SHINE DVD SHOP - Myeik

SHINE DVD SHOP - Myeik Michael John

-2022 New အခွေများကို SHINE MOVIE SHOP        တွင် မိမိတို့စိတ်တိုင်းကျ လက်လီး/လက်ကား  ဝယ်ယူအားပေးနိုင်ပါသည်။Location  အ...
08/01/2022

-2022 New အခွေများကို SHINE MOVIE SHOP

တွင် မိမိတို့စိတ်တိုင်းကျ လက်လီး/လက်ကား

ဝယ်ယူအားပေးနိုင်ပါသည်။

Location အမှတ် (၁၆၃) ပုလဲလမ်း စျေးတန်းရပ်
M Y E I K (မာရိတ်/မြိတ်)

Senapathi 2021 မြန်မာစာတန်းထိုးIMDb 9.2 / 10Crimeဘာသာပြန် - K , Minthuအညွှန်း - Minthuဒီနေ့တော့ Crime ကားလေးပေါ့ဗျာဇာတ်က...
08/01/2022

Senapathi 2021 မြန်မာစာတန်းထိုး
IMDb 9.2 / 10
Crime
ဘာသာပြန် - K , Minthu
အညွှန်း - Minthu

ဒီနေ့တော့ Crime ကားလေးပေါ့ဗျာ
ဇာတ်ကားအစမှာတော့
စိတ်ဓါတ်ကျနေတဲ့ လူမှန်ရဲအရာရှိတစ်ယောက် သေနတ်ပျောက်တာနဲ့ စဖွင့်ထားတယ်
သူဟာ ရိုးသားပြီး တာဝန်ကျေပွန်တဲ့ အရာရှိတစ်ယောက်
ဒါပေမယ့် သေနတ်ပျောက်သွားတဲ့အချိန်မှာတော့ သူအရင်က ကြိုးစားခဲ့သမျှ ရေစုန်မျောသွားပြီး
တာဝန်ရပ်ဆိုင်းခံလိုက်ရတယ်
ပိုဆိုးတာက သူပျောက်သွားတဲ့ သေနတ်မှာ ကျည်ဆံ ၈ တောင့်ပါသွားတယ်
ပါသွားတဲ့ ကျည်ဆံတစ်တောင့်ချင်းစီက လူသေတစ်ယောက်ဖြစ်လာတဲ့အချက်ပဲ
သေနတ်ခိုးသွားတဲ့တစ်ယောက်က ကျည်ဆံတစ်တောင့်တိုင်းကို လူတစ်ယောက်နှုန်းသတ်နေတာပေါ့
ဆိုတော့ စိတ္တဇတစ်ယောက်လို လူကိုလွယ်လွယ်သတ်ပစ်နေတဲ့ လူသတ်သမားက ဘယ်သူလဲ
သူ့ရာထူးပြန်ရဖို့အတွက် ဒီအမှုကို အပြင်ကလိုက်မယ့် တာဝန်ရပ်ဆိုင်းခံထားရတဲ့ရဲကရော
လူသတ်သမားနောက်ကို ဘယ်လိုလိုက်မလဲ
Crime ကားကောင်းလေးတစ်ကားလို့ပဲ ညွှန်းလိုက်တော့မယ်

Crd : : MvF

Riverdance : The Animated Adventure (2021)=============================ကဲ ဒီတစ်ခါမှာတော့ Animation ချစ်သူတွေအကြိုက် ချစ်...
08/01/2022

Riverdance : The Animated Adventure (2021)

=============================

ကဲ ဒီတစ်ခါမှာတော့ Animation ချစ်သူတွေအကြိုက် ချစ်စဖွယ်ဇာတ်လမ်းလေးကို GC က တစ်ဖန်တင်ဆက်ပေးလိုက်ပြန်ပါပြီနော်

