Kachinwaves

Directions Website Contact the business

Kachinwaves ၂၀၁၂ ခုနှစ်မှစတင်၍ ဖွဲ့စည်းခဲ့သည့် ကချင်ပြည်နယ် အခြေစိုက် လွတ်လပ်သော သတင်းမီဒီယာအဖွဲ့အစည်း ဖြစ်သည်။

၂၀၁၂ ခုနှစ်မှစတင်၍ ဖွဲ့စည်းခဲ့သည့် ကချင်ပြည်နယ် အခြေစိုက် လွတ်လပ်သော သတင်းမီဒီယာအဖွဲ့အစည်း ဖြစ်သည်။ ကချင်ပြည်နယ်သတင်းများအပြင် ကချင်ဒေသနှင့် သက်ဆိုင်သောအကြောင်းအရာများ၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာများ၊ လူငယ်၊ အမျိုးသမီး၊ မသန်စွမ်းအရေးများ အပါအဝင် မတူကွဲပြားသော ယဉ်ကျေးမှုနှင့် လူမျိုးများ ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်ရေးကို ရှေးရှုလျက် တင်ဆက်ဖော်ပြမှု နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ကိုင်ဖော်ဆောင်နေသော သတင်းဌာနဖြစ်သည်။

စစ်ဗိုလ်တယောက်ရဲ့ အိမ်ဆောက်ပစ္စည်းတွေသယ်ဖို့ ကားတွေချောဆွဲခံရBy Ko San. 10 October 2026မန္တလေးကနေ မြစ်ကြီးနားကိုတက်မဲ့ စ...
10/10/2026

စစ်ဗိုလ်တယောက်ရဲ့ အိမ်ဆောက်ပစ္စည်းတွေသယ်ဖို့ ကားတွေချောဆွဲခံရ

By Ko San. 10 October 2026

မန္တလေးကနေ မြစ်ကြီးနားကိုတက်မဲ့ စစ်ယာဉ်တန်းမှာ ပြည်သူပိုင်ကား (၅၉) စီး ချောဆွဲခံထားရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ လုပ်ငန်းရှင်တစ်ဦးဟာ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ကုန်တင်ကား (၅၉) စီးကို မြစ်ကြီးနားကို ဘိလပ်မြေတိုက်ဖို့အတွက် ငှားရမ်းခဲ့တယ်လို့ ကုန်ကားဆရာတစ်ဦးက ပြောပါတယ်။ အဲ့ဒီနောက် မနေ့ အောက်တိုဘာ ၉ ရက်နေ့ညနေပိုင်းလောက်မှာ မတ္တရာကို သွား‌ခဲ့ရပြီး နောက်မှ စစ်တပ်ဗိုလ်တစ်ဦးပိုင်တဲ့ အိမ်ဆောက်ပစွစည်းတွေ သယ်ရမယ်မှန်းသိခဲ့ရတယ်လို့ ‌ကုန်ကားဆရာတစ်ဦးက ပြောပါတယ်။

"လုပ်ငန်းရှင်တစ်‌ဦးက ကား‌တွေစုနေတာ ဘိလပ်မြေသယ်ရမယ်ဆိုပြီးတော့။ အဲ့တာ ကားတွေအကုန်လုံးက မသိကြဘူး။ မတ္တရာကို အကုန်လာခိုင်းတာ။ အခု မတ္တရာရောက်မှ ကားတွေအကုန် မိုးကာအစိမ်းအုပ်ရမယ်ပြောမှ ကားဆရာတွေက မိုးကာအစိမ်းမအုပ်ရဘူးလေ အုပ်ရင် သေကုန်မှာပေါ့လို့ပြောတော့ အုပ်မှရမယ်ဆိုပြီးအတင်းအုပ်ခိုင်းတာ။ ပြီးတော့လည်း စစ်ကားတွေ ညှပ်ညှပ်ပြီးထည့်နေတာနဲ့ ချောဆွဲခံထားလိုက်ရပြီဆိုတာသိကြတာ"လို့ ဆိုပါတယ်။

အာဏာသိမ်းတပ်ဟာ နောက်ပြန်လှည့်မယ်လုပ်တဲ့ကားတွေကို ခြိမ်းခြောက်ပြီး နောက်ပြန်လှည့်ခွင့်လည်း မပေးဘူးလို့ ကုန်ကားဆရာတစ်ဦးကပဲ ဆက်ပြောပါတယ်။

"အခု ကားဆရာတွေ အကုန်လုံးက စိတ်ညစ်နေပြီ။ နောက်ပြန်လှည့်မယ်လုပ်တာကို လှည့်ခွင့်မပေးဘူး။ ကားဒရိုင်ဘာတွေနဲ့ စပယ်ယာလေးတွေဆို ကြောက်နေကြတယ်။ ကားအုံနာတွေက ပိုက်ဆံအကုန်ကျခံ ရွေးမယ်လုပ်တာ။ ဘယ်လိုမှလက်မခံဘူး"လို့ ဆိုပါတယ်။

ချောဆွဲခံရမှုမှာပါတဲ့ ကားဆရာတစ်ဦးက တော်လှန်ရေးတပ်တွေအနေနဲ့ ယာဉ်တန်းကို ပစ်ခတ်မယ်ဆို စစ်ကားတွေကိုသာ ရွေးပြီး ပစ်ခတ်ပေးစေလိုကြောင်းလည်း Kachin Waves ကို ပြောပါတယ်။

"တော်လှန်ရေးတပ်သားတွေပို မေတ္တာရပ်ခံချင်တာ ကျွန်တော်တို့က လိမ်ပြီးချောဆွဲခံရတာ။ ပစ်မယ်ဆို စစ်ကားတွေကိုပဲ ရွေးပစ်ပေးစေချင်တယ်"လို့ ဆိုပါတယ်။

