Thet Hmuu Khin

Thet Hmuu Khin On Line Shopping & Retails

30/07/2026

မှန်တယ်နော်




22/07/2026

အဲ့လိုလူတွေထဲမှာ ငါပါတယ်...

စိတ်ပါရင် ပြုံးတယ်။ စိတ်မပါရင် မပြုံးဘူး။

မာနကြီးတာလည်း မဟုတ်သလို၊ ချေတာလည်း မဟုတ်ဘူး။

မလိုအပ်ရင် စကားမပြောတဲ့ အကျင့်လေးရှိသလို၊ ဘယ်သူ့ကိုမှလည်း ခယပြီး မခေါ်တတ်တဲ့ အကျင့်လေးရှိတယ်။ ချွင်းချက်အနေနဲ့တော့ လူတစ်ယောက်ရှိတယ်။

ဒီလိုနေလို့ ငါက ဘာလဲလို့ မမေးနဲ့။ ငါလည်း ဘာမှမဟုတ်သလို၊ တချို့လူတွေကလည်း ဘာမှဟုတ်မနေဘူး။

လူတစ်ယောက်ကို ကြည့်ပြီး အထင်မကြီးတတ်သလို၊ အထင်လည်း မသေးတတ်ဘူး။ မြင်တဲ့အတိုင်း၊ ကြားတဲ့အတိုင်းကိုသာ လက်ခံတတ်ရုံလေးပဲ။

စိတ်မပါရင် မပြုံးတတ်တဲ့သူမို့ စိတ်လိုလက်ရ ပြုံးတဲ့အခါ အပြုံးတွေက ချိုတယ်၊ မုသားကင်းတယ်၊ ဟန်ဆောင်ခြင်းလည်း မရှိဘူး။

ဘဝကို ရိုးရိုးရှင်းရှင်းလေး ဖြတ်သန်းချင်တဲ့သူမို့ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အရာတွေကို ရှောင်တယ်။

ဘယ်သူ့ကိုပဲဖြစ်ဖြစ် အားနာပြီး ဟန်ဆောင်မနေတတ်တာမို့ အမှားကင်းအောင် နေတယ်။ တောင်းပန်ရမယ့် အခြေအနေတွေ မဖြစ်အောင်လည်း ကြိုးစားတယ်။

မကြိုက်ရင် မကြိုက်ဘူးလို့ တည့်တည့်ပြောတတ်တယ်။ မာနကြီးတယ်လို့ပဲ ပြောပြော၊ အတ္တကြီးတယ်လို့ပဲ ပြောပြော...

တစ်ခါ မကြိုက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ရင် နောက်ပြန်လှည့်မကြည့်တတ်တဲ့ လူတွေထဲမှာ... ငါပါတယ်။

#နှင်းဆီစာပေ
#ဘဝသင်ခန်းစာ
#စိတ်ခွန်အား
#အတွေးအမြင်
#ဘဝအမှန်တရား
#ရိုးသားမှု
#လေးစားမှု









နှင်းဆီ စာပေ

22/07/2026

မင်းချစ်တာ ငါကြောက်တယ်

မိုးစက်ပွင့်လေးတွေကိုချစ်တယ်လို့ မင်းပြောတယ်
ဒါပေမယ့်
မိုးလည်းရွာရော မင်းက ထီးဆောင်းသွားတယ်။

နေခြည်နွေးနွေးကိုချစ်တယ်လို့ မင်းပြောတယ်
ဒါပေမယ့်
နေလည်းပူရော မင်း အမိုးအောက်သွားနေတယ်။

လေနုအေးကို ချစ်တယ်လို့ မင်းပြောတယ်
ဒါပေမယ့်...
လေလည်းတိုက်ရော မင်း ပြတင်းပေါက်တွေထပိတ်
တယ်။

အဲ့ဒီတော့...
မင်း ငါ့ကိုချစ်တယ်ပြောတော့
ငါ ကြောက်တာပေါ့...။ ။

- BobMarley

Photo - Wuthering Heights

01/07/2026
01/07/2026

🍀စိတ်ချမ်းသာခြင်းကိုရွေးပါ။🍀

အမျိုးသမီးလေးရေ….

