနောက်ဘက် ရွာချောင်းစပ်တောအုပ်ထဲမှာ ကြိုးဆွဲချလျက်အနေအထားနဲ့အလောင်းတွေ့ခဲ့ရတယ်လို့ ရွာခံတွေက ပြောပါတယ်။
“ ရှာတွေ့တော့ အလောင်းကပုတ်နေပြီ။ သူ ဘိတ်(မြိတ်) ကပြန်လာပြီးကတည်းက နှစ်ညလုံး အိမ်ပြန်မအိပ်ဘူးလို့ သူ့အမေပြောတယ်။ သူ့အမေကလည်း တခြားမှာ သွားအိပ်တယ်ထင်နေတာ။ နောက်မှ ရွာမှာ လိုက်မေးတာ ဘယ်သူ့အိမ်မှ မလာဘူးပြောကြလို့ လိုက်ရှာကြတာပါ” လို့ ရွာခံ အမျိုးသားတစ်ဦး ဆိုပါတယ်။
အသက် ၃၀ ဝန်းကျင်အရွယ်ဦးစိုးမင်းနိုင်ဟာ မြိတ်မှာ ဆေးစစ်ဖို့သွားပြီး ပြန်လာတဲ့အချိန် ဘာကြောင့် ကြိုးဆွဲချသတ်သေခဲ့တယ်ဆိုတာကိုတော့ မသိရပါဘူး။
“သူ့ကို ဘယ်လောက်ပေးပါမယ်ဆိုတဲ့ ပမာဏတောင် မသတ်မှတ်ရသေးဘူး။ လေးလပိုင်းကြမှ ရွာကနေ ပိုက်ဆံစုကောက်ပြီး ပေးဖို့စီစဥ်ထားကြတာ” လို့ တုံးဗျောငယ်ရွာခံအမျိုးသမီးတစ်ဦးကပြောပါတယ။
စစ်ကောင်စီက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ စစ်မှုထမ်းအစီအစဥ်ရဲ့ ပထမအသုတ်မှာ တနင်္သာရီတိုင်းက အယောက် ၂၆၀ ကျော်ပါဝင်မှာဖြစ်ပြီး မြိတ်မြို့နယ်က ၁၂၀ ဦးကနေ ၁၅၀ ဦးကြားပါဝင်မှာ ဖြစ်တယ်လို့ တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့က ပြောဆိုထားပါတယ်။
မြိတ်မှာ စစ်မှုထမ်းဖို့ စာရင်းပါတဲ့သူတွေကို မြိတ်လေတပ်စခန်းအရှေ့မှာရှိတဲ့ စစ်ဆေးရုံကို ဆေးစစ်ဖို့ ခေါ်ယူတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
The Tanintharyi Times

Address

Myeik

Website

Alerts

Be the first to know and let us send you an email when MYEIK Now posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MYEIK Now:

Share