ကီဂန်ဆိုတဲ့ ကောင်လေးဟာ လူမှန်းသိတတ်စကတည်းက မိဘတွေကို မမြင်ဖူးဘဲ အဘိုးအဘွားတွေနဲ့ အတူ နေတဲ့သူ ဖြစ်ပါတယ် ၊ သူ့အဘိုးက မီးပြတိုက်မှူးဆိုတော့ သူတို့သုံးဦးဟာ မြစ်ကမ်းနဘေးက မီးပြတိုက်မှာ နေကြတာပေါ့ ၊ သူ့အဘိုးက သူငယ်စဉ်ကတည်းက ပုံပြင်တွေ ပြောပြနေကျဖြစ်ပြီး အဲဒီထဲမှာ အပြောအများဆုံးကတော့ အခုပြောပြမယ့် အကြောင်းလေးပါပဲ

သူ့အဘိုးပြောတာကတော့ ညတိုင်းညတိုင်းမှာ မီးပြတိုက်ကို မီးထွန်းပေးရပါမယ်တဲ့၊ တကယ်လို့သာ မီးပြတိုက်မှာ မီးမလင်းတော့ဘူးဆိုရင် တခြားကမ္ဘာက မုဆိုးဟာ မှော်၀င်ဦးချိုတွေရှိတဲ့ နတ်သမင်ကို ရှာဖွေဖို့ မြစ်ထဲကို ၀င်ရောက်လာလိမ့်မယ်လို့ ဒဏ္ဌာရီတွေက ဆိုကြတယ်တဲ့ ၊ သူတို့ရဲ့ ဦးချိုတွေကြောင့်သာ ရေတွေ စီးဆင်းနေတာဖြစ်ပြီး သက်ရှိတွေလည်း ရှင်သန်ကြီးထွားလာတာပါတဲ့ ၊ တကယ်လို့များ မှော်၀င်ဦးချိုတွေကို မုဆိုးက ယူသွားမယ်ဆိုရင် မြစ်ဟာ ခြောက်ခမ်းသွားမှာပဲ ဖြစ်ပါတယ် ၊ ဒီအကြောင်းကို မယုံတဲ့သူကတော့ ကီဂန်လေးပဲ ဖြစ်ပါတယ် ၊ ကီဂန်က မယုံတာကို အဘိုးက သိပေမယ့်လည်း သူမရှိရင်တောင် မီးပြတိုက်ကို မီးဆက်ထွန်းပြီး မြစ်ရေတွေ ဆက်လက်စီးဆင်းနေအောင် စောင့်ရှောက်ပေးဖို့ အမြဲ တဖွဖွ မှာတာပေါ့ကွယ် ၊ နောက်တော့ သူ့အဘိုးတစ်ယောက် ဆုံးပါးသွားပါလေရော ၊

ဒီတော့ မီးပြတိုက်က သူ့တာ၀န် ဖြစ်လာတာပေါ့ ၊ ကီဂန် တစ်ယောက် သူ့အဘိုးပြောတဲ့ ဒဏ္ဌာရီအတိုင်း တကယ်ကြုံရမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်

Translated by Sunny & Mary Christ
review by Sunny
credit : : GC

Pushpa The Rise Part 1 မြန်မာစာတန်းထိုးIMDb  rating : : 8.1/10(Action / Adventure / Crime)အားလုံး စောင့်မျှော်နေကြတဲ့ ကာ...
08/01/2022

Pushpa The Rise Part 1

မြန်မာစာတန်းထိုး

IMDb rating : : 8.1/10

(Action / Adventure / Crime)

အားလုံး စောင့်မျှော်နေကြတဲ့ ကားလေးဖြစ်လို့
အညွှန်းကိုတော့ အများကြီးမပြောတော့ဘူးနော်

ပူရှ်ပါဆိုတဲ့ ကောင်လေးက
သစ်တွေမှောင်ခိုလုပ်တဲ့အလုပ်မှာ လုပ်တယ်
မှောင်ခိုဆိုတဲ့အတိုင်း အတိုက်အခိုက်တွေ
အ ကောက်ကြံတာတွေ
ညစ်တာတွေ နှပ်တာတွေ ရှိတာပေါ့နော်