စစ်ယာဉ်တန်းတွေဟာ မန္တလေးကနေ မြစ်ကြီးနားကို မန္တလေး - သပိတ်ကျင်း - ထီးချိုင့် - ကသာ - အင်းတော် လမ်းအတိုင်း တက်မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စစ်ယာဉ်တန်းမှာ ချောဆွဲထားတဲ့ ပြည်သူပိုင်ကုန်ကား (၅၉) စီး ပွိုင့် 5 လက်နက်ပါတဲ့ ကား (၆) စီး၊ ဒရုန်းဖာများပါတ်လို့ ယူဆရတဲ့ ကား (၅) စီး၊ စစ်ကား အစီး (၂၀)၊ စစ်အင်အား (၈၀) ဝန်းကျင်ပါတဲ့ ကားအသေး (၈) စီးနဲ့ ဆီဘောက်ဆာကား (၁၁) စီး စုစုပေါင်း (၉၉) စီးတက်မယ်လို့ သိရပါတယ်။

အာဏာသိမ်းတပ်ဟာ မန္တလေးကနေ မြစ်ကြီးနာကို စစ်ယာဉ်တန်းနဲ့ စစ်ရိက္ခာပစ္စည်းတွေနဲ့ ကုန်ပစ္စည်းတွေပို့နေတာ ယခုနှစ်အတွင်း အခုတ‌ခေါက်ရောဆို (၄) ကြိမ်မြောက်ရှိလာပြီး မေလ ၁၂ ရက်နေ့က တကြိမ်၊ မေလ ၃၁ ရက်နေ့မှာ တကြိမ်နဲ့ ဇူလိုင် ၁၁ ရက်နေ့မှာ တကြိမ် ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

#အာဏာသိမ်းတပ် #စစ်ဗိုလ် #ကုန်တင်ကား #ချောဆွဲ #မန္တလေး-မြစ်ကြီးနား

မြန်မာ့လူဦးရေ ၃ ပုံမှာ ၁ ပုံက ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်နေရ By D Hline. 10 October 2026ကာလကြာရှည် ပဋိပက္...
10/10/2026

မြန်မာ့လူဦးရေ ၃ ပုံမှာ ၁ ပုံက ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်နေရ

By D Hline. 10 October 2026

ကာလကြာရှည် ပဋိပက္ခ၊ စီးပွားရေးမတည်ငြိမ်မှုနဲ့ သဘာဝဘေးအန္တရာယ်တွေကြားမှာ မြန်မာနိုင်ငံက လူသုံးဦးမှာတစ်ဦး (သို့)ခန့်မှန်းခြေ လူဦးရေ (၁၇.၉) သန်းဟာ ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) အစီရင်ခံစာအရ သိရပါတယ်။

UNDP က အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အဆိုပါ “ဆင်းရဲနွမ်းပါးမှု ဇာစ်မြစ်အလွှာများ” အမည်ရတဲ့ အစီရင်ခံစာမှာ ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှု တိုင်းတာတဲ့ နည်းလမ်းတွေကို အသုံးပြုထားတဲ့ တွေ့ရှိချက်တွေကို ညွှန်ပြထားပါတယ်။

အစီရင်ခံစာအရ သုံးပုံပုံ၊ တစ်ပုံနီးပါးဖြစ်တဲ့ လူဦးရေ (၁၇.၉) သန်းဟာ ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်နေရပြီး နောက်ထပ် လူဦးရေ (၁၉.၅) သန်းကလည်း ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုအတွင်းကို ကျရောက်နိုင်ခြေရှိတယ်လို့ သိရပါတယ်။

အဆိုပါ ကိန်းဂဏန်း (၂) ခု ပေါင်းအရ ဆင်းရဲနွမ်းပါးမှုအန္တရာယ်သက်ရောက်နိုင်ခြေရှိသူ ဦးရေဟာ မြန်မာနိုင်ငံ က စုစုပေါင်းလူဦးရေရဲ့ သုံးပုံနှစ်ပုံနီးပါး (သို့) လူဦးရေ (၃၇.၅) သန်းလောက်အထိရှိနေတာကို တွေ့ရပါတယ်။

အဆိုပါလူဦးရေဟာ နောက်ထပ်ဘေးအန္တရာယ်အကျပ်အတည်းတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်း မရှိသလောက် ဖြစ်နေရကြောင်း UNDP က ဆိုပါတယ်။

“မိသားစုတွေဟာ သူတို့မှာ ရှိတဲ့ နည်းပါးလှတဲ့ အရာလေးတွေနဲ့ အရေးပေါ်အခြေအနေ တစ်ခု ဒါမှမဟုတ် နှစ်ခုကို ရင်ဆိုင်ကျော်လွှားနိုင်ကောင်း ကျော်လွှားနိုင်ပါလိမ့်မယ်။ ပဋိပက္ခ၊ စစ်ဘေးရှောင်ရမှု၊ ဖျားနာမှု၊ ဝင်ငွေဆုံးရှုံးမှုနဲ့ သီးနှံဆိုးဝါး ပျက်စီးမှုတွေ အတူတကွ ဖြစ်ပွားတာ ဒါမှမဟုတ် တပြိုင်နက်တည်း ဖြစ်ပွားတာတွေကို ထိန်းထားနိုင်သူ နည်းပါးပါတယ်။ အကြိမ်ကြိမ် ခံစားရတဲ့ ရိုက်ခတ်မှုတွေဟာ လူထုအသိုင်းအဝိုင်းတွေ အမှီသဟဲပြုထားရတဲ့ သေးငယ်တဲ့ ခံကတုတ်ကာကွယ်မှုတွေကို ကုန်ခမ်းစေခဲ့ပါပြီ” လို့ UNDPရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ကန်နီ ဝိဂ်နရာဂျာက ပြောပါတယ်။

