Newsroom Channel - NRC

Newsroom Channel - NRC စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်ရေး၊ ဒုက္ခသည်အရေး သတင်း,ဆောင်းပါးများ ဒီသတင်းခန်း Channelမှ တင်ဆက်ပေးနေသည်။

မိုးကုတ်နဲ့ မိုးမိတ်မြို့ကို လက်လွှတ်ပြီး စစ်ကောင်စီနဲ့ TNLA ကြား အပစ်ခတ်ရပ်ဆဲ ---NRC၊ အောက်တိုဘာလ -၂၉⚪️ တရုတ်အစိုးရရဲ့ ...
29/10/2025

မိုးကုတ်နဲ့ မိုးမိတ်မြို့ကို လက်လွှတ်ပြီး စစ်ကောင်စီနဲ့ TNLA ကြား အပစ်ခတ်ရပ်ဆဲ
---
NRC၊ အောက်တိုဘာလ -၂၉
⚪️ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ အောက်တိုဘာလ ၂၇ ရက်၊ ၂၈ ရက် နှစ်သာ တွေ့ဆုံးညှိနှိုင်းပြီး နှစ်ဖက် အပစ်ခတ်ရပ်ဆဲလိုက်တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီအနေနဲ့ TNLA ထိန်းချုပ်ဒေသတွေကို လေကြောင်းနဲ့ ဗုံးကြဲတာ စစ်ကြောင်းထိုးတာကို ရပ်တန့်ရမှာဖြစ်ပြီး TNLA ကတော့ မိုးကုတ်နဲ့ မိုးမိတ်မြို့ကနေ ဆုတ်ခွာဖို့အတွက် နှစ်ဖက် သဘောတူညီခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီနဲ့ TNLA တို့ကြား ကိုးကြိမ်အထိ တွေ့ဆုံးဆွေးနွေးပြီးနောက် အပစ်ခတ်ရပ်ဆဲရေး လက်မှတ်ရေးထိုးခဲ့တာပါ။

TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွေကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူပြီးနောက် TNLA ထိန်ချုပ်ထားတဲ့ နမ္မတူ၊ နမ့်ဆန်၊ မန်တုန်၊ မိုင်းလုံ၊ မိုင်းငေါ့ မြို့တွေကို စစ်ကောင်စီက နေ့စဉ်ရက်ဆက် ဗုံးကြဲနေခဲ့တာ ဖြစ်ပါတယ်။

19/10/2025
နမ့်ဆန်မှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးအပါဝင် ခြောက်ဦး သေဆုံး---NRC၊ အောက်တိုဘာလ - ၁၉⚫️ တအောင်း အမ...
19/10/2025

နမ့်ဆန်မှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးအပါဝင် ခြောက်ဦး သေဆုံး
---
NRC၊ အောက်တိုဘာလ - ၁၉
⚫️ တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် ကွမ်ဟယ်ရွာကို အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်းမှာ စစ်ကော်မရှင်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးတစ်ဦးအပါဝင် ခြောက်ဦးသေဆုံးပြီး လေးဦး ထိခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ည ၈ နာရီခန့်မှာ ကွမ်ဟယ်ရွာ အလယ်တည့်တည့်ကို ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲချခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် လွေးနီလာအောင်၊ အသက် ၂၁ အရွယ် လွေးရီရီလှိုင်၊ လွေးဆန်းဆန်းဦး၊ အသက် ၃၅ နှစ်အရွယ် ဒေါ်အေးသောင်း၊ အသက် ၄၇ နှစ်အရွယ် ဒေါ်အေးဟိန်းနဲ့ အသက် ၄၂ နှစ်အရွယ် ဦးသန်းကျော်တို့ နေရာမှာတင် သေဆုံးခဲ့တာပါ။

ဒါ့အပြင် အသက် ၄ နှစ်အရွယ် မိုင်းကျော်ဇေယျဦး၊ အသက် ၃၃ နှစ်အရွယ် ဒေါ်အီအေး၊ အသက် ၆၈ နှစ်အရွယ် ဦးကျော်၊ အသက် ၇၇ နှစ်အရွယ် ဒေါ်စောရင်တို့ ထိခိုက်ခဲ့ပြီး နေအိမ် ၂၀ ကျော်နဲ့ ဆိုင်ကယ် လေးစီးလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်ဟာ ကျောက်မဲမြို့ကို ထိန်းချုပ်ခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ကတည်းက TNLA ထိန်းချုပ်ထားတဲ့ မြို့၊ ရွာတွေကို နေ့စဉ်ရက်ဆက် လေကြောင်း တိုက်ခိုက်မှု ပိုတိုး လုပ်ဆောင်နေပြီး အောက်တိုဘာလ ၁ ရက်ကနေ ၁၇ ရက်နေ့အထိ ကျောက်မဲ၊ သီပေါ၊ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ မိုးကုတ်၊ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့မြို့တွေကို လေကြောင်းတိုက်ခိုက်မှု ၂၇ ကြိမ် ပြုလုပ်ခဲ့တယ်လို့ TNLA ထုတ်ပြန်ထားပါတယ်။

