Hkakabo Razi Pictures

Hkakabo Razi Pictures “တန်ဖိုး“ ရုပ်ရှင် စက်တင်ဘာ (၁၂) ရုံတ?

24/02/2023
27/11/2020

Covid ပညာပေး MTV လေးပါ။ ကချင်ရိုးရာ ဝတ်စုံလေးနှင့် ကချင် သမီးပျိုလေးတွေရဲ့ အကကို အားပေးကြပါအုံး။

23/06/2020

ဒီ သီချင်းလေး ကြားရင် အရမ်း သတိရလာတယ်။

တန်ဖိုးရုပ်ရှင် နမ်တီးမြို့မှာ ရုံပြည့်အားပေး/Namti bu ni, Chyeju kaba sai yaw.
03/11/2019

တန်ဖိုးရုပ်ရှင် နမ်တီးမြို့မှာ ရုံပြည့်အားပေး/
Namti bu ni, Chyeju kaba sai yaw.

25/10/2019
"Tan Boe" sumla hkrung hpe Malaysia kaw Oct 16-17 madun ya na yaw Malaysia bu ni.
10/10/2019

"Tan Boe" sumla hkrung hpe Malaysia kaw Oct 16-17 madun ya na yaw Malaysia bu ni.

10/10/2019
07/10/2019
တန်ဖိုး ရုပ်ရှင် စင်ကာပူမှာ ပြပြီ
02/10/2019

တန်ဖိုး ရုပ်ရှင် စင်ကာပူမှာ ပြပြီ

13/09/2019

“တႏၻိဳး - Ma Ma”

အခုနှစ်တွေထဲ ကချင် အနုပညာရှင် ၊ အတတ်ပညာရှင် တွေရဲ့ လက်ရာတွေ ပီပီပြင်ပြင် တွေ့ လာရတယ်… ကချင် ၊ ရှမ်း ရုပ်ရှင်တွေ ဗီဒီယိုတွေ ကို ဒေသတွင်း နှစ်များစွာ entertain နေရာကနေ တနိုင်ငံလုံး ဘုံအနေနဲ့  တစတစ ကြိုးစားတင်ဆက်လာတယ်…။ ဒီကားက ကချင် ပညာရှင် တွေ နဲ့ ကိုရီးယားအတတ်ပညာ အနုပညာသယ်တွေ ပူပေါင်းပြီး ဗမာသရုပ်ဆောင်တွေ နဲ့  အားနဲ့  ဖန်တီးထားတာမို့  အရသာ တမျိုးတော့ ကွဲထွက်မယ် မြော်လင့်ခဲ့တယ်…။

ရိုးရိုးသားသား ၀န်ခံရရင် ကြီးမြတ်သောမြန်မာ မှာ အစာမကျေခဲ့သဖြင့် ကိုရီးယားနဲ့  ပူးတွဲရိုက်တယ်ဆိုတော့ အနည်းငယ် attention လျော့ခဲ့တယ်… မြန်မာနိုင်ငံက ကိုရီးယားဇာတ်လမ်းတွဲတွေ ၁၈ နှစ်ကျော် အားပေးလာတဲ့  ကျေးဇူးကို ကိုရီးယားအနုပညာရှင် အတတ်ပညာရှင်တွေက ထပ်ပြီး ဂျင်းထည့် ကျေးဇူးတွေဆပ်လေဦးမလား သံသယ က စိုးမိုးခဲ့တယ်..။

ဇာတ်လမ်း တင်ဆက်ပုံက ရိုးရှင်းတယ် ဆိုတာထက် ရိုးသားတယ် လို့ သုံးပါရစေ .. အကွေ့ အ၀ိုက် မာယာတွေ မရှိ တဖြောင့်တတန်းတည်းပါပဲ …။ စကားလုံးတွေ က လိုတိုရှင်း … ဇာတ်လမ်း အမျိုးအစားကြတော့ Drama နဲနဲ ၊ Action နဲနဲ ၊ Comedy နဲနဲ ရသစုံ …။ ရန်ကုန်မြို့ မှာ ဆေးပစ်တဲ့  ကောင်မလေး နဲ့  ခါးပိုက်နှိုက် ကောင်လေးတို့  နဲ့  ပက်သက်ဆက်နွယ်ပြီး ဘ၀ သရုပ်ဖော် ပညာပေး ရသ ရုပ်ရှင် တစ်ကားပါပဲ …။

