Thoon

Thoon Popping Feeling

13/06/2022

ကိုယ့်အတွက်လို့ ထင်ထားတဲ့အရာတွေ
အခြားသူအတွက် ရည်စူးနေသောအခါ
ဆို့နင့်ရှိုက်ခါ ရင်တွေနာ…

# Poe💔

26/05/2022

🌵🌵🌵 …
အိမ်မက်တွေက ဖြစ်လာမယ့်အစား ပိုဝေးကွာလာတော့လည်း
ဖြစ်နေတဲ့ဘဝကြီးကို မုန်းတီးလာတယ်
တာဝန်သိတတ်လွန်းနေတဲ့ ကိုယ််စိတ်ကိုလည်း မုန်းလာတယ်
အချိန်တိုင်း နာကျင်ရတယ်
မွန်းကြပ်တဲ့ ဒီဘဝကို လွတ်ချလိုက်ချင်မိတယ်
ပြန်လှည့်မကြည့်ဘဲ အဝေးဆုံးကို လွတ်လပ်စွာ ပြေးထွက်ချင်မိတယ်
23.5.22Poe

22/08/2021

လွယ်လွယ်နဲ့ အလျော့မပေးတတ်တဲ့ လူတစ်ယောက်
အချစ်စစ်နဲ့ချစ်သွားတဲ့ခါ အလွယ်တကူ
အလျော့ပေး သည်းခံတတ်လာတယ် … …😚😚

အရာရာကို ငြီးငွေ့လွယ်တဲ့လူတစ်ယောက်
အချစ်စစ်နဲ့ချစ်မိသွားတဲ့ခါ
ရိုးမသွားတဲ့ရင်ခုန်သံတွေနဲ့ အမြဲလတ်ဆတ်နေတတ်တယ်…

အနေအေးပြီးစကားနည်းတဲ့ လူတစ်ယောက်
ချစ်သူနဲ့တွေ့တဲ့အခါတိုင်း
ပြောစရာစကားတွေ မကုန်နိုင်အောင်ရှိနေတတ်တယ် … …
🙂

22/08/2021

💯မွန်းကြပ်ခြင်းတွေ ပိတ်လှောင်နေတဲ့ ကိုယ့်ဘဝကိုယ် အခါခါ စိတ်ကုန်မိတယ်…😔

💯ရုန်းမထွက်နိုင်တဲ့ ကိုယ့်ကိုယ်ကိုလည်း
အခါခါ နာကျည်းမိတယ်…😔

🌺

⚠ Self Motivation 🔚~~~သင့်အပေါ် တစ်ချိန်လုံး မကောင်းလာခဲ့တဲ့လူဟာ သင့်အပေါ် ဘယ်တော့မှ ကောင်းလာမှာမဟုတ်ပါဘူး။သင့်အပေါ် တစ်...
21/09/2020

⚠ Self Motivation 🔚~~~

သင့်အပေါ် တစ်ချိန်လုံး မကောင်းလာခဲ့တဲ့လူဟာ သင့်အပေါ် ဘယ်တော့မှ ကောင်းလာမှာမဟုတ်ပါဘူး။

သင့်အပေါ် တစ်ချိန်လုံး ကြင်နာခြင်းမရှိခဲ့တဲ့လူဟာ ဘယ်တော့မှ ကြင်နာတတ်လာမှာ မဟုတ်ပါဘူး။

အချိန်များစွာ​ကြာခဲ့တာတောင် သင့်အပေါ်မချစ်မနှစ်သက်တဲ့ လူတစ်ယောက်ဟာ ဘယ်တော့ခါမှ သင့်ကို ချစ်လာမှာမဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ သူ့ဘဝမှာ သင့်ကို မလိုအပ်တဲ့အရာတစ်ခုလို မြင်နေလို့ပါ ။မလိုအပ်မှတော့ သင့်ရဲ့ တန်ဖိုးတွေမမြင်ဘူး ကောင်းကွက်တွေမမြင်ဘူး သင့်ရဲ့ ပေးဆပ်မှု အကြီးကြီးတွေတောင် တစ်ခါတစ်ရံ ရယ်မောစရာ ဟာသလေးတစ်ခုလို့ပဲ ထင်တတ်ကြတယ်။ ပေါ့ပေါ့ပါးပါးကျော်ဖြတ်သွားကြတယ်။

သင့်တန်ဖိုး သင့်ရဲ့ ဖြစ်တည်မှုကို ဂရုမစိုက်တဲ့လူ နားမလည်တဲ့လူ သင့်ကိုမလိုအပ်တဲ့လူရဲ့ လက်ထဲမှာသင့်ရဲ့ကိုယ်ပိုင်အချိန်တွေ လွတ်လပ်ခွင့်တွေ ပျော်ရွှင်မှုတွေကို မဖြုန်းတီးလိုက်ပါနဲ့။

အရင် သူမရှိခင်အချိန်တုန်းကလည်း သင့်ရဲ့လွတ်လပ်မှုတွေ ပျော်ရွှင်မှုတွေ ရှိခဲ့တယ်ဆိုတာ သတိရပါ။ သူမရှိတော့ရင်လည်း ပျော်ရွှင်မှုတွေက ပြန်ရလာနိုင်တာပဲ ။သင့်ကို မလိုအပ်တဲ့ လူတစ်ယောက်အတွက်နဲ့ ပူပင်သောကဖို့ လုံးဝမတန်ပါဘူး။

