Kachin News Group

Kachin News Group The Kachinnews (KNG) is an independent media organization and covering news from Kachin and Burma. KNG was founded in 2003 by pro-democracy Kachin students.
(547)

The Kachinnews or kachinnews.com is an independent ethnic Kachin multi-media organization and covering news from Burma (Myanmar), regional and around the world. Its office is at Myitkyina, Kachin state and it is the first Kachin mainstream media and the first independent ethnic Kachin media outlet after the 1988 countrywide pro-democracy uprising in military-rooted Burma.

08/11/2025

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ငြိမ်သက်သွားခြင်းမရှိဘဲ နှစ်ဖက်တပ်ဖွဲ့တွေ အပြန်အလှန် ထိုးစစ်ဆင်နေကြပြီး နေ့တိုင်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ KIO က ပြောပါတယ်။

08/11/2025

“မှန်ကန်တဲ့ရှေးဦးသူနာပြုစုနည်းနဲ့ အသက်ကယ်ပါ”
မြေမြှုပ်မိုင်းတစ်မျိုးမျိုး ဒါမှမဟုတ် စစ်ကျန်လက်နက်ပစ္စည်းတစ်ခုခုပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာသူကို မှန်ကန်တဲ့ ရှေးဦးသူနာပြုစုနည်းနဲ့ ပြုစု ပေးရပါမယ်။
အရင်ဆုံးတော့ ထိခိုက်မိသူဟာ အသက်ရှူ၊ မရှူ စစ်ဆေးရပါမယ်။
ဒါ့အပြင် လူနာ အသက်ကောင်းကောင်းရှူနိုင်ဖို့ လေပြွန်လမ်းကြောင်း ပိတ်ဆို့မှုမဖြစ်စေဖို့လည်း လုပ်ပေး ရပါမယ်။
ခြေထောက်နဲ့ လက်မှာ ဒဏ်ရာရတယ်ဆိုရင် ဒဏ်ရာကို သန့်စင်တဲ့ရေနဲ့ ဆေးကြောပေးပြီး ပတ်တီး ဒါမှမဟုတ် လွယ်လွယ်ကူကူရနိုင်တဲ့ အဝတ်စတွေနဲ့ ဒဏ်ရာပေါက်ကို ဖိသိပ် စည်းနှောင်ရပါမယ်။ လိုအပ်ရင် သွေးထွက်တာကို ထိန်းဖို့ ချိုင်းနဲ့ ပေါင်ခြံမှာရှိတဲ့သွေးလွှတ်ကြောမကြီးကို ဖိထားရပါမယ်။
လူနာကို ပက်လက်လှန်ထားပြီး ဒဏ်ရာရထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ဖြစ်တဲ့ လက် (သို့မဟုတ်) ခြေထောက်ကို နှလုံးထက်မြင့်တဲ့နေရာမှာ မြှောက်ထားဖို့လည်း လိုပါတယ်။ ဦးခေါင်းထိခိုက် ဒဏ်ရာရ ထားရင် ငြိမ်အောင်ထားပေးပါ။
အခြေအနေပေးတာနဲ့ လူနာကို အနီးဆုံး ဆေးကုသရာနေရာဆီ အမြန်ဆုံးပို့ဆောင်ရပါမယ်။
တကယ်လို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းလုပ်ငန်းဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေရှိရင် ဆက်သွယ်အကူအညီရယူပါ။
"Disclaimer: This video is for educational awareness only. It does not promote violence or provide instructions. Viewer discretion is advised."

07/11/2025

ရွေးကောက်ပွဲမဲပေးဖို့ ခြိမ်းခြောက်ခံရပါက တိုင်ကြားနိုင်ကြောင်း NUG ပြော
#ရွေးကောက်ပွဲ #ခြိမ်းခြောက်မှု

07/11/2025

အောက်တိုဘာတစ်လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၇၀ ဦးသေဆုံး
#သေဆုံးမှု #အမျိုးသမီး #စစ်ရာဇဝတ်မှု

ကားလမ်းပိတ်နေတဲ့အတွက် ပူတာအို – မြစ်ကြီးနားလေယာဉ်လက်မှတ်စျေးထိုးတက်Nov 7,2025/Kachin News Groupကချင်ပြည်နယ်၊ ပူတာအို–မြစ...
07/11/2025

ကားလမ်းပိတ်နေတဲ့အတွက် ပူတာအို – မြစ်ကြီးနားလေယာဉ်လက်မှတ်စျေးထိုးတက်
Nov 7,2025/Kachin News Group

