MYEIK Now

MYEIK Now တိကျ၊ မှန်ကန်၊ တနင်္သာရီသားတို့ အသံ

မြိတ်သင်္ကြန်အကျနေ့မြင်ကွင်း
14/04/2026

မြိတ်သင်္ကြန်အကျနေ့မြင်ကွင်း

ကော့သောင်းသင်္ကြန့်မြင်ကွင်းများ
13/04/2026

ကော့သောင်းသင်္ကြန့်မြင်ကွင်းများ

ကန်ခေါင်းရပ် ပန်စရာလမ်းဆုံက အများသူငှား အရပ်ပိုင် ရေတွင်းကို လူတစ်ဦးက ကာရံပြီး အိမ်ဆောက်နေ၍ အသုံးပြုခွင့် မရမည်ကို ရပ်က...
09/04/2026

ကန်ခေါင်းရပ် ပန်စရာလမ်းဆုံက အများသူငှား အရပ်ပိုင် ရေတွင်းကို လူတစ်ဦးက ကာရံပြီး အိမ်ဆောက်နေ၍ အသုံးပြုခွင့် မရမည်ကို ရပ်ကွက်နေသူတွေ စိုးရိမ်နေ

မြိတ်၊ ဧပြီ (၉) ရက်။ Myeik Now

မြိတ်မြို့နယ် ကန်ခေါင်းရပ်ကွက်ရှိ ပန်စရာလမ်းဆုံနှင့် လမတ်ဗလီအနီးရှိ အရပ်ပိုင် ရေတွင်းကို အနီးနားရှိ လူတစ်ဦးက ကာရံပြီး အိမ်ဆောက်နေ၍ ရပ်ကွက်နေပြည်သူများက အသုံဲးပြုခွင့် မရမည်ကို စိုးရိမ်နေကြောင်း ယင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရ သည်။

နှစ် ၁၀၀ သက်တမ်းရှိ အဆိုပါ အမိုးရေတွင်းကို ရေတွင်းနံဘေးရှိ ဦးအောင်မင်းသူ ဆိုသူက အုပ်ကြီးနှင့် ပေါင်းပြီး အပိုင်စီးရန် ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

"ရေတွင်းက အရပ်ပိုင်ပါ ဒီရေတွင်းကို အခြေခံ ရပ်ကွက်နေပြည်သူတွေ အသုံးပြုနေတာပါ လက်ရှိလည်း အသုံးပြုနေတဲ့ ရေတွင်း ဖြစ်တယ်၊ အခုက နံဘေးက လူက သူပိုင်တယ်ဆိုပြီး ရေတွင်းကို ပတ်ပတ်လည် RC တွေရိုက်ပြီး ပိတ်ဆို့ ဖျက်ဆီးဖို့ လုပ်နေတာ ဖြစ်တယ်"လို့ ဒေသခံ တစ်ဦးက ပြောသည်။

ထိုသို့ ယင်း ရေတွင်းအား ကာရံပြီး ဆက်လက် ခွင့်ပြုထားပါက အများသူငှား အသုံးပြုခွင့် ပိတ်ခံရတော့မည်ဖြစ်၍ သက်ဆိုင်ရာမှ လာရောက် စစ်ဆေး ဟန့်တားပေးလိုစေလိုကြောင်း ဒေသခံများက ပြောဆိုထား သည်။

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ဟောင်း ဦးဇော်နိုင်ဦးဖြစ်လာ၊ ဝန်ကြီးရှစ်ဦးဖြင့် တိုင်းစစ်အစိုးရအဖွဲ့ကို ဖွဲ့မည်Dawe...
06/04/2026

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ဟောင်း ဦးဇော်နိုင်ဦးဖြစ်လာ၊ ဝန်ကြီးရှစ်ဦးဖြင့် တိုင်းစစ်အစိုးရအဖွဲ့ကို ဖွဲ့မည်

Dawei Watch | ဧပြီ ၆

စစ်အုပ်စု၏ တနင်္သာရီတိုင်း ဝန်ကြီးချုပ်အဖြစ် ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် စစ်ဗိုလ်ချုပ်ဟောင်း ဦးဇော်နိုင်ဦးဆိုသူကို ခန့်အပ်လိုက်သည်။

ယနေ့ မတ်လ ၆ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် စစ်အုပ်စု၏ တနင်္သာရီတိုင်းလွှတ်တော် အစည်းအဝေးတွင် ဦးဇော်နိုင်ဦးအား တိုင်းဝန်ကြီးချုပ်အဖြင့် စစ်ခေါင်းဆောင်က အမည်စာရင်းတင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