အဲဒီ လေကြောင်းတိုက်ခိုက်မှုမှာ ကလေး ခုနစ်ဦးအပါဝင် ၃၀ ကျော် သေဆုံးပြီး ကလေး ၁၁ ဦးအပါဝင် ၃၀ ခန့် ထိခိုက်ခဲ့သလို စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ် အဆောက်ဦး ၁၀၀ ကျော်လည်း ပျက်စီးသွားပါတယ်။

TNLA ထိန်းချုပ်မြို့တွေကို နေ့စဉ်ရက်ဆက် စစ်ကော်မရှင် ဗုံးကြဲနေ---NRC၊ အောက်တိုဘာလ - ၁၇🔴 တအောင်း အမျိုးသားလွတ်မြောက်ရေးတပ...
17/10/2025

TNLA ထိန်းချုပ်မြို့တွေကို နေ့စဉ်ရက်ဆက် စစ်ကော်မရှင် ဗုံးကြဲနေ
---
NRC၊ အောက်တိုဘာလ - ၁၇
🔴 တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စစ်ကော်မရှင်က နေ့စဉ်ရက်ဆက် ဗုံးကြဲနေပြီး အောက်တိုဘာလ ၁၇ ရက် ဒီနေ့ မနက်ပိုင်းမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နဲ့ နမ့်ဆန်မြို့တို့ကို လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး လေးဦး ထိခိုက်ခဲ့တယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။

ဒီနေ့ မနက် ၈ နာရီကျော်လောက်မှာ နမ္မတူမြို့ပေါ်က အထက(၁) ကျောင်းတစ်ဝိုက်ကို ပေါင် (၂၅၀) ဗုံး နှစ်လုံး လာရောက်ကြဲချခဲ့လို့ အရပ်သား အမျိုးသမီး လေးဦး ဗုံးထိမှန်ခဲ့တာပါ။ ဒါ့အပြင် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် အခြေနေ အသေးစိပ်ကိုတော့ စုံးစမ်းနေဆဲပဲလို့ TNLA ကဖော်ပြပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့မှာလည်း TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို လေကြာင်းနဲ့ ဗုံးကြဲခဲလို့ ဒေသခံ တစ်ဦး ထိခိုက်ခဲ့ပြီး နေအိမ် အများအပြားလည်း ပျက်စီးသွားပါတယ်။

ကျောက်မဲမြို့ကို ပြန်လည်သိမ်းယူနိုင်ပြီးနောက် စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာလ ၂ ရက်နေ့ကစပြီး TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို နေ့စဉ် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေ တိုက်ပွဲဖြစ်တာ မရှိပေမဲ့ လေကြောင်းရန်ကို စိုးရိမ်ရလို့ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် သီပေါမြို့ပေါ်မှာလည်း အောက်တိုဘာလ ၁၆ ရက်နေ့ မနေ့ကတည်းက နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေပြီး မြို့တွင်း နေအိမ် အဆောက်ဦး အများအပြားလည်း မီးလောင်ပျက်စီးတာတွေလည်း ရှိနေပါတယ်။

တရုတ်ဖိအားကြောင့် ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေး ထိုးစစ်အရှိန်လျော့ကျသွားပြီးနောက် TNLA သိမ်းယူထားတဲ့ နောင်ချို၊ ကျောက်မဲမြို့ကို စစ်ကော်မရှင်က ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး သီပေါ၊ မိုးကုတ်မြို့တွေကိုပါ စစ်ကော်မရှင်က စစ်ကြောင်းထိုးနေပါတယ်။