ကချင်ပြည်နယ်၊ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်နေတဲ့အတွက် လေကြောင်းလိုင်းတွေကြပ်ပြီးလေယာဥ်လက်မှတ်စျေးနှုန်းတွေတဟုန်ထိုးမြင့်တက်သွားကြောင်း လေယာဥ်လက်မှတ်အ‌ ရောင်းဌာနက သိရပါတယ်။

မြစ်ကြီးနား–ပူတာအိုလေယာဥ်လက်မှတ်စျေးနှုန်းပုံမှန်အားဖြင့် ကျပ် ၃၅၀၀၀၀ ( သုံးသိန်းခွဲ)နဲ့ ကျပ် ၄၀၀၀၀၀( လေးသိန်း) ကြားရှိရာကနေ ကားလမ်းပိတ်သွားတဲ့နောက် ကျပ် ၅၀၀၀၀၀(ငါးသိန်း) ကျော်အထိ တက်သွားကြောင်း လေယာဥ်လက်မှတ်အရောင်းကိုယ်စား လှယ်တစ်ဦးက KNG ကိုပြောပါတယ်။

သတင်းအပြည့်အစုံကို Website မှာဖတ်ရှု့နိုင်ပါတယ် >>> https://bit.ly/4r4Y2iP
====
KNG ၏ အနာဂတ် ဦးစားပေး သတင်းထုတ်လုပ်မှု လုပ်ငန်းများအတွက် သင့်အမြင်ကို လွတ်လပ်စွာ အကြံပြုဖို့ ဖိတ်ခေါ်ပါတယ်။
စာဖတ်ပရိသတ်အနေဖြင့် ၅ မိနစ်ခန့် အချိန်ပေးရမှာဖြစ်သလို ဖြေဆိုခဲ့သော ရလဒ်များအပေါ် အခြေခံပြီး KNG ၏သတင်း ထုတ်လုပ် တင်ဆက်မှုအကြောင်းအရာများကို ပြုပြင်ပြောင်းလဲသွားမှာဖြစ်ပါတယ်။
ဖြေဆိုသူများ၏ အချက်အလက်များကိုလည်း လုံခြုံစွာထိန်းသိမ်းထားမည်ဖြစ်သောကြောင့် လွတ်လပ်စွာ အကြံပြုရေးသားနိုင်ပါတယ်။
စာမျက်နှာ၏ထိပ်ဆုံးတွင် မြန်မာဘာသာ နှင့် ကချင်ဘာသာ ကိုရွေးချယ်လို့ ရပါတယ်။
https://bit.ly/kngaudiencesurvey

06/11/2025

ခိုးမှု၊ ရမ်းကားမှုများလာလို့ဆိုကာ အင်းတော် PDF က မြို့နယ်အတွင်း ညမထွက်ရအမိန့်ထုတ်ပြန်
#အင်းတော် #အင်းတော်pdf #ခိုးမှု #ရမ်းကားမှု #သွားလာခွင့်ကန့်သတ်

ဖားကန့်မှာ တစ်ရက်တည်း အမျိုးသားနှစ်ဦး ပစ်သတ်ခံရNov 6,2025/Kachin News Groupဖားကန့်မှာ တစ်ရက်တည်း အမျိုးသားနှစ်ဦး ပစ်သတ်ခ...
06/11/2025

ဖားကန့်မှာ တစ်ရက်တည်း အမျိုးသားနှစ်ဦး ပစ်သတ်ခံရ
Nov 6,2025/Kachin News Group

ဖားကန့်မှာ တစ်ရက်တည်း အမျိုးသားနှစ်ဦး ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်း ၂ လောင်းတွေ့ရတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်သံတွေ ကြားရပြီးနောက် ယူမာကျေးရွာနဲ့ ဖားကန့် – ဆိုင်းတောင်သွားလမ်းမကြီးပေါ်မှာ သေဆုံးနေတဲ့ရုပ်အလောင်းတွေ့ရတယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

သတင်းအပြည့်အစုံကို Website မှာဖတ်ရှု့နိုင်ပါတယ် >>> https://bit.ly/4hOpUDB
===
KNG ၏ အနာဂတ် ဦးစားပေး သတင်းထုတ်လုပ်မှု လုပ်ငန်းများအတွက် သင့်အမြင်ကို လွတ်လပ်စွာ အကြံပြုဖို့ ဖိတ်ခေါ်ပါတယ်။
စာဖတ်ပရိသတ်အနေဖြင့် ၅ မိနစ်ခန့် အချိန်ပေးရမှာဖြစ်သလို ဖြေဆိုခဲ့သော ရလဒ်များအပေါ် အခြေခံပြီး KNG ၏သတင်း ထုတ်လုပ် တင်ဆက်မှုအကြောင်းအရာများကို ပြုပြင်ပြောင်းလဲသွားမှာဖြစ်ပါတယ်။
ဖြေဆိုသူများ၏ အချက်အလက်များကိုလည်း လုံခြုံစွာထိန်းသိမ်းထားမည်ဖြစ်သောကြောင့် လွတ်လပ်စွာ အကြံပြုရေးသားနိုင်ပါတယ်။
စာမျက်နှာ၏ထိပ်ဆုံးတွင် မြန်မာဘာသာ နှင့် ကချင်ဘာသာ ကိုရွေးချယ်လို့ ရပါတယ်။
https://bit.ly/kngaudiencesurvey

မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း ဓားထိုးမှုဖြစ်စဉ် ၂ ကြိမ်ဖြစ်ပွားNov 6,2025/Kachin News Groupကချင်ပြည်နယ် မြစ်ကြီးနားမြိ...
06/11/2025

မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း ဓားထိုးမှုဖြစ်စဉ် ၂ ကြိမ်ဖြစ်ပွား
Nov 6,2025/Kachin News Group

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၃ရက်အတွင်း ဓားထိုးမှုဖြစ်စဉ် ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။

ဖြစ်စဉ် ၂ ခုထဲက ပထမဖြစ်စဉ်ကတော့ နိုဝင်ဘာလ ၆ ရက်နေ့ ဒီကနေ့မနက် ၉ နာရီခွဲဝန်းကျင် ကျွန်းပင်သာရပ်ကွက်မှာ ငှားရမ်းနေထိုင်ကြတဲ့ လင်မယားအပြန်အလှန်စကားများ ရန်ဖြစ်ပြီး အမျိုးသားဖြစ်သူက အမျိုးသမီးဖြစ်သူကို ဓားဖြင့်ထိုးခဲ့တယ်လို့ သိရပါတယ်။

ဒုတိယဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ တန်ဆောင်မုန်းလပြည့် နိုဝင်ဘာ ၄ ရက်နေ့ည ၇ နာရီဝန်းကျင် ဂျန်မိုင်ကောင်ရပ်ကွက်၊ လမ်းသွယ် ၇ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၄၁ နှစ်အရွယ်အမျိုးသားတစ်ဦးကို အိမ်တန်းလျားတစ်ခုတည်းမှာ အတူငှားနေတဲ့ တစ်ခြားအမျိုးသားတစ်ဦးကနေပြီးတော့ ဝမ်းဗိုက်ကို ဓားနဲ့ ထိုးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Photo - ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်း

သတင်းအပြည့်အစုံကို Website မှာဖတ်ရှု့နိုင်ပါတယ် >>> https://bit.ly/48ZogfU
===

KNG ၏ အနာဂတ် ဦးစားပေး သတင်းထုတ်လုပ်မှု လုပ်ငန်းများအတွက် သင့်အမြင်ကို လွတ်လပ်စွာ အကြံပြုဖို့ ဖိတ်ခေါ်ပါတယ်။
စာဖတ်ပရိသတ်အနေဖြင့် ၅ မိနစ်ခန့် အချိန်ပေးရမှာဖြစ်သလို ဖြေဆိုခဲ့သော ရလဒ်များအပေါ် အခြေခံပြီး KNG ၏သတင်း ထုတ်လုပ် တင်ဆက်မှုအကြောင်းအရာများကို ပြုပြင်ပြောင်းလဲသွားမှာဖြစ်ပါတယ်။
ဖြေဆိုသူများ၏ အချက်အလက်များကိုလည်း လုံခြုံစွာထိန်းသိမ်းထားမည်ဖြစ်သောကြောင့် လွတ်လပ်စွာ အကြံပြုရေးသားနိုင်ပါတယ်။
စာမျက်နှာ၏ထိပ်ဆုံးတွင် မြန်မာဘာသာ နှင့် ကချင်ဘာသာ ကိုရွေးချယ်လို့ ရပါတယ်။
https://bit.ly/kngaudiencesurvey

06/11/2025

ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေကြတဲ့ မြန်မာပြည်သူတွေကို အကူအညီပေးဖို့ နိုင်ငံတကာကို ပုပ်ရဟန်းမင်းကြီး တိုက်တွန်း
#မြန်မာစစ်ဘေး #ပြည်တွင်းစစ် #ပုပ်ရဟန်းမင်းကြီး

06/11/2025

စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်ကြောင်း နယူးဇီးလန်လွှတ်တော်ဆုံးဖြတ်
#စစ်တပ် #ရွေးကောက်ပွဲ #နယူးဇီလန် ရွေးကောက်ပွဲ

Address

Myitkyina

Alerts

Be the first to know and let us send you an email when Kachin News Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kachin News Group:

Share