Kachinwaves

Kachinwaves ၂၀၁၂ ခုနှစ်မှစတင်၍ ဖွဲ့စည်းခဲ့သည့် ကချင်ပြည်နယ် အခြေစိုက် လွတ်လပ်သော သတင်းမီဒီယာအဖွဲ့အစည်း ဖြစ်သည်။

၂၀၁၂ ခုနှစ်မှစတင်၍ ဖွဲ့စည်းခဲ့သည့် ကချင်ပြည်နယ် အခြေစိုက် လွတ်လပ်သော သတင်းမီဒီယာအဖွဲ့အစည်း ဖြစ်သည်။ ကချင်ပြည်နယ်သတင်းများအပြင် ကချင်ဒေသနှင့် သက်ဆိုင်သောသတင်းများ၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ တင်ဆက်မှုများကို ဖော်ပြနေသည့် သတင်းဌာနဖြစ်သည်။

ရန်ကုန်က လင်မယားနှစ်ဦးကို မြစ်ကြီးနားမြို့ရှိ အသိတစ်ဦးက လမ်းစာရိတ်ပေးခေါ်ခဲ့ပြီး ပြည့်တန်ဆာခန်း၌ ရောင်းစားမှုဖြစ်ခဲ့𝗕𝘆 ...
17/10/2025

ရန်ကုန်က လင်မယားနှစ်ဦးကို မြစ်ကြီးနားမြို့ရှိ အသိတစ်ဦးက လမ်းစာရိတ်ပေးခေါ်ခဲ့ပြီး ပြည့်တန်ဆာခန်း၌ ရောင်းစားမှုဖြစ်ခဲ့

𝗕𝘆 𝗞𝗪 (𝗔𝗕). 𝟭𝟳 𝗢𝗰𝘁𝗼𝗯𝗲𝗿 𝟮𝟬𝟮𝟱

ရန်ကုန်က လူငယ်ဇနီးမောင်နှံနှစ်ဦးကို မြစ်ကြီးနားမြို့ရှိ အသိတစ်ဦးက အလုပ်ပေးမည်ဟုဆိုကာ လှမ်းခေါ်ခဲ့ပြီး ပြည့်တန်ဆာခန်းတစ်ခု၌ ရောင်းစားခဲ့ကြောင်း သိရသည်။

ရန်ကုန်တွင် အလုပ်ရှာရခက်သည့်အကြောင်းပြောဆိုမိရာမှ မြစ်ကြီးနားမြို့သို့ တက်လာပါက ကုန်ကားပေးမောင်းမည်ဟုဆိုကာ အောက်တိုဘာလ ၄ ရက်နေ့၌ လမ်းစာရိတ်ပို့ပေးပြီး ခေါ်ခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်သိရှိသူတစ်ဦးက ပြောသည်။

"အလုပ်ရှာပေးမယ်ပြောပြီး ကားခပို့ပေးလိုက်တယ်။ အစက ကားမောင်းခိုင်းမယ်၊ ကောင်းရောင်းကောင်းဝယ်လုပ်စားလို့ ရတယ်ဆိုပြီးပြောလို့ တက်လာတာ၊ ဒီရောက်တော့ သေချာတော့ မသိဘူး၊ ရွှေညောင်ပင်လို့ ပြောတယ်။ အဲ့ကပြည့်တန်ဆာခန်းတစ်ခုမှာ ရောင်းစားသွားတယ်။ ပြီးတော့ ပစ္စည်းတွေ၊ ဖုန်းတွေအကုန်သိမ်းပြီး မိန်းမကို ပြည့်တန်ဆာလုပ်ခိုင်းတယ်။ မလုပ်ချင်ရင် ပိုက်ဆံသိန်း ၂၀ ပေးရမယ်ဆိုပြီး အခန်းထဲပိတ်ထားတာ ဘယ်မှထွက်လို့ မရဘူး"ဟု သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

ရောင်းစားခံရသည့် အဆိုပါလင်မယားသည် ရှိသမျှပေါင်နှံရောင်းချပြီး ငွေအကြေဆပ်နိုင်ရန် ကြိုးစားသော်လည်း ငွေမလုံံလောက်သဖြင့် ထွက်ပြေးလွတ်မြောက်ရန် ကြံစည်ခဲ့ရကြောင်း ပြောသည်။

