Tanintharyi News

Tanintharyi News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tanintharyi News, Media/News Company, Pagoda, Myeik.

စစ်သင်တန်းမတက်ဖူးသည့် ပအိုဝ်းဒေသခံများကိုပါ PNO ပြည်သူ့စစ်က စစ်ဆင်ရေးတွင် အသုံးပြုနေပြီး ရှေ့တန်း၌ သေဆုံးမှုရှိ​နေဧ ပြီ ...
28/04/2024

စစ်သင်တန်းမတက်ဖူးသည့် ပအိုဝ်းဒေသခံများကိုပါ PNO ပြည်သူ့စစ်က စစ်ဆင်ရေးတွင် အသုံးပြုနေပြီး ရှေ့တန်း၌ သေဆုံးမှုရှိ​နေ
ဧ ပြီ ၂၈

စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ PNOက ဒေသခံများအား အဓမ္မ စစ်သားစုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်၌ အသုံးပြုလျက်ရှိရာ စစ်သင်တန်းတက်ဖူးခြင်းမရှိသူ အချို့လည်း တိုက်ပွဲ၌ သေဆုံးမှုများ ရှိနေသည်ဟု ပအိုဝ်းဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ဧပြီ ၂၆ရက်က ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသ ဒုံကောင်ရွာခံ အမျိုးသား တစ်ဦးသည် ပြည်သူ့စစ်က ခေါ်ယူသွားပြီး ရက်ပိုင်းအတွင်း တိုက်ပွဲ၌ သေဆုံးခဲ့သည်ကို ၎င်း၏ သူငယ်ချင်းများက လူမှုကွန်ရက်မှ တဆင့်အသိပေးထား
သည်။

“မနေ့ကရှေ့တစ်နေ့ ၂၆ရက်နေ့ တိုက်ပွဲမှာ သေသွားတဲ့ PNO ပြည်သူ့စစ် တစ်ယောက်ပေါ့။ သူ့သူငယ်ချင်းတွေ တင်ထားတာက ဗမာလို အဓိပ္ပါယ်ပြန်ရရင် စိတ်နာစရာ အရမ်းကောင်းတယ်တဲ့ ။ စစ်သင်တန်းလည်း မတက်ရဘူး။ သေနတ်လည်းမပစ်တက်ဘူးတဲ့။ တိုက်ပွဲအတွေ့အကြုံလည်း မရှိဘူးတဲ့။ အဲဒါ ပြည်သူ့စစ်ခေါ်တာကို သွားရတာ။ တစ်ညပဲ အိပ်ရတယ် သေသွားတယ်တဲ့” ဟု ပအိုဝ်းသတင်းရင်းမြစ်က ပြောပြသည်။

တိုက်ပွဲ၌ သေဆုံးသွားသူသည် ဒုံကောင်ရွာမှ ခွန်အောင်ရွှေဆိုသူ ဖြစ်ပြီး ဆီဆိုင်မြို့နယ်တိုက်ပွဲ၌ ကျဆုံးခဲ့သည်ဟု ပြောပြသည်။

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များ၏ လုပ်ရပ်များသည် ၎င်းတို့ အကျိုးစီးပွားနှင့် အာဏာတည်မြဲရေး အင်အားလိုအပ်နေသည့်အပေါ် ယခုကဲ့သို့ ရွာခံများကို အသုံးပြုနေခြင်းဖြစ်သည်ဟု ပအိုဝ်းသတင်းရင်းမြစ်က ပြောသည်။

“ပြောရရင်တော့ ဘယ်သူ သေသေ ငတေမာရင်ပြီးရော ဆိုတဲ့ ပုံစံနဲ့ ဘယ်သူပဲ သေသေ လူထုပဲ သေသေ ၊ လူထုတွေဘယ်လောက် ပျက်စီးပျက်စီး သူတို့ အကျိုးစီးပွား မထိခိုက်ရင် ပြီးရော သူတို့ အကျိုးစီးပွား ကာကွယ်နိုင်ရင်ပြီးရောဆိုတဲ့ ပုံစံနဲ့ ပြည်သူလူထုကို အတင်းအဓမ္မရှေ့တန်းပို့တာ လူသားတံတိုင်းလုပ်တာတွေ လုပ်တာပေါ့” ဟု ပအိုဝ်းသ
တင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း စစ်ကောင်စီတပ်ဘက်က တိုက်ပွဲများ၌ အထိအခိုက်အကျဆုံးရှိခဲ့ကြောင်း PNLAက အသိပေးထားသည်။

(​နေဝင်းထွန်းနှင့် PNO/PNA ​ခေါင်း​ဆောင်အချို့/ PNA သင်တန်းသားများ /တိုက်ပွဲ၌ ​သေဆုံးခဲ့​သော PNO/ PNA ပြည်သူ့စစ်စု​ဆောင်းခံရသူတစ်ဦး၏ နာ​ရေးဖိတ်စာ။
ဓါတ်ပုံ-PNA)

လောင်းလုံးမှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက တော်လှန်ရေးရန်ပုံငွေလို့ဆိုပြီး ပိုက်ဆံကောက်ငွေကောက်တဲ့အကြောင်းသတင်းရေးရင် သတင်းဌ...
28/04/2024

လောင်းလုံးမှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက တော်လှန်ရေးရန်ပုံငွေလို့ဆိုပြီး ပိုက်ဆံကောက်

ငွေကောက်တဲ့အကြောင်းသတင်းရေးရင် သတင်းဌာနတစ်ခုလုံးကို သတ်မယ်လို့ခြိမ်းခြောက်
ဧပြီ ၂၈

လောင်းလုံးမြို့နယ်၊ ဂေါ့အင်းရွာက နေအိမ်တွေမှာ လက်နက်​တပ်ဖွဲ့တခုက အခုလအတွင်း ငွေကြေးလိုက်လံကောက်ခံတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တော်လှန်ရေးအတွက် လက်နက်ခဲယမ်းဝယ်ယူဖို့ဆိုကာ နေအိမ်တွေမှာငွေကြေးလိုက်လံကောက်ခံနေတာဖြစ်ပြီး အခုလ ၈ ရက်နေ့ကတော့ ဂေါ့အင်းရွာထဲမှာ တစ်အိမ်ကို ငွေကျပ်ငါးသောင်းစီ ကောက်ခံသွားတာလို့ ‌ဒေသခံတွေကဆိုပါတယ်။