အစီရင်ခံစာမှာ မြန်မာနိုင်ငံက ပြည်သူတွေကြုံတွေ့နေရတဲ့ ဆင်းရဲနွမ်းပါးမှုတွေကို ဘက်ပေါင်းစုံဆင်းရဲ နွမ်းပါးမှု နဲ့ ငွေကြေးအခြေပြု ဆင်းရဲနွမ်းပါးမှုဆိုပြီး အမျိုးအစား (၂)မျိုး ခွဲခြားဖော်ပြ ထားပါတယ်။

ငွေကြေးအခြေပြုဆင်းရဲနွမ်းပါးမှုက အိမ်ထောင်စုတွေရဲ့ အခြေခံလိုအပ်ချက်ဖြည့်ဆည်းဖို့ ဝင်ငွေမလုံလောက်တာ၊ မသုံးစွဲနိုင်တာကို တိုင်းတာထားတာ ဖြစ်ပြီး ဘက်ပေါင်းစုံးဆင်းရဲနွမ်းပါးမှုကတော့ ပညာရေး၊ ကျန်းမာရေး ၊ လူမှုအဆင့်အတန်း တို့မှာ တစ်ပြိုင်နက်တည်းချို့တဲ့နေခြင်းအဖြစ် ဖော်ပြ ပါတယ်။

အစီရင်ခံစာအရ ဆင်းရဲမွဲတေမှုဟာ နိုင်ငံတစ်ဝန်းမှာ မတူညီဘဲ ကွဲပြားလျက်ရှိတာကို တွေ့ရပါတယ်။ အချို့ဒေသတွေမှာ ပဋိပက္ခများ၊ စစ်ဘေးရှောင်ရမှုတွေနဲ့ ဝန်ဆောင်မှုရရှိနိုင်မှု ပိတ်ပင်ခံရခြင်းတို့က အဓိက တွန်းအားတွေ ဖြစ်ကြပါတယ်။ အခြားဒေသတွေမှာတော့ လုပ်ကိုင်စားသောက်ခွင့်၊ ပညာရေး၊ အခြေခံအဆောက်အအုံနဲ့ အများပြည်သူ ဝန်ဆောင်မှုများဆိုင်ရာ ကာလရှည်ကြာ လစ်ဟာနေမှုတွေက အဓိကစိန်ခေါ်မှုတွေအဖြစ် ဆက်လက်ရှိနေတာ ဖြစ်ပါတယ်။

ကချင်၊ ရခိုင် ၊ ကရင်နီ ၊ ချင်း နဲ့ ဧရာဝတီတို့မှာ ကျန်းမာရေးနဲ့ လူနေမှုအဆင့်အတန်းက ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုညွှန်းကိန်းကို အများဆုံးပုံဖော်ပေးနေပြီး စစ်ကိုင်း၊ မွန် ၊ မန္တလေးနဲ့ နေပြည်တော် တို့မှာတော့ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အားနည်းချက်တွေဘက်ကို ပိုရွေ့လျားနေကြောင်း ပြသနေတယ်လို့ ဆိုထားပါတယ်။

UNDP ရဲ့ အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ကန်နီ ဝိဂ်နရာဂျာကတော့ “မြန်မာနိုင်ငံဟာ နိုင်ငံတကာ သတင်းခေါင်းစဉ်တွေမှာ ထိပ်ဆုံးက ပါဝင်ချင်မှပါဝင်တော့မှာဖြစ်ပေမဲ့ ပြည်သူသန်းပေါင်းများစွာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကတော့ ဆက်လက် နက်ရှိုင်းနေဆဲ ဖြစ်ပါ တယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့အကျိုးဆက်အကြီးမားဆုံး အကျပ်အတည်းတွေထဲက တစ်ခုအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ပြီး ပဋိပက္ခပြီးဆုံးတဲ့အထိ မစောင့်ဆိုင်းဘဲ ပြည်လည်ကုစားရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ အရေးကြီးနေဆဲဖြစ်ကြောင်းလည်း UNDP က ဆိုထားပါတယ်။

#မြန်မာ #အခြေခံလူတန်းစား #အကျပ်အတည်း #ဆင်းရဲနွမ်းပါးမှု #ပဋိပက္ခ

ဒီပဲယင်းမှာ နှစ်ရက်ဆက်တိုက် လေကြောင်းနဲ့ ဗုံးကြဲခံရလို့ မိသားစုလိုက် သေဆုံးမှုဖြစ်၊ ၃ ဦး ဒဏ်ရာရBy Ko San. 9 October 2026...
09/10/2026

ဒီပဲယင်းမှာ နှစ်ရက်ဆက်တိုက် လေကြောင်းနဲ့ ဗုံးကြဲခံရလို့ မိသားစုလိုက် သေဆုံးမှုဖြစ်၊ ၃ ဦး ဒဏ်ရာရ