"အဲ့အလုပ်မလုပ်ချင်ရင် ငွေပြန်ပေးရမယ်ဆိုလို့ ရှိသမျှထုတ်ရောင်းပြီးပေးတယ်။ ဖုန်းတွေလည်း အဆမတန်စျေးနှိမ်ပြီးဖြတ်ပေးတယ်၊ အဲ့တာလည်းငွေက မလောက်လို့ အခန်းထဲပိတ်ထားပြီး ဘာမှလည်းကျွေးဘူး။ မရရအောင်ထွက်ပြေးခဲ့ရတာ"ဟု သတင်းရင်းမြစ်က ထပ်မံပြောပြသည်။

အဆိုပါလင်မယားနှစ်ဦးသည် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရောင်းစားခံရသည့် ပြည့်တန်ဆာခန်းမှ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်း၌ ခိုလှုံနေချိန် နေရပ်ပြန်နိုင်ရန် ကူညီပေးသူ အလှူရှင်များနှင့်တွေ့ခဲ့ရကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် လောင်းကစား၊ မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာပြီး လူငယ်လူရွယ်များလည်း တစ်နေ့တစ်ခြား ပျက်းစီးမှု ပိုမိုများပြားလာသည့်အတွက် မိမိတို့ သားသမီး၏ရှေ့ရေးကို တွေးပူနေရကြောင်း ဒေသခံမိဘများက ပြောကြသည်။

http://youtube.com/post/UgkxuMPDBsssfeXrGmVehQrpPihsAi06Sjnd?si=k27hE5J7ut3zuUxp

https://x.com/kachinwaves/status/1979071402235048420?t=5CW-YgBATLrBuwhzt-gZNg&s=19

16/10/2025

ဖားကန့်မှာ လှုပ်ရှားနေတဲ့ စကစ စစ်ကြောင်းတွေ အင်အားထုတ်နုတ်နေတယ်လို့ပြော

ဖားကန့်မီးလောင်မှု လသားအရွယ်ကလေးတစ်ဦး သေဆုံး

ညနေခင်းသတင်း - 115. 𝗠𝗼𝗻 - 𝗙𝗿𝗶. 𝗕𝘆 𝗞𝗪. October 16, 2025

https://youtu.be/gsr8qGMtiI8?si=YpvnEN-Kxnv8hEFw

https://x.com/kachinwaves/status/1978818848695390409?t=D4ZnC24OYZk2SdslOeMKow&s=19

https://t.me/Kachinwaves/1878

ဖားကန့်မှာ လှုပ်ရှားနေတဲ့ စကစ စစ်ကြောင်းတွေ အင်အားထုတ်နုတ်နေတယ်လို့ပြော𝗕𝘆 𝗞𝗪 (𝗬𝘂 𝗦𝗮𝗻). 𝟭𝟲 𝗢𝗰𝘁𝗼𝗯𝗲𝗿 𝟮𝟬𝟮𝟱ကချင်ပြည်နယ် ဖားကန...
16/10/2025

ဖားကန့်မှာ လှုပ်ရှားနေတဲ့ စကစ စစ်ကြောင်းတွေ အင်အားထုတ်နုတ်နေတယ်လို့ပြော

𝗕𝘆 𝗞𝗪 (𝗬𝘂 𝗦𝗮𝗻). 𝟭𝟲 𝗢𝗰𝘁𝗼𝗯𝗲𝗿 𝟮𝟬𝟮𝟱

ကချင်ပြည်နယ် ဖားကန့်မှာ စစ်ရေးလှုပ်ရှားနေတဲ့စစ် စစ်ကော်မရှင်တပ်အင်အားအချို့ ဒီရက်ပိုင်းအတွင်း ဆုတ်ခွါနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဖားကန့်အဝင် လုံးခင်းက ယမ်းချက်စက်ရုံနဲ့ မှော်စီဆာဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေ နန့်ယားလမ်းကြောကနေ ပြန်လည်ဆုတ်ခွါနေကြတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

