 
                                                                                                    29/05/2024
                                            “ကျွန်တော့သူငယ်ချင်းဖဲသမား"
*****************************
ကျွန်တော်ငယ်ငယ်တုန်းက......
ကျွန်တော့ရဲ့အပေါင်းအသင်းတွေထဲမှာ 
လုံးတုံးလို့ခေါ်တဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်ဗျ....
နာမည်အရင်းက အောင်နိုင်ဆန်း....
ဖြူဖြူလုံးလုံးမို့ 
လုံးတုံးလို့ ခေါ်ကြတာထင်ပါရဲ့
သူက လောင်းကစားတော်တော်ကိုကြိုက်တဲ့ထဲမှာပါတယ် ...
လောင်းကစားထဲမှာမှာ ဖဲရိုက်တာကို အင်မတန်စွဲလန်းတဲ့သူလို့ပြောရမယ်...
ရပ်ကွက်ထဲမှာ ဖဲဝိုင်းရှိရင် သူမပါတဲ့ဝိုင်းမရှိဘူး နောက်ဆုံး နာရေးတစ်ခုပေါ်ရင်ကို သူကပျော်နေတော့တာ....
ခုနှစ်ရက်ခုနှစ်လီ စားစရိတ်ငြိမ်း ဖဲချပ်တွေ 
ကိုင်ရတော့မှာကိုး...
သူ့အတွက်က ရှူံးတာနိုင်တာ အဓိကမဟုတ်..
ဖဲရိုက်ဖို့ပိုက်ဆံမရှိရင်တောင် 
ဝိုင်းထိုင်ရိုက်သူရဲ့ဘေးကနေ 
ဖဲချပ်လေးတောင်းပွတ်ပြီး 
မိုးလင်းအောင် ထိုင်တဲ့သူမျိုး..................
သူ့ကို တစ်ခါ ကျွန်တော်မေးကြည့်ဖူးတယ်...
လုံးတုံးရာ မင်းဖဲရှူံးသွားတဲ့ပိုက်ဆံတွေ 
စုထားမယ်ဆို နည်းမှာမဟုတ်ဘူး 
ပြီးတော့ ဖဲနိုင်လာရင်လဲ အဝတ်အစားဝယ်ဝတ်တာတို့ အစားအသောက်ကောင်းကောင်းဝယ်စားတာတို့လဲမရှိဘူး..
ဒီကရတဲ့ငွေ ဒီထဲပဲပြန်ကုန်သွားတာ
ပြန်ပြန်တွေးကြည့်ပြီးမနှမြောဘူးလားဟု
မေးကြည့်ရာ
မနှမြောပါဘူးကွာ ငါကမင်းတို့လို့ အဝတ်အစားမဝယ်ရချင်နေ 
ဖဲရိုက်နေရရင်ကို ပျော်နေတာ... 
ဖဲမရိုက်ရတာကြာနေလို့ ဖဲချပ်တွေနဲ့ ထိတွေ့ရတော့မယ်ဆိုရင် ငါ့ရင်တွေတောင်ခုန်နေတာ..........
ကျွန်တော်သူ့အဖြေကြောင့် တော်တော်အံ့ဩခဲ့ဖူးပါသည်။
ကျွန်တော်အသက်အရွယ်လေးနဲနဲရလာမှ
ဪ....လူဆိုတာ တစ်ယောက်တစ်မျိုးပါလား ကိုယ့်စိတ်နဲ့နှိုင်းပြီး...
ဘယ်သူ့ကိုမှ အပြစ်တင်လို့မရပါလား ဆိုတာကို နားလည်သဘောပေါက်လာရပါသည်။
အခုတော့ သူသူကိုယ်ကိုယ် 
ကိုယ့်မြို့ကိုယ့်ရွာနဲ့ ဝေးရာမှာ 
အခြေကျတဲ့သူကျနေကြပြီ.....
တချို့ငယ်ပေါင်းတွေလဲ လူ့လောကမှာ 
မရှိကြတော့.......................
တလောက..... 
ကျွန်တော်တို့မြို့က သူငယ်ချင်းတစ်ယောက်ကျွန်တော်ရှိတဲ့မြို့ကို အလည်လာလို့ 
ထမင်းဖိတ်ကျွေးပြီး စကားပြောဖြစ်ကြတော့
လုံးတုံးအကြောင်းကို မေးကြည့်ဖြစ်ပါသည်....
လုံးတုံးကတော့...
ငါတို့ငယ်ငယ်တုန်းကလိုပါပဲ သူငယ်ချင်းရာ
သူ့မိဘတွေလဲဆုံးကုန်ကြပြီ သူ့အမတွေကလဲ အလုပ်က အဆင်ပြေတော့ အခုဆို ဖဲတင်မကဘူး အရက်ပါစွဲနေပြီ....အိမ်ထောင်လဲမရှိဘူး
လူပျိုကြီးဘဝနဲ့ပဲနေတော့တာ မိန်းမလဲ ခုထိစိတ်ဝင်စားတယ်မရှိပါဘူးကွာ....ဟု ပြောပြပါသည်......
ကျွန်တော် မအံ့ဩတော့ပါ...  
သူ့လို့လူမျိုးတွေ ရှိကြပါသည်....
သူတို့ကို ဘယ်သူကမှ တရားဟော၍မရ ....
ပြုပြင်ပေး၍မရ....
အကြိမ်ကြိမ်ပြောပြဆုံးမလျှင်လည်း ခင်မင်မှုပျက်ပြားရုံသာရှိပါလိမ့်မည်....
သူတို့ဘဝနှင့် သူတို့ပျော်နေကြသည်..  
ဒီလိုအပေါင်းအသင်းမျိုးကို 
သူတို့ရဲ့စရိုက်အတိုင်းလေးထားပြီး 
ခင်မင်နေရုံကလွှဲ၍ ကျွန်တော်တို့ ဘာများတတ်နိုင်ဦးမည်နည်း...။
            ဘယ်လက်တော် (မိုးကုတ်)
                                      29/5/2024
                            9:43 PM (Wed)                                        
 
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                         
   
   
   
   
     
   
   
  