By Ko San. 9 October 2026

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်ပုထိုးနဲ့ မူးကမ်းကြီးကျေးရွာတို့ကို အာဏာသိမ်းတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မိသားစုဝင် (၄) ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီကနေ့ အောက်တိုဘာ ၉ ရက်နေ့၊ ညနေ ၄ နာရီကျော်လောက်မှာ မုံရွာအနောက်မြောက်စစ်ဌာနချုပ် (နမခ)ကနေ တက်လာတဲ့ ပါရာမော်တာတစ်စီးနဲ့ ဒီပဲယင်းနယ်အရှေ့ခြမ်းက အိမ်ခြေ (၂၀၀) ရှိတဲ့ ညောင်ပုထိုးကျေးရွာကို ဗုံးသီး နှစ်လုံးကြဲချခဲ့တယ်လို့ ဒီပဲယင်းဒေသခံတစ်ဦးက ပြောပါတယ်။

ဗုံးသီး နှစ်လုံးမှာ တစ်လုံးသာ ပေါက်ကွဲခဲ့ပေမဲ့ တစ်လုံးက မပေါက်ကွဲခဲ့ဘူးလို့ သိရပါတယ်။

အဲ့ဒီဗုံးကြဲချဖြစ်စဉ်ကြောင့် မွေးရာပါ မသန်စွမ်းဖြစ်နေသူ အသက် (၂၄) နှစ်အရွယ် ကိုသက်ပိုင်ဖြိုးရဲ့ ညာဘက်ခြေတောက် ကြေမွပျက်စီးဒဏ်ရာရရှိပြီး အသက် (၄၅) နှစ်အရွယ် ဒေါ်သန်းဝင်း နားရွက်တစ်ဖက် ဗုံးစထိမှန်ခဲ့တယ်လို့ ယင်းဒေသခံတစ်ဦးက ပြောပါတယ်။

"တိုက်ပွဲမရှိဘူး ဒီတိုင်းလာကြဲတာ။ နှစ်လုံးကြဲတာ။ တလုံးကမပေါက်ကွဲသွားဘူး။ တလုံးကတော့ အိပ်ပေါ်ကျပြ ပေါက်ကွဲသွားတယ်"လို့ ဆိုပါတယ်။

ယမန်နေ့ အောက်တိုဘာ ၈ ရက်နေ့ နေ့ခင်း တစ်နာရီခွဲကလည်း ဒီပဲယင်းမြို့နယ်ထဲက အိမ်ခြေ နှစ်ထောင်ဝန်းကျင်ရှိတဲ့ မူးကမ်းကြီးကျေးရွာကို အာဏာသိမ်းတပ်က (နမခ) တက် ဂျိုင်ရိုကော်ပတာတစ်စီးနဲ့ ဗုံးသီး နှစ်လုံးကြဲချခဲ့တာကြောင့် နေအိမ်မီးလောင်ပြီး မိသားစုဝင် (၄) ဦး သေဆုံးခဲ့တယ်လို့ ဒီပဲယင်းဒေသခံကပဲ ဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကြဲချခဲ့တာဖြစ်ပြီး အဲ့ဒီဗုံးကြဲမှုဖြစ်စဉ်ကြောင့် အသက် (၅၀)နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်ထူး၊ သမီးနှစ်ယောက်ဖြစ်တဲ့ အသက် (၃၀) နှစ်အရွယ် မမြတ်သူစိုးနဲ့ အသက် (၂၁) နှစ်အရွယ် မမြင့်သူဇာစိုး၊ မတ်ဖြစ်သူ အသက် (၄၂) နှစ်အရွယ် ဦးဝင်း စတဲ့ မိသားစုဝင် (၄) ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံက ပြောပြပါတယ်။

ဒါ့အပြင် နေအိမ်နှစ်လုံးမီးလောင်ပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်း ပြောပါတယ်။

"အိမ်တည့်တည့်ကျတာ။ ၃ ဦးက မီးလောင်ပြီး ပွဲချင်းပြီးဆုံးတယ်။ ၁ ဦးကဆေးရုံမှာဆုံးတာ။ ကျန်တဦးကတော့ ကုသနေဆဲပဲ။ သူတို့အိမ်က ရက်ကန်းယက်တဲ့အိမ်"လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက်နေ့ကလည်း နှစ်ရက်ဆက်တိုက် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ထဲမှာရှိတဲ့ ရွှေလုပ်တဲ့မျှောဖောင်တွေကို အာဏာသိမ်းတပ်က လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ (၅၀) နီးပါး ထိခိုက်တာနဲ့ သေဆုံးတာတွေရှိခဲ့ပါသေးတယ်။

ဒါ့အပြင် အောက်တိုဘာ ၃ ရက်နေ့မှာလည်း ကန့်ဘလူမြို့နယ်အရှေ့ခြမ်း ချောင်းရှည်ရွာနဲ့ ကန့်ဘလူမြို့နယ်မြောက်ခြမ်း အုန်းခြောက်လုံးကျေးရွာကို အာဏာသိမ်းတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် (၃၀)နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး (၆) ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့လ စက်တင်ဘာ ၂၅ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်တောင်ခြမ်း၊ အင်းလယ်ကြီးကျေးရွာကို အာဏာသိမ်းတပ်က လေယာဉ်နဲ့ဗုံးကြဲချခဲ့လို့ အသက် (၅) နှစ်အောက်ကလေးငယ် နှစ်ဦးနဲ့ အသက် (၃၀) နှစ်ကျော်အရွယ် မိခင်အမျိုးသမီး (၂) ဦးသေဆုံးပြီး (၄) ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

#ဒီပဲယင်း #ညောင်ပုထိုး #မူးကမ်းကြီး #အာဏာသိမ်းတပ် #လေကြောင်းတိုက်ခိုက် #စစ်ရာဇဝတ်မှု

09/10/2026

လေကြောင်းပစ်ကူနဲ့အတူ မဲဇာရွာထဲ စစ်ကြောင်းဝင်ရောက်လို့ စစ်ဘေးရှောင်တွေ ထပ်မံထွက်ပြေးနေရ