“နန့်ယားကြောမှာ ကားသမားတွေ တွေ့ခဲ့တယ်။ စစ်တပ်က ဖားကန့်ကို တက်တာမဟုတ်ဘဲ ပြန်ဆုတ်နေတဲ့ အနေအထားမျိုးတွေ”လို့ ဆိုပါတယ်။

ဒေသခံတွေကတော့ စစ်တပ်ကအင်အား ထုတ်နုတ်သွားတာဟာ ယခင်ရှိပြီးသားတပ်နဲ့ တပ်ချိန်း၊ တပ်ပြောင်းလိုတဲ့သဘော မဟုတ်ရင် အခြားတိုက်ပွဲဖြစ်တဲ့နေရာတွေမှာ အင်အားထပ်တိုးဖို့ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေပါတယ်။

ဖားကန့်မှာပြီးခဲ့တဲ့ ဇွန်လကစတင်ပြီး စစ်ကော်မရှင်နဲ့ ပြည်သူ့ပူးပေါင်းထားတဲ့ စစ်အင်အားတွေ သုံးကြိမ်ထက်မနည်း စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပါတယ်။

စစ်ကြောင်းတွေ ရောက်ရှိလာပြီးတဲ့နောက် တိုက်ပွဲတွေတောက်လျှောက်ဖြစ်ပွါးခဲ့ပြီး စစ်ကော်မရှင်ပူးပေါင်းအဖွဲ့က ဖားကန့် မှော်ဝမ်းလေး၊ မှော်ဝမ်းကြီး၊ မှော်မောင်းလျံ၊ အမှိုက်ပုံခေါ် ဆွတ်ဘွမ်နဲ့ မှော်စီဆာဘုရားကုန်း စတဲ့နေရာတွေမှာ နေရာယူတပ်စွဲခဲ့တယ်လို့ သိရပါတယ်။

အခုလက်ရှိ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တပ်မ (၃၃) နဲ့ မိုးကောင်းအခြေစိုက် စကခ (၃) အပါအဝင် ရှမ်းနီပြည်သူ့စစ်ပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုး လှုပ်ရှားနေတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတော့ လုံးခင်း - ဖားကန့်မြို့ - ဆိုင်းတောင် ဆက်သွယ်ထားတဲ့ မလန်းရွာဘက်တကြောမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွါးခဲ့ပြီး လက်ရှိချိန်မှာတော့ တိုက်ပွဲအတန်ငယ် ငြိမ်သက်နေတယ်လို့ သိထားရပါတယ်။

ပုံ - ပုံဟောင်းဖြစ်ပါတယ်

http://youtube.com/post/UgkxSJg9NGTX_WzKielFfvMoCH4ylf3wIS6p?si=Es1EQ7iwTw8VQTfT

https://x.com/kachinwaves/status/1978818534055797078?t=m6Zop-REESezLQDvfif4ig&s=19

https://t.me/Kachinwaves/1876

ဖားကန့်မီးလောင်မှု လသားအရွယ်ကလေးတစ်ဦး သေဆုံး𝗕𝘆 𝗞𝗪 (𝗬𝘂 𝗦𝗮𝗻). 𝟭𝟲 𝗢𝗰𝘁𝗼𝗯𝗲𝗿 𝟮𝟬𝟮𝟱ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်မှာ ဒီနေ့မနက်က န...
16/10/2025

ဖားကန့်မီးလောင်မှု လသားအရွယ်ကလေးတစ်ဦး သေဆုံး

𝗕𝘆 𝗞𝗪 (𝗬𝘂 𝗦𝗮𝗻). 𝟭𝟲 𝗢𝗰𝘁𝗼𝗯𝗲𝗿 𝟮𝟬𝟮𝟱

ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်မှာ ဒီနေ့မနက်က နေအိမ်တစ်လုံး မီးလောင်ပြီး အိပ်ပျော်နေတဲ့ လသားအရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရွှေစည်းစိမ် လဘက်ရည်ဆိုင်မှာ ဝါရာရှော့ခ်ဖြစ်ရာက မီးစတင်လောင်ကျွမ်းခဲ့ပြီး သုံးလသားအရွယ် ကလေးငယ်တစ်ဦး မီးထဲပါသွားတယ်လို့ ဖားကန့်ဒေသခံက ပြောပါတယ်။

