SOK media

SOK media Online make money ďż˝ welcome to SOK media

Hello 👋
31/07/2022

Hello 👋

အကြမ်းဖက်စစ်ကောင်စီက အမျိုးသမီးတပ်သားများကို တိုက်ပွဲတွင်း အသုံးပြုနေ တောင်ငူ၊ ဇူလိုင် ၃၀ ပဲခူးတိုင်း တောင်ငူမြို့ အမြန်...
31/07/2022

အကြမ်းဖက်စစ်ကောင်စီက အမျိုးသမီးတပ်သားများကို တိုက်ပွဲတွင်း အသုံးပြုနေ

တောင်ငူ၊ ဇူလိုင် ၃၀

ပဲခူးတိုင်း တောင်ငူမြို့ အမြန်လမ်းအနောက်ဘက် စပါးကြွယ်ကျေးရွာမှ စစ်ကြောင်းထိုးလားသည့် အကြမ်းဖက် စစ်ကောင်စီတပ် ကို ရိုးမတောင်ခြေတွင် တော်လှန်ရေးတပ်ဖွဲ့များက ဇူလိုင် ၂၈ ရက် က စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်ပါးစေ ၄ ဦးခန့် သေဆုံးခဲ့ကြောင်း တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ်-၃၅၀၁ မှ သိရသည်။

တိုက်ပွဲသည် ဇူလိုင် ၂၈ ရက် နေ့လည် ၂ နာရီကျော်မှ ညနေ ၆ နာရီခွဲထိ ထိတွေ့တိုက်ပွဲ ၄ ကြိမ် အထိ ဖြစ်ပွါး ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ အမျိုးသမီးရဲဘော်များကိုပါ အသုံးပြုလာကြောင်းလည်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ်-၃၅၀၁ မှ တာဝန်ခံ တစ်ဦး၏ပြောကြားချက်အရသိရပါသည်။
"ထိတွေ့မှုဖြစ်တဲ့အချိန်၊ ကျွန်တော်တို့က တိုက်ပွဲဖြစ်တဲ့အချိန်ပေါ့။ စစ်ခွေးဘက်က အော်သံတွေကြားရတယ်။ အဲဒီမှာ မိန်းကလေးအသံတွေပါတယ်။ ပြီးတော့ KNDF ဘက်မှာလည်း စစ်ခွေးတွေက မိန်းကလေးတွေ သုံးနေတယ်ဆိုတာ ကြားထားပါတယ်။ တိုက်ပွဲမှာတော့ ၄ ကောင် ပွဲချင်းပြီး သေတယ်" ဟု တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ် မတော်၊ တပ်ရင်းအမှတ်-၃၅၀၁ မှ တာဝန်ခံတစ်ဦး က ရှင်းပြသည် ။

တိုက်ပွဲတွင်း အကြမ်းဖက်စစ်အုပ်စုမှ အင်အားချိနဲ့နေခြင်းကြောင့် ရှေ့တန်းစစ်မြေပြင် ကို အမျိုးသမီးပါ စေလွှတ် နေရပြီး တိုက်ပွဲဖြစ်ပွားနေချိန်တွင်လည်း စစ်အုပ်စုဖက်မှ ဘလူးတုဘောက်စ်ဖြင့် တရားခွေဖွင့်ထားမှုများ လည်းရှိကြောင်း သိရသည်။

ပြည်သူရဲဘော်များဘက်ကမူ အသင့်ခြုံခိုစောင့်ဆိုင်းပြီး အကြမ်းဖက်စစ်ကောင်စီအင်အား ၈၀ ဝန်းကျင်ကို တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုမရှိခဲ့ပါ။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီဖက်မှ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကြောင်းမှူးမှာ တင်ပဆုံရိုး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သလို တပ်ပြန်ဆုတ်ချိန်တွင်လည်း ကင်းထောက်ရဟတ်ယာဉ်များ အသုံးပြုခဲ့သေးကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားပြီးနောက် ဇူလိုင် ၂၉ ရက်နေ့တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်စစ် ကောင်စီတပ်၏ (၄၀)မမ ဗုံးသီး(၂)လုံး၊လက်နက်ကြီး၊ ငယ် ဖြုတ်တပ်ရာတွင် အသုံးပြုသည့် ဂွင်း၊ဂွများ၊ ဦးထုပ်၊ စစ်တဘက်၊ဆိုလာပြား၊ဘလူးတုဘောက်စ်၊သံကြိုး၊ဒန်အိုး၊ စစ်စွပ်ကျယ်၊ သွေးစွန်းနေသည့် ပတ်တီးစများ၊ တောအရက်ပုံးတစ်ပုံး ကို သိမ်းဆည်းရမိခဲ့ကြောင်း တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တပ်ရင်းအမှတ်-၃၅၀၁ က ယနေ့ ထုတ်ပြန်ထားသည်။