သူ့ကြောင့်ပူဆွေးနေလည်း သူမှသိမနေတာ သူမှလှည့်မကြည့်တာ သူမှမညှာတာတာ။ သူ့ကြောင့် ကိုယ့်အချိန်တွေ အဆုံးရှုံးခံပြီး ဘာကြောင့် ပူဆွေးနေမှာလဲ။

လူတစ်ယောက်ရဲ့ ချစ်ခြင်းတွေ မခံစားတတ်တဲ့ လူဆိုတာ ရင်ဘတ်မရှိတဲ့လူချင်းပဲ အဆင်ပြေပြီး အချိန်တန်ကြွေကျတဲ့ သစ်ရွက်လေးလိုပဲ ခဏနဲ့ ပျောက်ကွယ်သွားကြပါလိမ့်မယ် ။ခိုင်မြဲတတ်တဲ့ မေတ္တာသဘောကို မသိနားမလည်တဲ့ လူတုံးတစ်ယောက်ကို ဟားတိုက်ရယ်ပြလိုက်ပါ။

သူ့ကို ဥပေက္ခာပြုလိုက်ပါ ။​ပြတ်ပြတ်သားသား စွန့်လွတ်လိုက်ပါ။ ကိုယ့်အချိန်တွေကို ကိုယ့်အတွက် အသုံးချကြိုးစားရုန်းကန်ရင်း ကိုယ့်ကို ချစ်မြတ်နိုးသူတွေနဲ့ ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းလိုက်စမ်းပါ။

#တစ်ချိန်က_စိတ်ပျက်စရာအချိန်တွေ_ပိုင်ဆိုင်ခဲ့ဖူးသော_မိမိ_Țĥõõñ😎😎 🔚🔚

03/07/2020

နာကျည်းမှုတွေ မေ့ဖျောက်မရနိုင်မှတော့
သူ့ရဲ့ အဝေးဆုံးမှာပဲ
အချစ်သစ်နဲ့ ပျော်ရွှင်ပါရစေ…

😓

10/03/2020

နင့်ကိုလွမ်းတဲ့စိတ်တွေ ကြိတ်မှိတ်မျိုချ
အစိုးမရတဲ့ငါ့ခန္ဓာ ပြိုလဲကျ
ဘဝတစ်ခုကိုဖျက်ခဲ့တဲ့ နင်ဟာ နတ်ဆိုးလား??

🃏🃏

10/03/2020

ကိုယ်က အချစ်တွေ ဂရုစိုက်မှုတွေ ဘယ်လောက်ပဲ စိတ်ရင်းနဲ့ပေးနေသော်လည်း…

သူ့ဘက်က ဂရုမစိုက်တတ်ဘူး အပိုတွေလုပ်ပြနေတာပါကွာ အေးအေးကြီးပဲနေတတ်တယ် ပြောလာရင်…

ချက်ချင်းကို လမ်းခွဲဖို့ ပြင်ဆင်သင့်ပါပြီ…
မချစ်လို့ ဂရုမစိုက်တတ်တာ သူ့စိတ်ထဲ ကိုယ်မရှိလို့ အလေးအနက်မထားတာပါ…

အချိန်သာနှောင်းခဲ့ရင်တော့ တစ်ချိန်လုံး ပျော်ရွှင်စရာမရှိ ဂရုစိုက်မှုမခံရ ဇာတ်ဆွေးကြီးဖြစ်ပြီး ကိုယ်ကသာ နာကျင်မြဲ နာကျင်နေရပါလိမ့်မယ်…

ကိုယ့်ကိုမချစ်တဲ့လူကို လက်လွှတ်တတ်ဖို့ စိတ်ကိုပြင်ဆင်သင့်ပါတယ်. ဘဝကို အရှည်ကြည့်ဖို့ လိုပါတယ်.မသေခင် ဘဝတိုတိုလေးမှာ ပျော်အောင်နေပါ ကိုယ့်ကိုယ်ကို မညှည်းဆဲပါနဲ့. …

ကိုယ့်ကို ချစ်တဲ့လူနဲ့ပဲနေပါ. ငြိမ်းချမ်းမှုအစစ်ကိုရှာပါ. တရားဓမ္မကို လက်ကိုင်ထားပါ. ကိုယ့်ခန္ဓာကို ဂရုစိုက်ပါ…

💚💚

10/03/2020

ခွင့်လွတ်မှုတွေ တောင်းဆိုဖို့ ငါမျှော်လင့်လည်း
နင်မသိတော့ အခါခါကြေကွဲ
နားလည်စမ်းပါ နင်မအူပါနဲ့…

🌠

10/03/2020

စွန့်လွတ်ဖို့ ဆုံးဖြတ်ထားတာတောင်
မသိစိတ်က သတိရ​နေတုန်းပဲ
သဝန်တိုမိတုန်းပဲ…

💔

05/02/2020

စိတ်ကူးရဲ့ ကန့်သတ်ချက်တွေရိုက်ချိုးမိချင်ရဲ့
အဖြေရှာမရတဲ့ စွဲလန်းမှုတွေ အခါခါရိုက်နှက်
မဖြစ်နိုင်ပါဘူး စိတ်ကူး​​​လေးနဲ့သာရူး
ဒါတွေသူမသိဘူး …😒

11/01/2020

နာကျင်ဖူးမှ နာကျင်မှုအရသာကို
ကောင်းကောင်းနားလည်လိမ့်မယ်
ထို့ကြောင့် နာကျင်ဖူးသူကိုသာ ပိုလိုချင်နေမိတော့တယ်…

Address

Myitkyina

Website

Alerts

Be the first to know and let us send you an email when Thoon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category