First Online Media

First Online  Media First Online Media for all peoples

မြစ်ကြီးနားမြို့ရဲ့ အိမ်ခြံမြေ ရောင်းဖို့ ဝယ်ဖို့ဆို၁၀၀% စိတ်ချယုံကြည်ရတဲ့ပထမ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကို သတိရလိုက်...
14/10/2023

မြစ်ကြီးနားမြို့ရဲ့

အိမ်ခြံမြေ ရောင်းဖို့ ဝယ်ဖို့ဆို

၁၀၀% စိတ်ချယုံကြည်ရတဲ့

ပထမ

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကို သတိရလိုက်ပါနော်။

အရောင်းအပ်နှံရင်

အရောင်းသွပ်ပြီးတော့

ဝယ်ယူသူတွေ အတွက်လဲ

အရှူတ်အရှင်း၁၀၀%

အာမခံတဲ့ မြစ်ကြီးနားမြို့ရဲ့

ပထမ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း

First Real Estate Broker

09403288889
09698871333
09693418111
09400011439

အင်းစိန်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန ဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိ ရွှေအင်းစိန်မြက်ခင်းတု ဖူဆယ်ဘောလုံးကွင်းအတွင်...
11/08/2023

အင်းစိန်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန ဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိ ရွှေအင်းစိန်မြက်ခင်းတု ဖူဆယ်ဘောလုံးကွင်းအတွင်း ပေါက် ကွဲမှုဖြစ်ပွား ၂ ကြိမ်ဖြစ်ပွား
******************************
ဩဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ မင်းကွန်းကျောင်းလမ်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိ........

အပြည့်အစုံဖတ်ရှုရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage >>...

https://shorturl.at/tDEHP

အမှိုက်ကန်တွင် တရုတ်စာတန်းပါ စီးကရက်ဗူးကို တွေ့ရှိပြီး ဗူးအတွင်းရှိ စီးကရက်များကို သောက်သုံးမိရာမှ စည်ပင်ဝန်ထမ်း ၄ ဦး သ...
11/08/2023

အမှိုက်ကန်တွင် တရုတ်စာတန်းပါ စီးကရက်ဗူးကို တွေ့ရှိပြီး ဗူးအတွင်းရှိ စီးကရက်များကို သောက်သုံးမိရာမှ စည်ပင်ဝန်ထမ်း ၄ ဦး သတိ လစ်မေ့မျောသွား
**********************************
ဩဂုတ် ၁၀

ယနေ့ နံနက် ၁ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ​မြို့နယ်(တောင်ပိုင်း)၊၂၄ ရပ်ကွက် နံသာမြိုင်လမ်းနှင့် နဝရတ်(၁)လမ်း ထောင့်ရှိ စည်ပင်အမှိုက်ကန်တွင် မြို့တော်စည်ပင်သာယာ ရေးကော်မတီယာဉ် (ဒဂုံတောင်)မှ အမှိုက်လာသိမ်းသည့် YGN34 7/P 1939 အမှိုက်ကားပေါ်တွင် လိုက်ပါလာသူ စည်ပင်ဝန်ထမ်းများဖြစ်သည့် ကျော်ဇင်သော် အာကာကြီးနှင့် အမည်မသိအမျိုးသား ၂ ဦး စုစုပေါင်း ၄ဦး (လိပ်စာ စုံစမ်းဆဲ )တို့သည် အမှိုက်ကန်တွင် တရုတ်စာတန်းပါ စီးကရက်ဗူးအတွင်းရှိ စီးကရက်များကို သောက်သုံးပြီး မူးမေ့သတိလစ်မေ့မျောသွားကြကြောင်း သိရပါသည်။

ထိုသို့ မူးမေ့သတိလစ်မေ့မျောသွားကြသဖြင့်
ရပ်ကွက်အုပ်ချုပ်ရေးမှုးမှ ရှင်သန်ခွင့် လူနာတင်ယဉ်ဖြင့် မြောက်ဥက္ကာလာ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် အဆိုပါ စီးကရက်နှင့်ပတ်သက်၍ အသေစိတ်မသိရှိရသေးကြောင်း သတင်းရရှိပါသည်။

Webpage >>...