အေးမြတ်သူ က "ခေါက်ထီးကလေးမလုံ့တလုံ"ရဲ့ နုနုကြွေမှာ အားမရခဲ့လေသမျှ နောက်ပိုင်း သရုပ်ဆောင်ပိုင်းမှာ သိသိသာသာ Transform ဖြစ်လာတာ သတိထားမိတယ်..။ ဒီကားမှာလည်း သူမက မပိုမလိုဘဲ သူမ လုပ်ကွက်တိုင်းကို စိတ်ပျက်စေမိတာမျိုး မရှိစေခဲ့ဘူး …။ အကယ်ဒမီများရှင် အမေမွှေးကတော့ ဇာတ်အရ စွပ်ထားတဲ့ ဆပင်အတုက အတုမှန်း သိသာနေတာ အဆင်မပြေလှဘူး …. သရုပ်ဆောင်ပိုင်းကတော့ သူမရဲ့ သမ္ဘာအတိုင်း ပါးပါးလေး ပုတ်သွားနိုင်ခဲ့တယ်..။။ ခင်ဇာခြည်ကျော်ကတော့ လှနေသည်…။ ကချင် ရဲမေ မကတော့ အပြင်အဆင်က မှုံနံ့ သာညက်ညက်စိန် ဖြစ်နေ၏..။

နေတိုး ၊ မြင့်မြတ် ကားတွေခြည်း အီနေလို့ ထင်ပါရဲ့  ထွန်းထွန်း ရဲ့  ဂလယ်အူကြောင် ကို့ ရိုးကားယား သရုပ်ဆောင်ဟန်တွေက အပြောင်းအလဲ အဖြစ် ခံတွင်းတွေ့ နေပြန်တယ်..။ သရုပ်ဆောင် ကောင်းပြီး ပါးနပ်တဲ့ မင်းသားမို့  ဇာတ်ကောင်စရိုက်နဲ့  လိုက်လျောညီထွေ ရှိလှတယ်..။ ပရိသတ်ကို အများဆုံး ပြုံးအောင် ရယ်အောင် လုပ်သွားနိုင်တယ်.. ဒီနှစ်ထဲ သူ့ ရဲ့  ကြာတော့သည်လည်း မောင့်စကားမှာ လို သူ့ အတွက် နင့်နင့်သည်းသည်း မခံစားပေးရပေမဲ့ ဒီကားမှာကြတော့ ရင်မောခြင်းအစား ရယ်မောခြင်းရသ ကို ပေးလေရဲ့ ..။

တာဝန်မယူတတ်တဲ့  ယောက်ကျား နဲ့  ပြုပြင်ပြောင်းလဲလိုစိတ် ရှိတဲ့ မိန်းမ တို့ ကြားက ပဋိပက္ခတွေကို ရိုးရိုးရှင်းရှင်း ထိထိမိမိ ပြသွားနိုင်ခဲ့တယ်…။ အေးမြတ်သူရဲ့  နောက်ကို လိုက်ရင်း ထွန်းထွန်းရဲ့  ဇာတ်ရုပ်က ပိုပြီး ကြွလာ တယ်..။ တဖြည်းဖြည်း ပြောင်းလဲလာတဲ့ စိတ်နေစိတ်ထားလေးတွေ ရိုက်ပြတာ သိပ်ချစ်စရာကောင်း၏ ။ ဒါကလည်း ထွန်းထွန်း နဲ့  လိုက်ဖက်ပြီး သူတော်လို့ ပါပဲ ..။

ဒီဇာတ်ကား ရဲ့  DOP က အရမ်းကွန့် ညွှန့် မထားဘူး … သဘာဝ ဆန်တယ်… .။ မင်းသမီး နှစ်ယောက် ကလပ်အပြန် လမ်းလျှောက်လာတဲ့ အခန်း .. အေးမြတ်သူနဲ့  အမှိုက်ပစ်သမား ဆုံတဲ့ ညခန်းတွေ ရိုက်တဲ့ နေရာက Pasir ris park နဲ့တောင် ခပ်စင်စင် …။ အမှိုက်ရဲ့ တန်ဘိုးကို ပါးပါးလေး ထည့်ပြသွားတာလည်း သဘောကျမိတယ်..။

