Myeik Breaking News

Myeik Breaking News သတင်းပေးပို့လိုပါက messenger ကပေးပို့ပါ။

27.2.2021(စနေနေ့)မြိတ်🚒🚒🚒🚒🚒🚒🚒🚒🚒🚒🚒🚒🚒🚒🚒🚒🚒 #ကန်ဖျား နယ်မြေ ခရူတောရပ်ကွက်ဗိုလ်ဗထူးလမ်း ဝိသုတာရာမ ဘုန်းကြီးကျောင်းနံဘေးတွင်ယ​...
27/02/2021

27.2.2021(စနေနေ့)
မြိတ်
🚒🚒🚒🚒🚒🚒🚒🚒
🚒🚒🚒🚒🚒🚒🚒🚒🚒
#ကန်ဖျား နယ်မြေ ခရူတောရပ်ကွက်
ဗိုလ်ဗထူးလမ်း ဝိသုတာရာမ ဘုန်းကြီး
ကျောင်းနံဘေးတွင်ယ​နေ့နံနက်ပိုင်းက
မီးလောင်မှုဖြစ်ပွားခဲ့ပြီးနေအိမ်၃ဆောင်
မီးလောင်ကျွမ်းခဲ့ပါသည်။
(myk)

မြိတ်မြို့က စစ်အစိုးရဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ( ၄ ) ဦးဖမ်းဆီးခံရဖေဖော်ဝါရီ  ၂၅ မြိတ်မြိတ်မြို့က စစ်အာဏာရှင်စနစ်ဆန်...
25/02/2021

မြိတ်မြို့က စစ်အစိုးရဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ( ၄ ) ဦးဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂၅ မြိတ်

မြိတ်မြို့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားဆောင်ရွက်နေသူ (၄)ဦး ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီး ခံခဲ့ရတယ်ပါတယ်။

မြိတ်မြို့မှာ နေ့စဉ်ပြုလုပ်နေတဲ့ အထွေထွေသပိတ်စစ်ကြောင်းကို လာရောက်တဲ့လမ်းမှာ အခုလို ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆောင်ရွက်နေသူတွေကပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မြိတ်ဒေသ ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမိုးသူအောင် နဲ့ ဦးတူးတူး တကသ ကျောင်းသားတွေဖြစ်တဲ့ ကိုရဲငယ် နဲ့ ကိုချမ်းမြေ့နိုင် တို့ဖြစ်ပြီး လက်ရှိမှာတော့ ဖမ်းဆီးခံရသူတွေကို မြိတ်မြို့က ၁၀၃ တပ်ရင်းထဲမှာ ထိန်းသိမ်းခံထားရတယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။


လုံခြုံရေးကင်းစောင့်သူကို လူမှားရိုက် သေဆုံးခဲ့တာနဲ့ပတ်သက်လို့ မိသားစုက အမှုဖွင့်ထား 19 February 2021တောင်ပိုင်းသား သတင်...
19/02/2021

လုံခြုံရေးကင်းစောင့်သူကို လူမှားရိုက် သေဆုံးခဲ့တာနဲ့ပတ်သက်လို့ မိသားစုက အမှုဖွင့်ထား

19 February 2021
တောင်ပိုင်းသား သတင်းအေဂျင်စီ

မြိတ်မြို့ ၊ မြိတ်တောင်ရပ်ကွက်၊မွန်စုလမ်းမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညပိုင်းက ရပ်ကွက်လုံခြုံရေး ကင်းစောင့်နေသူ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး လူမှားရိုက်ခံရပြီးတဲ့နောက် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာတော့ သေဆုံးသွားခဲ့ပါတယ်။

အဆိုပါ လူငယ်အမျိုးသားဟာ ရပ်ကွက် လုံခြုံရေးစောင့်နေရင်း ရပ်ကွက် အတွင်း မီးကွင်းပစ်တဲ့လူတွေ့တယ်လို့ အသံကြားတဲ့အတွက် အဖွဲ့တွေနဲ့ လိုက်လံရှာ​ဖွေခဲ့ပါတယ်။
အဲဒီလို မီးကွင်းပစ်တယ်ဆိုတဲ့သူတွေနောက်ကို လိုက်နေရင်း အကိုဖြစ်သူတွေနဲ့ လူစု ကွဲ ကာ တစ်ယောက်တည်း ကျန်ခဲ့ပြီး အကိုဖြစ်သူတွေက ရိုက်သံကြားလို့ လာကြည့်ချိန်မှာတော့ အဆိုပါ လူငယ်အမျိုးသား တစ်ယောက်တည်း ရိုက်ခံရတဲ့ ဒဏ်ရာတွေနဲ့ လဲကျမေ့မြောနေတာကိုတွေ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အဲဒီနောက်မှာတော့ ဒဏ်ရာ ရရှိသူကို မြိတ်မြို့က တပ်မတော် ဆေးရုံကို ပို့ဆောင်ပြီး ကုသခဲ့ပေမယ့် သတိပြန်လည်မရရှိတာကြောင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မနက်ပိုင်းက ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ဖို့သွားတဲ့အချိန်မှာပဲ လမ်းမှာသေဆုံးခဲ့တယ်လို့ သိရပါတယ်။