17/10/2025

မြန်မာစစ်တပ်ရဲ့ နေရာပေးမှုနဲ့ လောက်ကိုင်မှာ ကျားဖြန့်ငွေလိမ်ဂိုဏ်း ဒုစရိုက်မှုလုပ်ငန်းတွေနဲ့ ဩဇာ၊ ဓန ကြီးထွားခဲ့တဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဝေစန်း ဦးဆောင်တဲ့ ဝေ မိသားစုရဲ့ ဆိုးဝါးတဲ့ လုပ်ရပ် အကြောင်းကို ဝေစန်းရဲ့ တူဖြစ်သူက တရုတ်အစိုးရမှာ ဝန်ခံထုတ်ဖော်ထားတဲ့ မှတ်တမ်းရုပ်သံ။

17/10/2025

ပဲခူးတိုင်း၊ လက်ပန်တန်မြို့နယ်မှာ အောက်တိုဘာလ ၁၅ ရက်နေ့က စစ်ကော်မရှင် စစ်ကြောင်းတစ်ခုလုံးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ချေမှုန်းခဲ့ပြီး စစ်သုံ့ပန်း ၁၀ ဦးကျော်နဲ့အတူ လက်နက်ခဲယမ်း သိမ်းဆည်းရမိခဲ့ပါတယ်။

နတ်ရေကန် လေကြောင်း ကာကွယ်ရေးစခန်းက ရေဒါတွေကို နေရာပြောင်းရွေ့ထား---NRC၊ အောက်တိုဘာလ - ၁၆🔴 မကွေးတိုင်း၊ ငဖဲမြို့နယ်က စစ်က...
16/10/2025

နတ်ရေကန် လေကြောင်း ကာကွယ်ရေးစခန်းက ရေဒါတွေကို နေရာပြောင်းရွေ့ထား
---
NRC၊ အောက်တိုဘာလ - ၁၆
🔴 မကွေးတိုင်း၊ ငဖဲမြို့နယ်က စစ်ကောင်စီရဲ့ လေကြောင်းရန် ကာကွယ်ရေးစခန်ဖြစ်တဲ့ နတ်ရေကန်စခန်းက ရေဒါ စက်ပစ္စည်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက နေရာပြောင်းရွေ့ထားတယ်လို့ CDM စစ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာစစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI)က ထုတ်ပြန်ပါတယ်။

P-18 Early Warning Radar ဟာ အကွာဝေး ကီလိုမီတာ ၂၅၀ အတွင်းက လေကြောင်းလှုပ်ရှားမှုကို စောင့်ကြည့်ထောက်လှမ်းကာ ကြိုတင်သတိပေးတဲ့ ရေဒါ စနစ်ဖြစ်ပြီး နိုင်ငံအနောက်ဘက်ခြမ်းနဲ့ ဘင်္ဂလားဒေရှ်နိုင်ငံရဲ့ လေကြောင်း လှုပ်ရှားမှုကို စောင့်ကြည့်ဖို့ တပ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းကတည်းက နတ်ရေကန်စခန်းကို အာရက္ခတပ်တော် (AA) ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်လာပြီးနောက် စစ်ကောင်စီက လေကြောင်း ထောက်လှမ်းတဲ့ ရေဒါတွေကို ဖြုတ်သိမ်းကာ နေရာပြောင်းရွေ့ထားတာပါ။

နတ်ရေကန်စခန်းကိုလည်း မူလက လေကြောင်းရန် ကာကွယ်ရေးစခန်းအဖြစ်ကနေ ခြေမြန်တပ်မဌာနချုပ် တမခ-၉၉နဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၇ တပ်တွေက အင်အားတွေကို ပြန်လည်ဖြည့်တင်းပြီး ခြေလျင်ဗျူဟာကုန်းစခန်းအဖြစ် ပြန်လည် တပ်စွဲထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီက အင်အားဖြည့်တင်းကာ ပြန်လည် စုဖွဲ့ပြင်ဆင်ထားတဲ့ နတ်ရေကန်စခန်းရဲ့ ကာကင်းစခန်း အကုန်လုံးကို AA ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းယူထာပြီးနောက် နောက်ဆုံးကျန်ရှိနေတဲ့ စခန်းတချို့ကို ဆက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ AA က ထုတ်ပြန်ထားပါတယ်။

အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်ကြားက စစ်ရေးပဋိပက္ခကို ဒေါ်နယ်ထရမ့် ဖြေရှင်းမယ်---NRC၊ အောက်တိုဘာလ - ၁၄⚪️ အာဖဂန်နစ္စတန်နဲ့ ပါက...
14/10/2025

အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်ကြားက စစ်ရေးပဋိပက္ခကို ဒေါ်နယ်ထရမ့် ဖြေရှင်းမယ်
---
NRC၊ အောက်တိုဘာလ - ၁၄
⚪️ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် နှစ်နိုင်ငံကြားက စစ်ရေး တင်းမာနေတဲ့ အခြေနေကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကြားဝင် ဖြေရှင်းသွားမယ်လို့ ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်းမှာ ပြောကြားလိုက်ပါတယ်။

အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်ကြားက စစ်ရေးပဋိပက္ခကို အရှေ့အလယ်ပိုင်းခရီးစဉ်ကနေ ပြန်ရောက်ရင် ဖြေရှင်းသွားမယ်လို့ ဒေါ်နယ်ထရမ့်က သတင်းထောက်တွေကို တနင်္ဂနွေနေ့မှာ ဖြေဆိုထားပါတယ်။

“Pakistan နဲ့ Afghanistan ကြားမှာ တိုက်ပွဲတစ်ခု ဖြစ်နေပြန်ပြီ။ ကျွန်တော် ပြန်လာရင် ဒီကိစ္စကို ရှင်းပေးမယ်။ ကျွန်တော်က စစ်ပွဲတွေဖြေရှင်းတဲ့နေရာမှာ တော်တယ်လေ။ ဒါကြောင့် ဒီတစ်ခါလည်း ပဋိပက္ခကို ရပ်စဲအောင် ကြိုးစားမယ်”ဟု ဒေါ်နယ်ထရမ့် ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့မှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ကနဦး အပစ်ရပ်ရပ်သဘောတူညီချက် ရရှိခဲံပြီး ဓားစာခံနဲ့ ပါလစ္စတိုင်းအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ဖို့ ဒေါ်နယ်ထရမ့်က ဆောင်ရွက်ခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁၁ ရက်နေ့ကစပြီး အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး ပါကစ္စတန်ဘက်က ၂၃ ဦးနဲ့ တာလီဘန်ဘက်က ကိုးဦး သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။

ပါကစ္စတန် စစ်တပ်ဟာ ပြီးခဲ့တဲ့ သတင်းပတ်မှာ အာဖဂန်နစ္စတန် နိုင်ငံရဲ့ မြို့တော် ကဘူးလ်မြို့တစ်ဝိုက်မှာ လေကြောင်း စစ်ဆင်ရေး ပြုလုပ်ခဲ့ပြီး ဒါကို လက်တုံ့ပြန်တဲ့ အနေနဲ့ နယ်စပ်က ပါကစ္စတန် တပ်စခန်း ငါးနေရာလောက်ကို တာလီဘန်တပ်က တိုက်ခိုက်ခဲ့တာကြောင့် နှစ်ရက်လောက် နယ်စပ်မှာ တိုက်ပွဲ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

ပါကစ္စတန်တာလီဘန် အကြမ်းဖက်အဖွဲ့ကို အာဖဂန်နစ္စတန် နိုင်ငံမှာ ခိုလှုံးခွင့်နဲ့ ထောက်ပံ့မှုတွေ ပေးထားတယ်လို့ ပါကစ္စတန်အစိုးရဘက်က မကြာခဏ စွပ်စွဲလေ့ရှိပေမဲ့ အာဖဂန် တာလီဘန်အစိုးရကတော့ မဟုတ်ကြောင်း ညှင်းဆိုထားပါတယ်။

ပါကစ္စတန်တာလီဘန်အဖွဲ့ဟာ ပါကစ္စတန်နိုင်ငံ အနောက််မြောက်ပိုင်းမှာ အစိုးရတပ်တွေကို တိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်ပြီး ပါကစ္စတန် စစ်တပ်ရဲ့ ကဘူးလ်မြို့ လေကြာင်းတိုက်ခိုက်မှုဟာ ပါကစ္စတန်တာလီဘန် ခေါင်းဆောင်ကို ဦးတည်တိုက်ခိုက်ခဲ့တာလို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထားပါတယ်။

နမ့်ဆန်ကို နှစ်ရက်ဆက် ဗုံးကြဲလို့ ဒေသခံ သုံးဦးသေဆုံး---NRC၊ အောက်တိုဘာလ - ၁၄🔴 တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TN...
14/10/2025

နမ့်ဆန်ကို နှစ်ရက်ဆက် ဗုံးကြဲလို့ ဒေသခံ သုံးဦးသေဆုံး
---
NRC၊ အောက်တိုဘာလ - ၁၄
🔴 တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အုပ်ချုပ်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်ကို အောက်တိုဘာလ ၁၃ ရက်နဲ့ ၁၄ ရက် နှစ်ရက်ဆက်တိုက် လေကြောင်းနဲ့ ဗုံးကြဲလို့ ကလေးအပါဝင် သုံးဦးသေဆုံးကာ နေအိမ်အများအပြားလည်း ပျက်စီးသွားတယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။