“အကုန်လုံး ကန့်ကွက်မဲ မရှိပါဘူး” ဟု ရေဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးမိုးကျော်သူက ပြောသည်။

တနင်္သာရီတိုင်းတွင် ဝန်ကြီး ရှစ်ဦးထား ရန်လျာ‌ပြီး အဆိုပါဝန်ကြီးရှစ်ဦး၏ အမည်စာရင်းကိုမူ မနက်ဖြန် ဧပြီလ ၇ တွင် လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

စစ်အုပ်စု၏ တနင်္သာရီတိုင်းလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၂၀ ဦးရှိသည်။

ယင်းတို့အနက် ကြံ့ခိုင်ရေးပါတီက ၁၄ ဦး၊ ပြည်သူ့ပါတီက ၄ ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားပါတီက ၂ ဦး စုစုပေါင်း ၂၀ ဦးဖြစ်သည်။

တိုင်းဝန်ကြီးချုပ်သစ်မှာ နေပြည်တော်ရှိ မာရဝိဇယရုပ်ပွားတော် တည်ဆောက်ရေး တာဝန်ခံဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က ၎င်းကို သီရိပျံချီဘွဲ့ပေးအပ်ခဲ့သည်။

တိုင်းဝန်ကြီးချုပ်သစ်ဖြစ်လာသည့် ဗိုလ်ချုပ်ဟောင်း ဦးဇော်နိုင်ဦး၏ အကြောင်းကို အောက်ဖော်ပြပါ ဆောင်းပါးတွင် ဖတ်ရှုနိုင်ပါသည်။

https://www.daweiwatch.com/06/04/2026/128608/

လူပျောက်ကြေညာချက်အသက် (၂၇) နှစ်အရွယ် မောင်လင်းထက်နိုင်သည် ထိုင်းနိုင်ငံ၊ Chonburi မြို့တွင် နေထိုင်နေသူဖြစ်ပြီး ၂၀၂၅ ခုန...
20/03/2026

လူပျောက်ကြေညာချက်

အသက် (၂၇) နှစ်အရွယ် မောင်လင်းထက်နိုင်သည် ထိုင်းနိုင်ငံ၊ Chonburi မြို့တွင် နေထိုင်နေသူဖြစ်ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မိဘများနှင့် နောက်ဆုံး ဆက်သွယ်ခဲ့ပြီးနောက်မှ ယနေ့အချိန်ထိ အဆက်အသွယ်မရရှိတော့ကြောင်း သိရသည်။

လက်ရှိတွင် မိဘများအနေဖြင့် အလွန်စိုးရိမ်ပူပန်လျက်ရှိပြီး ထိုင်းနိုင်ငံအတွင်း နေထိုင်သူများအနေဖြင့် အဆိုပါ မောင်လင်းထက်နိုင်ကို တွေ့ရှိပါက သို့မဟုတ် သတင်းအချက်အလက်တစ်စုံတစ်ရာ သိရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

📞 ဦးစိုးဌေး – ၀၉၉၁၉၃၆၀၄၅
📞 ဒေါ်ချိုဆင့် – ၀၉၄၃၂၈၅၄၅၇

လူမှုကူညီရေးအဖြစ် အများပြည်သူများမှ ကူညီပေးကြပါရန်လည်း တောင်းဆိုအပ်ပါသည်။

မြိတ်ကျွန်းစုမှ အမြန်ရေယာဉ်ပေါ်ရှိ လူငယ် ၃၀ နီးပါးကို စစ်မှုထမ်းအတွက် ဖမ်းဆီးခံရမြိတ်၊ မတ် ၁၇ ရက်။ myeiknowမြိတ်မြို့နယ်...
17/03/2026

မြိတ်ကျွန်းစုမှ အမြန်ရေယာဉ်ပေါ်ရှိ လူငယ် ၃၀ နီးပါးကို စစ်မှုထမ်းအတွက် ဖမ်းဆီးခံရ

မြိတ်၊ မတ် ၁၇ ရက်။ myeiknow

မြိတ်မြို့နယ်အတွင်း အမြန်ရေယာဉ်တစ်စီးပေါ်မှ လူငယ်များကို စစ်မှုထမ်းအတွက် ဖမ်းဆီးစုဆောင်းခဲ့ကြောင်း ခရီးသည်များနှင့် ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

