Cracky

Cracky music producer from BURMA !

" မထင်ပါနဲ့ ( mashup ) " ထွက်ရှိခြင်းတစ်နှစ်ပြည့် အမှတ်တရ ... ဒီသီချင်းမှ တစ်ဆင့် ရလဒ်ကောင်းများစွာ ရရှိခဲ့ရပြီး သီချင်း...
27/03/2026

" မထင်ပါနဲ့ ( mashup ) " ထွက်ရှိခြင်း
တစ်နှစ်ပြည့် အမှတ်တရ ...

ဒီသီချင်းမှ တစ်ဆင့် ရလဒ်ကောင်းများစွာ ရရှိခဲ့ရပြီး
သီချင်းရဲ့ အဓိကပိုင်ရှင် ကိုအစ္စဏီကလဲ
အရေးတယူ ဖုန်းဆက်ပြီး ချီးကျူးပေးတယ် ။
ကိုရဲလေး နဲ့ အပြင်မှာဆုံတွေ့တော့လဲ
သေချာလေး အသိအမှတ်ပြုပေးတယ် ။
Doublej နဲ့ နောင်နောင်တို့နဲ့လည်း
နာမည်ရသီချင်းတစ်ပုဒ်ဖြစ်ပေးနိုင်ခဲ့လို့
ပျော်စရာအမှတ်တရပါဘဲ ။
တေးရေးဆရာ ကိုAlan နဲ့လည်း
ခင်မင်ခွင့်ရခဲ့ပြီး သီချင်းဖန်တီးပုံတွေကအစ
ပညာယူခွင့်ရခဲ့တယ် ။
feedbackကောင်းများစွာနဲ့
နားဆင်သူများရဲ့ ငယ်ချစ်ဦးအကြောင်းတွေအပြင်
အသဲကွဲသူများရဲ့ ရင်ဖွင့်သံတွေအကုန်
ဒီသီချင်းအောက်မှာ ဖတ်ခွင့်ရခဲ့တယ် ။

သီချင်းတင်ပြီး နောက်မနက်မှာ ငလျင်ဒုက္ခကို
ကိုယ်တိုင်အပါအဝင် တစ်နိုင်ငံလုံးခံစားခဲ့ကြရတယ် ။
အားလုံးစိတ် သောကရောက်နေကြတဲ့အချိန်
အပန်းဖြေနားဆင်စရာလေး ဖြစ်ခဲ့ရလို့လည်း
ကျေနပ်ရပါတယ် ။

အဲ့ဒီနေ့က အစောကြီးနိုးနေတာနဲ့
မနက်ခင်း ( 5:00 ) ကနေ ညနေ ( 5:00 ) အထိ
ကွန်ပျူတာရှေ့ထိုင်ပြီး
ဒီသီချင်းကိုဖန်တီးဖြစ်ခဲ့လိုက်တာ ။
" ရင်မှာအရင်တိုင်း chorus နဲ့ အပေါ်ယံများ verse " ကို
စဉ်းစားထားတာတော့ ကြာပြီပေါ့ ။
ရှေ့၃ယောက်နေရာကိုတော့ စဉ်းစားလို့ရပြီး
နောက်ဆုံး rapမှာ ဘယ်သူ့ကိုထည့်ရမလဲလို့
ဆိုင်ကယ်ပတ်စီးရင်း စဉ်းစားတော့
နောင်နောင်ရဲ့ " ဝမ်းနည်းပေမယ့် ဝမ်းသာတယ် " သီချင်းထဲက rapကို သွားပြီး သတိရတာဘဲ ။
ချက်ချင်း နောင်နောင့်ဆီကို ဖုန်းဆက်ပြီး
သီချင်းယူသုံးမယ့်အကြောင်းပြောရင်း
ဒီ rapကို ထည့်လိုက်မိတာ
သီချင်းတစ်ပူဒ်လုံး အရမ်းပြည့်စုံသွားတာ ။

ပါဝင်သူ ၊ နားဆင်သူ အားလုံးကို
အမြဲကျေးဇူးတင်နေပါတယ် ။ 💜🙏

" မိုး " သီချင်း က မိုးတွင်းမဟုတ်ပေမယ့်လဲ(၂)ပတ်အတွင်းမှာ နားဆင်သူ တစ်သန်းပြည့်သွားခဲ့ပါပြီ ။ဒီလိုမျိုး သီချင်းကို ဖန်တီး...
05/03/2026