" ကျမ မောင်လေး က အငယ်ဆုံးဖြစ်ပါတယ်
သူအကိုတွေနဲ့ မီးကွင်းပစ်တဲ့ သူတွေနောက် ဝိုင်းလိုက်ရင်း ကျမမောင် အကြီးတယောက် နဲ့ လူစု ကွဲသွားတယ်၊ ကျမမောင်အကြီးတယောက် လှည့်ကြည့်ချိန်မှာ ရိုက်သံက ကြားနေရပြီ၊ ရိုက်သံကြားလို သွား ကြည့်ချိန်မှာ ကျမမောင် အငယ်ဆုံး ဖြစ်နေတာပေါ့။ ကျမမောင်ကို ရိုက်တဲ့သူက ၄ ယောက်လို့ပြောတယ်။ အခု ကျမ မောင်လေး နာရေးဖြစ်နေပြီ ဖြစ်ကြောင့် အဲဒီ ၄ ယောက်ကို ကျမ အမှုဖွင့်ထားတယ် " လို့ သေဆုံးခဲ့သူရဲ့ အမ ဖြစ်သူကပြောပါတယ်။

အဆိုပါ လူငယ်အမျိုးသားဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ကမှ တက္ကသိုလ်ဝင်တန်းအောင်ထားသူခဲ့ ဖြစ်ပြီး မိသားစုဝင်ထဲမှာလည်း အငယ်ဆုံးသားဖြစ်တယ်လို့သိရပါတယ်။

Southerner TV News

www.stvnewsmm.com

18/02/2021

မုံရွာမြို့ ဆန္ဒပြပွဲတွင် တပ်မတော်သားတစ်ဦး ပူးပေါင်းပါဝင်လာ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ တပ်မတော်သားတစ်ဦး ပူးပေါင်းပါဝင်လာတယ်လို့ သိရပါတယ်။

Zawgyi

မုံရွာမြို့ ဆန္ဒပြပွဲတွင် တပ်မတော်သားတစ်ဦး ပူးပေါင်းပါဝင်လာ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ တပ်မတော်သားတစ်ဦး ပူးပေါင်းပါဝင်လာတယ်လို့ သိရပါတယ်။
Eleven Broadcasting

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီလ ၁၇ ရက်အထိ ချုပ်ရမန်ယူထားသမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်...
15/02/2021

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီလ ၁၇ ရက်အထိ ချုပ်ရမန်ယူထား

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုစစ်ဆေးဖို့ ယူထားတဲ့ ချုပ်ရက် ရမန် ဟာဖေဖော်ဝါရီလ ၁၇ ရက်အထိ ဖြစ်တယ်လို့ လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

သတင်းမီဒီယာတွေနဲ့ အွန်လိုင်းပျံနှံခဲ့တဲ့ ရမန်လျှောက်ထားတဲ့ စာရွက်အရ ဒီနေ့ ပြည့်မှာဖြစ်တယ်လို့
သိရတဲ့အတွက် အမှုကို ထုချေဖို့အတွက် ရှေ့နေပါဝါ တင်ဖို့ ဒက္ခိဏခရိုင်တရားရုံးကို တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်တို့က လာခဲ့ကြတာပါ။

ဒါပေမယ့် ခရိုင်တရားသူကြီးနဲ့ တွေ့တဲ့အခါမှာ ရမန်ပြည့်တဲ့ ရက်ဟာ ဒီနေ့မဟုတ်ဘဲ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ယူထားတယ်ဆိုတာကိုသိခဲ့ရတယ်လို့ ပြောပါတယ်။

ရမန်ပြည့်တဲ့အခါမှာလည်း ကြားနာ တာကို ဗီဒီယို ကွန့်ဖရန့်နဲ့သာပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

သမ္မတနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက် မနက်အစောပိုင်းမှာ ထိန်းသိမ်းခံခဲ့ရတာပါ။

