Green Paradise Asia

Green Paradise Asia Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Green Paradise Asia, Koh Samui, Myeik.

Explore the natural wonders of Asia — from Thailand hidden islands to lush waterfalls and ocean escapes. 🌴🌊 Discover paradise, live green, and travel consciously.

ကန်စွန်းအင်းကျောင်း အကြမ်းဖက်မှုကို ဘယ်အဆင့်အထိ လုပ်သင့်လဲ ဆိုတာ မေးလာကြပါတယ်တချို့က“BBC အထိ သတင်းထဲပါအောင် လုပ်ကြရအောင်...
26/01/2026

ကန်စွန်းအင်းကျောင်း အကြမ်းဖက်မှုကို ဘယ်အဆင့်အထိ လုပ်သင့်လဲ ဆိုတာ မေးလာကြပါတယ်
တချို့က
“BBC အထိ သတင်းထဲပါအောင် လုပ်ကြရအောင်” လို့ ပြောလာကြပါတယ်။
အခြေအနေအရ
အဲ့ဒီအဆင့်အထိ သွားနိုင်တဲ့ အနေအထားလည်း ရှိပါတယ်။
ဒါပေမယ့်
ကျွန်တော် လိုချင်တာက
နာမည်ကြီးမှု မဟုတ်ပါဘူး။
နိုင်ငံကျော်အောင်လုပ်ချင်တာ မဟုတ်ပါဘူး။
ကျွန်တော် မျှော်လင့်တာ တစ်ခုတည်းပါ
ခံရတဲ့ ကလေးနဲ့ သူ့မိသားစုက
မျှတတဲ့ အခွင့်အရေးတစ်ခု
ရသင့်တယ်ဆိုတာပါ။
အရာရာကို
သတင်းကြီးအောင် လုပ်လိုက်ရင်
တချို့အတွက် အာရုံစိုက်မှု ရလာနိုင်ပေမယ့်
အဆုံးသတ်မှာ
ခံရတဲ့သူအတွက် ဘာမှ မပြောင်းလဲဘူးဆိုရင်
အဲဒါက အဓိပ္ပါယ်မရှိပါဘူး။
ကန်စွန်းအင်ကျောင်းကို
တံတွေးခွက်ထဲ ပစ်လိုက်သလို
နာမည်ပျက်စေခြင်းက
အမှန်တရားကို မဖြေရှင်းနိုင်ပါဘူး။
အရေးကြီးတာက
ဒီဖြစ်ရပ်ကို
တရားမျှတစွာ စုံစမ်းစစ်ဆေးပြီး
ခံရတဲ့သူက
သူ့အခွင့်အရေးကို ရရမယ်ဆိုတာပါ။
အခြေအနေတွေ
မျှော်လင့်သလို မဖြစ်လာဘူးဆိုရင်
စဉ်းစားသင့်တဲ့အချိန်မှာ
စဉ်းစားရမှာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့
အဲ့ဒီအထိ မသွားချင်သေးပါဘူး။
ကျန်တာကတော့
ခံရတဲ့သူနဲ့ ပြုလုပ်သူတို့ကြားမှာ
တရားမျှတစွာ ရှင်းကြပါစေ။
ဒီစာကို
အမုန်းမပါဘဲ
နားလည်မှုနဲ့ ဖတ်ပေးစေချင်ပါတယ်။

#မျှတတဲ့အခွင့်အရေး
#ကလေးအခွင့်အရေး
#ပညာရေးမှာရိုးသားမှု
#အမှန်တရားကိုပြောပါ
#အသံမရှိသူများအတွက်


#ကန်စွန်းအင်းကျောင်း
#မြိတ်

လိုင်းပေါ်တင်တာ ဘာထူးလဲ” လို့ မေးကြတယ်…ဥပဒေကို အားကိုးလို့မရတော့တဲ့အချိန်ရတဲ့နည်းနဲ့ တိုက်ရတာပဲ မဟုတ်လား။တိတ်နေလိုက်ရင်မ...
25/01/2026