" မိုး " သီချင်း က မိုးတွင်းမဟုတ်ပေမယ့်လဲ
(၂)ပတ်အတွင်းမှာ
နားဆင်သူ တစ်သန်းပြည့်သွားခဲ့ပါပြီ ။
ဒီလိုမျိုး သီချင်းကို ဖန်တီးခွင့်ရလို့
ပျော်စရာပါ ။ 💜

26/02/2026

ဂီတလမ်းကြောင်းပေါ်က ခေတ် (၄)ခေတ်
ဖန်တီးမှုအားကို ဒီသီချင်းမှာ နားဆင်ခံစားနိုင်ပါမယ် ။
မတူညီတဲ့ သီဆိုသူ generation (၃)ခုနဲ့
အရေး ၊ အတီးပိုင်းက
ကျွန်တော်တို့ generationပေါင်းပြီး
သီချင်းရသအပေါ်မှာ အားပြိုင်ထားပါတယ် ။
အနားယူစရာတေးတစ်ပုဒ်ဖြစ်စေဖို့
မျှော်လင့်ပါတယ် ။

မိုး ( audio ).................
Ah Boy ( Feat : ခင်မောင်ထူး ၊ ရဲရင့်အောင် )
တေးရေး - ပုံရိပ် ၊ ရဲရင့်အောင် ၊ Thomazz ၊
Jay & Ah Boy
music x mixing & mastering : Cracky!
Guitarist : Htoo Khant

link : https://youtu.be/3N04vXMzXtM?si=nr8YaQUIDD12jtSa

19/02/2026

Ah Boy's " Dynasty " albumထဲမှာ
အတီး - ၈ပုဒ် ၊ အသံချိန် - ၁၁ပုဒ်
ပါဝင်ဖန်တီးလက်စွမ်းပြခွင့်ရခဲ့ပါတယ် ။
အမှတ်တရအနေနဲ့ သီချင်းတစ်ပုဒ်
ပါဝင်သီဆိုထားပါတယ် ။
ကြိုက်နှစ်သက်မယ့် သီချင်းအမျိုးအစားတွေ
ဖြစ်မယ်လို့လည်း မျှော်လင့်ပါတယ် ။
စပြီး ဖန်တီးကြကတည်းက
အချိန်အားဖြင့် ၁၁လအကြာမှာ
Albumထွက်ပါတော့မယ် ။ 🪅

Cracky!

" Cracky on the beat " ဆိုတဲ့ ကျွန်တော့်ရဲ့Beat Tag အသံပိုင်ရှင် အိမ်ကို အလည်လာတုန်းလေး ။ဒီဆရာမကြီး ၃နှစ်ခွဲအရွယ်တုန်းကအ...
13/02/2026

" Cracky on the beat " ဆိုတဲ့ ကျွန်တော့်ရဲ့
Beat Tag အသံပိုင်ရှင်
အိမ်ကို အလည်လာတုန်းလေး ။
ဒီဆရာမကြီး ၃နှစ်ခွဲအရွယ်တုန်းက
အိမ်ကို အလည်လာတဲ့အချိန်မှာ
ဖုန်းနဲ့ အသံဖမ်းပြီး Beat Tagလေး လုပ်ဖြစ်လိုက်တာ ။
ဒီအသံလေးကြောင့်လည်း ကျွန်တော့်ကို
အများကြီး သတိထားမိလာတာတွေများပါတယ် ။

အယွန်း အတွက် ဖန်တီးပေးခဲ့တဲ့ " သဲနာရီ " သီချင်းထွက်ပြီး ၁လအတွင်းမှာ 1Mပြည့်တဲ့အထိ နားဆင်ပေးကြတဲ့ နားဆင်သူတိုင်းကို ကျေးဇ...
13/01/2026

အယွန်း အတွက် ဖန်တီးပေးခဲ့တဲ့ " သဲနာရီ " သီချင်း
ထွက်ပြီး ၁လအတွင်းမှာ 1Mပြည့်တဲ့အထိ နားဆင်ပေးကြတဲ့ နားဆင်သူတိုင်းကို ကျေးဇူးအထူးပါ ။
မနှစ်က အတူဖန်တီးထားတဲ့ " JellyFish "
သီချင်းကိုလည်း ကြိုက်နှစ်သက်ကြလို့
ကျေးဇူးအထူးပါ ။ 💜