မြစ်ကြီးနားမြို့ စူပါ၀မ်းတည်းခိုခန်းတွင် အမျိုသားတစ်ဦး မူးယစ်ဆေးသုံးစွဲရင်းသေဆုံးဇူလိုင်လ ၃၁၊၂၀၂၂ခုနှစ်ကချင်ပြည်နယ် မြစ်...
31/07/2022

မြစ်ကြီးနားမြို့ စူပါ၀မ်းတည်းခိုခန်းတွင် အမျိုသားတစ်ဦး မူးယစ်ဆေးသုံးစွဲရင်းသေဆုံး

ဇူလိုင်လ ၃၁၊၂၀၂၂ခုနှစ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စူပါဝမ်းတည်းခိုခန်းတွင် ဇူလိုင်လ ၃၁ရက် နံနက် ၅:၀၀နာရီဝန်းကျင်ခန့်မှာ မူးယစ်ဆေးသုံးစွဲရင်းအမျိုးသားတစ်ဦးသေဆုံးနေတယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိတွေ၏ပြောကြားချရ်အရသိရပါသည်။

"သေဆုံးသွားတဲ့အမျိုးသားက မိုးညှင်းမြို့နယ်က လာရောက်တည်းခိုတဲ့ အမျိုးသားဟုတ်တယ်။ ကျန်တော်တို့လည်း သတင်းရပြီးဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်” လို့ဆိုပါတယ်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ဇူလိုင်လ ၂၇ရက် တွင်လည်း ဆေးထိုးအပ်တန်းလန်းနဲ့ အမျိုးသားတစ်ဦးသေဆုံးခဲ့သလို တပ်ကုန်းရပ်ကွက်တွင် ဇူလိုင်လ ၂၈ရက်မှာ ဆေးထိုးအပ်ရာများနဲ့ သေဆုံးနေတဲ့အမျိုးသားတစ်ဦးအလောင်းတွေ့ရှိခဲ့ပါတယ်။

သတင်း- ထိန်နော်
#မူးယစ်ဆေးကြောင့်သေဆုံး
Photo- မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်း

တရုတ်ဒုံးပျံအပိုင်းအစများ အိန္ဒိယသမုဒ္ဒရာထဲ ကျရောက်တရုတ်နိုင်ငံမှ ဇူလိုင် ၂၄ ရက်နေ့က လွှတ်တင်ခဲ့သော Long March 5B အမျိူး...
31/07/2022

တရုတ်ဒုံးပျံအပိုင်းအစများ အိန္ဒိယသမုဒ္ဒရာထဲ ကျရောက်

တရုတ်နိုင်ငံမှ ဇူလိုင် ၂၄ ရက်နေ့က လွှတ်တင်ခဲ့သော Long March 5B အမျိူးအစား ဒုံးပျံ၏ booster အပိုင်းသည် အာကာသထဲတွင် ထိန်းချုပ်မှုမဲ့ကာ ကမ္ဘာကိုပတ်နေရာမှ စနေနေ့ညသန်းကောင်ကျော်ခန့်တွင် လေထုထဲသို ပြန်လည်၀င်ရောက်လာပြီး မီးလောင်ပျက်စီးကာာ ယင်း၏ အပိုင်းအစများသည် အရှေ့တောင်အာရှနယ်နိမိတ်အတွင်းရှိ အိန္ဒိယသမုဒ္ဒရာရေပြင်သို ကျဆင်းခဲ့သည်။