ရွေးချယ်စရာတွေအများကြီးထဲမှာ စိတ်ချမ်းသာခြင်းကိုသာ အမြဲရွေးပါ။ စိတ်ချမ်းသာခြင်းဆိုတာက ငွေကြေးနဲ့ဝယ်ယူလို့မရနိုင်သလို တန်ဖိုးဖြတ်လို့လည်းမရနိုင်တဲ့ ရတနာတစ်ပါးနဲ့တူပါတယ်…။ စိတ်ချမ်းသာဖို့…ပူပန်သောကတွေနဲ့ စိတ်ဆင်းရဲနေဖို့ဆိုတာ…ကိုယ်ဘာကို အာရုံစိုက်သလဲဆိုတာပေါ် မူတည်ပါတယ်…။ ဘဝမှာကြုံတွေ့ရတဲ့အဖြစ်အပျက်..အခြေအနေ..လူတွေအပေါ်…ပြဿနာရှုထောင့်ကနေမြင်မယ်…ပြဿနာတစ်ခုလို ခံစားမယ်…ပြဿနာတစ်ခုလို စိတ်ဆင်းရဲသောကတွေနဲ့ တုံ့ပြန်နေမယ်ဆိုရင်…ကိုယ့်ဘဝဟာ..အမြဲတမ်း ပြဿနာတွေနဲ့သာ ရင်ဆိုင်နေရတယ်လို့ ခံစားရပါလိမ့်မယ်….။

ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲ..အခြေအနေ..ပြဿနာတစ်ခုကို အခွင့်အလမ်းတစ်ခုလို သဘောထားမယ်…ဘာပြဿနာပဲဖြစ်လာဖြစ်လာ…ဘယ်လိုအခက်အခဲမျိုးနဲ့ပဲရင်ဆိုင်ရရင်ဆိုင်ရ…ဒီပြဿနာမှာ အဖြေရှိတယ်…ဒီပြဿနာကို ကိုယ်ကိုင်တွယ်ဖြေရှင်းနိုင်တယ်…ဒီပြဿနာကနေ ဘယ်လိုအခွင့်အလမ်းတွေပေါ်ပေါက်လာမလဲ…ဆိုတာကို ရှာဖွေမယ်…မကြာခင်မှာဒီပြဿနာကပြီးသွားမှာပါလို့…ယုံကြည်မယ်ဆိုရင်..ကိုယ့်ဘဝဟာ အမြဲတမ်း စိန်ခေါ်မှုတွေ…စိတ်လှုပ်ရှားစရာတွေနဲ့သာ ပြည့်နေပါလိမ့်မယ်….။

စိတ်ညစ်စရာ သောကဖြစ်စရာအခြေအနေတစ်ခုကို ဟာသအမြင်နဲ့ကြည့်ရှုခံစားတတ်သူတွေဟာ..ဘဝမှာ လွတ်လပ်ပေါ့ပါးစွာ ရှင်သန်ခွင့်ရတတ်ပါတယ်..။ ဘဝမှာ ဖြစ်ပေါ်လာသမျှအခြေအနေတိုင်းကို….” Everything happens for a reason “..လို့ ခံယူထားတဲ့သူဟာ…ဘာပဲ ဖြစ်လာလာ..ဒါဟာအကြောင်းရှိလို့ဖြစ်လာတာ…ကောင်းဖို့ဖြစ်လာတာ..လို့တွေးပါတယ်။ ဒီအဖြစ်အပျက်ကနေ ကောင်းတဲ့အဖြေတစ်ခုရအောင်အားထုတ်ဖို့ကိုပဲ အာရုံစိုက်ပါတယ်…။ တကယ်လည်း အဖြေတစ်ခုထွက်လာတာပါပဲ…။ ဘာပဲဖြစ်ဖြစ် စိတ်ဆင်းရဲမနေဘူး..။ စိတ်ချမ်းသာခြင်းကိုပဲရွေးပါတယ်..။