သတင်းရရှိချက်များအရ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျွန်းစုမြို့နယ် ကံမော်ကျေးရွာမှ မြိတ်မြို့သို့ တက်လာသည့် “၉၉၉” အမြန်ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များထဲမှ လူငယ် ၃၀ နီးပါးကို စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ယာဉ်ပေါ်ပါ ခရီးသည်များ၏ ပြောကြားချက်အရ အဆိုပါ အမြန်ရေယာဉ်ကို မြိတ်မြို့အဝင် မအိုင်ကျေးရွာအုပ်စုအနီး ပထော်ပထက်ကျွန်းအနောက်ဘက်ရှိ ကျွန်းတစ်ခုတွင် ရပ်နားစေပြီး ဖမ်းဆီးခံရသူများကို ဆွဲချကာ ခေါ်ဆောင်သွားခဲ့ကြောင်း ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူများအနက် ငွေကြေးတတ်နိုင်သူများနှင့် အဆက်အသွယ်ရှိသူများက ပြန်လည်ရွေးယူနိုင်ခဲ့ကြောင်း သိရပြီး၊ ကျပ်သိန်း ၆၀ ခန့်ဖြင့် ရွေးယူ၍ လွတ်မြောက်လာသူ တစ်ဦး ရှိကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် လများအတွင်းတွင်လည်း မြိတ်မြို့ပေါ်နှင့် ကျေးရွာများမှ လူငယ် ၁၅၀ ကျော်ကို ပျူစောထီးအဖွဲ့နှင့် သက်ဆိုင်သူများက ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီတပ်ထဲသို့ ပို့ဆောင်ခဲ့သည်.

ထိုသို့ ဖမ်းဆီးခံရသူများကို စစ်ကောင်စီတပ်က အင်းလေးမြိုင် စက်မှုဇုန်ရှိ ထူးထူးတို စက်ရုံ ဆိပ်ကမ်းမှတဆင့် မော်လမြိုင်မြို့သို့ စစ်မှုထမ်းသင်တန်းအတွက် ပို့ဆောင်ခဲ့ကြောင်း ဖမ်းဆီးခံမိသားစုဝင်များထံမှ သိရသည်။

လက်ရှိအခြေအနေများအရ ဒေသအတွင်း လူငယ်များကို ဖမ်းဆီးစုဆောင်းမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရ သည်။

မြိတ်လေတပ်စခန်းဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု လေတပ်စစ်သည် ၁၀ ဦးသေဆုံးမြိတ်၊ မတ် ၁၅တနင်္သာရီတိုင်း၊ မြိတ်မြ...
15/03/2026

မြိတ်လေတပ်စခန်းဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု လေတပ်စစ်သည် ၁၀ ဦးသေဆုံး

မြိတ်၊ မတ် ၁၅

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ အကြမ်းဖက်စစ်တပ်၏ မြိတ်လေတပ်စခန်းဌာနချုပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ လေတပ်စစ်သည် ၁၀ ဦး သေဆုံးသွားကြောင်း လေတပ်သတင်းရင်းမြစ်က ပြောသည်။

ယနေ့ မတ်လ ၁၄ ရက်နေ့၊ နံနက် ၄ နာရီကျော်အချိန်တွင် တော်လှန်ရေးတပ်များက ၁၀၂ မမ ကဲ့သို့သော ဗုံးများကို ဒရုန်းဖြင့် ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါဗုံးများသည် လေတပ်စခန်းဝင်းအတွင်းရှိ စစ်သည်အဆောင်များပေါ်သို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

"အမျိုးသား စစ်သည်အဆောင်ပေါ် ဗုံးတည့်တည့်ကျတာ၊ သေဆုံးသူ ၁၀ ဦးရှိပြီး ဒဏ်ရာရသူတွေလည်း များတယ်။ ဒရုန်းဗုံးတွေက ပေါက်ကွဲအား အတော်ပြင်းတယ်" ဟု လေတပ်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

မတ်လ ၁၂ ရက်နေ့ ညပိုင်းကတည်းက မြိတ်လေတပ်စခန်းအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့ပြီး ပေါက်ကွဲသံ ၆ ကြိမ်ထက်မနည်း ထွက်ပေါ်ခဲ့ကာ မြေကြီးတုန်ဟီးသည်အထိ ပြင်းထန်ခဲ့ကြောင်း သိရသည်။