ယင်းအပိုင်းအစများသည် အရှေ့လောင်ဂျီကျု ၁၁၉ ဒီဂရီနှင့် မြောက်လတ္တီကျု ၉.၁ ဒီဂရီ ပင်လယ်ပြင်အတွင်းသို ဒေသစံတော်ချိန် ဇူလိုင် ၃၁ ရက် ၀၀း၅၅ နာရီက ကျဆင်ခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲရေးဌာန(China National Space Administration - CNSA)က ဒုံးပျံကျဆင်းပြီးနောက် အတည်ပြုခဲ့သည်။

ထိုအတူပင် အမေရိကန် အာကာသစောင့်ကြည့်လေ့လာရေးဌာနများကလည်း အတည်ပြုခဲ့သည်။

ဒုံးပျံကျဆင်းမှုကြောင့် လူသူပစ္စည်း ထိခိုက်ပျက်စီးမှု မရှိချေ။

အခြားအသေးစိပ်အချက်အလက်များကို မသိရသေးချေ။

Ref: Debris from China's Long March 5B rocket crashes back to Earth over Indian Ocean

31/07/2022

ဘဝကြီးကို ပင်လယ်ကြီးနဲ့တူတယ်လို့ ဘာကြောင့်လဲ..??

အဆုံးထိကြည့်ရှု့ပေးမူကို အထူးကျေးဇူးတင်ရှိပါသည်။

ကျွန်ုပ်တို့၏ Media Page ကို Like မလုပ်ရ သေးရင် Like လုပ်သွားပေးဖို့လည်း လေးစားစွာဖိတ်ခေါ် လို့ရပါသည်။

အားလုံးနဲ့အတူ နောက်ဗီဒီယိုမှာ ပြန်ဆုံနိုင်ဖို့ မျှော်လင့်ပါတယ်။

လူငယ်သဘာဝ၊လူငယ်ကဏ္ဍ🐾🔥🦅
30/07/2022

လူငယ်သဘာဝ၊လူငယ်ကဏ္ဍ🐾🔥🦅

လူငယ်သဘာဝ၊လူငယ်ကဏ္ဍအစီအစဉ်ကို ကြည့်ရူပေးမူအတွက် ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျ 🙏🙏🙏ကျွန်တော်တို့ရဲ့ ...

သေဒဏ်စီရင်တာ ထောက်ခံတယ်လို့ ကြံ့ခိုင်‌ရေးပါတီဦးဆောင်ပြီး ရန်ကုန်မြို့လယ်မှာ ထောက်ခံပွဲလုပ် SOK media // 29.7.2022စစ်ကောင...
29/07/2022

သေဒဏ်စီရင်တာ ထောက်ခံတယ်လို့ ကြံ့ခိုင်‌ရေးပါတီဦးဆောင်ပြီး ရန်ကုန်မြို့လယ်မှာ ထောက်ခံပွဲလုပ်

SOK media // 29.7.2022

စစ်ကောင်စီ ရဲ့ သေဒဏ်စီရင်မှုကို ထောက်ခံကြောင်းပြသတဲ့ ဆန္ဒပြပွဲကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကြံ့ခိုင်ရေးပါတီ ဦးဆောင်ပြီး ဒီနေ့မနက်မှာ ပြုလုပ်နေကြပါတယ်။

သူတို့ထောက်ခံပွဲပြုလုပ်တာကို စစ်ကောင်စီတပ်တွေက လုံခြုံရေးယူပေးပြီး ဆူးလေတစ်ဝိုက်က အဓိကလမ်းမကြီးတို့ကို ပိတ်ဆို့ထားကာ ပြည်သူတွေကိုလည်း ဖြတ်သန်းသွားလာခွင့်မပေးဘူးလို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။

အဲဒီထောက်ခံပွဲကို အင်အားရာဂဏန်းလောက်နဲ့ ပြုလုပ်နေတာဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်အမတ်ဟောင်း ဘူးလက်လှဆွေ ဦးဆောင်နေတာလို့လည်း သိရပါတယ်။

ဆန္ဒပြနေတဲ့ အမျိုးသားရေးအမည်ခံ လူအုပ်ကြီးဟာ
ပြီးခဲ့တဲ့ ရက်ပိုင်းက သေဒဏ်စီရင်ခံရသူတွေရဲ့ နေအိမ်ရှေ့တွေမှာလည်း အောါဟစ်ဆဲဆို ရမ်းကား ခဲနဲ့ပစ်ပေါက်တာတွေ လုပ်ဆောင်ခဲ့ကြပါသေးတယ်။