တချို့က ပြဿနာနဲ့ရင်ဆိုင်ရတိုင်း…ငါ့ကျမှဖြစ်ရလေခြင်းဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် victimise လုပ်တဲ့အတွေးမျိုးတွေးလိုက်ခြင်းဟာ…စိတ်ဆင်းရဲခြင်း..ပူပန်သောကကို ဖိတ်ခေါ်လိုက်တာပါပဲ…။ ဘာတွေပဲဖြစ်ဖြစ် ငါ့ရဲ့စိတ်ချမ်းသာမှုကို ဘာနဲ့မှ မလဲနိုင်ဘူး..လို့ တွေးထားလိုက်ပါ။ ဖြစ်လာသမျှကို အေးအေးဆေးဆေးပဲ လက်ခံဖြေရှင်းမယ်လို့ ခံယူထားလိုက်ပါ…။ ကိုယ့်ရဲ့စိတ်နေစိတ်ထားကြောင့်ပဲ…ဒီပြဿနာကို သတိလေးနဲ့ အေးအေးဆေးဆေး ဖြေရှင်းနိုင်ပါလိမ့်မယ်..။

အခြေအနေတစ်ခုကို ကောင်းတဲ့ဖက်ကနေ တွေးကြည့်ပေးတဲ့စိတ်….တစ်ဖက်လူဘက်ကနေတွေးကြည့်ပေးလိုက်တဲ့စိတ်…ကိုယ်မတတ်နိုင်တော့ဘူးလို့ ခံစားမိတဲ့အခါ…ကြိုပြီးလွှတ်ချထားလိုက်တဲ့စိတ်ဟာ..စိတ်ချမ်းသာအောင်နေထိုင်တတ်သူတွေရဲ့ အလေ့အထလေးတွေပဲဖြစ်ပါတယ်…။ ဒီစိတ်နဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ ဘာပဲဖြစ်ဖြစ်အဆိုးဖက်ကနေပဲလှည့်တွေးတတ်တဲ့စိတ်…သူများရဲ့ခံစားချက်ကို လုံးဝအရေးမစိုက်ဘဲ…ကိုယ့်ခံစားချက်တွေကိုသာ ဗဟိုပြုဦးစားပေးတတ်တဲ့စိတ်…ဘယ်အရာကိုမှအဆုံးရှုံးမခံနိုင်သလို..အရာရာကိုလိုက်ပြီးချုပ်ထိန်းဆုပ်ကိုင်ထားချင်တဲ့စိတ်ဟာ…သောကတွေတလှေကြီးထမ်းပိုးထားတဲ့သူတွေရဲ့ အကျင့်စရိုက်တွေပဲဖြစ်ပါတယ်…။

လူတိုင်းဟာ အကောင်းကြိုက်သူတွေချည်းပါပဲ…။ ကိုယ့်အတွက်ဆို ကောင်းတာလေးတွေပဲ ရွေးချယ်တတ်ကြပါတယ်…။ဒါဆိုရင် စိတ်ချမ်းသာခြင်းနဲ့…စိတ်ဆင်းရဲခြင်းမှာ ဘယ်ဟာကိုရွေးမလဲဆိုရင်…စိတ်ချမ်းသာခြင်းကိုပဲ ရွေးချယ်ချင်ကြတာချည်းပါပဲ…။ စိတ်ချမ်းသာချင်တယ်ဆိုရင်…ကိုယ့်ကို စိတ်ချမ်းသာစေတဲ့ စိတ်နေသဘောထား…အပြုအမူ..အလေ့အကျင့်လေးတွေကို မွေးမြူထားလိုက်ရုံပါပဲ…။ ကိုယ့်ကို စိတ်ချမ်းသာမှုပေးနိုင်တဲ့လူတွေအနားမှာ နေလိုက်ရုံပါပဲ…။ ပြီးတော့ ကိုယ့်ကိုစိတ်ဆင်းရဲစေမယ့် စိတ်နေစိတ်ထားတွေ..အပြုအမူ အလေ့အကျင့်တွေကို…ပြတ်ပြတ်သားသား စွန့်လွှတ်နိုင်ရပါမယ်…။ ကိုယ့်ကို စိတ်ဆင်းရဲနာကျင်စေတဲ့လူတွေနဲ့ကင်းကင်းရှင်းရှင်း နေထိုင်တတ်ရပါမယ်…။