မြိတ်လေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရမှုအတွက် ပျက်စီးမှုများကို စိစစ်နေသကဲ့သို့ တိုက်ခိုက်ခံရချိန်တွင် ပေါ့လျော့ခဲ့သည့် လုံခြုံရေးတာဝန်ကျစစ်သားများကိုလည်း စစ်တင်္ပက အရေးယူရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

မြိတ်ျလတပ်စခန်းအနီးဝန်းကျင်ကို ယမန်နေ့ မတ်လ ၁၂ ရက်နေ့ ညပိုင်းက ဒရုန်းဗုံးကျဲ တိုက်ခိုက်ခံခဲ့ရကြောင်း မြို့ခံများထံမှ သိရ...
12/03/2026

မြိတ်ျလတပ်စခန်းအနီးဝန်းကျင်ကို ယမန်နေ့ မတ်လ ၁၂ ရက်နေ့ ညပိုင်းက ဒရုန်းဗုံးကျဲ တိုက်ခိုက်ခံခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။

မြိတ်မြို့နယ်အတွင်း လူငယ်များကို ဖမ်းဆီးကာ ငွေကြေးတောင်းခံမှုများ ဖြစ်ပွားနေဟု ဒေသခံများပြောမြိတ်၊ မတ် (၇) ရက်။ myeiknow...
07/03/2026

မြိတ်မြို့နယ်အတွင်း လူငယ်များကို ဖမ်းဆီးကာ ငွေကြေးတောင်းခံမှုများ ဖြစ်ပွားနေဟု ဒေသခံများပြော

မြိတ်၊ မတ် (၇) ရက်။ myeiknow

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်များက လူငယ်များကို ဖမ်းဆီးခေါ်ဆောင်ကာ ငွေကြေးတောင်းခံပြီး မပေးနိုင်သူများကို စစ်မှုထမ်းပို့ဆောင်နေသည်ဟု ဒေသခံများက ပြောဆိုထားသည်။

ဒေသခံများ၏ ပြောကြားချက်အရ မတ်လ ၂ ရက်နေ့ ည ၇ နာရီခန့်တွင် ကျားတွင်းကွင်းအနီးရှိ လယ်ကွင်းတစ်ခုတွင် ချစ်သူစုံတွဲများနှင့် လူငယ်များကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အများစုမှာ စာမေးပွဲဖြေခါနီး ကျောင်းသားများဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများကို တစ်ဦးလျှင် ကျပ် ၃ သိန်း ခန့်ဖြင့် လာရောက်ရွေးယူရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။

ထို့အပြင် မတ်လ ၂ ရက်နေ့တွင်ပင် ရွှေဘေး ပုဇွန်ကန်လမ်းတစ်လျှောက်၌လည်း လူငယ်များကို ထပ်မံဖမ်းဆီးခဲ့ရာ အနည်းဆုံး ၃၀ ဦးခန့် ပါဝင်ကြောင်း ဒေသခံများက ပြောသည်။ ဖမ်းဆီးခံရသူများအနက် အချို့ကို ငွေကြေးဖြင့် ပြန်လည်ရွေးယူနိုင်ခဲ့သော်လည်း အချို့မှာ မရွေးနိုင်သေးကြောင်း သိရသည်။

မတ်လ ၃ ရက်နေ့တွင်လည်း မြိတ်မှ ကျွန်းစုသို့ ပြန်လာသည့် အမြန်ယာဉ်တစ်စီးကို တာလပိုင်းဒေသတွင် ရပ်တန့်စစ်ဆေးကာ မီးကျောင်းအော်ကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ လူငယ် ၂၀ ကျော်ကို စုဆောင်းခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ အစပိုင်းတွင် “စမတ်ကဒ် ပြုလုပ်ပေးမည်” ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ပြီးနောက် မြိတ်ဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့ကာ ရွှေဒူးတပ်စခန်းအတွင်း ထိန်းသိမ်းထားသည်ဟု ဆိုသည်။