နေ့စဉ်ထူးခြားသတင်း - 345. 𝗠𝗼𝗻 - 𝗙𝗿𝗶. 𝗕𝘆 𝗞𝗪. October 09, 2026

လေကြောင်းပစ်ကူနဲ့အတူ မဲဇာရွာထဲ စစ်ကြောင်းဝင်ရောက်လို့ စစ်ဘေးရှောင်တွေ ထပ်မံထွက်ပြေးနေရBy Ko San. 9 October 2026လေကြောင်း...
09/10/2026

လေကြောင်းပစ်ကူနဲ့အတူ မဲဇာရွာထဲ စစ်ကြောင်းဝင်ရောက်လို့ စစ်ဘေးရှောင်တွေ ထပ်မံထွက်ပြေးနေရ

By Ko San. 9 October 2026

လေကြောင်းပစ်ကူတွေနဲ့အတူ အင်းတော်မြို့ရဲ့တောင်ဘက် (၁၀) မိုင်အကွာမှာရှိတဲ့ မဲဇာစံပြကျေးရွာကို အာဏာသိမ်းတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် စစ်ဘေးရှောင်တွေ နေရာထပ်မံရွှေ့ပြောင်းကြရတယ်လို့ နယ်မြေခံတော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

မန္တလေး - မြစ်ကြီးနား ကားလမ်းနဲ့ ရထားလမ်းပေါ်မှာရှိတဲ့ နန့်သဲကျေးရွာနဲ့ မဲဇာကျေးရွာဟာ အိမ်ခြေ (၁၀၀၀) ကျော်ရှိတဲ့ ရွာကြီးဖြစ်ပြီး ကသာမြို့၊ ဗန်းမောက်နဲ့ အင်းတော်မြို့က စစ်ဘေးရှောင်ပြည်သူတွေ ဝမ်းရေးအတွက်ဈေးရောင်းရင်း စစ်ဘေးခိုလှုံနေကြတဲ့ နေရာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကစပြီး အာဏာသိမ်းတပ်ရဲ့ အင်အား (၇၀၀) ပါ စစ်ကြောင်းဟာ ထီးချိုင့်မြို့ကနေ ထီးချိုင့် - ကသာ - အင်းတော် လမ်းအတိုင်း စတင်စစ်ကြောင်းထိုးလာခဲ့တာပါ။

စစ်ကြောင်းတွေဟာ ဒီကနေ့ အောက်တိုဘာ ၉ ရက် မနက်ပိုင်းမှာ နန့်သဲရွာထိပ်ကိုရောက်ရှိပြီး နန့်သဲမှတဆင့် မဲဇာထဲအထိ ဝင်ရောက်ခဲ့တာလို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

"နန့်သဲထိပ်ရောက်ပြီး အခု မဲဇာထဲဝင်ပြီ။ ၃ကြောင်းချီတက်၊ တစ်ကြောင်း ကာ၊ တကြောင်း ဝင် အဲ့လိုပုံစံလုပ်ပြီး ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်းပစ်ကူနဲ့ပဲ ဝင်တာ"လို့ဆိုပါတယ်။

အာဏာသိမ်းတပ်ဟာ မနေ့ စက်တင်ဘာ ၈ ရက် မွန်းတည့် ချိန်နဲ့ ညနေ ၆ နာရီလောက်မှာ နန့်သဲရွာထိပ်ကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် ကားလမ်းနံဘေးကနေအိမ်တွေ ပျက်စီးခဲ့တယ်လို့လည်း သတင်းရင်းမြစ်ကပြောပါတယ်။

လေကြောင်းပစ်ကူနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် မဲဇာ နန့်သဲဒေသခံတွေအပြင် အခြားဒေသကလာတဲ့ စစ်ဘေးရှောင်တွေလည်း ထပ်မံစစ်ဘေးရှောင်နေကြရတယ်လို့ နောက်ထပ်သတင်းရင်းမြစ်ဖြစ်တဲ့ အင်းတော်မြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။

" အင်းတော်၊ ကသာ၊ ဗန်းမောက်ကပြည်သူတွေတော်တော်များများ မဲဇာ၊ နန့်သဲ ကားလမ်းရိုးတလျှောက် လာစုနေကြတာ။ ကားလမ်းဘေးလမ်းဖြစ်ပြန်ဆိုတော့ စစ်ဘေးရှောင်နေရပေမဲ့ လုပ်စားလို့ကောင်းတော့ နဲနဲ ချောင်လည်တယ်လေ။ အဲ့မှာအခြေကျပြီဆိုမှ အခုထပ်ရှောင်ရပြန်တော့ စစ်ဘေးရှောင်‌တွေ ပြေးစရာမြေ နည်းလာပြီ။ နလန်မထူနိုင်ကြတော့ဘူး" လို့ဆိုပါတယ်။

ယခုနှစ် ပြီးခဲ့တဲ့လ ဇူလိုင် ၄ ရက်နေ့တုန်းကလည်း မဲဇာရွာကို စစ်ကြောင်းဝင်လာလို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ စစ်ဘေးထပ်ရှောင်ခဲ့ရပါသေးတယ်။ ၁၄ ရက်ကြာ တပ်စွဲခဲ့ပြီး ဇူလိုင် ၁၈ ရက်နေ့မှာ အင်းတော််မြို့ထဲ ပြန်လည်ဆုတ်သွားတာကြောင့် စစ်ဘေးရှောင်တွေနဲ့ ရွာခံပြည်သူတွေဟာ ရွာထဲကို ပြန်ဝင်ခဲ့ရာက ယခုအောက်တိုဘာမှာ ပြန်လည်ထွက်ပြေးရပြန်တာ ဖြစ်ပါတယ်။