“သုံးလသားအရွယ် ကလေးကအိပ်ပျော်နေတာ သိပ်ထားတာပေါ့နော် အခန်းထဲမှာ။ မီးညွန့်ကြီးမှန်းသိတော့ ကလေးကိုမဆွဲနိုင်တော့ဘူး။ ကလေးကပါသွားတာ”လို့ ဆိုပါတယ်။

မနက် ၈ နာရီမှာ မီးစတင်လောင်ခဲ့ပြီး ရပ်ရွာလူထုအကူအညီနဲ့ ၈ နာရီခွဲမှာတော့ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဘေးပတ်ဝန်းကျင်ကို မီးမကူးခဲ့ဘဲ မီးစလောင်တဲ့ လဘက်ရည်ဆိုင်တစ်အိမ်တည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရှိရပါတယ်။

ဖားကန့်မှာ စစ်ကော်မရှင်စိုးမိုးထားတဲ့ ဖားကန့်မြို့ပေါ်နဲ့ လုံးခင်းဘက်မှာ လျှပ်စစ်မီးရရှိနေပေမယ့် KIA သိမ်းယူထားတဲ့ ဆိုင်းတောင်ဘက်ခြမ်းကိုတော့ လျှပ်စစ်မီး မလွှတ်ပေးသေးကြောင်း သိရပါတယ်။

http://youtube.com/post/UgkxpkPPuD0DKIVtMH5cUyM39_Rg2rCwO40V?si=cJNIH4yUe8PQgGNW

https://x.com/kachinwaves/status/1978811219181203631?t=wQNMgirRwCKnKL7F7lnUIg&s=19

https://t.me/Kachinwaves/1874

ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရတွေဖြစ်နေလို့သာ NCA ဟာ အခက်အခဲတွေကြားထဲ ခရီးသွားနေခဲ့ရတာဖြစ်တယ်။
15/10/2025

ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရတွေဖြစ်နေလို့သာ NCA ဟာ အခက်အခဲတွေကြားထဲ ခရီးသွားနေခဲ့ရတာဖြစ်တယ်။

လက်နက်အင်အားကိုကြည့်ပြီး ဆက်ဆံခဲ့တဲ့ NCA 𝗘𝗱𝗶𝘁𝗼𝗿𝗶𝗮𝗹 𝗧𝗮𝗹𝗸-𝟯𝟲. 𝟭𝟰 𝗢𝗰𝘁𝗼𝗯𝗲𝗿 𝟮𝟬𝟮𝟱▪︎ ရွေးကောက်ပွဲကနေ တက်လာတ...

15/10/2025

ဖားကန့်မှာ အတင်းအကြပ်လူသစ်စုဆောင်းမှုအစား လူထုစည်းရုံးရေးနည်းလမ်းနဲ့ ဆောင်ရွက်ရန်အကြံပြု

ညနေခင်းသတင်း - 114. 𝗠𝗼𝗻 - 𝗙𝗿𝗶. 𝗕𝘆 𝗞𝗪. October 15, 2025

ဖားကန့်ဒေသမှာ ဖြစ်ပေါ်နေတဲ့ လူသစ်စုဆောင်းတဲ့ ကိစ္စရပ်တွေအတွက် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက် အပါအဝင် ဖားကန့်ဒေသ တော်လှန်ရေးအင်အားစုတွေနဲ့ တော်လှန်ရေး အဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တော်လှန်ရေးအဖွဲ့စိုးမိုးထားတဲ့ ဖားကန့်ဒေသအတွင်း ပြီးခဲ့တဲ့ နှစ်လလောက်ကစပြီး ကျောက်စိမ်းလုပ်ကွက်ဟောင်း၊ အများပြည်သူဆိုင်ရာ ဧရိယာနဲ့ နေအိမ်ထဲတွေအထိ ဝင်ရောက်ပြီး လူသစ်စုဆောင်းတဲ့ ဖြစ်စဉ်တွေအပေါ် အကြံပြုတင်ပြခဲ့တယ်လို့ သိရပါတယ်။