အဲဒီနောက် သမ္မတ ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေ ၊ ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့ အမှုဖွင့်ပြီး ချုပ်ရမန်ယူထားတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဒီချုပ်ပါတီ ဗဟိုပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက ပြောပြချက်အရတော့ နိုင်ငံခေါင်းဆောင် ၂ ဦးလုံးကျန်းမာရေးကောင်းမွန်ကြတယ်လို့ သိရပါတယ်။

7Day

မွန်ပြည်နယ် ကျိုက်မရောမြို့က ဒုရဲအုပ်တစ်ဦးဟာ မော်လမြိုင်မြို့က ဆန္ဒပြသူပြည်သူတွေနဲ့ ပူးပေါင်းပါဝင်ခဲ့ပြီး အားလုံးစွန့်လွှတ...
10/02/2021

မွန်ပြည်နယ် ကျိုက်မရောမြို့က ဒုရဲအုပ်တစ်ဦးဟာ မော်လမြိုင်မြို့က ဆန္ဒပြသူပြည်သူတွေနဲ့ ပူးပေါင်းပါဝင်ခဲ့ပြီး အားလုံးစွန့်လွှတ်ဖို့ ပြင်ထားပြီးသားလို့ ပြောလိုက်ပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ ဆန္ဒပြပြည်သူတွေနဲ့အတူ လက်ကိုင်အသံချဲ့စက်ကိုကိုင်ကာ "ပြည်သူ့ ရဲ" ကြွေးကြော်သံကို ပြည်သူတွေနဲ့အတူ သံပြိုင်ကြွေးကြော်ခဲ့ပါတယ်။

7 Day

10/02/2021

အာဏာရှင်ဆန့်ကျင်ရေးတွင် ကယားပြည်နယ် ရဲတပ်ဖွဲ့ က ပြည်သူနဲ့အတူ ပူးပေါင်းပါဝင်

ရုပ်သံ

လေးစားလျှက်..kma🇹🇭

မြိတ်တွင် ဆန္ဒပြပြည်သူနဲ့ပူးပေါင်းတဲ့ ရဲတပ်သားတစ်ဦးဖမ်းဆီးခံရ=-=-=-=-=-=9 , 2 , 2021မြိတ်မြို့တွင် ဆန္ဒပြပြည်သူနဲ့ပူးပေါင်...
09/02/2021

မြိတ်တွင် ဆန္ဒပြပြည်သူနဲ့ပူးပေါင်းတဲ့ ရဲတပ်သားတစ်ဦးဖမ်းဆီးခံရ
=-=-=-=-=-=
9 , 2 , 2021

မြိတ်မြို့တွင် ဆန္ဒပြပြည်သူနဲ့ပူးပေါင်းတဲ့ ရဲတပ်သားတစ်ဦးကိုဖေဖော်ဝါရီလ ၉ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

ဗိုလ်ချုပ်မြင်းစီးရုပ်တုရှေ့၌ အာဏာရှင်ဆန့်ကျင်တဲ့ဆန္ဒပြပွဲမှာပြည်သူနဲ့အတူ ပူးပေါင်းပါဝင်ခြင်း၊ဆန္ဒပြပြည်သူတွေကို ၎င်းရရှိတဲ့လစာဖြင့် ရေသန့်ဗူးဝယ်ယူ ပေးဝေခြင်း၊မိန့်ခွန်းပြောကြားခြင်း၊ကြွေးကြော်သံများအော်ဟစ်တဲ့အတွက် ရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီးသွားကြောင်းသိရပါတယ်။

ဖမ်းဆီးခံရတဲ့ရဲတပ်သားမှာ ထွန်းအောင်လင်းဆိုသူဖြစ်ပြီးမြို့မရဲစခန်းမှာချုပ်နှောင်ထားဆဲဖြစ်ကြောင်းသိရပါတယ်။

အဆိုပါ ရဲတပ်သားမှာ မြိတ်မြို့ရှိ Sea View Condo လမ်းဆုံတွင်တာဝန်ချထားသူဖြစ်ပြီး ဆန္ဒပြမှုဖြစ်ပေါ်နေစဉ်ကိုယ် ပိုင်ဆုံးဖြတ်ချက်ဖြင့်လာရောက်ပူးပေါင်းခဲ့ကြောင်းသိရပါတယ်။

မြိတ်မြို့တွင်တာဝန်ကျနေတာ ၃ နှစ်ခန့်ရှိပြီဖြစ်ပြီးဆန္ဒပြမှုအတွင်းအရပ်ဝတ်ရဲသားများကလာရောက်ဖမ်းဆီးသွားကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Address

Myeik

Website

Alerts

Be the first to know and let us send you an email when Myeik Breaking News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share