#ရန်ကုန် #ကြံ့ခိုင်ရေးပါတီ #သေဒဏ် #ထောက်ခံပွဲ

ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်တို့၏ နေအိမ်ရှေ့သို့ သွားရောက် ဆဲဆို ခဲဖြင့်ပေါက်ခဲ့မှုကို စစ်မှု ထမ်းဟောင်း၊ မဘသ၊ မျိုးစ...
29/07/2022

ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်တို့၏ နေအိမ်ရှေ့သို့ သွားရောက် ဆဲဆို ခဲဖြင့်ပေါက်ခဲ့မှုကို စစ်မှု ထမ်းဟောင်း၊ မဘသ၊ မျိုးစောင့်လူငယ်နှင့် ကြံ့ဖွတ်ပါတီက ဦးစီးလုပ်ဆောင်ခဲ့၊ ပါဝင်သူများ၏ နာမည်စာရင်းများနှင့် ငွေကြေးစိုက်ထုတ်သူ များကို ဖော်ထုတ်ခြင်း

ရန်ကုန်၊ ဇူလိုင် ၂၈

အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင် သတ်ဖြတ်လိုက်သော ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်တို့၏ နေအိမ်များရှေ့သို့ ဇူလိုင်လ ၂၇ ရက်နေ့က လူအုပ်စုဖြင့် ဆဲဆိုခြင်း၊ ခဲဖြင့်ပေါက်ခြင်းများကို လုပ်ဆောင်ရာတွင် စစ်မှု ထမ်းဟောင်းများ၊ မဘသ ၊ မျိုးစောင့်လူငယ်နှင့် ကြံ့ဖွတ်ပါတီတို့က ဦးဆောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သူများနှင့် သိရှိထားသော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရွှေပြည်သာကြံ့ဖွတ်ပါတီဝင် မင်းမင်း၊ မျိုးစောင့်လူငယ်အဖွဲ့မှ သူရဇော်၊ ဖော့ကန်စျေးတာဝန်ခံ စည်ပင်ဝန်ထမ်း ချစ်လွင် (စစ်မှု ထမ်းဟောင်း)၊ မင်္ဂလာဒုံ ကြံ့ခိုင်ရေးပါတီဝင် ဝင်းသန်း၊ လှိုင်သာယာအပြင်ပဒံအုပ်ချုပ်ရေးမှူး ထွန်းနိုင်ဦး(ကြံ့ဖွတ်နှင့်မဘသ)၊ လှိုင်သာယာကြံ့ဖွတ်အမာခံ မြင့်သူ( အပြင်ပဒံအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်၊ ရာအိမ်မှူး)၊ စစ်လော်ဘီ အောင်မင်း( Myanmar Hard Talk ) တို့ ပူးပေါင်း ပါဝင်ကြောင်း သိရှိရသည်။

"မျိုးစောင့်တွေရယ်၊ MNO ၊ မဘသ၊ အမျိုးသားရေး၊ စစ်မှုထမ်းဟောင်းတွေ ပဲ။ အရင် လူတွေပဲ။ တပ်မတော်ထောက်ခံပွဲ တက်တဲ့သူတွေချည်းပါပဲ။ ငွေကြေးကတော့ ပြည်ခိုင်ဖြိုးပါတီဘက်က စိုက်ထုတ်တယ်။ ကားငှားတာ၊ လူတွေအတွက် တစ်နေ့တာ စရိတ်ပေးတာက အစ အကုန်ပါတယ်" ဟု အမည်မဖော်လိုသော သတင်းရင်းမြစ်က ပြောသည်။

ရွှေပြည်သာ ကြံ့ဖွတ်ပါတီဝင် မင်းမင်းက အင်းစိန်ရှိ ကိုဂျင်မီ၏ နေအိမ်ရှေ့တွင် သွားရောက် ဆဲဆို အော်ဟစ်ခဲ့ကြောင်း လူမှုကွန်ရက်တွင် အတည်ပြု ရေးသားထားသည်။