လူသစ်စုဆောင်းခံရလို့ ထွက်ပြေးရင်း ရေမဆေးကျောက်ရှာသူတစ်ဦး မတော်တဆ သေဆုံးမှုဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ပွါးခဲ့တာကြောင့် ပြည်သူလူထုကြား စိုးရိမ်ထိတ်လန့်မှု မြင့်တက်ခဲ့တဲ့အတွက် တော်လှန်ရေးမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာအဖွဲ့တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးမှာ ပါဝင်နေသူတစ်ဦးက ပြောပါတယ်။

“လက်ရှိမှာတော့ တော်လှန်ရေးအင်အားစုတွေ တိုက်တွန်းတဲ့ အနေအထားရှိတယ်။ အတင်းအကြပ်စုဆောင်းရေး ဆွဲတာတွေ မလိုလားကြဘူးပေါ့လေ။ ဒီလိုမျိုးတပ်မဟာမှူးကို စာတင်ထားကြတာတော့ရှိတယ်”လို့ ဆိုပါတယ်။

မြေပြင်အခြေအနေနဲ့ ပက်သက်ပြီး ဆွေးနွေးပွဲကနေ ကောင်းမွန်တဲ့ ရလာဒ်တွေရှိတယ်လို့ သိရပေမယ့် ဆိုင်းတောင်မှာတော့ မနေ့ကအထိ လူသစ်စုဆောင်းရေး ဆွဲတာတွေရှိနေပြီး ဈေးဆိုင်တွေလည်း ပိတ်ထားကြတယ်လို့ သိရပါတယ်။

အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် ပြည်သူတစ်ဦးချင်းစီရဲ့ ပါဝင်မှုအားနဲ့ တညီတညွတ်တည်း တော်လှန်ရမယ့် အချိန်ဖြစ်ပြီး အတင်းအကြပ်လူသစ် စုဆောင်းမှုကြောင့် တော်လှန်ရေးပုံရိပ် မထိခိုက်စေရန် လူထုစည်းရုံးရေးနည်းလမ်းနဲ့ ဆောင်ရွက်သင့်ကြောင့် KIA တပ်မဟာ (၉) တပ်မဟာမှူးကို လိပ်မူတင်ပြထားတဲ့ စာမှာတွေ့ရပါတယ်။

https://youtu.be/gTpBQaVHwF4?si=sGpJ6jL_GeZbVEuy

https://x.com/kachinwaves/status/1978455691460595739?t=kie6OYWvkOWZ1hc7tD0IgA&s=19

https://t.me/Kachinwaves/1872

14/10/2025

လက်နက်အင်အားကိုကြည့်ပြီး ဆက်ဆံခဲ့တဲ့ NCA

𝗘𝗱𝗶𝘁𝗼𝗿𝗶𝗮𝗹 𝗧𝗮𝗹𝗸-𝟯𝟲. 𝟭𝟰 𝗢𝗰𝘁𝗼𝗯𝗲𝗿 𝟮𝟬𝟮𝟱

▪︎ ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရတွေဖြစ်နေလို့သာ NCA ဟာ အခက်အခဲတွေကြားထဲ ခရီးသွားနေခဲ့ရတာဖြစ်တယ်။

▪︎ NCA ဟာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာတဲ့လမ်းကြောင်းလို့ပြောပေမဲ့ နိုင်ငံရေးကိုကြည့်ပြီး အဖွဲ့အစည်းတွေကို ဆက်ဆံတာထက် လက်နက်အင်အားကိုကြည့်ပြီး ဆက်ဆံမှုက အားသာခဲ့တယ်။

▪︎ အာဏာခဏခဏသိမ်းတဲ့ စစ်တပ်ဦးဆောင်တဲ့ နိုင်ငံရေးလမ်းကြောင်းနဲ့ ကတိကဝတ်တွေကို ဘယ်သူတွေ ယုံကြမလဲ။

https://youtu.be/3fY7LRJYqvg?si=hknIX6ky4qs2j4TN

https://x.com/kachinwaves/status/1978353927897927861?t=mN5eTBlejVItT9tka7lRLA&s=19