လိုင်းပေါ်တင်တာ ဘာထူးလဲ” လို့ မေးကြတယ်…
ဥပဒေကို အားကိုးလို့မရတော့တဲ့အချိန်
ရတဲ့နည်းနဲ့ တိုက်ရတာပဲ မဟုတ်လား။
တိတ်နေလိုက်ရင်
မတရားတာတွေက ပိုရဲလာတယ်။
ပြောလိုက်ရင်တော့
အနည်းဆုံး လူတွေ သိလာတယ်၊
မေးခွန်းထုတ်လာတယ်။
ကန်စွန်းအင် ကိုယ်ပိုင်အထက်တန်းကျောင်း ပိုင်ရှင် ဆိုတာ
အာဏာသိမ်းတုန်းက
တစ်မြို့လုံးမှာ အနီဆုံးဆိုတာ
လူတိုင်း သိပြီးသားပါ။
သူလောက် နီရဲတာတောင် မနီဘူး😂😂

ဒါပေမယ့်
အရောင်က လူတန်ဖိုးမသတ်မှတ်ပေးနိုင်ဘူး။
အာဏာ၊ ပိုက်ဆံ၊ မျက်နှာဖုံးတွေက
အမှန်တရားကို အမြဲဖုံးမထားနိုင်ပါဘူး။
မျက်နှာဖုံးအောက်က အပြုံတွေက
ကြာကြာ မထိန်နိုင်ပါဘူး။
ဟန်ဆောင်ကောင်းရုံနဲ့ မရပါဘူး။
ရိုးသားမှု၊ တာဝန်ယူမှု မရှိရင်
တစ်နေ့တော့ ပေါ်ထွက်လာမှာပါ။
ဒီလိုဖြစ်ရပ်တွေကို
မမြင်သလို မလုပ်နိုင်လို့
ဒီနေရာမှာ ပြောနေတာပါ။
လိုင်းပေါ်တင်တာက
အဖြေမဟုတ်နိုင်ပေမယ့်
တိတ်နေခြင်းထက်တော့ ပိုကောင်းတယ်။
ဘယ်လိုထင်ပါသလဲ။
မှတ်ချက်ရေးနိုင်ပါတယ်
မတရားမှုကို မုန်းတယ်ဆိုရင်
မျှဝေပေးပါ။

#အမှန်တရားကိုပြောပါ
#မတရားမှုကိုမလက်ခံ
#တိတ်နေခြင်းမဖြေရှင်းနိုင်
#ကလေးအခွင့်အရေး
#ကလေးအကြမ်းဖက်မှု
#ဥပဒေတန်းတူဖြစ်ရမယ်
#တာဝန်ယူမှုလိုအပ်တယ်
#မြိတ်


24/01/2026

မတရားတာကို လက်ပိုက်ကြည့်မနေနိုင်တဲ့ မြို့ခံတွေရှိသေးတယ်ဆိုတာ တင်ဠေးမသိခဲ့တာလာ ကျေးဇူးပြုပြီး ဒီသတင်းကို နားစွင့်ထားပေးကြပါ မြို့ခံအပေါင်းတို့ သိတာတွေရှိပေ့မဲ့လုံခြုရေးအရမတင်ရဲရင်
CB ကနေသတင်းလာပေးနိုင်ပါတယ် ဖိနိုပ့်မှုကြားမှာ မျှတမှုနဲ့ အမှန်တရားကရွှေထက်ရှားတယ် ကျွန်တော်တို့ အတူရှာကြမယ် #ကလေးအကြမ်းဖက်မှု #ကန်စွန်းအင်

ဒီလိုဖြစ်ရပ်ကို ကျောင်းတစ်ကျောင်းထဲမှာ ဖြစ်သင့်လား?📍 21.1.2026 – ညနေပိုင်း G.10 / G.11 / G.12 မဆင်းခင်အချိန် ကန်စွန်းအ...
23/01/2026