အာဏာသိမ်းတပ်တွေဟာ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းပစ်ကူတွေနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်သလို ၎င်းတို့လာရာ လမ်းတစ်လျှောက်မှာလည်း တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် မဲဇာရွာနဲ့ နန့်သဲရွာအပြင် အင်းတော်မြို့နဲ့ မဲဇာရွာကြား နန်းကင်၊ နတ်မဟုတ်ကြီး၊ လယ်နောင်၊ သံဘို၊ အလယ်ဆိပ် စတဲ့ကျေးရွာတွေက ပြည်သူတွေလည်း စစ်ဘေးရှောင်နေကြရတယ်လို့သိရပါတယ်။ စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း သောင်းနဲ့ချီပြီးရှိကြောင်းလည်း အင်းတော်မြို့ခံအမျိုးသားကပဲဆက်ပြောပါတယ်။

အင်းတော်မြို့နယ်တခုလုံးကို ၂၀၂၅ ခုနှစ်ကစပြီး ယခုနှစ်ပြီးခဲ့တဲ့ ဧပြီလလယ်အထိ တော်လှန်ရေးတပ်တွေကပဲ ထိန်းချုပ်ထားခဲ့တာပါ။ ဧပြီလ နောက်ဆုံးပတ်မှာ အင်းတော်မြို့နယ်မြောက်ခြမ်း မန္တလေး - မြစ်ကြီးနားကားလမ်းပေါ်က အင်းတော်မြို့၊ နဘားကျေးရွာ၊ နဘားလမ်းဆုံ၊ နဘား - မော်လူးလမ်းပိုင်းကကျေးရွာတွေနဲ့ မော်လူးမြို့တို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်သွားခဲ့ပါတယ်။

လက်ရှိမှာ အာဏာသိမ်းတပ်ဟာ တောင်ဘက်ခြမ်းကကျေးရွာတွေကိုပါ ဆက်လက်ထိန်းချုပ်နိုင်ဖို့ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတာဖြစ်တာဖြစ်ပြီး အင်းတော်မြို့နယ်အတွင်းရှိ မန္တလေး - မြစ်ကြီးနား လမ်းပိုင်းတစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာတာဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောပါတယ်။

#အင်းတော် #မန္တလေး #နန့်သဲ #မဲဇာ #ကသာ

08/10/2026

ဟိုပင်ကဆန်စက်မှာ ကျပ်သိန်း ၁၅၀၀ ဓားပြတိုက်ခံရ၊ မိုးညှင်းခရိုင်ထဲ ဓားပြမှုတွေ ခပ်စိပ်စိပ်ဖြစ်ပေါ်နေ

နေ့စဉ်ထူးခြားသတင်း - 344. 𝗠𝗼𝗻 - 𝗙𝗿𝗶. 𝗕𝘆 𝗞𝗪. October 08, 2026

ဟိုပင်ကဆန်စက်မှာ ကျပ်သိန်း ၁၅၀၀ ဓားပြတိုက်ခံရ၊ မိုးညှင်းခရိုင်ထဲ ဓားပြမှုတွေ ခပ်စိပ်စိပ်ဖြစ်ပေါ်နေBy Ko San. 8 October 2...
08/10/2026

ဟိုပင်ကဆန်စက်မှာ ကျပ်သိန်း ၁၅၀၀ ဓားပြတိုက်ခံရ၊ မိုးညှင်းခရိုင်ထဲ ဓားပြမှုတွေ ခပ်စိပ်စိပ်ဖြစ်ပေါ်နေ

By Ko San. 8 October 2026

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲ ဓားပြအတိုက်ခံရမှု ခပ်စိပ်စိပ်ဖြစ်ပေါ်နေပြီး အောက်တိုဘာ ၅ ရက်နေ့က ဟိုပင်မြို့နယ်၊ တကွင်းကျေးရွာမှာ ဆန်စက် ဓားပြတိုက်ခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အောက်တိုဘာ ၅ ရက်နေ့ ည ၇နာရီခွဲလောက်မှာ ယူနီဖောင်းဝတ်၊ လက်နက်အပြည့်စုံပါတဲ့ အမျိုးသား (၈)‌ ဦးက ဆန်စက်ထဲကိုဝင်လာပြီး စကားပြောစရာရှိတယ်ဟုဆိုကာ လုယက်မှုပြုလုပ်ခဲ့တယ်လို့ ဟိုပင်ဒေသခံတစ်ဦးကပြောပါတယ်။

"၀တ်စုံအပြည့် လက်နက်အပြည့်အစုံနဲ့စစ်ဆေးစရာရှိလို့ပြောပီး၀င်တာ။ ၇၊ ၈ ယောက်ရှိတယ်” လို့ပြောပါတယ်။

အလုပ်သမားအချို့ကို ရိုက်နှက်ခဲ့ပြီး ရွှေနဲ့ ငွေသား သိန်း (၁၅၀၀) ကျပ်အပါအဝင် ဖုန်း (၁၀)လုံးကျော် လုယူသွားတယ်လို့ ပြောပြပါတယ်။

“ဆန်စက်ကလည်းအလုပ်သမားများတယ်။ ငွေ က1500။ ဖုန်း 10လုံးကျော်ပါသွားတယ်။ အလုပ်သမားဖုန်းတွေရော ။ကလေးရဲ့ ရွှေကအစ အကုန်ယူတာ။ အလုပ်သမားအချို့လည်း ရိုက်နှက်ခံရတယ်လို့ကြားတယ်" လို့ဆိုပါတယ်။