အဲဒီလုပ်ငန်းထဲကနေ သူ ဆရာတစ်ဆူဖြစ်အောင်
ဘယ်လိုလုပ်မလဲ
ငယ်ဘဝမှာရှိခဲ့ဖူးတဲ့ အငြိုးတစ်ခုအတွက်ရော
ဘယ်လို ကလဲ့စားချေမလဲဆိုတာ
ကြည့်ရှုရမှာဖြစ်ပါတယ်

ဒီကားလေးဟာ High Budget ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်
Pushpa ဇာတ်ကားအတွက် ကုန်ကျစရိတ်က ဘာဟုဘာလီ ၂ ကုန်ကျစရိတ်နဲ့ အတူတူပဲ
ရူပီးကုဋေ ၂၅၀ အကုန်ကျခံပြီးရိုက်ကူးထားပြီး

တောင်ပိုင်းရဲ့ ကြေးအမြင့်ဆုံး ဇာတ်ကားတွေထဲမှာ နံပတ် ၁၁ ချိတ်ထားတဲ့ကားလည်းဖြစ်ပါတယ်

ဘာသာပြန် - Summer, K, Minthu
အညွှန်း - K

Sing 2 (2022)=========================အားလုံးစောင့်မျှော်နေကြတဲ့ Sing 2 ကတော့ စောင့်ရကျိုးနပ်အောင်Soundtrackအမိုက်စားတွေ...
08/01/2022

Sing 2 (2022)
=========================

အားလုံးစောင့်မျှော်နေကြတဲ့ Sing 2 ကတော့ စောင့်ရကျိုးနပ်အောင်
Soundtrackအမိုက်စားတွေ၊ လှပတဲ့ Animation ရိုက်ချက်တွေနဲ့အတူ ထွက်ရှိလာပါပြီ

ပါဝင်တဲ့ Castတွေကလည်း Matthew McConaughey, Bono, Scarlet Johansson,Letitia Wright, Halsey,Pharrell Williams တို့လို ထိပ်သီးCastတွေ artistတွေက အသံသရုပ်ဆောင်ပေးထားလို့
Sing 1တုန်းက သဘောကျခဲ့ရတဲ့ soundtrack တွေလို Sing 2မှာ ထပ်မံခံစားရဦးမှာပါ၊

- IMDbအနေနဲ့ 7.6
- RottenTomatoesမှာ 70%ရရှိထားပါတယ်

Sing 1 အပြီး ကဇာတ်ရုံကြီး ပြန်ဖွင့်ခွင့်ရသွားတဲ့ Buster Moonနဲ့ သူ့ရဲ့ တေးသရုပ်ဖော်အဖွဲ့ဟာ ဒီတစ်ခေါက်မှာ ကမ္ဘာ့ဖျော်ဖြေရေးမြို့တော်ကြီးဖြစ်တဲ့ Redshore Cityအထိ တက်ပြီးကမ္ဘာနဲ့ချီအောင် အောင်မြင်တဲ့ တေးသရုပ်ဖော်အဖွဲ့ဖြစ်ဖို့ ကြိုးစားကြပါတယ်၊

ဒါပေမဲ့ သူတို့ရဲ့ဖျော်ဖြေပွဲကြီး အောင်မြင်ဖို့ လိုအပ်နေတာကတော့
ဇနီးသည် သေဆုံးပြီးကတည်းက ၁၅နှစ်ကြာ အများမြင်ကွင်းကပျောက်နေတဲ့
ကမ္ဘာကျော် Rock Starကြီး Clay Callowayကို သူတို့ဖျော်ဖြေပွဲမှာ ပါဝင်လာအောင် ခေါ်ရမှာပါ၊

အသည်းကွဲရော့ခ်ဘုရင်ကြီး Clayကို Buster Moonတို့တစ်သိုက် ရအောင်ခေါ်နိုင်မှာလား၊

သူတို့ရဲ့ရှိုးပွဲက တစ်ကမ္ဘာလုံးက နားဆင်သူတွေရဲ့ ရင်ကိုဖမ်းစားနိုင်ပြီး
အောင်မြင်တဲ့တေးသရုပ်ဖော်အဖွဲ့ကြီး ဖြစ်သွားမလားဆိုတာကို
သီချင်းအမိုက်စား အလျှံအပယ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်

အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ CM Team ပဲ ဖြစ်ပါတယ်

Translator ..... CM Team
Encoder ..... August
credit : : channelmyanmar

11/12/2021

"Canon (PIXMA)"

-Model -MP145

-ရောင်းပါမည်။

-လိုအပ်ရင် 09756933395 ကို ဆက်သွယ်နိုင်

ပါသည်။

-SHINE MOVIE SHOP
အမှတ်(163) ပုလဲလမ်း စျေးတန်းရပ် MYEIK

"Canon (PIXMA)"-Model..MP145-ရောင်းပါမည်။-လိုအပ်လျှင် 09756933395 ကို ဆက်သွယ်နိုင်ပါသည်။    MOVIE SHOP
11/12/2021

"Canon (PIXMA)"

-Model..MP145

-ရောင်းပါမည်။

-လိုအပ်လျှင် 09756933395 ကို ဆက်သွယ်နိုင်ပါသည်။

MOVIE SHOP

“Shine Movie Shop”
04/12/2021

“Shine Movie Shop”

Rudra Thandavam (2021)-------------------------ဒီတစ်ခါမှာလည်း IMDB မှာ Voting 2K ကျော်နဲ့ Rating 6.7အထိရရှိထားတဲ့ တမီလ်က...
20/11/2021

Rudra Thandavam (2021)
-------------------------
ဒီတစ်ခါမှာလည်း IMDB မှာ Voting 2K ကျော်နဲ့ Rating 6.7အထိရရှိထားတဲ့ တမီလ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
……………………………………………
ဇာတ်လမ်းအကျဉ်းတမီလ်နာဒူး ပြည်နယ်မှာ မူးယစ်ဆေးကို အသုံးပြုပြီး အမျိုးသမီးတွေကို ခြိမ်းခြောက်ငွေညှစ်တဲ့ဂိုဏ်းတစ်ခုကိုကိုယ့်ရဲ့အဖွဲ့သားကိုပါရင်းပြီး ဖော်ထုတ်ခဲ့တဲ့ စစ်ဆေးရေးအရာရှိ ရူဒါရန် တစ်ယောက် ဆိပ်ကမ်းအပိုင်ရဲစခန်းကို
ပြောင်းခဲ့ပါတယ်။ ရောက်ရောက်ခြင်းပဲ တန်ဖိုးကြီးမားလှတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိပြီးနာမည်တက်ရပြန်ပါတယ်
တရက်မှာတော့ မူးယစ်ဆေးရောင်း၀ယ်နေတဲ့ ကလေးတွေနောက်ကိုလိုက်ရင်း မထင်မှတ်တဲ့အဖြစ်အပျက်တွေကြုံလာရတဲ့အခါမှာတော့ အကြောင်းစုံကိုရုပ်ရှင်ထဲမှာပဲ ခံစားကြည့်လိုက်ကြပါ။ Over Acting တွေအနည်းငယ်ပါပေမယ့် ဇာတ်အိမ်ဇာတ်လမ်းတည်ဆောက်ပုံကောင်းတာကြောင့် တမီလ်ရုပ်ရှင်ကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Lwin Htoo Aung နဲ့ Sai Thurein Lynn ပဲဖြစ်ပါတယ်။

Encoder….YK
Translated by Lwin Htoo Aung & Sai Thu Rein
credit : : channelmyanmar

#လိုင်းပေါ်မှဒေါင်းကြည့်ချင်သူများ Channel Myanmar Page မှာ သွားပီးဒေါင်းကြည့်နိုင်ပါတယ်

ျပ်နဲ့ကြည့်လိုသူများ ကျနော်တို့ဆိုင်မှာလာအားပေးလို့ရပါတယ်ခင်ဗျာ . . .