သိပ်လှတဲ့ပန်းပုရုပ်ကလေးတစ်ခုရဖို့အတွက်…မလိုအပ်တဲ့အပိုင်းတွေကို ထွင်းထုတ်ဖယ်ရှားပစ်ရသလိုပဲ…ကိုယ့်ဘဝမှာ စိတ်ချမ်းချမ်းသာသာ နေထိုင်ခွင့်ရဖို့အတွက်ဆိုရင်..မလိုအပ်တဲ့ အလေ့အကျင့်စရိုက်ဆိုးတွေ…မကောင်းတဲ့စိတ်နေစိတ်ထားတွေ…ကိုယ့်ကိုအဆိပ်သင့်စေတဲ့လူတွေကို …နှမြောတသခြင်းကင်းစွာ…ဖယ်ရှားထုတ်ပစ်ရမှာဖြစ်ပါတယ်…။ မလိုအပ်တဲ့အရာတွေ ရှင်းလင်းလာတာနဲ့အမျှ…စိတ်လက်ပေါ့ပါးကြည်လင်ခြင်းဆိုတဲ့ ချမ်းသာသုခက အလိုလိုရောက်ရှိလာမှာဖြစ်ပါတယ်…။

#လွန်းထားထား
#စိတ်ချမ်းသာခြင်းကိုရွေးပါ

12/06/2026

လောဘကို အတ္တဆင့်ရင်း အကောင်းဆုံးဆိုတာကို ရယူပေးလိုတဲ့စိတ်နဲ့ ရုန်းကန်ရှင်သန်နေရတဲ့ လူသားတစ်ဦး။

-----------------------------------------------------------------------

ACL Film Production နှင့် Wezaya Film Production တို့ ပူးပေါင်းစီစဉ်ထုတ်လုပ်ထားသည့်
"ကိုယ့်အတ္တနှင့်ကိုယ်" ရုပ်ရှင်ကားကြီး
ဇွန်လကုန် ဝန်းကျင်တွင် ရုံတင်ပြသသွားပါမည်.... Look Different, Feel Different

✍️ ဇာတ်လမ်း/ဇာတ်ညွှန်း/ဒါရိုက်တာ - အောင်ချမ်းလူ
✨ ကျော်ထက်အောင်၊ အကယ်ဒမီ အေးချမ်းမောင်၊ ညီနန္ဒ၊ အကယ်ဒမီ ခင်ဝင့်ဝါ၊ ဇင်မျိုး၊ တင်ဇာဝင်းပြည့်၊ အကယ်ဒမီ ခင်မို့မို့အေး၊ သာသာ၊ မြတ်အမရာ၊ ယွန်းဝတီလှိုင်၊ ကလေးသရုပ်ဆောင် ဟိဏ်းသီရိစံ နှင့် သရုပ်ဆောင်များစွာ ပါဝင်ထားပါသည်။

#ကိုယ့်အတ္တနှင့်ကိုယ် #ရုပ်ရှင်ဇာတ်ကားကြီး #ကျော်ထက်အောင် #အေးချမ်းမောင် #ညီနန္ဒ #ခင်ဝင့်ဝါ