၂၀၂၆ ခုနှစ်အတွင်း မိုးညှင်းခရိုင်အတွင်းက မိုးညှင်း၊ ဟိုပင်၊ တကွင်း၊ နန်းမား၊ မိုးကောင်း စတဲ့ဒေသတကြောမှာ ဓားပြတိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်နေပြီး တစ်လ ၂ ကြိမ်လောက် ဓားပြတိုက်ခံနေရတယ်လို့ ဟိုပင်ဒေသခံ သတင်းရင်းမြစ်ကပဲ‌ဆက်ပြောပါတယ်။

"အရင်ကလည်း ဓားပြတိုက်မှုတွေက ခဏခဏဖြစ်နေတာ။ မိုးညှင်း ၊ ဟိုပင်၊ တကွင်း၊ နန်းမားတကြောမှာ ဓားပြတိုက်တာက ဒီတကြိမ်မှမဟုတ်ဘူး။ အမြဲတမ်းပဲဖြစ်နေတာ။ တလကို ၂ လောက်ဖြစ်နေသလားအောင့်မေ့ရတယ်။ ဒီတကြိမ်က သူဌေးမို့ နည်းနည်း အသံထွက်လာတာပေါ့"လို့ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ်တုန်းက ဓားပြအချို့ကို တော်လှန်ရေးတပ်ဘက်က ဖမ်းဆီးရမိခဲ့ပေမယ့် ပြန်လွှတ်ပေးခဲ့ပြီးနောက်ပိုင်း ဓားပြမှုတွေဆက်လက်ဖြစ်ပေါ်နေတာလို့ မိုးညှင်းဒေသခံ တော်လှန်ရေးသတင်းရင်းမြစ်ကဆက်ပြောပါတယ်။

" အဲ့ဓားပြအဖွဲ့က အဲ့တကြောမှာပဲ လှုပ်ရှားနေတာ။ မနှစ်က အရှေ့တောင်က တော်လှန်ရေးအဖွဲ့တွေဖမ်းမိသေးတယ်လေ။ ၄၊ ၅၊ ၆ လလောက် သူတို့ဆီမှာ ချုပ်ထားသေးတယ်။ ပြီးတော့ ဓားပြခေါင်းဆောင်ရဲ့အကိုက PDFထဲရှိနေတော့ ညှိပြီးပြန်လွတ်ပေးလိုက်တော့။ အခုနောက် ပိုပိုဆိုးလာတယ်"လို့ဆိုပါတယ်။

ဓားပြအဖွဲ့ဟာ မြေနုရွာ၊ အလံဘိုရွာ၊ မြို့သစ်ကလေးရွာ စတဲ့ကျေးရွားသားအချို့ပါတယ်လို့သိရပြီး ဖမ်းဆီးအရေးယူမှုတွေပြည်လုပ်ပေးရန် ပြည်သူတွေက တောင်းဆိုနေကြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာခြင်းနဲ့ နိုင်ငံစီးပွါးရေးကျဆင်းကြောင့် မြန်မာတစ်နိုင်ငံအတိုင်းအတာနဲ့ ခိုးဆိုးလုယက်မှုတွေဖြစ်ပေါ်နေတာကို သတင်းဌာနတွေရဲ့ တင်ဆက်မှုတွေကနေ တွေ့မြင်နေရပါတယ်။

#ဟိုပင် #ဆန်စက် #ဓါးပြတိုက် #လုယက်မှု #မိုးညှင်း

08/10/2026

မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုဟာ သံတမန်ရေးရာအစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး အသိအမှတ်ပြု ထောက်ခံခြင်း လို့ မထင်မှားဖို့ မလေးရှားဝန်ကြီးချုပ်ရဲ့ အတွင်းရေးမှူးပြော

(ရုပ်သံသတင်း)

By D Hline. 8 October 2026

စစ်အာဏာရှင်သမ္မတဦးမင်းအောင်လှိုင်ကို မလေးရှားအစိုးရ က ထိတွေ့ဆက်ဆံမှုဟာ သံတမန်ရေးရာ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပြီး အသိအမှတ်ပြုထောက်ခံခြင်းလို့ အထင်မမှားသင့်ကြောင်း မလေးရှား ဝန်ကြီးချုပ်ရဲ့ နိုင်ငံရေးအတွင်းရေးမှူး က ပြောကြားလိုက်ပါတယ်။

မလေးရှားနိုင်ငံကို ၂ ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိလာတဲ့ စစ်အာဏာရှင်ဦးမင်းအောင်လှိုင်ကို ကောဇောနီခင်းကြိုဆိုမှု နဲ့ ပတ်သတ်လို့ ကလန်းမြို့နယ် အမတ်ဟောင်း ချားလ်စ် ဆန်တီယာဂို ကဝေဖန်ခဲ့ပါတယ်။

အဆိုပါ ဝေဖန်မှုအပေါ် ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ရဲ့ နိုင်ငံရေးအတွင်းရေးမှူးဖြစ်သူ ခါမီးလ် အဗ္ဗဒူလ်မူနင် က အခုလို တုံ့ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ချဉ်းကပ်ပုံကတော့ ရှင်းပါတယ်၊ အကျပ်အတည်းကနေ ထွက်ပေါက်ရှာဖို့အတွက် သက်ဆိုင်ရာ သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံတာပါ။ ဒါကြောင့် 'ကောဇောနီခင်း ကြိုဆိုတယ်' ဆိုတဲ့ စကားရပ်ဟာ စိတ်ဝင်စားစရာကောင်းတဲ့ နိုင်ငံရေးခေါင်းစဉ်တစ်ခုတော့ ဖြစ်နိုင်ပေမဲ့ သံတမန်ရေးရာရဲ့ ရှုပ်ထွေးမှုတွေ ကိုတော့ ရှင်းပြနိုင်ခြင်း မရှိပါဘူး” လို့ သူက ဆိုပါတယ်။