“အလှူခံတာနဲ့မတူဘဲ ဆက်ကြေးကောက်တာနဲ့တူနေတယ်။ ကြောက်ပြီးထည့်လိုက်ရတဲ့သူတွေအများကြီးပဲ။ အများစုကမပြောရဲကြဘူး" လို့ရွာခံတစ်ဦးကပြောပါတယ်။

ငွေကြေးကောက်ခံသူတွေဟာ နေအိမ်ရဲ့စီးပွားရေးနဲ့ ကား ဆိုင်တွေ၊ ဆိုင်ကယ်တွေကိုကြည့်ပြီး ငွေကြေးပိုမိုတောင်းခံတာတွေကိုလည်းလုပ်ဆောင်ခဲ့တယ်လို့ ရွာခံက ဆက်ပြောပါတယ်။

သက်ကြီးရွယ်အိုတွေပဲရှိတဲ့နေအိမ်တွေကိုတော့ ငွေ‌ကြေးကောက်ခံတာမျိုးမလုပ်ဘူးလို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

လောင်းလုံးမြို့နဲ့ လေးမိုင်ခန့်အကွာ ထားဝယ်-ရှင်မော် ကားလမ်းပေါ်မှာရှိတဲ့ ဂေါ့အင်းကျေးရွာမှာ အိမ်ခြေငါးရာဝန်းကျင်ရှိပြီ ငွေကြေးကောက်ခံသွားတဲ့ နေအိမ်ဘယ်လောက်ရှိလဲဆိုတာကိုတော့ မသိရပါဘူး။

ဒေသခံတွေကတော့ အခုလိုငွေကြေးကောက်ခံတာကို Modern Punks ဆိုတဲ့အဖွဲ့ကလုပ်ဆောင်တာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီလိုငွေကြေးကောက်ခံတယ်ဆိုတဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး Modern Punks အဖွဲ့ကို တနင်္သာရီတိုင်းမ်က ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ သူတို့အနေနဲ့ ငွေကြေးကောက်ခံတာမရှိကြောင်း ငြင်းဆိုပါတယ်။

Modern Punks အဖွဲ့ရဲ့တာဝန်ရှိတဲ့ မောင်ကြက်ဥဆိုသူက အဲဒီအကြောင်းအရာကိုသတင်းဖော်ပြရင် တနင်္သာရီတိုင်းမ် သတင်းဌာနတခုလုံးကို လာရောက်သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုပြီး ဆဲဆိုခဲ့ပါတယ်။

ငွေကြေးကောက်ခံတဲ့အဖွဲ့ဟာ နောက်လတွေမှာလည်း လာရောက်ကောက်ခံမယ်လို့ ပြောဆိုခဲ့တာကြောင့် စိုးရိမ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

လောင်းလုံးမြို့နယ် (ပကဖ)ကတော့ ငွေကြေးကောက်ခံတဲ့အဖွဲ့နဲ့ပတ်သက်ပြီး စုံစမ်းမှုတွေလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

"အခုဖြစ်စဥ်ကိုတော့ ရွာသားတွေဘက်က လာပြောပြနေတာ လေးငါးယောက်ရှိပြီ။ စာပို့ပြီးတိုင်ထားတာမျိုးလည်းရှိတယ်။ ပိုက်ဆံမထည့်ရင် အော်ဟောက်တယ်ဆိုတာတွေအထိ ရှိတယ်လို့ကြားရပါတယ်။ ကျနော်တို့စုံစမ်းနေပါတယ်" လို့ လောင်းလုံး(ပကဖ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရှဲဒိုးကပြောပါတယ်။

လောင်းလုံးမြို့နယ်အတွင်းမှာတော့ အခုလက်ရှိ လောင်းလုံး ပကဖ၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ အထူးပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့၊ DDT တပ်ခွဲ ၃၊ Student Revolutionary Forceနဲ့ Modern Punks စတဲ့အဖွဲ့တွေက အခြေစိုက်လှုပ်ရှားနေကြပါတယ်။

တိုင်းစစ်ဌာန(တနင်္သာရီ)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဂျိုကာကတော့ အခုလိုငွေကြေးကောက်ခံနေတာနဲ့ပတ်သက်ပြီး တိုင်းအဆင့်ကို တင်ပြလာတာနဲ့ တိုင်ကြားလာတာမျိုးမရှိသေးဘူးလို့ဆိုပါတယ်။

“ကျနော်တို့ကတော့ လက်နက်ကိုင်ပြီးပိုက်ဆံကောက်တာကို အခွန်ကောက်တယ်လို့ မသတ်မှတ်ဘူး။ အဲဒါကိုဆက်ကြေးကောက်တာ၊ ဓါးပြတိုက်တာလို့ပဲသတ်မှတ်တယ်။ အခုက လုပ်နေတဲ့အဖွဲ့ရှိတယ်ဆိုတော့ မြို့နယ်မှာ မေးမြန်းစုံစမ်းပြီး ဖြေရှင်းသင့်တာတွေဖြေရှင်းသွားမယ်” လို့ ရဲ‌ဘော်ဂျိုကာက ပြောပါတယ်။

ဒါ့အပြင် လက်နက်ကိုင်ပြီး ခြိမ်းခြောက်တာ၊ ငွေကြေးရယူတာတွေပြုလုပ်တဲ့ ဘယ်အဖွဲ့ကိုမဆို သဘောမတူဘဲ ပြည်သူ့ဘက်ကရပ်တည်ပြီး ကာကွယ်သွားဖို့ရှိတယ်လို့လည်း ရဲဘော်ဂျိုကာက ဆက်ပြောပါတယ်။

