K2 Rank

K2 Rank Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from K2 Rank, Gaming Video Creator, .

10/10/2022

😂😂🤭😘

❤️❤️❤️❤️😔
24/12/2021

❤️❤️❤️❤️😔

24/12/2021

မင်းလဲခိုးသွားခဲ့တာဘဲလေ🙄🤭

06/11/2021
01/10/2021

(1)စိတ်ညစ်ပြီး
ဘာမှမလုပ်ချင်တော့တဲ့အခါ
ကောင်းကင်ကို​မော့ကြည့်​ပြီး
ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး
ကိုယ့်ကိုယ်​ကို ပြန်ထိန်းချုပ်​ပါ။

(2)အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ
အားမ​လျှော့လိုက်​ပါနဲ့ အခက်​အခဲတိုင်းဟာ
သင့်​ကို ကြံခိုင်​သန်​မာ​စေပါတယ်​။

(3)ကိုယ့်အားကိုယ်ကိုးပြီး
အရောက်လှမ်းသွားမယ့်
ပန်းတိုင်​​လေးတစ်​ခု
အိပ်မက်လမ်းလေးတစ်ခု ဖန်​တီးရယူပါ။

(4)တခါတလေ ငိုစရာရှိရင်
လူမရှိတဲ့ တ​နေရာသွားပြီး
အော်​ငိုပစ်​လိုက်​ပါ
ငိုသင့်ရင်လည်း ငိုလိုက်ပါ
မငိုတာကြာရင်
မငိုတတ်တဲ့သူ ဖြစ်သွားနိုင်တယ်။

(5)တခါတ​လေ ဝမ်းနည်း​နေရင်​လည်း
အားရပါးရ ငိုချပစ်လိုက်ပါ
ပြီးရင် တည်ငြိမ်လာပါလိမ့်မယ်။

(6)အဆင်​မ​ပြေရင်​လည်း
အဆင်ပြေသလိုနေပါ..
တချို့ကျ​တော့ ကြိုးစား​ပေးမယ်
အဆင်မပြေပြန်​ဘူး...
မကြိုးစားပဲ ထိုင်နေရင်
ပိုအဆင်မပြေဖြစ်သွားကြတယ်​။

(7)ထပ်​ပြီး ကြိုးစားပါ
လူဆိုတာ ကြိုးစားချင်စိတ်ရှိရင်
ဘယ်လောက်ပဲအသက်တွေရရ
ဖြစ်​လာနိုင်​ပါတယ်​။

(8)ဆုံးရှုံးမူတွေရှိရင်လည်း စိတ်ကိုဖြေပြီး
နောက်တစ်​ကြိမ် မမှားအောင်သတိထားပါ။

(9)ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ
ဘယ်တော့မှမရှိနိုင်သလို
လမ်းထက်ဝက်တင် လက်လျော့လိုက်တဲ့
အောင်မြင်ခြင်းဆိုတာလည်း မရှိနိုင်​ပါဘူး။

(10)​လောကမှာ နားမလည်တဲ့
အရာ​တွေ ရှိနိုင်ပါတယ်
အရေးကြီးတာက နားမလည်တာကို
နားလည်အောင် ကြိုးစားဖို့ပါ။

(11)အကောင်းစားရေမွှေးနံ့​တွေ မလိုဘူး ...
ကိုယ်​ကျင့်​တရား​ကောင်း​အောင်​​နေပါ
ကိုယ်ကျင့်တရားကောင်းရင်
စိတ်ထားကောင်းရင် …
ကိုယ်သင်းနံ့မွှေးနေမှာပါ။

(12)ဘယ်​သူကိုမှာလည်း မလိမ်ညာပါနဲ့...
အမှန်တရားဆိုတာ တစ်နေ့​နေ့
တစ်​ချိန်​ချိန်​ ​ပေါ်​ပေါက်​လာရစမြဲပါ။

(13)အမှား ရှိခဲ့တိုင်းလည်း
အပြစ် မဟုတ်ပါဘူး...
တစ်ချို့အမှားတွေက သန့်ရှင်းပါတယ်
လူသားတိုင်း အမှားနဲ့ မကင်းနိုင်​သလို
အမှားရှိမှာ အမှန်​ဆိုတာ ဖြစ်​လာခဲ့ရတာပါ။