https://shorturl.at/fmMX9

ငါန်းဇွန်မြို့နယ်၊ လက်ပံသာကျေးရွာနေ၊ သာမန်ပြည်သူတစ်ဦးဖြစ်သူ ကိုဇာနည်မောင်ကို လူသတ်အကြမ်းဖက်သမား PDF အကြမ်းဖက်သမားများက ဖ...
11/08/2023

ငါန်းဇွန်မြို့နယ်၊ လက်ပံသာကျေးရွာနေ၊ သာမန်ပြည်သူတစ်ဦးဖြစ်သူ ကိုဇာနည်မောင်ကို လူသတ်အကြမ်းဖက်သမား PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားရာမှ ကယ်တင်နိုင်ခဲ့
******************************
ဩဂုတ် ၁၁

ယမန်နေ့ ည ၇ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ လက်ပံသာကျေးရွာနေ၊ သာမန်ပြည်သူတစ်ဦး........

အပြည့်အစုံဖတ်ရှုရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage >>...

https://shorturl.at/adwE0

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေ၊ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်*****************...
11/08/2023

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေ၊ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်
******************************
ဩဂုတ် ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်
ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်းလိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကို ဆုကြေးငွေများ
သီးသန့်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ယင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ သတင်းထုတ်ပြန်ဖိတ်ခေါ်လျက်ရှိသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနယ်မြေများအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိသည့် ဉပဒေဘောင်
အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်း သူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်၊ အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းစစ် ဌာနချုပ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြန်လည်အလင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေး နွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူး လွန်ခြင်းမရှိခဲ့သော မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ်နှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၁၀ ဦးတို့သည် ၎င်းတို့နှင့် အတူပါလာသည့် လက်လုပ်ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၉ မမ ကျည် ၅ တောင့်တို့အား အပ်နှံကြရာ တာဝန်ရှိသူများက
အသီးသီးလက်ခံရယူပြီး လက်နက်၊ ခဲယမ်းပါရှိမှုအတွက် ဆုကြေးငွေများ ပြန်လည်ပေးအပ် သည်။ ယင်းနောက် အလင်းဝင်ရောက်လာသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့ ၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ် ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများထိုက်ထိုက်တန် တန် ထောက်ပံ့ပေးအပ်လျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြို ဆိုလက်ခံပေး သွားမည်ဖြစ်ကြောင်းနှင့် လက် နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများအား ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

Webpage >>...

https://shorturl.at/bmqBQ

08/09/2022

Breaking News ❗️

အယ်လိဇဘက် ဘုရင်မကြီး (၂ )ကွယ်လွန်

NOM စက်တင်ဘာ ၈၊ ၂၀၂၂

ဗြိတိန်နိုင်ငံကို နှစ်ပေါင်း ၇၀ ကြာ အုပ်စိုးခဲ့သော အယ်လိဇဘက် (၂) ဘုရင်မကြီးသည် အသက် ၉၆ နှစ်အရွယ်စက်တင်ဘာလ ၈ ရက်ဂရင်းနစ်စံတော်ချိန် ညနေ ၅း၃၀ နာရီတွင် ကွယ်လွန်သွားပြီဟုသိရသည်။

သူမသည် ဗြိတိန်နိုင်ငံတွင် နန်းသက်အရှည်ဆုံးဘုရင်တစ်ပါးဖြစ်ပြီးအသက် ၂၅ နှစ်အရွယ် ၁၉၅၂ တွင်နန်းတက်ခဲ့သည်။

YGEA အမှုဆောင် အစည်းအဝေး ကျင်းပ+++++++++++++++++++++++++ရွှေဈေးနှုန်း တည်ငြိမ်စေရေးအတွက် YGEA အလုပ်အမှုဆောင် အစည်းအဝေးတစ...
29/08/2022

YGEA အမှုဆောင် အစည်းအဝေး ကျင်းပ
+++++++++++++++++++++++++

ရွှေဈေးနှုန်း တည်ငြိမ်စေရေးအတွက်
YGEA အလုပ်အမှုဆောင် အစည်းအဝေးတစ်ရပ်ကို အသင်းရုံး အစည်းအဝေးခန်းမတွင်
ယနေ့ မနက်ပိုင်းက ကျင်းပသည်