ဒေသခံတွေက ငွေကြေးကောက်ခံတယ်လို့ပြောတဲ့ Modern Punks အဖွဲ့ကတော့ အခုနှစ်မတ်လအတွင်းမှာ လူမှုကွန်ရက်စာမျက်နှာကိုစတင်ဖွင့်လှစ်ထားပြီး အဲဒီနောက်ပိုင်းလုပ်ဆောင်တဲ့ လောင်းလုံးမြို့နယ်အတွင်းက စစ်ရေးလှုပ်ရှားမှုတချို့မှာ ပါဝင်ခဲ့တာကိုတွေ့ရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ရာထူးက ရုတ်တရက် နုတ်ထွက် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ပန်ပရီ ဘာဟစ်ဒါ နျူကူရာဟာ ရာထူးကနေ ရုတ်...
28/04/2024

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ရာထူးက ရုတ်တရက် နုတ်ထွက်

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ပန်ပရီ ဘာဟစ်ဒါ နျူကူရာဟာ ရာထူးကနေ ရုတ်တရက် နုတ်ထွက်သွားခဲ့ကြောင်း သိရပါတယ်။

ညွန့်ပေါင်း အစိုးရ အတွင်းမှာ ဖွဲ့စည်းပုံတွေ ပြန်လည် ပြင်ဆင် သတ်မှတ်ချိန်မှာ ပန်ပရီဟာ တွဲဖက် ရယူထားတဲ့ ဒုတိယ ဝန်ကြီးချုပ် နေရာကို ဆုံးရှုံးသွားပြီးတဲ့နောက် အခုလို နိုင်ငံခြားရေး ဝန်ကြီးအဖြစ်ကနေ ရုတ်တရက် နုတ်ထွက်သွားတာလို့ ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီ သတင်းတွေကို လတ်တလော အတည်ပြုဖို့ ခက်ခဲနေသလို ဘာဟစ်ဒါ ဘာကြောင့် နုတ်ထွက်သလဲ ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။ သူဟာ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆန်ဆီကို နုတ်ထွက်လိုကြောင်း တရားဝင် အကြောင်းကြားစာတစ်စောင် ဧပြီ ၂၈ ရက်မှာ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ လောလောဆယ်မှာ ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးနိုင်သေးဘူးလို့ ပြောပါတယ်။ အတွင်းလူတချို့ရဲ့ အဆိုအရ အစိုးရ အဖွဲ့ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရာမှာ သူ့ကို ဒုတိယ ဝန်ကြီးချုပ် အဖြစ်ကနေ ဖယ်ထုတ်လိုက်တာဟာ စွမ်းဆောင်ရည်ပိုင်း အားနည်းချက်ကြောင့် လုံးဝ မဟုတ်ဘူးလို့ မှတ်ချက် ပေးခဲ့ပါတယ်။

သူဟာ ထိုင်းရဲ့ နိုင်ငံခြားရေးနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး ကဏ္ဍတွေမှာ စိတ်အား ထက်ထက်သန်သန် ကြိုးစား ဆောင်ရွက်ခဲ့ကြောင်း၊ သူဟာ အလုပ်တာဝန်တွေကို ရိုးရိုးသားသားနဲ့ ပျော်ပျော်ရွှင်ရွှင် ဆောက်ရွက်ခဲ့ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိစေခဲ့ကြောင်း၊ သူတာဝန်ယူခဲ့စဉ်ကာလ စွမ်းဆောင်မှုတွေကိုလည်း အစိုးရက အသိပေး ကြေညာထားပြီးဖြစ်ကြောင်း ပန်ပရီက သူ့ရဲ့ နုတ်ထွက်လိုကြောင်း အဆိုပြုချက်မှာ ရေးသားထားခဲ့ပါတယ်။

သူ့နုတ်ထွက်မှုဟာ ဒုတိယ ဝန်ကြီးချုပ် ရာထူးအတွက် တခြားတစ်ဦးကို ခန့်အပ်နိုင်ဖို့ လမ်းဖွင့်ပေးတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

ဆရက်သာရဲ့ အသစ်ဖွဲ့စည်းထားတဲ့ အစိုးရကို ထိုင်းဘုရင်က အသိအမှတ်ပြု လက်ခံခဲ့ပြီး ဖြစ်တယ်လို့ ထိုင်းရဲ့ တော်ဝင်ဂေဇက် သတင်းစကာ ဧပြီ ၂၈ ရက် မနက်ပိုင်းမှာ ဖော်ပြထားပြီး အစိုးရ အဖွဲ့ထဲမှာ ပန်ပရီကို နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့သာ ဖော်ပြထားပြီး ဒုတိယ ဝန်ကြီးချုပ်အဖြစ် ရည်ညွှန်းမထားတာကို တွေ့ရပါတယ်။

ကိုးကား: Bangkok Post⁩

  #ကော့ကရိတ်မြို့ကို တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ထားပြီ+++++++++++++++++++++++++++++++++++++++++++Published...
28/04/2024


#ကော့ကရိတ်မြို့ကို တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ထားပြီ
+++++++++++++++++++++++++++++++++++++++++++
Published_28 April 2024

▪️ ကော့ကရိတ်မြို့ ကို တပ်မတော်စစ်ကြောင်း များက ပြန်လည်ထိန်းချုပ်ထားပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

▪️ ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှစ၍ KKO(ခွဲထွက်)ကျော်သက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူး ပေါင်း အဖွဲ့ကကော့ကရိတ်မြို့နှင့် နယ်မြေခံတပ်ဌာနချုပ်များကို သာလွန်အင်အားများဖြင့် ကော့ကရိတ်- သင်္ကန်း ညီနောင် လမ်းဟောင်းအတိုင်း ကော့ကရိတ်မြို့ မြောက်ဘက်ရှိ ကောင်းမှု ကျေးရွာ၊ ရန်ကုတ်ကျေး ရွာနှင့် ကြောင်ရှာကုန်းကျေးရွာတို့မှတစ်ဆင့် ဝင်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့သောကြောင့်နယ်မြေ ခံလုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် စုစုပေါင်း ထိတွေ့တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

▪️ အကြမ်းဖက်သောင်းကျန်းသူများက အင်အားများထပ်မံဖြည့်တင်း၍ ကော့ကရိတ်မြို့ မြောက်ခြမ်းကို ဆက် လက်တိုက်ခိုက်ခြင်း၊ ကော့ကရိတ်မြို့အရှေ့ဘက်