#အာဏာရှင် #မင်းအောင်လှိုင် #မလေးရှား #ချားလ်စ်ဆန်တီယာဂို # ခါမီးလ်အဗ္ဗဒူလ်မူနင်

အကြွေးတောင်းပြန်လာတဲ့ ကျေးရွာ ပကဖ ဒုတာဝန်ခံနဲ့ ရဲဘော်တစ်ဦး လမ်းခရီးမှာ သတ်ဖြတ်ခံရBy Ko San. 7 October 2026စစ်ကိုင်းတိုင်...
07/10/2026

အကြွေးတောင်းပြန်လာတဲ့ ကျေးရွာ ပကဖ ဒုတာဝန်ခံနဲ့ ရဲဘော်တစ်ဦး လမ်းခရီးမှာ သတ်ဖြတ်ခံရ

By Ko San. 7 October 2026

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်နှစ်ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အသတ်ခံရသူတွေဟာ ဘုတလင်မြို့နယ်၊ နတ်ရွာကျေးရွာ ပကဖ ဒုတာဝန်ခံနဲ့ ရဲဘော်တို့ဖြစ်ပြီး အောက်တိုဘာ ၄ ရက်နေ့ ညနေ ၆ နာရီခွဲလောက်မှာ ဒီပဲယင်းမြို့နယ် တိုက်ရွာနဲ့ အုတ်ရှစ်ကြီးကျေးရွာကြားမှာ ဆိုင်ကယ်နှစ်စီးနဲ့ ရောက်လာတဲ့ လူ (၅) ယောက်က သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ သိရပါတယ်။

၎င်းတို့နှစ်ဦးဟာ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာက ငွေလွှဲ၊ ငွေထုတ်ဆိုင်မှာ KPAY နဲ့ ငွေသား သိန်း (၂၀၀) ထုတ်လာစဉ် အသတ်ခံရတာလို့လည်း သတင်းရင်းမြစ် ကာကွယ်ရေးတပ်ဖွဲ့ဝင်ကပဲ ပြောပါတယ်။ အဲ့ဒီနောက် ၎င်းတို့မှာပါလာတဲ့ MA1 သေနတ်နှစ်လက်နဲ့ ငွေသား သိန်း (၂၀၀) တို့ကိုလည်း ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

သတ်တဲ့သူတွေဟာလည်း အချင်းချင်း သိထားပြီးသားသူတွေက လုပ်ကြံတာဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ်ရဲဘော်က ဆက်ပြောပါတယ်။

"ရန်ငြိုးရှိလို့တော့ မဟုတ်ပါဘူး။ အကြွေးသွားတောင်းတာဆိုတော့၊ သတ်တဲ့သူကလည်း အဖွဲ့စည်းကပဲဆိုတော့ လက်နက်အရောင်းဝယ်အကြွေးလား။ တခြား မူးယစ်နဲ့ဆိုင်တဲ့အကြွေးလားတော့ မသိဘူး။ အကြွေးကို KPAY နဲ့ပေးပြီး၊ ငွေထုတ်ပြီး နောက်ကလိုက်ပစ်တာဖြစ်ဖို့များပါတယ်။ ဟိုဘက်ကလည်း ဂန်းတွေပါတာပဲလေ။ ပစ်ခတ်မှုဖြစ်ရင် နှစ်ဖက်ပစ်ကြမှာပေါ့။ အခုက နှစ်ဖက်ဓာတ်သိတွေဆိုတော့ စကားပြောရင်း အငိုင်ပစ်သွားတာဖြစ်မယ်"လို့ ဆိုပါတယ်။

ယခုလ အောက်တိုဘာ ၅ ရက်နေ့ကလည်း စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာ LPDF ခေါင်းဆောင် ကိုမိုးကြိုးကို စစ်ကိုင်းမြို့နယ် ပကဖ ခေါင်းဆောင် ကိုရွာသားက သဇင်ရွာ စတားလင့်ဆိုင်မှာ လက်တောက်ခုံတောက်နေစဉ် နောက်ကနေ သေနတ်နဲ့ ပစ်သတ်လုပ်ကြံမှု ဖြစ်ခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်းအတွင်း ယခုကဲ့သို့ တော်‌လှန်ရေးတပ်ဖွဲ့ဝင်တွေ အချင်းချင်း လုပ်ကြံသတ်ဖြတ်တဲ့ဖြစ်စဉ် (၅)ခု ထက်မနည်းရှိခဲ့ပြီဖြစ်ပါတယ်။

#စစ်ကိုင်း #ဒီပဲယင်း #ဘုတလင် #ပကဖ #လုပ်ကြံသတ်ဖြတ်

07/10/2026

အင်းတော်တစ်မြို့နယ်လုံးထိန်းချုပ်နိုင်ဖို့ အင်းတော်တောင်ပိုင်းအထိ စစ်တပ်ဆက်လက်စစ်ကြောင်းထိုး

နေ့စဉ်ထူးခြားသတင်း - 343. 𝗠𝗼𝗻 - 𝗙𝗿𝗶. 𝗕𝘆 𝗞𝗪. October 07, 2026

Address

Myitkyina, Kachin State
Myitkyina

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Kachinwaves posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kachinwaves:

Shortcuts

Share