အဖွင့် အမှာစကားကို အသင်းနာယက ဦးစန်းလွင်က ပြောကြား​ပြီးနောက် လမ်းညွှန်အမှာစကားကို အသင်းဥက္ကဌ ဦးမျိုးမြင့်က ပြောကြားခဲ့သည်

အသင်းအထွေထွေ အတွင်းရေးမှူး ဦးဝင်းမြင့်က ရွှေဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များ အသင်းသားများနှင့် ဝိုင်းဝန်းဆွေးနွေးပြီးနောက် အစည်းအ​ဝေး ပြီး ဆုံးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပအိုဝ်းအမျိုး...
22/08/2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲချုပ်(PNLO) ဥက္ကဋ္ဌ ခွန်သူရိန်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာဆော်လမွန် နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း တို ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ

Aug  22၂၂၈၂၂၃၀ခြံအမှတ် (၅၄) အား ဒေါ်အောင်ဆန်းစုကြည်နှင့် အမွေဆိုင်ခွဲဝေမှုအပေါ် ဦးအောင်ဆန်းဦး၏ အထူးအယူခံလျှောက်ထားမှုကို...
22/08/2022

Aug 22

၂၂၈၂၂၃၀

ခြံအမှတ် (၅၄) အား ဒေါ်အောင်ဆန်းစုကြည်နှင့် အမွေဆိုင်ခွဲဝေမှုအပေါ် ဦးအောင်ဆန်းဦး၏ အထူးအယူခံလျှောက်ထားမှုကို ၎င်းတောင်းဆိုသည့်အတိုင်း ခွင့်ပြုကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ချ
@@@@@@@@@@@@@@@@

ခြံအမှတ် (၅၄) အား ဒေါ်အောင်ဆန်းစု ကြည်နှင့် အမွေဆိုင်ခွဲဝေမှုအပေါ် ဦးအောင် ဆန်းဦး၏ အထူးအယူခံလျှောက်ထားမှုကို သြဂုတ် ၂၂ ရက်တွင် ပြည်ထောင်စုတရားလွှတ် တော်တွင် စီရင်ချက်ချမှတ်ခဲ့ကြောင်းသိရ သည်။

ထိုသို့စီရင်ချက်ချမှတ်မှုအရ ခြံအမှတ် ၅၄ နှင့်ပတ်သက်၍ အမွေခွဲဝေမှုကို ဦးအောင် ဆန်းဦးတောင်းဆိုသည့်အတိုင်း ခွင့်ပြုကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့် ချမှတ်ခဲ့ကြောင်းနှင့် စီရင်ချက်အသေးစိတ် အားမသိရသေးကြောင့် ယခုအမှုနှင့် စပ် လျဉ်း ၍ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသူများနှင့် နီးစပ်သူများ ထံမှ သိရသည်။

အဆိုပါခြံအမှတ် (၅၄) အား အမွေခွဲဝေ ရန် လျှောက်ထားမှုအပေါ်၂၀၁၆ ခုနှစ်၌ ရန် ကုန်အနောက်ပိုင်းခရိုင်တရားရုံးက နှစ်ထပ် တိုက်နှင့် မြေတစ်ဝက်အား ဒေါ်အောင်ဆန်းစု ကြည်နှင့် တစ်ထပ်တိုက်နှင့် ခြံတစ်ဝက်အား ဦးအောင်ဆန်းဦးဟူ၍ ခွဲဝေရန် အမိန့်ချမှတ် ထားသည်။

သို့ရာတွင် ဦးအောင်ဆန်းဦးက တရား ရုံး၏ဆုံးဖြတ်ချက်အတိုင်းမဟုတ်ဘဲ ခြံဝင်း တစ်ခုလုံးအားလေလံပစ်ပြီး ရရှိသည့်တန်ဖိုး ကို တစ်ယောက်တစ်ဝက်ခွဲဝေယူရန် အယူခံ တက်ခဲ့သော်လည်း ယခင်အမိန့်အတိုင်း သာ အပြီးသတ်အမိန့်ချမှတ်ခဲ့သည်။