ပြစ်မှုကျူးလွန်ခြင်းကြောင့် MNDAA က တပ်ဖွဲ့ဝင်အချို့ကို လူထုရှေ့တွင် သေဒဏ်ချမှတ်ဧပြီ ၂၅လောက်ကိုင်မြို့ကို ထိန်းချုပ်ပြီး...
28/04/2024

ပြစ်မှုကျူးလွန်ခြင်းကြောင့် MNDAA က တပ်ဖွဲ့ဝင်အချို့ကို လူထုရှေ့တွင် သေဒဏ်ချမှတ်
ဧပြီ ၂၅

လောက်ကိုင်မြို့ကို ထိန်းချုပ်ပြီးနောက် ကိုးကန့်တပ် MNDAA က ပြည်သူလူထုရှေ့တွင် ၎င်းတို့ တပ်ဖွဲ့ဝင်အချို့ကို သေဒဏ်စီရင်ချက် ချလိုက်ကြောင်း MNDAA က ထုတ်ပြန်သည်။

MNDAA က ခရိုင် အတွင်းရေးမှူး၊ ဒုတပ်ရင်းမှူးနှစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦးကို အများပြည်သူရှေ့မှောက်တွင် ဧပြီလ ၂၄ ရက်တွင် ပြစ်ဒဏ်စီရင်ခဲ့ခြင်းဖြစ်သည်။ ၁၀ ဦးအနက် သုံးဦးကို သေဒဏ်ချမှတ်ပြီး ကျန်ခုနစ်ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

တရားစီရင်ရာသို့ MNDAA တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ အပါအဝင် လူတစ်သောင်းကျော် လာရောက်ကြသည်ဟုလည်း MNDAA က ထုတ်ပြန်သည်။

အာဏာအလွဲသုံးစားလုပ်မှု၊ ပြန်ပေးဆွဲမှု၊ သတ်ဖြတ်မှု၊ ငွေညှစ်မှု၊ လူကုန်ကူးမှု၊ လက်အောက်ငယ်သားကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှု၊ စစ်လက်နက်များကို ခိုးရောင်းမှု စသည့် ပြစ်မှုများဖြင့် တစ်ဦးချင်းစီ ကျူးလွန်မှုအလိုက် စွဲချက်တင်ကာ ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပြန်ပေးဆွဲ သတ်ဖြတ်ခံရမှုများတွင် တရုတ် အပါအဝင် နိုင်ငံခြားသားများ၊ မြန်မာများ ပါဝင်ကြောင်း ရေးသားထားသည်။

ပြစ်ဒဏ်ချခံရသူများအနက် ခရိုင်းအတွင်းရေးမှူးရာထူး ရယူခဲ့သူ လီသည် အာဏာအလွဲသုံးစားလုပ်မှု၊ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှု၊ လက်အောက်ငယ်သားကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုတို့ဖြင့် သေဒဏ်ချမှတ်ခံရကြောင်း ဖော်ပြသည်။

တရုတ်နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲ သတ်ဖြတ်ရာတွင် အဓိက ပါဝင်သူ MNDAA တပ်ဖွဲ့ဝင်တစ်ဦးကို သေဒဏ်ချခဲ့ပြီး MNDAA ထံမှ စစ်လက်နက်များကို ခုနစ်ကြိမ်ခိုးယူရောင်းချသည့် တပ်သားတစ်ဦးလည်း သေဒဏ်ချမှတ်ခံရကြောင်း ဆိုသည်။

ပြစ်ဒစ်ချမှတ်ပြီးနောက် သေဒဏ်ချခံရသူများကို MNDAA လက်နက်ကိုင် စစ်သားများက တောင်တစ်ခုအနီးသို့ ခေါ်ဆောင် သွားသည်ကိုလည်း MNDAA က ထုတ်ပြန်ထားသည့် ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။

ကျန်ခုနစ်ဦးကိုမှု ထောင်ဒဏ် ၇နှစ်မှ ၁၅ နှစ်အထိ ပြစ်ဒဏ်များ ချမှတ်ကာ အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်းလည်း MNDAA က ဆိုသည်။

‌ပြစ်ဒဏ်ချခံရသူများမှာ အသက် ၁၉နှစ်မှ ၃၈နှစ်ကြားရှိသူများဖြစ်သည်။

MNDAA သည် ၂၀၂၃ ခုနှစ် မေလ ၂ရက်ကလည်း လားရှိုးတွင် အသက် ၁၈နှစ်မှ ၂၉ နှစ်ကြားရှိသည့် လူငယ် လေးဦးကို အများပြည်သူရှေ့မှောက်တွင် သေဒဏ်စီရင်ချက် ချခဲ့သေးသည်။ လူကိုးဦးကို သတ်ဖြတ်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှု ၂၅ မှု ကျူးလွန်ခဲ့သည်ဟုဆိုကာ ပြစ်ဒဏ်ချခဲ့ခြင်းဖြစ်သည်။

သေဒဏ်စီရင်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ပြစ်တင်ရှုတ်ချ နေချိန်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ယခုကဲ့သို့ သေဒဏ်စီရင်နေခြင်းလည်း ဖြစ်သည်။

သထုံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးစပါးစိုက်ဧက ၃၀၀၀၀ ကျော်ရေနစ်မြုပ်နေမွန်ပြည်နယ်၊သထုံမြို့နယ်အတွင်...
11/08/2023

သထုံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးစပါးစိုက်ဧက ၃၀၀၀၀ ကျော်ရေနစ်မြုပ်နေ
မွန်ပြည်နယ်၊သထုံမြို့နယ်အတွင်း ဇူလိုင်လနောက်ဆုံးပတ်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းနေပြီး တောင်ကျရေစီးဆင်းကာ ဒုံသမိမြစ်ရေမြင့်တက်ခဲ့သဖြင့် မိုးစပါးစိုက်ဧက ၃၀၀၀၀ ကျော်ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။
ဒုံဝန်း မိုးကောင်း၊ဓနုကတိုက်၊ကတိုက်ကလေး၊တောကြီးကျေးရွာအုပ်စုများနှင့်ဒုံသမိမြစ်အနီးရှိ အောင်းစိုင်၊ဝင်းစိန်၊ကျောက်တန်းကျေးရွာအုပ်စုများအပါအဝင် ဆက်စပ်ကျေးရွာအုပ်စုများရှိ မိုးစပါးစိုက်ဧကများ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်၌ သထုံမြို့နယ်အတွင်း မိုးစပါးစိုက်ဧက ၃၁၈၂၅ ဧကရေနစ်မြုပ်လျက်ရှိသဖြင့် မိုးစပါးများပျက်စီးမှုအခြေအနေအား တာဝန်ရှိသူများကစစ်ဆေးမှုများပြုလုပ်၍ ရေပြန်လည်ကျဆင်းသွားချိန်တွင် ပျက်စီးခဲ့သည့်နေရာများ၌ မိုးစပါးများအချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
သထုံမြို့နယ်အတွင်း၌ ၂၀၂၃ ခုနှစ် မိုးရာသီတွင် မိုးစပါးစိုက်ဧကပေါင်း ၁၃ဝဝဝဝ ကျော်ခန့် စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျွန်းစုမြို့နယ်ထဲက ဘန္ဒနဲရွာက ရွာသား၂၀၀၀ လောက် စကစဘက်ကပစ်ခတ်မှုတွေကြောင့်ထွက်ပြေးရတယ်ဆိုတဲ့သတင်းဖတ်ရတော့ အတော်ရယ်ချင်မိ...
29/05/2023

ကျွန်းစုမြို့နယ်ထဲက ဘန္ဒနဲရွာက ရွာသား၂၀၀၀ လောက် စကစဘက်ကပစ်ခတ်မှုတွေကြောင့်ထွက်ပြေးရတယ်ဆိုတဲ့သတင်းဖတ်ရတော့ အတော်ရယ်ချင်မိသွားတယ်
ဖေ့ဘုတ်မှာ ရေးချင်တာရေးလို့ရတော့ရေးတာမဆန်းပါဘူး
ကျွန်တော်တို့ ဘန္ဒနဲ့အုပ်စုမှာပါတဲ့မြိုင်သာက အပြစ်မဲ့ရွာသား မောင်ခင်ချိုကို ဒီနှစ်ဆန်းပိုင်းက ပဒက်ခေါင်းဆောင်ဝင်းမြင့်တို့အုပ်စုက ဒလံခေါင်းစဉ်တပ်ဖမ်းသွားပြီး သတ်ပစ်လိုက်ကြတဲ့နောက်ပိုင်း အေးဆေးနေချင်တဲ့ ရွာသားတွေလည်းမနေရဲတော့လို့ ရွာသူ/သားတွေ အားလုံး အိုး/အိမ်များကို စွန့်ခွာပြီး ထွက်ပြေးခဲ့ရတာတော့ဖြင့် ယခုဆိုရင် ၆ လလောက်ပြည့်တော့မှာပေါ့ဗျာ ၊ ကိုယ့်အိမ်ကိုယ်ရွာကို လွမ်းပြီး ရွာမှာ အခြေတကျပြန်နေချင်တာပေါ့ဗျာ .. အခုလို စကစကပစ်လို့ ဒေသခံတွေ ထွက်ပြေးရတဲ့သတင်းကြားတော့ အပြစ်မဲ့ရွာသားတွေကို သတ် ရွာကို ဆက်ကြေးကောင်တဲ့ PDF အမည်ခံ အဖျက်သမားပဒက်တွေကြောင့် ရွာကိုစွန့်ခွာခဲ့ရတာကို ကြာလှပြီလို့ သိစေချင်လို့ ပြောလိုက်မိပါတယ်...
ရွာမှာက အခုဆိုရင် ပဒက်ခေါင်းဆောင် စိုးတင့်ဦးစီးပြီး ပဒက်ပေါက်လေးတွေနဲ့ နေထိုင်နေတယ်လို့ သိထားရပါတယ်...
ပြည်ဖျက်မီဒီယာတွေ ဖြစ်တဲ့ new၊ Tanitharyi Times၊ နှင့် #ထားဝယ် သတင်း ရဲ့ဝါဒဖြန့်ပုံက တပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျွန်းစုမြို့နယ် ဘန္ဒနဲကျေးရွာအုပ်စု ကျေးရွာ လေးရွာက ဒေသခံ ၂၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရတယ်၊ တပ်ကကျေးရွာတွေကို ဝင်ရောက်ပြီး အဖျက်အမှောက် တွေလုပ်တယ် ဆိုပြီး ဘာလာဘာလာ တွေနဲ့ လျှောက်ရေးနေတာတွေ့ရပါတယ် ……..
တိုင်းပြည်ငြိမ်းချမ်းနေလျှင် ထမင်းမစားရတဲ့ ဝရမ်းပြေ: မီဒီယာတွေက မိုခါမုန်တိုင်းကာလ အတွင်း တပ်မတော်ရဲ့ ထဲထဲဝင်ဝင် ကူညီဆောင်ရွက်ပေးနေမှုတွေကို ပြည်သူတွေအကြား သတင်း လျော့ကျစေလိုတဲ့ ရည်ရွယ်ချက်ဖြင့် ပုံမှားရိုက်သတင်းတွေ ပိုမိုရေးသားလာတာကို တွေ့မြင်ရပါတယ် ……..
ဘယ်လိုပဲအနောက်ကုန်းမီဒီယာတွေ အဖာသည်ကြီးတွေ လုပ်နေပါစေ …
တပ်ကိုဝါဒမှိုင်းတွေနဲ့ အပုတ်ချတိုက်ခိုက်ပါစေ….ဒုက္ခ ရောက်နေတဲ့ပြည်သူတွေ အမြန်ဆုံးအဆင်ပြေဖို့ပဲဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းဖြင့် အဖက်ဖက်က ကြိုးစားနေတာကိုပြည်သူအားလုံး အမြင်ပါပဲ ……
အရင်ကသတင်းကြောင့် အဆိပ်ဖြစ်နေတဲ့ ပြည်သူတွေ အချိန်ကြာလာတာနဲ့အမျှ သတင်းမှားတွေကနေ ကင်းဝေးကြပါစေ

မုန်တိုင်းကျရောက်ခဲ့သည့် ဒေသများတွင် တိကျစွာလိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ သတိပေးချက် ထုတ်ပြန်မုန်တိုင်းကျရောက်ခဲ့သည့် ဒ...
17/05/2023

