17/05/2026
ဒီနှစ်ထဲမှာပဲ Australian အနုပညာရှင်တစ်ဦး ဖြစ်တဲ့ Shaun Tan ရဲ့ HOMETOWN လို့ အမည်ပေးထားတဲ့ Graphic Novel စာအုပ်တစ်အုပ် ထွက်ရှိလာဖို့ရာ သိထားရပါတယ်။ အခုတစ်ပတ် သောကြာနေ့ကမှ သူ့ IG မှာ ကြေညာထားတော့ လတ်လတ်ဆတ်ဆတ် သ တင်းကောင်းပေါ့။ Press မှာလည်း သူ့ရဲ့ CICADA စာအုပ်ကို "ပုစဉ်းရင်ကွဲ" ဆိုတဲ့ အမည်နဲ့ ဘာသာပြန် ထွက်ထားတာလည်း ရှိပါတယ်။
သူ့ရဲ့ စတိုင်အတိုင်း ဒီတစ်အုပ်ကလည်း sci-fi ဆန် ဆန် magical dream world ထဲ ရောက်သွားစေမယ့် စာအုပ်မျိုးပါပဲ။ အဓိကဇာတ်ကောင် မိန်းကလေးနဲ့ Astronaut boy တစ်ယောက်ကိုတော့ အမြည်းအနေနဲ့ ချပြထားတဲ့ pic တွေမှာ မြင်မိထားပါတယ်။ ပြီးတော့ မပါမဖြစ် သူ့ရဲ့ creature တွေကိုပါ ထပ်ပြီး တွေ့ရှိရသေးရဲ့။ (Pic တချို့ကို comment box မှာ ဖော်ပြထားပါတယ်)
အပြည့်အစုံ ဖတ်ရှုနိုင်ဖို့ကတော့ လာမယ့် စက်တင် ဘာ (သို့) အောက်တိုဘာလ အထိအောင် စောင့်ရဦး မှာပါ။ ဒီစာအုပ် မထွက်ရှိခင် သူ့ရဲ့ အရင်က စာအုပ် တွေကိုလည်း digital books site တချို့မှာ ရှာပြီး မြည်းစမ်း ဖတ်ရှုကြည့်လို့ ရပါတယ်။ စိတ်လှုပ်ရှား စရာ ကောင်းပြီး သူ ဖန်တီးထားတဲ့ ကမ္ဘာထဲကို ခြေချမိလိုက်တဲ့အခါ ပြန်ထွက်လာနိုင်ဖို့ရာ အတွက်က တော့ နည်းနည်းအခက် ဖြစ်ကြပါလိမ့်မယ် ။
y²ks
Do not repost without permission.