26/05/2020
Bruno ရဲ့ တစိတ်တပိုင်း nerf🤗
Crd:
Bruno Nerf
Bruno ရဲ့ passive က ဒီကောင်က ခြေထောက်မရှိတော့လို့
စက်ရုပ်ခြေထောက်နဲ့ ကန်တာမို့ သူများထက် power ပိုကောင်းတယ်
Critical ထွက်တယ်လို့ ပြောထားတယ်
Attack speed ကတော့ အသေ fix ထားတယ် 80% ထက်မပိုဘူးပေါ့နော်
တခြား Hero တွေက attack speed 120% ထိ ရပေမယ့် Bruno ကတော့ သူ့ခြေထောက်ကြောင့် attack speed 80% ပဲ ရနိုင်တယ်ပေါ့
ဆိုလိုတာက Bruno Attack speed item တွေ ဆက်ရင် 80% ထက်ပိုထွက်အောင် မကန်နိုင်ဘူး ... ကစ်ချက်က နှေးပြီးနာတဲ့သဘောပေါ့
အခု nerf က အဲ့ Attack speed ကို 80% ကနေ 50% ကိုချပလိုက်တာ
ကျနော်စဥ်းစားတာက Bruno ကြီး nerf ခံရပြီဟေ့ အော်ပြီး တကယ်ရော nerf က ထိရောက်ရဲ့လား meta list က ထွက်သွားလားပေါ့နော်
item build ထဲမှာ Bruno အတွက် Attack speed တက်ချင်ရင် ထည့်တာက အများဆုံး
Windtalker 40%
Scarlet Phantom 20%
Demon Hunter Sword 25% (ဒီကောင့်အစား Endless Battle အစားထိုးနေကြပြီ)
ဖိနပ်ထဲကဆို Swift Boot 15% ထည့်လေ့ရှိကြတယ်
Bruno item တွေအရတော့ Attack speed အရမ်းများမနေဘူးဗျ
Critical သွားကြတာဆိုတော့ တော်တော်များများက attack speed 1 ချောင်းပဲ ထည့်ကြတော့တယ်
ဒီ nerf အရဆိုရင် Bruno ဟာ ပုံမှန် item flow ကိုပဲ
Jungle item (Raptor Machete)
Swift Boots
Endless battle
Berserker's fury
Scarlet Phantom
Last item Immortal / ဓားစိမ်း / သေနတ် ထည့်ပေးရင် အရင်လိုပဲ ပုံမှန် meta marksman လို ဆော့နေအုန်းမှာပဲလို့ ထင်တယ်
Attack speed က Marksman Emblem မပါသေးရင် 35% ပဲရှိသေးတာကိုး
Windtalker နဲ့ Scarlet Phantom တော့ တွဲလို့မရတော့ဘူး 🤔
Scarlet Phantom (ခရမ်းရောင်ဓား) ထည့်နေကျလူဆိုရင်တော့ သူ့ရဲ့ passive ကို ထိခိုက်တယ် Scarlet Phantom passive က critical ရန်သူကိုထိရင် ကိုယ့် attack speed 30% ရုတ်တရက်တက်လာတာပဲ
အဲ့တော့ အရင်ရှိပြီးသား 35% နဲ့ပေါင်းရင် 65% ထိ တက်မယ့်အစား 50% ပဲတက်တော့မယ်
မကျေနပ်လို့ Ratio 50% နဲ့ တွက်ကြည့်ရင် ပိုဆိုးတယ် 32.5% ပဲ တက်တော့မယ်
ဒါပေမယ့် ခုကျတော် အပေါ်ကပြောတဲ့ Item ၆ခုနဲ့တော့ ဆက်အဆင်ပြေနေပါသေးတယ်
အရင်ကထက် ကန်ရတာ နည်းနည်းလေးပဲနှေးမယ် ... 😉👆
အခု Bro တို့ ရော Bruno build ဘာထားကြလဲ ... ကျနော် ကြည့်ချင်လို့ တစ်ချက် မန့်ပေးအုန်း
ပြီးတော့ နောက် Update ကျ သတိထားကြပါအုန်း
အဲ့ကျ Bruno ကို Attack speed 50% ထက် ပို မဆက်ကြပါနဲ့နော် ...