မုန်တိုင်းကျရောက်ခဲ့သည့် ဒေသများတွင် တိကျစွာလိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ သတိပေးချက် ထုတ်ပြန်
မုန်တိုင်းကျရောက်ခဲ့သည့် ဒေသများ၌ နေထိုင်သူများ တိကျစွာလိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ သတိပေးချက်များအား ကျန်းမာရေးဝန်ကြီးဌာနမှ မေ (၁၆) ရက် တွင် အသိပေးထုတ်ပြန်ခဲ့သည်။
မုန်တိုင်းကျရောက်ပြီးနောက် ရုတ်တရက်ရေလွှမ်းမိုးမှု၊ရေကြီးမှု၊ မိုးကြိုးအန္တရာယ်၊ မြေပြိုမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ လျှပ်စစ်ဓာတ်လိုက်မှု၊ မြွေဆိုးကိုက်မှု၊ အအေးမိ၍ ဖျားနာခြင်း၊ အဆုတ်ရောင်ခြင်း၊ ခြင်မှတစ်ဆင့်ကူးစက်သော သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ၊ မသန့်ရှင်းသောရေနှင့်အစာကြောင့်ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျော ရောဂါ၊ အစာအဆိပ်သင့်ရောဂါနှင့် အခြားကျန်းမာရေးဆိုင်ရာ ပြဿနာများဖြစ်ပွားတတ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနမှ သတိပေးထားသည်။
ထို့ကြောင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သည့် သတိပေးချက်များကို တိကျစွာ လိုက်နာရန်၊ ရေလွှမ်းမိုးနေချိန်တွင် ချိုင့်ခွက်နှင့်မြောင်းများအတွင်းချော်ကျ၍ ရေနစ်နိုင်သည့် အန္တရာယ်နှင့် ထိခိုက်ဒဏ်ရာရနိုင်သည့် အန္တရာယ်များလည်းရှိ၍ သတိပြုသွားလာရန်လည်း သတိပေးထားသည်။
ထို့ပြင် ဓာတ်လိုက်မှု အန္တရာယ်ရှိ၍ သတိပြုသွားလာရန်၊မြေပြင်ပေါ်ပြတ်ကျနေသော(သို့) ရေထဲသို့ ကျနေသော လျှပ်စစ်ဓာတ်ကြိုးများအနီးသို့ သွားလာခြင်းကို ရှောင်ကြဉ်ရန်နှင့် ကလေးငယ်များကို သတိပေးခြင်းများပြုလုပ်ရန်၊ မြွေဆိုးအန္တရာယ် သတိပြုရန်၊ အန္တရာယ်ရှိသည့် ပျက်စီးနေသော အဆောက်အအုံအတွင်းသို့ သွားလာခြင်းမပြုရန်၊ မသန့်ရှင်းသော အစားအစာနှင့် ရေမှတဆင့် ဝမ်းပျက်ဝမ်းလျောရောဂါအပါအဝင် ကူးစက်တတ်သောရောဂါများဖြစ်ပွားနိုင်၍ FDA အသိအမှတ်ပြု သောက်ရေသန့်(သို့)ကျိုချက်ထားသောရေ(သို့)ရေသန့်စင်ဆေးပြား စနစ်တကျခပ်ထားသောရေ(သို့)ကလိုရင်း ဆေးခတ်၍ သန့်စင်ထားသောရေကိုသာ သောက်သုံးရန်၊ မြစ်ရေ၊ချောင်းရေနှင့် မသန့်ရှင်းသော ရေများကို လုံးဝမသောက်ရန်လည်း သတိပေးထားသည်။
အစာအဆိပ်သင့်မှု မဖြစ်စေရန် ရေမျောအစားအစာများ၊စည်သွတ်ဘူးများ၊ ရက်လွန်အစားအစာ၊ သိုးနေသော၊မှိုတက်နေသော အစားအစာ၊ အမှည့်လွန်အသီးများနှင့်သန့်ရှင်းမှုမရှိသော အစားအစာများကို မစားရန်၊ အစားအစာများ ကိုင်တွယ်ပြင်ဆင်ခြင်းမပြုမီ၊ အစားမစားမီနှင့်အိမ်သာအသုံးပြုပြီးချိန်တိုင်း၌ ဆပ်ပြာနှင့် ရေကိုအသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀)ကြာ လက်ကိုစနစ်တကျ ဆေးကြောရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုဆောင်ရွက်ရန်၊ သန့်ရှင်းသော ယင်လုံအိမ်သာများ အသုံးပြုရန်၊ သော က်သုံးရေသိုလှောင်ရာနေရာများနှင့် ရေတွင်းရေကန်များအနီး အညစ်အကြေးမစွန့်ရန်၊ အမှိုက်သရိုက်များကို စနစ်တကျစွန့်ပစ်ရန်၊ အမှိုက်များကို မြေမြုပ်ခြင်း၊ မီးရှို့ခြင်း၊အမှိုက်ပုံကို ထုံးဖြူးခြင်းတို့ကို ဆောင်ရွက်ရန်လည်း သတိပေးထားသည်။
အအေးမမိစေရန် အမိုးအကာအောက်တွင် နေရန်၊ ရာသီဥတုနှင့် ကိုက်ညီသည့် နွေးထွေးသော အဝတ်များ ဝတ်ဆင်ရန် (ကလေးငယ်များကို အထူးဂရုစိုက်ပါ)၊ ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ပုံမှန် ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လည်း ကျန်းမာရေး ဝန်ကြီး ဌာနက တိုက်တွန်းထားသည်။
ခြင်အန္တရာယ်သတိပြုရန်၊ မည်သည့်အချိန်တွင်မဆို ခြင်ထောင်ဖြင့်သာ အိပ်စက်ရန်၊ ခြင်ကျား၊ ပိုးလောက်လမ်းနှင့် ခြင်နှိမ်နင်းရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ ထိခိုက်ဒဏ်ရာရရှိခြင်းအပါအဝင် ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာန(သို့) ကျန်းမာရေးစောင့်ရှောက်ပေးနေသည့် ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည်။