ထို့နောက် အမွေဆိုင်အမှုအပေါ် တရား ရုံး၏ အပြီး သတ်ဒီဂရီကို ကျေနပ်မှုမရှိ၍ ဦး အောင်ဆန်းဦး က ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော် ချုပ်တွင် အယူခံလျှောက်ထားခဲ့ရာ ဒီဇင်ဘာ ၁၂ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော် ချုပ်က အယူခံအား ပလပ်ခဲ့သည်။

ထို့နောက် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၁ ရက် တွင် ဦးအောင်ဆန်းဦးက ပြည်ထောင်စုတရား လွှတ်တော်ချုပ်တွင် အထူးအယူခံလျှောက် ထားခဲ့ပြီး ယခုအခါ အမှုအားကြားနာစစ်ဆေး ၍ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။



ပြင်ဦးလွင် မန္တလေး အဆင်းလမ်း၌ အာလူးအိတ်များတင်ဆောင်လာသည့် တွဲကား ချောက်ထဲထိုးကျ​​ရာ ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက် သေဆုံ...
22/08/2022

ပြင်ဦးလွင် မန္တလေး အဆင်းလမ်း၌ အာလူးအိတ်များတင်ဆောင်လာသည့် တွဲကား ချောက်ထဲထိုးကျ​​ရာ ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက် သေဆုံး

မဇ္ဈိမ။ ။ ပြင်ဦးလွင် - မန္တလေး အဆင်းလမ်း၊ မိုင်တိုင် အမှတ် ၂၅၊ကျောက်ကြမ်းကွေ့တွင် ဩဂုတ် ၂၂ရက်၊ မွန်းလွဲ ၁နာရီခန့်က အာလူးအိတ်များတင်ဆောင်လာသည့် တွဲကား အရှိန်လွန်ကာ ချောက်ထဲထိုးကျ​​ပြီး ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက် နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါနေရာတွင် မကြာခဏ အရှိန်လွန်ပြီး ချောက်ထဲကျသောကြောင့် အရှိန်ထိန်းသဲကာ(သဲကွင်း)ပြုလုပ်ပေးထားသည်။

ယာဥ်ပြုတ်ကျသည့်နေရာသို့ ပြင်ဦးလွင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက သွားရောက်ကူညီပေးခဲ့ကြပြီး သေဆုံးသူ နှစ်ဦးကို ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

online media
#ပြင်ဦးလွင်
#တွဲကား
#အရှိန်လွန်
#ကျောက်ကြမ်းကွေ့

ကန်နှင့်ထိုင်ဝမ် နှစ်နိုင်ငံ တရားဝင်ကုန်သွယ်ရေးဆွေးနွေးပွဲကြေငြာ  တင်းမာမှုများဖြစ်ပေါ်စေခဲ့သည့် အမေရိကန်အောက်လွှတ်တော် ...
21/08/2022

ကန်နှင့်ထိုင်ဝမ် နှစ်နိုင်ငံ တရားဝင်ကုန်သွယ်ရေးဆွေးနွေးပွဲကြေငြာ

တင်းမာမှုများဖြစ်ပေါ်စေခဲ့သည့် အမေရိကန်အောက်လွှတ်တော် ဉက္ကဌနန်စီပေလိုစီ၏ထိုင်ဝမ်ခရီးစဉ်အပြီး၌ တရားဝင်ကုန်သွယ်ရေးဆွေးနွေးပွဲကို မကြာခင်စတင်တော့မည်ဟု အမေရိကန်ကပြောကြားခဲ့သည်။

ပထမအကြိမ် နှစ်နိုင်ငံကုန်သွယ်ရေးဆွေးနွေးမှုကို စက်တင်ဘာလအစောပိုင်းတွင် စတင်မည်ဟု အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက ပြောကြားခဲ့သည်။

ကုန်သွယ်ရေးပံ့ပိုးကူညီမှု၊ဒစ်ဂျစ်တယ် ကုန်သွယ်မှုနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးစံနှုန်းများဆိုင်ရာ ဆွေးနွေးမှုများအားလုံးသည် ယခုကျင်းပမည့်ဆွေးနွေးပွဲ၏ အဓိကခေါင်းစဉ်များဖြစ်သည်

Source Wio News

Address

2/292
Myitkyina

Telephone

+959698871333

Website

Alerts

Be the first to know and let us send you an email when First Online Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to First Online Media:

Share