https://t.me/Kachinwaves/1869

𝗘𝗱𝗶𝘁𝗼𝗿𝗶𝗮𝗹 𝗧𝗮𝗹𝗸-𝟯𝟱.
https://www.facebook.com/reel/770626105785229/?__cft__[0]=AZXYeQ0SmD8QhA9-GvcyvOEYit79Ly03fgT1CA_sqi3yfvNwt0_0R5OKLIGJAvSkjPlI0LF8yq5NYa5qAQTSfvg2RHzg2a-_eWOt86q1hi47MWsZQo36zLmExCx0aZRevXMIJ_h0QCGYUvMc9YLjoBOaeBLzfzoD_WM-KTqEBtUsd9s2As8SzJNFvQX1RYbyFwBxOVMABn1tFZCQ4A3CrOON&__tn__=%2CO%2CP-R

14/10/2025

စစ်ကော်မရှင်နဲ့ ပြည်သူ့စစ်တွေ ပူတာအို အရှေ့ဘက်ဒေသမှာ စစ်ကြောင်းပြန်လည် လှုပ်ရှား၊ တိုက်ပွဲတွေဖြစ်

ညနေခင်းသတင်း - 113. 𝗠𝗼𝗻 - 𝗙𝗿𝗶. 𝗕𝘆 𝗞𝗪. October 14, 2025

https://youtu.be/IOK_xNtOrNY?si=pTNsvIrhB0dnL2ZH

https://x.com/kachinwaves/status/1978353435859702241?t=R2YKMBC2ET6MaGu4L1R8mg&s=19

https://t.me/Kachinwaves/1867

စစ်ကော်မရှင်နဲ့ ပြည်သူ့စစ်တွေ ပူတာအို အရှေ့ဘက်ဒေသမှာ စစ်ကြောင်းပြန်လည် လှုပ်ရှား၊ တိုက်ပွဲတွေဖြစ်𝗕𝘆 𝗞𝗪 (𝗬𝘂 𝗦𝗮𝗻). 𝟭𝟰 𝗢𝗰𝘁𝗼...
14/10/2025

စစ်ကော်မရှင်နဲ့ ပြည်သူ့စစ်တွေ ပူတာအို အရှေ့ဘက်ဒေသမှာ စစ်ကြောင်းပြန်လည် လှုပ်ရှား၊ တိုက်ပွဲတွေဖြစ်

𝗕𝘆 𝗞𝗪 (𝗬𝘂 𝗦𝗮𝗻). 𝟭𝟰 𝗢𝗰𝘁𝗼𝗯𝗲𝗿 𝟮𝟬𝟮𝟱

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှာ မနေ့က တိုက်ပွဲဖြစ်ပွါးခဲ့တဲ့အပြင် ဆော့လော်မြို့နယ် လန်ဆယ်ဒေသမှာလည်း တိုက်ပွဲပြန်လည်ဖြစ်ပွါးခဲ့တယ်လို့ စစ်ရေးနီးစပ်တဲ့ သတင်းရင်းမြစ်ထံက သိရပါတယ်။

ပူတာအို၊ လုံရှာယာန်ဘက်က တာဝါတိုင်ကုန်းတဝိုက်မှာ မနေ့က စစ်ကော်မရှင်တပ်၊ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နဲ့ တော်လှန်ရေးအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ဒီနေ့မှာတော့ ပြန်လည်ငြိမ်သက်သွားတယ်လို့ သိရပါတယ်။

ပူတာအိုအရှေ့ဘက်က မချမ်းဘော့နဲ့ နောင်မွန်မြို့ လမ်းကြောမှာလည်း စစ်ကော်မရှင်နဲ့ ပြည်သူ့စစ်တွေက စစ်ကြောင်းထိုး လှုပ်ရှားနေကြောင်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလက တိုက်ပွဲတွေဆက်တိုက်ဆိုသလို ဖြစ်ပွါးခဲ့ပြီး ပြန်လည်ငြိမ်သက်နေခဲ့တဲ့ လန်ဆယ်ဒေသအထက်ပိုင်း လာဟီဆင်တောင်ကြောမှာလည်း မနေ့ကတိုက်ပွဲ ပြန်ဖြစ်ပွါးခဲ့ပြီးတော့ လက်ရှိချိန်ထိ တော်လှန်ရေးအဖွဲ့ဘက်က အသာစီးရထားကြောင်းလည်း သိရပါတယ်။