ဒီဇာတ်ကားရဲ့  ဇာတ်ညွှန်းတင်ပြပုံက ရိုးစင်းလွန်းပေမဲ့ … ရိုးစင်းမှုကပဲ အကောင်းဆုံး ဖြစ်သွားစေခဲ့တယ်…။ ပိုထူးခြားတာက နောက်ခံတေးဂီတကို အတော်များများ မထည့်ထားဘဲ … ဇာတ်အဖိအဖော့ ကစားဖို့ လိုအပ်ချိန်မှ ထည့်တယ်ဆိုရုံလေး ထည့်ပြီး ဇာတ်ဝင်တေးကို လည်း ၀တ္တရားကျေရုံထည့်ထားတယ် .. ထည့်ထားတဲ့ သီချင်းက နားမှာ ပသာဒ ဖြစ်ပြန်တယ်..။ နောက်ခံတီးလုံးတွေ ရှင်းလင်းထားပြီး သရုပ်ဆောင်တွေ အပြောအဆိုတွေက ရိုးရိုးစင်းစင်းကြီး ထွက်နေတာကိုက အရသာ တမျိုး ခံစားရတယ်…။ ကြက်သားငြတ်ဆီပြန် ၀က်သားငြုတ်ဆီပြန်တွေ စားနေရာက ဒီဇာတ်ကားကြည့်ရတာ အရောင်တွေ အစပ်တွေ မပါ ကြက်ကြော် ၀က်ကြော်ကို ထမင်းဆီဆမ်းနဲ့  ပြောင်းစားရသလိုပါပဲ ။

နောက်တစ်ခု သတိထားမိတာ ရိုက်ကွင်း တည်ထားတဲ့ ဇာတ်ဝင်ခန်းအတော်များများမှာ ဖြတ်လျှောက်တွေ အင်အားများများသုံးပြီး သဘာဝကျကျ တည်ရိုက်ထားတာ သဘောကျ၏ ။

ဇာတ်လမ်းက မူးယစ် နှိမ်နင်းရေး base ယူထားပြီး မထူးဆန်းပေမဲ့ ဇာတ်ကားက အဓိက ပေးချင်တဲ့ message က ထူးခြားတယ်…။ အမှိုက် မှာတောင် တန်ဘိုး ရှိသလို အမှိုက် လို စုတ်ပြတ်နေတဲ့ ဘ၀အခြေအနေမှာ ၇ပ်တည်နေရတဲ့ လူသားတွေမှာ ရှိတဲ့ တန်ဘိုးကို မြင်တတ်ဖို့  လူ့ အရင်းအမြစ်တန်ဘိုးဖြစ်တဲ့ တာဝန်ယူမှု တာဝန်ခံမှု စိတ်ကို grow up လုပ်ဖို့ ပါပဲ …။

မင်းသားကြီးရန်အောင် ကိုရှမ်းလေးတို့ လူကြမ်းတသိုက် ရယ် ၊ မင်းသားကြီး ဇင်ဝိုင်းနဲ့  ရဲကိုကို တသိုက်ရယ်ကတော့ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး … လူဆိုးက လူဆိုး အလုပ်တာကို ပြသလို ရဲကလည်း ရဲအလုပ် လုပ်တာကို ပြသွားနိုင်ခဲ့တယ်..။ ဒီဇာတ်ကားက ရန်ကုန်မှာ တည်တဲ့ ဇာတ် ..။ ရန်ကုန်က လူငယ်တွေက wy ၊ ice နဲ့  ဆေးခြောက်ကိုပဲ ရှို့ ကြ မော်တော်မောင်းကြတာ ထင်မိပေမဲ့ ဒီကားမှာ ကိုကင်းတွေ နှာဝတေ့ ရှူ သိပ်ပြီး ဘိုဆန်နေတယ်…။ ရဲမေက အသွင်ယူဖမ်းတော့ အထုတ်သေး သုံးသောင်း အထုတ်ကြီး ငါးသောင်း ကို အထုတ်ကြီး ယူတယ် ဆိုတော့ … အထုတ်ကြီး တထုတ်မှ ငါးသောင်းလား … အေးလေး ကိုယ်လည်း ၀ယ်မသုံးဘူးတော့ သူတို့ ပြောတဲ့ ဈေးပေါ့နော်…။ အို ဘယ်လို …။