Movie Shop

Ph 09756933395/ 09698449004

SHINE MOVIE & DATA SHOPSquad(2021)Over actionတွေမပါတဲ့ Action,Drama တောင်ပိုင်းကားလေးတစ်ကားပါပဲ။နိုင်ငံအတွက်အချိန်မရွေးအ...
17/11/2021

SHINE MOVIE & DATA SHOP

Squad(2021)Over actionတွေမပါတဲ့ Action,Drama တောင်ပိုင်းကားလေးတစ်ကားပါပဲ။နိုင်ငံအတွက်အချိန်မရွေးအသက်စွန့်နိုင်တဲ့သူတွေရယ်၊ အမိန့်ကောင်းကောင်းပေးတတ်ပြီး စနစ်ကျတဲ့အမျိုးသမီးကြီးရယ်က နိုင်ငံတကာက လိုချင်နေတဲ့ကလေးလေးတစ်ယောက်ကို ကယ်ဖို့အစီအစဉ်တွေဆွဲပြီးသွားကယ်ကြပါတယ်။
ကလေးလေးကို နိုင်ငံတကာကအရမ်းလိုချင်နေကြတဲ့အတွက်ကြောင့် လွယ်လွယ်ကူကူတာဝန်တစ်ခုတော့မဟုတ်ဘူးပေါ့၊ နိုင်ငံတကာကလည်း သူများတွေလိုချင်နေတာကို သိနေတဲ့အတွက် ရိုးရိုးသာမန်စစ်သားလေးတွေတော့ ဘယ်သုံးမလဲ။

-Note(163) ပုလဲလမ်း စျေးတန်းရပ် MYEIK

-09756933395 / 09698439004

The Rose Villa (2021)IMDb Rating (8/10) ရရှိထားတဲ့ အိန္ဒိယတောင်ပိုင်း အသစ်ထွက် Horror/Thriller ဇာတ်ကားတစ်ကားတင်ဆက်လိုက်ပ...
15/11/2021

The Rose Villa (2021)

IMDb Rating (8/10)

ရရှိထားတဲ့ အိန္ဒိယတောင်ပိုင်း အသစ်ထွက် Horror/Thriller ဇာတ်ကားတစ်ကားတင်ဆက်လိုက်ပါတယ်။အရမ်းချစ်ကြတဲ့ကောင်လေးနဲ့ကောင်မလေး၊ ပျော်ပျော်ကြီးခရီးတွေထွက်မယ်၊ အိပ်မက်တွေအကြောင်းပြောကြမယ်။

လူငယ်တွေဖြစ်တဲ့အတွက် မနက်ဖြန်တွေဆိုတာလည်းအရမ်းများတယ်၊ ကောင်လေးရော ကောင်မလေးရောက ကြင်နာတတ်ကြပြီး အရမ်းလိုက်ဖက်တဲ့‌စုံတွဲလေးပေါ့။

ခရီးထွက်ရင်းက အဘိုးကြီးတစ်ယောက်ကိုစားသောက်ဆိုင်မှာကူညီမိရင်းနဲ့ သူတို့လင်မယားရဲ့အကြောင်းတွေသိရပါတယ်။ ကမ္ဘာနှစ်ဘက်ပါပဲ ကောင်လေးတို့အတွဲက အရမ်းပျော်နေရပြီး အဘိုးကြီးအတွဲကတော့ သောကတွေအပြည့်နဲ့…..ကောင်လေးတို့အတွဲက တစ်ညစာစားရင်းနဲ့ပြန်လို့မဖြစ်ကြလို့ညစာစားမိလိုက်ပါတယ်၊

ကံဆိုးခြင်းဆိုတာ ဂြိုဟ်နဲ့လားလို့မေးယူခဲ့ရတဲ့စုံတွဲက မကောင်းတာတွေချည်း ကြုံရပါတော့မယ်။ကုလားကားတွေဇာတ်တိုက်ထွက်နေတဲ့အထဲ Quantity ချည်းမဟုတ်ပဲ Quality တွေပါပါလာကြပုံရပါတယ်၊ Plot Twist ကောင်းကောင်း ရင်ခုန်ရမယ့်ကားမျိုးပါ။

နေရပ်လိပ်စာ-ပုလဲလမ်း၊စျေးတန်းရပ် Mediaဆိုင်အရှေ့ မြိတ်မြို့

Ph 09756933395/09698439004

Address

Myeik

Website

Alerts

Be the first to know and let us send you an email when SHINE DVD SHOP - Myeik posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category