
02/10/2024
အောက်တိုဘာ ၂ ရက်၊ ၁၀ နာရီ ၂၅ မိနစ်မှာ ရရှိတဲ့ မုန်တိုင်းလမ်းကြောင်းနှင့် အင်အားဆန်းစစ်အတည်ပြုခြင်း အချက်အလက်တွေအရ -
တိုင်ဖွန်းမုန်တိုင်း KRATHON(20W) သည် CATEGORY-4 တိုင်ဖွန်းမြန်တိုင်းအဆင့်မှ CATEGORY-3 တိုင်ဖွန်းမုန်တိုင်းအဆင့်ကို လျော့ကျလာကြောင်းတွေ့ရပါတယ်။
လမ်းကြောင်းအတည်ပြုချက် ARCHER data တွေအရလဲ မူလ ခန့်မှန်းလမ်းကြောင်းအတိုင်း ထိုင်ဝမ်ကျွန်းကိုပဲ ဦးတည်ရွေ့လျားပြီး ဒီနေ့ ညနေပိုင်းမှာဖြတ်ကျော်ဝင်ရောက်မှာဖြစ်ကြောင်း တွေ့ရပါတယ်။
🔸မြန်မာနိုင်ငံဘက် မိုးအခြေအနေခန့်မှန်း-
အောက်တိုဘာ ၂ ရက် နဲ့ ၃ ရက်နေ့တွေအထိတော့ ပြည်နယ်တိုင်းဒေသအချို့မှာ နေရာစိပ်စိပ်မှ နေရာကျဲကျဲ မိုးရွာနိုင်ပါသေးတယ်။ အောက်တိုဘာ ၂ ရက် နေ့လည်ပိုင်းက စ ပြီး ၄၈ နာရီအတွင်း မိုးများနိုင်မှာကြောင့် အထူးသတိထားဘို့လိုတဲ့ ပြည်နယ်တိုင်းတွေက -
🔸 ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ တွေဖြစ်ပြီး -
🔸 မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း(အရှေ့+အနောက်)၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာလဲ ၂၄ နာရီအတွင်း မိုးရေချိန် ၃၀ မီလီမီတာအထက်(၁.၁၈ လက်မအထက်)မိုးများတာရှိနိုင်ပါသေးတယ်။
🔸အခု တိုင်ဖွန်းမုန်တိုင်း KRATHON(20W) ၁ လုံးပြီးရင်တော့ ဘင်္ဂလားပင်လယ်အော်ဘက်က ထူးခြားမိုးလေဝသအခြေအနေမရှိတော့ဘူးဆိုရင် အောက်တိုဘာ ၆ ရက် ၇ ရက်လောက်က စ ပြီး မြန်မာနိုင်ငံအပေါ် မိုးများနိုင်တဲ့ အခြေအနေသက်ရောက်မှုတွေပြီးဆုံးသွားတော့မယ်ဆိုတာလဲ အတည်ပြုနိုင်ပါပြီ။
(အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်)
U Win Naing