ပြီးခဲ့တဲ့လနဲ့ ယခုလ ပထမပတ်အထိ ကချင်ပြည်နယ်မှာ ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်နဲ့ ဆော့လော် လန်ဆယ်ဒေသတွေဟာ တိုက်ပွဲဖြစ်ပွါးမှု အများဆုံးဒေသတွေဖြစ်ခဲ့ပြီး၊ တိုက်ပွဲငြိမ်သက်နေတာ အတော်ကြာပြီဖြစ်တဲ့ ပူတာအိုဒေသမှာပါ တိုက်ပွဲသံတွေ ပြန်လည်ကြားလာရတာ ဖြစ်ပါတယ်။

ပူတာအိုနဲ့ မချမ်းဘော့မြို့ဟာ ကား၊ ဆိုင်ကယ်တွေနဲ့ ၁၅ မိနစ်လောက် မောင်းနှင်ရတဲ့ အကွာအဝေးမှာရှိပြီး၊ မချမ်းဘော့ - နောင်မွန်လမ်းဟာ စစ်ကော်မရှင်နဲ့ ပြည်သူ့စစ်တွေအတွက် ခေါင်လန်ဖူးနဲ့ လန်ဆယ်ဒေသဘက်ကို စစ်ကြောင်းထိုးနိုင်ဖို့ အရေးပါတဲ့ လမ်းကြောဖြစ်ပါတယ်။

===

Photo: Kagabu People's Force - Kàgvbù M. Cìldap

http://youtube.com/post/Ugkxi7ebes_sOPAz8iGCo0Tcyfn8xhRxSw_c?si=UFPA135LUykyFeQK

https://x.com/kachinwaves/status/1978071062572339603?t=eZm7WNqOQPqjLvrfVdpquA&s=19

https://t.me/Kachinwaves/1865

ဗန်းမောက်မှာ စက်တောရွာက ပြည်သူ ၂၀၀ နီးပါးကို မျက်လုံးအဝတ်စည်းပြီး SNA ထိန်းချုပ်နယ်မြေဘက် ခေါ်သွားတယ်လို့ ဒေသခံပြော𝗕𝘆 𝗞𝗪...
13/10/2025

ဗန်းမောက်မှာ စက်တောရွာက ပြည်သူ ၂၀၀ နီးပါးကို မျက်လုံးအဝတ်စည်းပြီး SNA ထိန်းချုပ်နယ်မြေဘက် ခေါ်သွားတယ်လို့ ဒေသခံပြော

𝗕𝘆 𝗞𝗪 (𝗞𝗼 𝗦𝗮𝗻). 𝟭𝟯 𝗢𝗰𝘁𝗼𝗯𝗲𝗿 𝟮𝟬𝟮𝟱

တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း ဗန်းမောက် အနောက်ခြမ်းမှာရှိတဲ့ စက်တောကျေးရွာဒေသခံ ၂၀၀ နီးပါးကို SNA တပ်က ဖမ်းဆီးသွားပြီး၊ ဒီကနေ့ ညနေ ၅ နာရီလောက်မှာလည်း မြို့ပေါ်ကို ဂျက်ဖိုက်တာတစီးနဲ့ ဗုံး ၂လုံးကြဲချခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တာဘာ ၁၁ ရက်နဲ့ ၉ ရက်နေ့တွေမှာလည်း စစ်ကော်မရှင်က ဗန်းမောက်မြို့ပေါ်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့မှာ စစ်ကော်မရှင်တပ်နဲ့ SNA တပ်ဖွဲ့တွေဟာ ဗန်းမောက်မြို့နဲ့ (၅) မိုင်အကွာမှာရှိတဲ့ စက်တောကျေးရွာကို စစ်ကြောင်းထိုးလာလို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာပါ။

