09/06/2020
ဘက္ထရီေလွ်ာ့တိုက္ငါးဖမ္းသူမ်ားအား ဖမ္းဆီးအေရးယူ
ကခ်င္ျပည္နယ္၊ဗန္းေမာ္ၿမိဳ႕နယ္တြင္ ဘက္ထရီေလွ်ာ့တိုက္ က်င္စက္ျဖင့္ တရားမဝင္ငါးဖမ္းသူမ်ားအား ျပည္နယ္ေရခ်ိဳငါးလုပ္ငန္းဥပေဒအရ ဖမ္းဆီးအေရးယူခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ဗန္းေမာ္ၿမိဳ႕နယ္ငါးလုပ္ငန္းဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးဌာနမႉး ဦးတင္ဦးႏွင့္အဖြဲ႕သည္ တရားမဝင္ငါးဖမ္းကိရိယာ(ဘက္ထရီေလွ်ာ့တိုက္)က်င္စက္ျဖင့္ ငါးဖမ္းဆီးေနေၾကာင္း သတင္းအရ အင္းသူႀကီးမ်ားႏွင့္အတူ ဇြန္ ၆ ရက္ ေန႕လည္ ၁ နာရီခြဲက ၿမိဳ႕ျမစ္ရိုးအင္း၊ ေအာက္ျမစ္ရိုးအင္း၊လင္းပိုင္ေသအင္းႏွင့္ စင္းခန္းေခ်ာင္းအင္းမ်ားအတြင္း ကြင္းဆင္းစစ္ေဆးစဥ္ ဗန္းေမာ္ၿမိဳ႕နယ္၊ေညာင္ပင္သာေက်း႐ြာအနီး၊ ၿမိဳ႕ျမစ္ရိုးအင္းနယ္တြင္ က်င္စက္ျဖင့္ ငါးဖမ္းဆီးေနသည့္ နိုင္ဝင္း(၃၀)ႏွစ္(ေညာင္ပင္သာေက်း႐ြာ)ႏွင့္ သန္းတိုးလြင္(၁၉)ႏွစ္(ေညာင္ပင္သာေက်း႐ြာ)တို႔အား ေတြ႕ရွိရသျဖင့္ ဗန္းေမာ္ၿမိဳ႕မရဲစခန္းက (ပ)၁၂၆/၂၀၂၀ ျပည္နယ္ေရခ်ိဳငါးလုပ္ငန္းဥပေဒပုဒ္မ-၅၀ ျဖင့္ ဖမ္းဆီးအေရးယူခဲ့သည္။
အလားတူ က်င္စက္ျဖင့္ ငါးဖမ္းဆီးေနသည့္ ဥာဏ္ထြန္း(၄၈)ႏွစ္(ေညာင္ပင္သာေက်း႐ြာ)ႏွင့္ ဟန္သိန္း(၅၀)ႏွစ္(ေညာင္ပင္သာေက်း႐ြာ)ေနသူတို႔အား ထပ္မံေတြ႕ရွိရသျဖင့္ ဗန္းေမာ္ၿမိဳ႕မရဲစခန္းက(ပ)၁၂၇/၂၀၂၀ ျပည္နယ္ေရခ်ိဳငါးလုပ္ငန္းဥပေဒပုဒ္မ-၅၀ ျဖင့္ ဖမ္းဆီးအေရးယူခဲ့ေၾကာင္း သိရသည္။
Unicode
ဘက်ထရီလျှော့တိုက်ငါးဖမ်းသူများအား ဖမ်းဆီးအရေးယူ
------------
ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်တွင် ဘက်ထရီလျှော့တိုက် ကျင်စက်ဖြင့် တရားမဝင်ငါးဖမ်းသူများအား ပြည်နယ်ရေချိုငါးလုပ်ငန်းဥပဒေအရ ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဗန်းမော်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးတင်ဦးနှင့်အဖွဲ့သည် တရားမဝင်ငါးဖမ်းကိရိယာ(ဘက်ထရီလျှော့တိုက်)ကျင်စက်ဖြင့် ငါးဖမ်းဆီးနေကြောင်း သတင်းအရ အင်းသူကြီးများနှင့်အတူ ဇွန် ၆ ရက် နေ့လည် ၁ နာရီခွဲက မြို့မြစ်ရိုးအင်း၊ အောက်မြစ်ရိုးအင်း၊လင်းပိုင်သေအင်းနှင့် စင်းခန်းချောင်းအင်းများအတွင်း ကွင်းဆင်းစစ်ဆေးစဉ် ဗန်းမော်မြို့နယ်၊ညောင်ပင်သာကျေးရွာအနီး၊ မြို့မြစ်ရိုးအင်းနယ်တွင် ကျင်စက်ဖြင့် ငါးဖမ်းဆီးနေသည့် နိုင်ဝင်း(၃၀)နှစ်(ညောင်ပင်သာကျေးရွာ)နှင့် သန်းတိုးလွင်(၁၉)နှစ်(ညောင်ပင်သာကျေးရွာ)တို့အား တွေ့ရှိရသဖြင့် ဗန်းမော်မြို့မရဲစခန်းက (ပ)၁၂၆/၂၀၂၀ ပြည်နယ်ရေချိုငါးလုပ်ငန်းဥပဒေပုဒ်မ-၅၀ ဖြင့် ဖမ်းဆီးအရေးယူခဲ့သည်။
အလားတူ ကျင်စက်ဖြင့် ငါးဖမ်းဆီးနေသည့် ဉာဏ်ထွန်း(၄၈)နှစ်(ညောင်ပင်သာကျေးရွာ)နှင့် ဟန်သိန်း(၅၀)နှစ်(ညောင်ပင်သာကျေးရွာ)နေသူတို့အား ထပ်မံတွေ့ရှိရသဖြင့် ဗန်းမော်မြို့မရဲစခန်းက(ပ)၁၂၇/၂၀၂၀ ပြည်နယ်ရေချိုငါးလုပ်ငန်းဥပဒေပုဒ်မ-၅၀ ဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။