နမ့်ဆန်မြို့နယ်က ကယားကြီးရွာကို အောက်တိုဘာလ ၁၃ ရက်နေ့မှာ ဗုံးကြဲခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်နေ့မှာ အုမ်းမစွမ်ရွာကို ဗုံးကြဲခဲ့လို့ ကလေးအပါဝင် ဒေသခံ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တာပါ။ စာသင်ကျောင်းနဲ့ နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၂ရက်နေ့ ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်လိုက်ချိိန်ကစပြီး TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို နေ့တိုင်း ဗုံးကြဲတိုက်ခိုက်နေသလို သီပေါနဲ့ မိုးကုတ်ဘက်ကို မြေပြင်ကနေ အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးလာလို့ နှစ်ဖက်တိုက်ပွဲတွေလည်း ဖြစ်နေပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ သီပေါ၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုန်၊ မိုင်းငေါ့၊ မိုင်းလုံး၊ မိုးမိတ်နဲ့ မိုးကုတ်မြို့တွေကို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အောက်တိုဘာလ ၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကလေးအပါဝင် ၃၀ ကျော်သေဆုံးပြီး ၃၀ ခန့်လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့ အတူ ထိုးစစ်အရှိန်ကောင်းခဲ့တဲ့ ရှမ်းမြောက်မှာ တရုတ်နဲ့ လားရှိုးမြို့ကို စစ်ကောင်စီ ပြန်ရလိုက်သလို တော်လှန်ရေးအင်းအားစုတွေရဲ့ ထိုးစစ်အရှိန်ကိုလည်း တရုတ်ဖိအားနဲ့ ရပ်တန့်လိုက်ပါတယ်။

အဲဒီနောက် တရုတ်ဆီကရတဲ့ လက်နက်၊ နည်းပညာ အကူညီနဲ့ ရှမ်းမြောက်မှာ စစ်ကောင်စီတပ်က တန်ပြန်ထိုးစစ်ဆင်လာနိုင်ခဲ့ပြီး TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုနဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပါရာမော်တာ၊ ဂျိုင်ရိုကော့ပတာနဲ့ တိုက်ခိုက်ရာမှာ အရည်သွေးမမှီတဲ့ ၁၂၀ မမ ဗုံးသီးတွေကို ပြုပြင် အသုံးပြုနေ---NRC၊ အောက်တိုဘ...
10/10/2025

ပါရာမော်တာ၊ ဂျိုင်ရိုကော့ပတာနဲ့ တိုက်ခိုက်ရာမှာ အရည်သွေးမမှီတဲ့ ၁၂၀ မမ ဗုံးသီးတွေကို ပြုပြင် အသုံးပြုနေ
---
NRC၊ အောက်တိုဘာလ - ၁၀

🔴 အညာမြေပြန့်ဒေသမှာ စစ်ကောင်စီတပ်က စက်တပ်လေထီး ပါရာမော်တာ၊ ဂျိုင်ရိုကော့ပတာနဲ့ ဗုံးသီးချ တိုက်ခိုက်ရာမှာ အရည်သွေးမမှီလို့ (reject) ပယ်ဖျယ်လိုက်တဲ့ မော်တာ ဗုံးသီးတွေကို ပြန်လည် ပြုပြင်ကာ အသုံးပြုနေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDIS)က အောက်တိုဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၃) နဲ့ ကပစ (၁၂)တပ်တွေမှာ ထုတ်လုပ်နေတဲ့ ဗုံးသီးတွေထဲက ပယ်လိုက်တဲ့ ၁၂၀ မမ မော်တာ ဗုံးသီးတွေကို ပါရာမော်တာ၊ ဂျိုင်ရိုကော့ပတာနဲ့ ဗုံးသီးချ တိုက်ခိုက်နိုင်ဖို့အတွက် ပြုပြင် အသုံးပြုလာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ပုံမှန်အားဖြင့် ၁၂၀ မမ ဗုံးသီးတွေကို လက်နက်ကြီးကျည် အဖြစ်သာ အသုံးပြုလေ့ရှိပေမဲ့ အညာမှာ ကုန်ကျမှု နည်းနည်းနဲ့ နေ့စဉ်ဗုံးကြဲနိုင်ဖို့ ပါရာမော်တော၊ ဂျိုင်ရိုကော့ပတာတွေကို အသုံးပြုလာချိန် ၁၂၀ မမ ဗုံးသီးကို လေကြောင်းဗုံးသီးအဖြစ် အသုံးပြုလာတာပါ။