ဒီဇာတ်ကားမှာ ဘယ်အခန်းကြိုက်ပါတယ် ရွေးပြောလို့ မရပေမဲ့ ထိထိရှရှ ဖြစ်တာက ထွန်းထွန်း ဆေးရုံကနေ မိန်းမကို စိတ်ပူပြီး အမဖြစ်သူကို ပြောတဲ့ အခန်းတော့ ရင်ထဲရောက်၏ …။ အေးမြတ်သူရဲ့  အရိပ်ကေင်းကြောင့် ထွန်းထွန်း ပြောင်းလဲလာတယ်… အေးမြတ်သူရဲ့  အရိပ်ဆိုးကြောင့်ပဲ ထွန်းထွန်း ကံဆိုးရတယ်…။

ဒါရိုက်တာက ကိုရီးယားအနုပညာကျောင်းဆင်းမို့
စိတ်ညစ်ရင် ရေပန်းအောက်ငုပ်တုတ်တိုင်တာ … လှေကား အတက်ဆင်း လူခြင်း လွဲတာ စတဲ့ ကိုရီးယားဖလိုးလေးတွေလည်း ပါလေရဲ့ …။ မင်းသမီး ဆေးလွန်ရင် စိတ်ကူးထဲပေါ်လာတဲ့ မင်းသားနဲ့  ပျော်ရွှင်ကြည်နူးတစ်တစ်တူး မစို့ မပို့ လေးကလည်း ၀ိုးတ၀ါးပေမဲ့ လှ၏ ။

ဇာတ်သိမ်းမှာ ရိုက်ချပေမဲ့ ပရိသတ်အနေနဲ့ ငိုဖို့ မေ့နေမိတယ်…။ ဗမာ ပညာရှင်တွေသာရိုက်ရင် လူးခါနေအောင် ငိုမိစေမလား ငိုချင်သူက မျက်ရည်မကျလို့  အားမလိုအားမရ ဖြစ်မိတယ်..။
ဒါပေမဲ့ "တန်ဘိုး" က သိပ်ချစ်စရာကောင်းတဲ့ အာရှရဲ့
ချစ်ခြင်းမေတ္တာနဲ့ လူသားတို့ရှိအပ်တဲ့ တာဝန်ယူစိတ်
ကို မြင်ရမှာပါပဲ ။

မြင်နေကြ ဗမာ ရုပ်ရှင်တွေနဲ့  မတူဘဲ … ရိုးသားတဲ့ တင်ပြပုံနဲ့  အရသာ တမျိုးပေးတဲ့ ကားလေးကို ဇာတ်လမ်းပြောရမှာ အားနာ၏ …။ ချစ်စရာ ကြည်နူးစရာ ပျော်စရာ စိတ်လှုပ်ရှားစရာ ကြေကွဲစရာ ရသစုံပေးပြီး ထွန်းထွန်း ရဲ့  သရုပ်ဆောင်မှု ပညာခန်းတွေကြောင့် ပြုံးရမှာ မလွဲပါဘူး ….။
နောက်ပြီး …………..

ချစ်ခြင်းမုန်းခြင်း ကင်းစွာ ဖြင့်

တော်သေဘီ
ပုံ
ငှက်ဖီးလ်ဆင်း (ရေတွင်းပျက်)

PS : ဒီဇာတ်ကားရဲ့ နောက်ကွယ်က ဖန်တီးသော အသိပညာ အတတ်ပညာပိုင်းဆိုင်ရာ ဆက်လေ့လာလိုလျှင် အောက်ပါ link မှာ ဖတ်ရှုနိုင်ပါသည်

https://m.facebook.com/story.php?story_fbid=2118729475090107&id=1415509588745436

Address

DK 458, Dukahtawng Quarter
Myitkyina
074

Telephone

+95(0)9-4200-85928

Website

Alerts

Be the first to know and let us send you an email when Hkakabo Razi Pictures posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hkakabo Razi Pictures:

Share