အဓိက အမှား​တွေကို သင်​ခန်းစာအဖြစ်
ရယူပြီး ​နောက်​ထပ်​တစ်​ခါ ထပ်​မမှားဖို့
အမှားထဲမှာ တဝဲဝဲလည်းမ​နေတတ်​ဖို့ပဲလိုတယ်​။

(14)လူလူချင်းစာနာတက်သူ..
စိတ်ရှည်သူ ပညာဥာဏ်ကြီးမားသူ..
နားလည်းခွင့်လွတ်ပေးနိုင်သူ
တစ်ဦးဖြစ်​​အောင်​ ကြိုးစားပါ။

(15)ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ
အခြားမဟုတ်​ဘူး အသက်ရှင်သန်​​နေတာပါ
အားလုံးမှာ တန်းဖိုးအရှိဆုံးအရာကို
ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့....။

(16)ချစ်ခင်​သူ​တွေ ၀ိုင်းဝိုင်းလည်​နေဖို့ မလိုပါဘူး ...
ပင်ပန်းအားငယ်လာတိုင်း မှီခိုအနားယူနိုင်မယ်
ရင်ခွင်လေးတစ်စုံရှိနေဖို့​တော့ လိုတယ်။

(17)"ချစ်တယ်" ဆိုတဲ့စကားလုံးကို
ဘယ်အချိန်​ပဲ ပြောပြော
တကယ့်စိတ်ရင်းနဲ့ပြောပါ။

(18)"ဆောရီး"ဆိုတဲ့စကားလုံးကို
ဘယ်အချိန်ပဲ ပြောပြော
တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။

(19)ချမ်းသာတဲ့သူငယ်ချင်း
အပေါင်းအသင်း ရှိဖို့မလို့ဘူး ...
နေပူမိုးရွာ လက်ချင်းတွဲလို့
ကြုံလာသမျှရင်ဆိုင်ဖြေရှင်းမယ်
သူငယ်​ချင်း​ကောင်းတစ်ယောက်​ ရှိဖို့လိုတယ်​။

(20)သူငယ်​ချင်း​ကောင်း
မိတ်​​ဆွေ​ကောင်းလိုချင်​ရင်​...
သူကောင်းကောင်း မကောင်းကောင်း
ကိုယ်ကောင်း ဖို့ကတော့ အဓီကပဲ
သူတစ်ပါး အပေါ်ကို ကောင်းမှသာ
သူ့တစ်ပါးက ကိုယ်​အပေါ်ကို
ပြန်​ကောင်းပါလိမ့်မယ်။

(21)ဘယ်နေရာ ဘယ်ဒေသကိုပဲ
ရောက်ရောက် သူများအပေါ်ကိုလည်း
ကောင်းလိုက်ပါ တစ်​ခါတ​ရံ မကောင်းတဲ့
သူမျိုးတွေ ကြုံတွေ့ရနိုင်​ပါတယ်​ စိတ်​မပျက်​ပါနဲ့ ..။

ကိုယ့်​ရဲ့​ကောင်းခြင်း​တွေနဲ့ မထိုက်​တန်​ရင်​..
မိတ်ဆွေကောင်းတွေပဲ သင့်အနားမှာ ရှိနေမှာဖြစ်ပြီး
မိတ်ဆွေကောင်း မဟုတ်သူတွေကတော့
သင့်အနားကနေ အလိုလို ဖယ်ခွာသွားပါလိမ့်မယ်။

(22)အားနည်းချက်​ရှိလို့လည်း
စိတ်​ညစ်​ပြီး စိတ်​အားမငယ်​ပါနဲ့...
လူတိုင်းမှာ အားနည်းချက်ကိုယ်​စီ ရှိကြသလို
ပြီးပြည့်​စုံတဲ့လူရယ်​လို့ ​လောကမှာ မရှိပါဘူး...

ဒါ​ကြောင့်​ အားငယ်ပြီး စိတ်မပျက်​ပါနဲ့...
မွေးရာပါစိတ်ထားလေးလှဖို့က အဓီကပါ။
စိတ်​ထားလှရင်​ ဘဝက လှပပါတယ်​​......။။

crd

Address


Website

Alerts

Be the first to know and let us send you an email when K2 Rank posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share