ဒီလိုဖြစ်ရပ်ကို ကျောင်းတစ်ကျောင်းထဲမှာ ဖြစ်သင့်လား?
📍 21.1.2026 – ညနေပိုင်း G.10 / G.11 / G.12 မဆင်းခင်အချိန် ကန်စွန်းအင်း ကိုယ်ပိုင်ကျောင်း
ကန်စွန်းအင်းကိုယ်ပိုင်ကျောင်း၏ ပိုင်ရှင်ဖြစ်သူ က G.6 ကျောင်းသားငယ်တစ်ဦးကို အကြောင်းမဲ့ ဆံပင်ဆွဲ၊ ဘယ်ပြန်ညာပြန် ပါးရိုက် (ဂျပန်ပါးရိုက်ပုံစံ) အနည်းဆုံး ၆ ချက်မှ ၁၀ ချက်အထိ ရိုက်နှက်ခဲ့တဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ကလေးမခံနိုင်ဘဲ လဲကျသွားချိန်မှာတောင် ခြေထောက်နဲ့ ဆက်ကန်ခဲ့ပြီး လူကမောပန်းသွားမှသာ ဆဲဆိုကာ အခန်းထဲပြန်သွားခဲ့တယ်လို့ သိရပါတယ်။
❗ ဖြစ်စဉ်ရဲ့ အရင်းအမြစ်ကတော့ G.1 / G.2 ကလေးများ ညနေကျောင်းဆင်းချိန် ကြိုနေကျနေရာအနီးရှိ မီးသတ်ပိုက်အဝအဖုံး ပြုတ်ထွက်နေမှု ဖြစ်ပါတယ်။
ဒါကို မည်သူလုပ်မှန်း မစုံစမ်း၊ မစစ်ဆေးဘဲ ကျောင်းဝင်းအတွင်းရှိသူတွေကို အော်ငေါက်ဆဲဆိုပြီး အနီးနားက ဖြတ်လာမိတဲ့ အပြစ်မရှိတဲ့ G.6 ကျောင်းသားငယ် ကို ရုတ်တရက် ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။
အဲဒီကလေးဟာ အတန်းကြီးတွေ မလွတ်သေးလို့ စောင့်နေရုံသာ ဖြစ်ပြီး ဘုမသိ ဘမသိ အကြမ်းဖက်ခံခဲ့ရခြင်း ဖြစ်ပါတယ်။
📹 CCTV အနီးမှာ ဖြစ်ပွားခဲ့တဲ့အတွက် မှတ်တမ်းများ ရှိနိုင်ပါတယ်။ (ကျောင်းပိုင် CCTV ဖြစ်လို့ သက်ဆိုင်ရာတာဝန်ရှိသူများသာ ကြည့်ရှု စစ်ဆေးနိုင်မယ်လို့ သိရပါတယ်)
သို့သော် သက်ဆိုင်ရာတာဝန်ရှိသူများ သွားရောက်စုံစမ်းစစ်ဆေးသင့်တယ် ကလေးအကြမ်းဖက်ဥပဒေနဲ့ ငြိနေလို့ ဒီသတင်းကို မြို့နေလူထုအကြား မပျံ့နှံ့အောင် ထိန်းချုပ်ထားတယ် လို့လည်း သိရပါတယ်။
ဒီအခြေအနေကို မတရားမှုအဖြစ် လက်မခံနိုင်တဲ့သူတစ်ဦး က “အများသိအောင် တင်ပေးပါ” လို့ အကူအညီတောင်းလာတာကြောင့် ဒီစာကို မျှဝေပေးလိုက်တာဖြစ်ပါတယ်။
👉 မေးချင်ပါတယ် ကလေးတစ်ယောက်ကို ဒီလို အကြမ်းဖက်တဲ့အပြုအမူလုပ်တာဟာ ပညာပေးမှုလား? ဒါမှမဟုတ် အာဏာပိုင်အဖွဲ့အစည်းတွေကို ဂရုမစိုက်တာမျိုးလား
သင်ဘယ်လိုထင်ပါသလဲ။ မှတ်ချက်ထားပြီး ပြောပါ။ မတရားမှုကို မမြင်သလိုမလုပ်ချင်ရင် မျှဝေပေးပါ။

#ကလေးအကြမ်းဖက်မှု
#ကလေးအခွင့်အရေး
#အမှန်တရားကိုပြောပါ
#မြန်မာ






15/01/2026

“Good morning from paradise 🌴✨
Let your soul travel where the waves whisper and the palms sway.

15/01/2026

A place where time slows down.
Welcome to Myeik Archipelago 🇲🇲🌊

15/01/2026

A place where time slows down.
Welcome to Myeik Archipelago 🇲🇲🌊

Address

Koh Samui
Myeik
84320

Alerts

Be the first to know and let us send you an email when Green Paradise Asia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share