11/06/2026

ဂက်စ်အိုးကုန်ခံ မီတာခကုန်ခံပြီး
မီးဖိုရှေ့ ဇောချွေးပြန်နေရတဲ့ ဒုက္ခကနေ ရပ်လိုက်တော့အိမ်ရှင်မတို့ရေ

ဈေးကနေ အသားတွေ တွေ့လို့ ဝယ်လာတယ်။
မီးဖိုပေါ်တင်ပြီး နာရီဝက်နေလည်းမနူး တစ်နာရီနေလည်းမနူးနဲ့။

မီးဖိုပူပူရှေ့မှာ ချွေးတလုံးလုံးနဲ့ ရပ်စောင့်ရတဲ့အပြင် ဂက်စ်ဖိုး မီတာဖိုးတွေကလည်း အလဟဿ ကုန်သေးတယ်။

အသားက သေချာမနူးရင် စားရတဲ့ မိသားစုလည်း
အီလည်လည်နဲ့ ထမင်းဆိပ်တက်ပြီး
လူက ထိုင်းမှိုင်းလေးလံသွားရော။

ဟင်းတစ်ခွက်ရဖို့ အိမ်ရှင်မတွေ
အချိန်ကုန် လူပင်ပန်းခံပြီး စစ်တိုက်နေရသလိုပဲ။

ဒီဒုက္ခတွေကနေ လွတ်မြောက်ဖို့ 81 Pressure Cooker ကို မီးဖိုချောင်ထဲ ရွှေ့ထားလိုက်ပါ။ ဘယ်လောက်မာတဲ့ တောကြက်ဖြစ်ဖြစ် အရွတ်ထူတဲ့ အမဲသားဖြစ်ဖြစ် မိနစ်ပိုင်းအတွင်း အိစက်သွားအောင် အထူးဖိအားစနစ်နဲ့ ချက်ပြုတ်ပေးတာ။

အိုးထဲကို ပါဝင်ပစ္စည်းတွေထည့် အဖုံးပိတ်ပြီး လွှတ်ထားလိုက်ရုံပဲ။
မီးဖိုရှေ့မှာ အမောခံပြီး ထိုင်စောင့်နေစရာ လုံးဝမလိုတော့ဘူး။

အချိန်ကုန် သက်သာသလို လောင်စာစရိတ်လည်း အများကြီး ချွေတာပြီးသား ဖြစ်သွားတယ်။

ဟင်းရည်ဆိုလည်း အပြင်ကို မခမ်းသွားဘဲ အသားထဲက အရသာတွေ အကုန်စိမ့်ထွက်လာတာဆိုတော့ မိသားစုကို ပြီးပြည့်စုံတဲ့ ဟင်းတစ်ခွက် နေ့တိုင်း ကျွေးလို့ရပြီ။

ကိုယ်တိုင်လည်း မီးခိုးတိုက် အပူဟပ်တဲ့ဒဏ်ကနေ ကင်းဝေးပြီး အေးအေးဆေးဆေး အနားယူလို့ရသွားပြီ။

အချိန်အကြာကြီး ချက်ရမယ့် အသားတွေကို မိနစ်ပိုင်းအတွင်း အိစက်သွားစေတ​ယ်

မီးဖိုရှေ့ ရပ်စောင့်စရာမလိုဘဲ အချိန်နဲ့ ကုန်ကျစရိတ်ကို အများကြီးချွေတာပေးတယ်

အာဟာရဓာတ်နဲ့ အရသာကို လေလွင့်မှုမရှိဘဲ
အပြည့်အဝ ထိန်းသိမ်းပေးတယ်

မီးဖိုချောင်ထဲက ပင်ပန်းမှုတွေကို အဆုံးသတ်ချင်ရင် 81 ကို အခုပဲလာခဲ့ပါ။

Address

Ngu War Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9598627796

Website

Alerts

Be the first to know and let us send you an email when Thet Hmuu Khin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share