လက်ရှိတွင် အဆိုပါ တပ်စခန်းတွင် ထိန်းသိမ်းခံထားရသူများကို တစ်ဦးလျှင် ကျပ်သိန်း ၁၃၀ ခန့်ဖြင့် လာရောက်ရွေးယူရန် တောင်းဆိုနေကြောင်း ဒေသခံများက ပြောသည်။ ထိုအနက် တာလပိုင်းဒေသမှ လူငယ်တစ်ဦး ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း မီးကျောင်းအော်ကျေးရွာမှ လူငယ်တစ်ဦးမှာ မလွတ်မြောက်သေးဘဲ ကျပ်သိန်း ၉၀ ခန့် ကုန်ကျခဲ့ကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ လက်ရှိတွင် မြိတ်မြို့ပတ်ဝန်းကျင်၌ လူငယ်များကို ဖမ်းဆီးခေါ်ဆောင်ကာ ငွေကြေးတောင်းခံမှုများ ဆက်လက်ဖြစ်ပွားနေပြီး ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းအဖြစ် ပို့ဆောင်နေသည်ဟု ဆိုသည်။

မြိတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ ယနေ့ မတ် ၂ ရက်နေ့ နေ့လယ် ၁ နာရီနောက်တွင် လွှတ်ပေးမည်ဖြစ်ကြောင်း ထောင်အနီးသို့...
02/03/2026

မြိတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ ယနေ့ မတ် ၂ ရက်နေ့ နေ့လယ် ၁ နာရီနောက်တွင် လွှတ်ပေးမည်ဖြစ်ကြောင်း ထောင်အနီးသို့ ရောက်ရှိနေသည့် မိသားစုဝင်များထံမှ သိရသည်။

27/02/2026

စစ်ကောင်စီမှာ တခေတ်ပြန်ထလာတဲ့ လောင်းကစားဝိုင်းဖြစ်ပါတယ် အခု လောင်းကစားဝိုင်း စစ်ကောင်စီ လက်ပါးစေ ပျူစောထီး ခေါင်းဆောင် သိန်းလွင်ရဲ့ ရွာမှာပြုလုပ်နေတာဖြစ်ပါတယ်။

မြိတ်မှာ လူငယ် တချို့ ပျောက်ဆုံးနေ ပျူနဲ့ စစ်တပ် ပေါင်းပြီး ဖမ်းဆီးကာ စစ်တပ်ထဲ ပို့ဆောင်နေမြိတ်၊ ဖေဖော်၀ါရီ (၅) ရက်။ mye...
05/02/2026

မြိတ်မှာ လူငယ် တချို့ ပျောက်ဆုံးနေ ပျူနဲ့ စစ်တပ် ပေါင်းပြီး ဖမ်းဆီးကာ စစ်တပ်ထဲ ပို့ဆောင်နေ

မြိတ်၊ ဖေဖော်၀ါရီ (၅) ရက်။ myeiknow

မြိတ်မြို့၌ လူငယ်တချို့ကို ညဖက်တွင် ပျူစောထီးအဖွဲ့က လိုက်လံ ဖမ်းဆီးပြီး စစ်မှုထမ်း သင်တန်းကျောင်းများ ရှိရာ စစ်ကောင်စီတပ်ထဲသို့ တိတ်တဆိတ် ပို့ဆောင်နေကြာင်း သိရ သည်။

မြိတ်တွင် ပြီးခဲ့သည့် ရက်ပိုင်းက လူငယ် တချို့ကို ညဖက်တွင် ဘားနဲ့ ktv က ပြန်ထွက်လာသည့် လူငယ် အမျိုးသား တချို့ကို ဖမ်းဆီးပြီး ရက်ပိုင်းအတွင်း ရွှေဒူးကျေးရွာရှိ (၄၃၃) တပ်ထဲရှိ စစ်ကောင်စီ၏ စစ်မှုထမ်း သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မြို့ခံများထံမှ သိရ သည်။

"ပြီးခဲ့တဲ့ ရက်ပိုင်းက ကမ်းနားလမ်းမှာ လူငယ်တွေကို ဘားမှ ပြန်ထွက်လာချိန် ပျူတွေက ဖမ်းဆီးပြီး ရက်ပိုင်းအတွင်း စစ်တပ်ထဲ ပို့လိုက်တယ်"လို့ ဖမ်းဆီးခံ မိသားစု၀င် တစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့် လူငယ်များကို ကန်ကြီးနှင့် ကွက်သစ်ရပ်ရှိ ပျူစောထီးအဖွဲ့က ညဖက်တွင် ဖမ်းဆီးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဖမ်းဆီးပြီးနောက် စစ်တပ်ထဲသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

Address

Myeik
Myeik
14051

Website

Alerts

Be the first to know and let us send you an email when MYEIK Now posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MYEIK Now:

Share