ဒါ့အပြင် မိုးရာသီအလွန်မှာ ပါရာမော်တာ၊ ဂျိုင်ရိုကော့ပတာနဲ့ အညာမှာ ဗုံးကြဲတိုက်ခိုက်မှု အရေအတွက် ပိုများလာနိုင်တယ်လို့ MDSIက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွန်လပြည့်ညက စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ဘုံတိုရွာမှာ ဆီမူးပူဇော်ရင်း အာဏာရှင် ဆန့်ကျင် သပိတ်ပြုလုပ်နေတဲ့ လူအုပ်ထဲကို စစ်ကောင်စိတပ် ပါရာမော်တာနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲံလို့ ကလေးအပါဝင် ၃၀ ဦးခန့် သေဆုံးပြီး အများအပြား ထိခိုက်ခဲ့ပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ ကလေးတစ်ဦး သေဆုံးပြိး ၂၀ ဦး ထိိခိုက်---NRC၊ အောက်တိုဘာလ - ၁၀ 🔴 ယူကရိန်း နိုင်င...
10/10/2025

ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ ကလေးတစ်ဦး သေဆုံးပြိး ၂၀ ဦး ထိိခိုက်
---
NRC၊ အောက်တိုဘာလ - ၁၀
🔴 ယူကရိန်း နိုင်ငံတစ်ဝှမ်းကို အောက်တိုဘာလ ၁၀ ရက်နေ့ သောကြာ မနက်အစောပိုင်းမှာ ရုရှားဘက်က ဒရုန်း၊ မစ်ဆိုင်းဒုံး အများအပြားနဲ့ တိုက်ခိုက်ခဲ့လို့ နိုင်ငံအရှေ့တောင်ပိုင်းမှာ ကလေးတစ်ဦး သေဆုံးပြီး မြို့တော် ကိယက်ဗ်မှာလည်း လူအနည်းဆုံး ၂၀ ဦးခန့် ထိခိုက်ခဲ့တယ်လို့ AP သတင်းဌာနမှာ ဖော်ပြပါတယ်။

ရုရှားဘက်ကနေ ဒရုန်းပေါင်း ၄၆၅ စင်း၊ မစ်ဆိုင်းဒုံး ၃၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒရုန်း ၄၀၅ စင်းနဲ့ ဒုံး ၁၅ လုံးကို ဟန့်တားပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ထုတ်ပြန်ထားပါတယ်။

အဲဒီ တိုက်ခိုက်မှုကြောင့် ယူကရိန်းအရှေ့တောင်ပိုင်းမှာ အသက် ၇ နှစ်အရွယ် ကောင်လေးတစ်ဦး သေဆုံးပြီး ကိယက်ဗ်မြို့ အလယ်က ၁၇ ထပ် အဆောက်ဦးတစ်လုံးလည်း မီးလောင်ခဲ့ကာ လူ ၂၀ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတစ်ဝှမ်းက ဓာတ်အားပေးစက်ရုံ ၇ ခုလောက် ထိခိုက်ပျက်စီးတယ်လို့ နိုင်ငံတကာ သတင်းဌာနတွေမှာ ဖော်ပြပါတယ်။

ယူကရိန်းဘက်ကတော့ ဒီတိုက်ခိုက်မှုဟာ စစ်ရေး ပစ်မှတ်မဟုတ်ဘဲ အရပ်သားနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်ဦးကို ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်တာလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

ယူကရိန်း ကျူးကျော်စစ် စဖြစ်ချိန်ကတည်းက နှစ်စဉ် ဆောင်းရာသီမတိုင်ခင် ယူကရိန်းရဲ့ စွမ်းအင်ကွန်ယက်ကို ရုရှားက ဖျက်ဆီးဖို့ ကြိုးပမ်းလေ့ရှိပြီး ဒါဟာ ယူကရိန်းပြည်သူတွေကို စိတ်ဓာတ်ကျစေချင်တဲ့ ဗျူဟာဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ပြောဆိုကြပါတယ်။

10/10/2025

ဖိလစ်ပိုင်မှာ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီ သတိပေးချက် ထုတ်ပြန်

Address

CC24+Q6H, Myanmar (Burma)
Myitkyina

Website

Alerts

Be the first to know and let us send you an email when Newsroom Channel - NRC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share