ရန်ကုန်တွင် ထိုင်းထိပ်တန်း တက္ကသိုလ် (၁၇) ခု ၏ (၅) ကြိမ်မြောက် ပညာရေးပြပွဲ ၂၀၂၃ အား  ကျင်းပမည်(၅) ကြိမ်မြောက် ထိုင်းတက္က...
17/05/2023

ရန်ကုန်တွင် ထိုင်းထိပ်တန်း တက္ကသိုလ် (၁၇) ခု ၏ (၅) ကြိမ်မြောက် ပညာရေးပြပွဲ ၂၀၂၃ အား ကျင်းပမည်
(၅) ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ (Thailand Education Fair) ၂၀၂၃ အား ထိုင်းနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ် (၁၇) ခုမှ ရန်ကုန်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပညာရေးပြပွဲနှင့် ပတ်သက်၍ မေ (၁၆) ရက် နံနက် (၉) နာရီက ပြည်လမ်းရှိ နိုဗိုတယ်ဟို တယ်တွင် စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
(၅) ကြိမ်မြောက် ပညာပြပွဲအား ထိုင်းတက္ကသိုလ်ဘွဲ့ရကျောင်းသားဟောင်းများအသင်းမှ ဦးစီး၍ မေ (၂၁) ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ကာ အခမဲ့လာရောက်လေ့လာနိုင်ကြောင်း သိရသည်။
ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲတွင် ပညာသင်ဆုများပေးအပ်မည့် နာမည်ကျော်တက္ကသိုလ်များ၊ Asian Institute of Technology (AIT) ၊ Assumption တက္ကသိုလ်၊ University of Thai Chamber of Commerce (UTCC)၊ ဘန်ကောက် တက္ကသိုလ်အပြင် ထိုင်းနိုင်ငံရှိ ထိပ်တန်း တက္ကသိုလ်များမှပါဝင်ပြသကာ ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံရပ်ခြား၌ ပညာသင်ယူလိုသူများအနေဖြင့် မိမိတက်ရောက်လိုသည့် ကျောင်းများအားရွေးချယ်၍ လေ့လာဆည်းပူးလိုသော ဘာသာရပ်များ၊ ပညာသင်ဆုနှင့် ပတ်သက်သည်များကို လေ့လာသိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

"မိုခါ"မုန်တိုင်းကြောင့် ကျောက်တော်မြို့နယ်၌ ပျက်စီးဆုံးရှုံးမှုများပြား၊ ကူညီကယ်ဆယ်ရေးနှင့်ရှင်းလင်းရေးလုပ်ငန်းများဆောင...
17/05/2023

"မိုခါ"မုန်တိုင်းကြောင့် ကျောက်တော်မြို့နယ်၌ ပျက်စီးဆုံးရှုံးမှုများပြား၊ ကူညီကယ်ဆယ်ရေးနှင့်ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ
ရခိုင်ပြည်နယ်အတွင်း မေ ၁၄ ရက်က "မိုခါ"ဆိုင်ကလုန်းမုန်တိုင်းဖြတ်သန်းတိုက်ခတ်ခဲ့မှုကြောင့် ကျောက်တော်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများအတွင်း၌ ပျက်စီးဆုံးရှုံးမှုများပြားခဲ့ကြောင်း သိရသည်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် ကျောက်တော်မြို့နယ်ရှိ အချို့ကျေးရွာများတွင် နေအိမ်များစွာပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး ဘုရား/စေတီနှင့်ဘုရားဆင်းတုတော်များ၊သာသနိကအဆောက် အအုံများ၊ဘုန်းတော်ကြီးကျောင်းများ၊စာသင် ကျောင်းများ၊ဌာနဆိုင်ရာအဆောက်အဦးများ၊တာဝါတိုင်များ၊လျှပ်စစ်ဓာတ်အားပေးတိုင်များ၊သစ်ပင်များပြိုလဲပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။
ထို့သို့ ပျက်စီးဆုံးရှုံးမှုများအား လုံခြုံရေးအဖွဲ့ဝင်များ၊မြို့နယ်တာဝန်ရှိသူများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊လူမှုကူညီကယ် ဆယ်ရေးအသင်းဝင်များနှင့်ဒေသခံများက မေ ၁၄ ရက်ညနေပိုင်းမှစတင်ကာ ကူညီရှင်းလင်းပေးလျက်ရှိပြီး မေ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင်လည်း ပျက်စီးမှုများအား ဆက်လက်ဖယ်ရှားရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။

ပုဂံသည် နိုင်ငံအတွက် အစားထိုးမရသည့် ရှေးဟောင်းအမွေအနှစ်ဖြစ်၍ ထိခိုက်ပျက်စီးမှုများမရှိအောင်ထိန်း သိမ်းရမည်"မိုခါ"ဆိုင်ကလ...
17/05/2023