အဲ့ဒီနောက် စက်တောရွာကို စစ်ကော်မရှင်တပ်နဲ့ SNA တပ်ဖွဲ့တွေက ထိန်းချုပ်နိုင်ခဲ့ပြီး၊ အောက်တိုဘာ ၇ ရက်နေ့မှာတော့ ရွာထဲအိမ်စောင့်ကျန်ခဲ့တဲ့ အရပ်သားပြည်သူ ၂၀၀ လောက်ကို SNA တပ်တွေ ထိန်းချုပ်ထားတဲ့ အနောက်ခြမ်းဘက်ကို မျက်လုံးတွေစည်းပြီး ခေါ်ဆောင်သွားခဲ့တယ်လို့ ဗန်းမောက်ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

“စက်တောကနေ ထွက်ပြေးလာတဲ့သူတွေ ကျွန်မတို့ဆီရောက်ခဲ့တယ်။ တိုက်ပွဲဖြစ်တော့ ထွက်မပြေးဘဲ အိမ်စောင့်ကျန်ခဲ့တဲ့ သူတွေကိုရယ်၊ တောထဲပုန်းနေတဲ့ သူတွေရယ်ကို ဖမ်းခေါ်သွားတာ။ အနောက်ခြမ်းဘက်ကို ခေါ်သွားတာ။ မျက်လုံးကို အဝတ်တွေစည်းပြီး ဖမ်းခေါ်သွားတာတဲ့။”လို့ ဆိုပါတယ်။

ဒါ့အပြင် စကမနဲ့ SNA အဖွဲ့တွေဟာ စက်တောရွာထဲမှာရှိတဲ့ ပြည်သူတွေရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ဖမ်းယူစားသောက်ပြီး နေအိမ်တွေ၊ ဈေးဆိုင်တွေကိုလည်း ဖောက်ပြီးပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ပြောပါတယ်။

စကမ နဲ့ SNA တွေ ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို စက်တင်ဘာ ၂၀ ရက်နေ့မှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့ပြီး၊ SNA နဲ့ ပူးပေါင်းတပ်တွေက ၎င်းတို့ထိန်းချုပ်ထားတဲ့ ဗန်းမောက်အနောက်ခြမ်းဘက်ကို ဆုတ်ပြေးသွားတာ ဖြစ်ပါတယ်။

အဲ့ဒီနောက် SNA တပ်တွေက ဟုမ္မလင်းဘက်ကနေ စစ်ကော်မရှင်တပ်တွေပါဝင်တဲ့ စစ်အင်အားတွေ ထပ်ဖြည့်တင်းပြီး ဗန်းမောက်မြို့ကို ပြန်လည်ရယူဖို့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေသုံးပြီး ပြန်လည်ထိုးစစ်ဆင်နေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဗန်းမောက်မြို့နယ် ကံရွာ၊ စက်တောရွာနဲ့ ခမိုးရွာတွေမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

http://youtube.com/post/UgkxNlavabBLBG4ouxcqwuGuqYc_NPDHYOvI?si=uSlgIm9vjPQSe0y5

https://x.com/kachinwaves/status/1977774629621273042?t=HItuIsngiHb6yhb-OrvkjQ&s=19

https://t.me/Kachinwaves/1863

13/10/2025

ဖားကန့်တိုက်ပွဲမှာ ပြည်သူ့စစ်အဖွဲ့ရဲ့ စနိုက်ပါသမား အပါအဝင် သုံ့ပန်းတွေဖမ်းဆီးရမိ

ဗန်းမော်မှာ တပတ်အတွင်း တိုက်ပွဲ (၁၂) ကြိမ်ဖြစ်ပြီး စကမ ဘက်ကအထိနာသလို ဝိုင်မော်နဲ့ ဖားကန့် စစ်မျက်နှာမှာလည်း တိုက်ပွဲဖြစ်ခဲ့တယ်လို့ဆို

ညနေခင်းသတင်း - 112. 𝗠𝗼𝗻 - 𝗙𝗿𝗶. 𝗕𝘆 𝗞𝗪. October 13, 2025

https://youtu.be/f_c8IXD7cFQ?si=-xArKxkuinUyMuUk

https://x.com/kachinwaves/status/1977720628464742682?t=jcNkiI3Hdi9wf9jao1fh1g&s=19

https://t.me/Kachinwaves/1861

Address

Myitkyina, Kachin State
Myitkyina

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Kachinwaves posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kachinwaves:

Share