ရွှေပြည်သာ ကြံ့ဖွတ်ပါတီဝင် မင်းမင်းသည် MNO တင့်လွင်၊ လွှတ်တော်အမတ်ဟောင်း ခင်ဝိုင်းကြည်၊ ဝင်းကိုကိုလတ် အပါအဝင် မဘသ၊ အမျိုးသားရေးနှင့် စစ်တပ်ထောက်ခံပွဲ ဦးဆောင်သူများနှင့် အလွန်ရင်းနှီးပြီး စစ်တပ်ထောက်ခံပွဲတိုင်းကျော် ပါဝင်သူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

စစ်မှုထမ်းဟောင်း၊ စည်ပင်ဝန်ထမ်း ဖော့ကန်စျေးတာဝန်ခံ ချစ်လွင်သည် ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်တို့၏ နေအိမ်များဆီသို့ သွားရောက် တိုက်ခိုက်ရာတွင် ပါဝင်ကြောင်း ရွှေပြည်သာ UG အဖွဲ့က ပြောသည်။

"ကိုဇေယျာသော် တို့အိမ် ခဲနဲ့ပေါက်သူတွေထဲမှာ ဦးချစ်လွင်ပါတယ်။ သူကဖော့ကန်စျေးတာဝန်ခံ စစ်မှုထမ်းဟောင်းပါ" ဟု မျက်မြင်များ သတင်းပေးပို့ချက်ကိုးကား၍ ရွှေပြည်သာ UG အဖွဲ့ SPTUG က ပြောသည်။

ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်တို့၏ နေအိမ်များကို သွားရောက်ဆဲဆို တိုက် ခိုက်သူများတွင် မျိုးစောင့်လူငယ်အဖွဲ့မှ သူရဇော် ပါဝင်သည်ဟု မဘသနှင့်အမျိုးသားရေး လှုပ်ရှားသူများအကြောင်း သေချာ သိရှိထားသူ ကိုဟိဏ်းဝေယံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်၏ စုံစမ်းလေ့လာချက်များအရ စစ်လော်ဘီ မီဒီယာသမား အမည်ခံများကလည်း ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်တို့၏ နေအိမ်များကို သွားရောက်တိုက်ခိုက်မှုများကို မှတ်တမ်းတင်ရန် နှင့် လူမှုကွန်ရက်မှ ဖြန့်ဝေရန်၊ တိုက်ခိုက်မှုတွင် ဦးဆောင်ပါဝင်ခြင်း၊ စီမံခြင်းများ လုပ်ဆောင်ကြသည်ဟု သိရှိရသည်။

Myanmar Hard Talk မှ စစ်လော်ဘီ အောင်မင်းသည် ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်တို့၏ နေအိမ်များကို ဆဲဆို တိုက်ခိုက်မှုတွင် ကြိုးကိုင်ပါဝင်ပြီး စစ်အာဏာမသိမ်းမီကာလများကလည်း ယင်းကဲ့သို့ ပါဝင်မှုများရှိခဲ့ကြောင်း မဘ သ သတင်းရပ်ကွက်က အတည်ပြုသည်။

ထို့ပြင် ဗိုလ်အောင်ကျော်လမ်းရှိ ကိုဖြိုးဇေယျာသော်၏ နေအိမ်ကို တိုက်ခိုက်ကြသူများတွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ငချောကွင်းကျေးရွာမှ လိုက်ထရပ်ကား ၂ စီး ပါဝင်ပြီး ငချောကွင်းကျေးရွာမှ ညောင်ကုန်း မိသူ(ခ) အေးသူဇာမြင့် ၊ ခိုင်ဇော်၊ ဇော်ဦးနှင့်ကုလားကြီးတို့က ဦးဆောင်ကြောင်း ၎င်းတို့က ပတ်ဝန်း ကျင်ရွာများမှ လူများ စုဆောင်းခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

"ဇော်ဦးက ကိုဖြိုးဇေယျာသော်တို့တိုက်ကို လေးခွနဲ့တောင် ပစ်နေတာ မြင်ရတယ်။ ဒီလူတွေ အတော်ကို တရားမရှိသူတွေပဲ။ မတရားအသတ်ခံရတဲ့သူအိမ်ကို နာရေးအိမ်ကို လုပ်ရက်လေခြင်းပဲ။ ရွာနာပါတယ် သူတို့တွေကြောင့်" ဟု ငချောကွင်းကျေးရွာသားတစ်ဦးက ပြောသည်။

ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်နေအိမ်များကို တိုက်ခိုက်ရန် ငွေကြေး ထောက် ပံ့သူများတွင် တောင်ဒဂုံမြို့နယ်မှ တင်လင်းထိုက်နှင့်ပွင့်ဝါစိုးက သယ်ယူပို့ ဆောင်ရေး ကားတစ်စီး ထောက်ပံ့ပြီး ငွေကြေးထောက်ပံ့ကြောင်း၊ ငွေကြေးစိုက်ထုတ်သူမှာ နှစ်လုံးထီဒိုင် သန်းဦးနှင့်ဇင်မာတို့ လည်းပါဝင်ကြောင်း၊ စိုးကြီး (တောင်ဒဂုံမဘသ၊ ဝံသာနု) လည်း တိုက်ခိုက်မှုတွင် ပါဝင်သည်ကိုတွေ့ရကြောင်း ကိုဟိဏ်းဝေယံက ဆိုသည်။

ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်တို့၏ နေအိမ်ကို ဆဲဆို တိုက်ခိုက်သူများစာရင်း
===========================================

၁-သူရဇော်( ရွှေပြည်သာမျိုးစောင့်လူငယ်အဖွဲ့ )
၂-ချစ်လွင် (စစ်မှုထမ်းဟောင်း၊ ဖော့ကန်စျေးတာဝန်ခံ၊ စည်ပင်ဝန်ထမ်း)
၃-ထွန်းနိုင်ဦး( အပြင်ပဒံအုပ်ချုပ်ရေးမှူး၊ လှိုင်သာယာကြံဖွတ်ပါတီဝင်)
၄-မြင့်သူ(အပြင်ပဒံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ လှိုင်သာယာကြံ့ဖွတ်ပါတီဝင်)
၅-အောင်မင်း(စစ်လော်ဘီ၊ Myanmar Hard Talk)
၆-မင်းမင်း( ရွှေပြည်သာကြံ့ဖွတ်ပါတီဝင်၊ မဘသ၊ အမျိုးသားရေး)
၇-ညောင်ကုန်းမိသူ (ခ) အေးသူဇာမြင့် ( လှည်းကူးမဘသ၊ ကြံ့ဖွတ်၊ အမျိုးသားရေး၊ ၅၀၀၀ စား)
၈-ခိုင်ဇော်( လှည်းကူးမဘသ၊ ကြံ့ဖွတ်၊ အမျိုးသားရေး၊ ၅၀၀၀ စား)
၉-ကုလားကြီး (လှည်းကူးမဘသ၊ ကြံ့ဖွတ်၊ အမျိုးသားရေး၊ ၅၀၀၀ စား)
၁၀-ဇော်ဦး(လှည်းကူးမဘသ၊ ကြံ့ဖွတ်၊ အမျိုးသားရေး၊ ၅၀၀၀ စား)
၁၁- ဝင်းသန်း (မင်္ဂလာဒုံ ကြံ့ဖွတ်ပါတီဝင်)
၁၂-တင်လင်းထိုက်နှင့်ပွင့်ဝါစိုး(တောင်ဒဂုံ မဘသ-ငွေကြေးနှင့်ကားထောက်ပံ့သူ)
၁၃- သန်းဦးနှင့်ဇင်မာ( နှစ်လုံးထီဒိုင်၊ မဘသ၊ အမျိုးသားရေး- ငွေကြေးထောက်ပံ့သူ)
၁၄-စိုးကြီး ( တောင်ဒဂုံမဘသ၊ ဝံသာနု)

ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်တို့၏ နေအိမ်များကို တိုက်ခိုက်ရန် ကြံ့ဖွတ်ပါတီနှင့် စစ်တပ်က ငွေကြေးအားလုံး စိုက်ထုတ်ပေးကြောင်း သိရှိရသည်။

ယနေ့ ရန်ကုန်မြို့လယ်ခေါင်တွင် ကျင်းပသော သေဒဏ်စီရင်မှု ထောက်ခံပွဲသို့လည်း အထက်ဖော်ပြပါ လူများအားလုံး တက်ရောက်ကြကြောင်း သိရှိရသည်။

Address

Sumparabum Street
Myitkyina
01013

Alerts

Be the first to know and let us send you an email when SOK media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share