ပုဂံသည် နိုင်ငံအတွက် အစားထိုးမရသည့် ရှေးဟောင်းအမွေအနှစ်ဖြစ်၍ ထိခိုက်ပျက်စီးမှုများမရှိအောင်ထိန်း သိမ်းရမည်
"မိုခါ"ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေအား ထိခိုက်ပျက်စီးမှုမရှိစေရန်ထိန်း သိမ်းစောင့်ရှောက်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ မှာကြားခဲ့ခြင်းဖြစ်သည်။
မေ ၁၆ ရက်နံနက်ပိုင်းက ညောင်ဦးခရိုင်အတွင်း သဘာဝဘေး အန္တရာယ်ထိခိုက်မှုနှင့်ပတ်သက်သည့် အစည်းအဝေးသို့ နစက ဥက္ကဋ္ဌတက်ရောက်၍ အမှာစကားပြောကြားရာ၌ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။
"မိုခါ"မုန်တိုင်း၏လမ်းကြောင်းတွင် ပုဂံဒေသလည်းပါဝင်ခဲ့ကာ မုန်တိုင်းကြောင့် ပုဂံဒေသတွင် မိုးရွာသွန်းမှုများပြားခဲ့သည်ကို တွေ့ရှိရပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း၊ပျက်စီးမှုဖြစ်ပေါ်ချိန်တွင် စနစ်တကျပြုပြင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်နိုင်ရန်လိုသည်ဟု ဆိုသည်။
"ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဟာ နိုင်ငံအတွက်အစားထိုးမရတဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သလို တန်ဖိုးဖြတ်လို့မရနိုင်တဲ့ ရှေး ဟောင်းအမွေအနှစ်တစ်ခုလည်းဖြစ်ပါတယ်၊ ဒါ့ကြောင့် ထိခိုက်ပျက်စီးမှုတွေမရှိအောင် ထိန်းသိမ်းဆောင်ရွက်ရပါမယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ပြင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မြေ Level များကိုထိန်းညှိနိုင်ခြင်းမရှိ၍ ရေဝပ်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သဖြင့်မြေ Level များကို ထိန်းညှိပြီး ရေထွက်ပေါက်များကိုစနစ်တကျ ဖောက်လုပ်ရမည်ဟု မှာကြားခဲ့သည်။
"ရှေးဟောင်းဘုရားကြီးတွေဖြစ်လို့ ထိခိုက်လွယ်တာကြောင့် တန်ခိုးကြီးရှေးဟောင်းဘုရားကြီးတွေ ထိခိုက်မှုမရှိအောင်စနစ်တကျထိန်းသိမ်း ဆောင်ရွက်ရမှာဖြစ်သလို မဟာရံတံတိုင်းတွေနဲ့ ရင်ပြင်တော်တွေကိုလည်း ရေဝပ်တာကြောင့် မထိခိုက်ဖို့နဲ့ပြုပြင်တာတွေကို Check List တွေပြုစုပြီး စနစ်တကျဆောင်ရွက်ရပါမယ်"ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။
ထို့ပြင် မိုးရွာသွန်းမှုများပြားချိန်၌ ဝင်ရောက်ခဲ့သည့်ရေများအား ပြန်လည်စုပ်ထုတ်ချိန်တွင် အခြားနေရာများထိခိုက်မှုမရှိစေရန် ရေထုတ်သည့် စနစ်ကို စနစ်တကျတွက်ချက်ဆောင်ရွက်ရမည်ဖြစ်ပြီး ပုဂံဒေသအတွင်း မြေနှင့်ပတ်သက် ၍ Survey ပြုလုပ်ရန်လိုသည်ဟု မှာကြားသည်။
"ပုဂံယဉ်ကျေးမှုနယ်မြေဟာ ထိခိုက်ပျက်စီးမှုတွေ လုံးဝမဖြစ်ပေါ်ဖို့လိုပါတယ်၊ ပုဂံဒေသမှာအန္တရာယ်ရှိတဲ့ အပင်အိုတွေကိုခုတ်ထွင်ရှင်းလင်းဖို့လို အပ်သလို အပင်ပျိုတွေကိုလည်း ထပ်မံစိုက်ပျိုးရပါမယ်၊ အဲဒီလိုဆောင်ရွက်ရာမှာလည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေမရှိအောင်ဆောင်ရွက်ရပါမယ်"ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။
နစက ဥက္ကဋ္ဌအား တိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်၊သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးကိုကိုနှင့်ဌာနဆိုင်ရာတာဝန်ရှိသူတစ်ဦးတို့က ကဏ္ဍအလိုက်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်နေစူပါဆိုင်ကလုန်း မိုခါ၏ အရှိန်ကြောင...
14/05/2023

မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်နေ
စူပါဆိုင်ကလုန်း မိုခါ၏ အရှိန်ကြောင့် ရန်ကုန်တွင် မိုးသည်ထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ယနေ့ မေလ (၁၄) ရက် နေ့လယ်ပိုင်းတွင် စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည့် အားအလွန့်အလွန်ကောဘင်းသော ဆိုင်ကလုန်မုန်တိုင်း၏ အရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် လေပြင်းတိုက်ခြင်း ၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများ ဖြစ်ပေါ်နေပြီး တစ်နာရီလေတိုက်နှုန်း ၃၅ မိုင်မှ မိုင် (၆၀) ဝန်းကျင်အထိ ရှိကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများအပြားတွင် လေပြင်း တိုက်ခတ်မှုများ ဖြစ်ပေါ်နေပြီး သွပ်မိုးများ လန်ခြင်း ၊ သစ်ပင်များ ကျိုးကျခြင်းများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။
" မိုးကတော့ စဲသွားပြီပေါ့။ လေကတော့ တော်တော် ပြင်းပြင်း တိုက်နေတယ်။ ၄၅ မိုင် နှုန်းလောက်ပေါ့။ အမိုးလန်တာတွေ ။ အပင်ကျိုးတာတွေ ရှိတယ်။ အခြေအနေကို စောင့်ကြည့်နေပါတယ်" ဟု ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ အရပ်ဘက် လူမှုကူညီရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့ မေလ (၁၄) ရက် နံနက်အစောပိုင်းမှ စတင်ပြီး လေတိုက်ခတ်လျက်ရှိရာ နေ့လယ်ပိုင်းတွင်‌တဖြေးဖြေး လေတိုက်နှုန်းမှာ ပိုပြင်းလာကြောင်း သိရသည်။
ရန်ကုန်မြို့အတွင်း ပန်းဆိုးတန်းနှင့် အနီးတဝိုက်တွင်လည်း ယနေ့နံနက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းပြီး သွပ်မိုးများ လွှင့်စင်ခြင်း ရှိခဲ့ကြောင်း မျက်မြင်ကြုံတွေ့သူများထံမှ သိရသည်။
အလားတူ လှိုင်သာယာမြို့နယ်၊ ထန်းတပင်မြို့နယ်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပ၊ သာကေတ ၊ ဒေါပုံ၊ ဒလ အစရှိသည့် မြို့နယ်များတွင်လည်း လေပြင်း တိုက်ခတ်မှုများ ရှိနေကြောင်း သိရသည်။
မိုခါမုန်တိုင်းသည် ယနေ့ နေ့လယ်ပိုင်းတွင် စစ်တွေမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်နိုင်ပြီး တစ်နာရီ ၁၃၇ မိုင် အထိ တိုက်ခတ်နိုင်ကြောင်း မိုးဇလက ထပ်တိုးသတိပေးထားပြီး အညိုရောင်အဆင့်အဖြစ် တိုးမြှင့် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

Address

Pagoda
Myeik
095

Website

Alerts

Be the first to know and let us send you an email when Tanintharyi News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share