2025 အတွင်း တီးခတ်ခဲ့သော သီချင်းအပုဒ်ပေါင်းများစွာထဲကမှ social platforms ပေါ်မှာ" Cracky " ဆိုပြီး highlightဖြစ်စေခဲ့သော...
29/12/2025

2025 အတွင်း တီးခတ်ခဲ့သော
သီချင်းအပုဒ်ပေါင်းများစွာထဲကမှ
social platforms ပေါ်မှာ
" Cracky " ဆိုပြီး highlightဖြစ်စေခဲ့သော
သီချင်းများပေါ့ဗျာ ။
အတူဖန်တီးခွင့်ပေးသော သူများကိုလည်း
ကျေးဇူးအထူးပါ ။
နားဆင်ခံစားသူများကိုလဲ ကျေးဇူးအထူးပါ ။
2026 မှာလဲ ကောင်းမွန်သော
တေးသီချင်းကောင်းများစွာနဲ့
ဆုံစည်းခွင့်ရချင်ပါသေးတယ် ။ 💜

နယ်ပြီးတော့ ပို့မပေးပါဘူးဗျ ။Beatတွေက အိမ်ရောက်မှ နယ်စားရုံပါဘဲ ။
25/12/2025

နယ်ပြီးတော့ ပို့မပေးပါဘူးဗျ ။
Beatတွေက အိမ်ရောက်မှ နယ်စားရုံပါဘဲ ။

19/12/2025

" အပြစ်အနာအဆာဇာတ်သိမ်းမျိုးဆိုရင်
လက်လွှတ်ဖို့ကို ရွေးချယ်ပါ ... အချစ်လေး " ⏳

AYoon's " သဲနာရီ " was produced by Cracky!

08/12/2025

ကိုPhyo Pyae Sone သီချင်းမှာ
ကျွန်တော့်ရဲ့ Beat Tagနဲ့ တွဲနားထောင်ခွင့်ရလို့
ဒီသီချင်းတီးရတာ levelတစ်ခု ထပ်တက်သွားရသလို
ခံစားရတဲ့ တေးသီးချင်းပါ ။
Nyeimn Chamn Co ရဲ့ ရေးဟန် ၊
ကိုဖြိုးပြည့်စုံ နဲ့ ကိုဇွဲပြည့်တို့ရဲ့ သီဆိုဟန်အရသာလဲ
ပျောက်မသွားဖို့နဲ့ ဖန်တီးချင်တဲ့ အရသာကို
ထိထိမိမိ ပံ့ပို့ပေးထားနိုင်ခဲ့ပါတယ် ။
အရသာအရှိဆုံး Guitarပိုင်းကတော့
Htoo Khantရဲ့ လက်ရာပါဘဲ ။
သံစဉ်ဖန်တီးမှု နဲ့ mixingပိုင်းတွေမှာ
စိတ်တိုင်းကျဖန်တီးခွင့်ရခဲ့ပြီး
အရမ်းကို အားအရဆုံးဖြစ်ခဲ့တဲ့ သီချင်းပါ ။ 💜

Cracky’s 2025 YouTube Recap 💜ဖန်တီးမှုတိုင်းအတွက် ကောင်းသောနှစ်ဖြစ်ခဲ့ပါတယ် ။အရင်နှစ်က subscribers 40k မှဒီနှစ် 137k sub...
04/12/2025

Cracky’s 2025 YouTube Recap 💜

ဖန်တီးမှုတိုင်းအတွက် ကောင်းသောနှစ်ဖြစ်ခဲ့ပါတယ် ။
အရင်နှစ်က subscribers 40k မှ
ဒီနှစ် 137k subscribers အထိ ရယူနိုင်ခဲ့ပါတယ် ။
တီးခတ်ဖန်တီးသောသီချင်းတွေအပြင်
mashupsတွေကိုလည်း အရေးတယူ
အားပေးကြသူ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို
ကျေးဇူးအထူးပါ ။
ပိုမိုကောင်းမွန်သောတေးသီချင်းများနှင့်
နောက်နှစ်မှာလဲ တွေ့ဆုံချင်ပါသေးတယ် ... 💜

Address

Myittha

Telephone

+959755002697

Website

Alerts

Be the first to know and let us send you an email when Cracky posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cracky:

Share

Category