First Online Media

First Online  Media First Online Media for all peoples

မြစ်ကြီးနားမြို့ရဲ့ အိမ်ခြံမြေ ရောင်းဖို့ ဝယ်ဖို့ဆို၁၀၀% စိတ်ချယုံကြည်ရတဲ့ပထမ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကို သတိရလိုက်...
14/10/2023

မြစ်ကြီးနားမြို့ရဲ့

အိမ်ခြံမြေ ရောင်းဖို့ ဝယ်ဖို့ဆို

၁၀၀% စိတ်ချယုံကြည်ရတဲ့

ပထမ

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကို သတိရလိုက်ပါနော်။

အရောင်းအပ်နှံရင်

အရောင်းသွပ်ပြီးတော့

ဝယ်ယူသူတွေ အတွက်လဲ

အရှူတ်အရှင်း၁၀၀%

အာမခံတဲ့ မြစ်ကြီးနားမြို့ရဲ့

ပထမ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း

First Real Estate Broker

09403288889
09698871333
09693418111
09400011439

အင်းစိန်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန ဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိ ရွှေအင်းစိန်မြက်ခင်းတု ဖူဆယ်ဘောလုံးကွင်းအတွင်...
11/08/2023

အင်းစိန်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန ဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိ ရွှေအင်းစိန်မြက်ခင်းတု ဖူဆယ်ဘောလုံးကွင်းအတွင်း ပေါက် ကွဲမှုဖြစ်ပွား ၂ ကြိမ်ဖြစ်ပွား
******************************
ဩဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ မင်းကွန်းကျောင်းလမ်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိ........

အပြည့်အစုံဖတ်ရှုရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage >>...

https://shorturl.at/tDEHP

အမှိုက်ကန်တွင် တရုတ်စာတန်းပါ စီးကရက်ဗူးကို တွေ့ရှိပြီး ဗူးအတွင်းရှိ စီးကရက်များကို သောက်သုံးမိရာမှ စည်ပင်ဝန်ထမ်း ၄ ဦး သ...
11/08/2023

အမှိုက်ကန်တွင် တရုတ်စာတန်းပါ စီးကရက်ဗူးကို တွေ့ရှိပြီး ဗူးအတွင်းရှိ စီးကရက်များကို သောက်သုံးမိရာမှ စည်ပင်ဝန်ထမ်း ၄ ဦး သတိ လစ်မေ့မျောသွား
**********************************
ဩဂုတ် ၁၀

ယနေ့ နံနက် ၁ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ​မြို့နယ်(တောင်ပိုင်း)၊၂၄ ရပ်ကွက် နံသာမြိုင်လမ်းနှင့် နဝရတ်(၁)လမ်း ထောင့်ရှိ စည်ပင်အမှိုက်ကန်တွင် မြို့တော်စည်ပင်သာယာ ရေးကော်မတီယာဉ် (ဒဂုံတောင်)မှ အမှိုက်လာသိမ်းသည့် YGN34 7/P 1939 အမှိုက်ကားပေါ်တွင် လိုက်ပါလာသူ စည်ပင်ဝန်ထမ်းများဖြစ်သည့် ကျော်ဇင်သော် အာကာကြီးနှင့် အမည်မသိအမျိုးသား ၂ ဦး စုစုပေါင်း ၄ဦး (လိပ်စာ စုံစမ်းဆဲ )တို့သည် အမှိုက်ကန်တွင် တရုတ်စာတန်းပါ စီးကရက်ဗူးအတွင်းရှိ စီးကရက်များကို သောက်သုံးပြီး မူးမေ့သတိလစ်မေ့မျောသွားကြကြောင်း သိရပါသည်။

ထိုသို့ မူးမေ့သတိလစ်မေ့မျောသွားကြသဖြင့်
ရပ်ကွက်အုပ်ချုပ်ရေးမှုးမှ ရှင်သန်ခွင့် လူနာတင်ယဉ်ဖြင့် မြောက်ဥက္ကာလာ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် အဆိုပါ စီးကရက်နှင့်ပတ်သက်၍ အသေစိတ်မသိရှိရသေးကြောင်း သတင်းရရှိပါသည်။

Webpage >>...

https://shorturl.at/fmMX9

ငါန်းဇွန်မြို့နယ်၊ လက်ပံသာကျေးရွာနေ၊ သာမန်ပြည်သူတစ်ဦးဖြစ်သူ ကိုဇာနည်မောင်ကို လူသတ်အကြမ်းဖက်သမား PDF အကြမ်းဖက်သမားများက ဖ...
11/08/2023

ငါန်းဇွန်မြို့နယ်၊ လက်ပံသာကျေးရွာနေ၊ သာမန်ပြည်သူတစ်ဦးဖြစ်သူ ကိုဇာနည်မောင်ကို လူသတ်အကြမ်းဖက်သမား PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားရာမှ ကယ်တင်နိုင်ခဲ့
******************************
ဩဂုတ် ၁၁

ယမန်နေ့ ည ၇ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ လက်ပံသာကျေးရွာနေ၊ သာမန်ပြည်သူတစ်ဦး........

အပြည့်အစုံဖတ်ရှုရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage >>...

https://shorturl.at/adwE0

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေ၊ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်*****************...
11/08/2023

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေ၊ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်
******************************
ဩဂုတ် ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်
ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်းလိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကို ဆုကြေးငွေများ
သီးသန့်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ယင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ သတင်းထုတ်ပြန်ဖိတ်ခေါ်လျက်ရှိသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနယ်မြေများအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိသည့် ဉပဒေဘောင်
အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်း သူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်၊ အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းစစ် ဌာနချုပ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြန်လည်အလင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေး နွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူး လွန်ခြင်းမရှိခဲ့သော မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ်နှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၁၀ ဦးတို့သည် ၎င်းတို့နှင့် အတူပါလာသည့် လက်လုပ်ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၉ မမ ကျည် ၅ တောင့်တို့အား အပ်နှံကြရာ တာဝန်ရှိသူများက
အသီးသီးလက်ခံရယူပြီး လက်နက်၊ ခဲယမ်းပါရှိမှုအတွက် ဆုကြေးငွေများ ပြန်လည်ပေးအပ် သည်။ ယင်းနောက် အလင်းဝင်ရောက်လာသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့ ၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ် ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများထိုက်ထိုက်တန် တန် ထောက်ပံ့ပေးအပ်လျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြို ဆိုလက်ခံပေး သွားမည်ဖြစ်ကြောင်းနှင့် လက် နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများအား ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

Webpage >>...

https://shorturl.at/bmqBQ

Address

2/292
Myitkyina

Telephone

+959698871333

Website

Alerts

Be the first to know and let us send you an email when First Online Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to First Online Media:

Share